menu

Tuesday, 22 May 2012

ပြောင်းလဲလာသော စားသုံးသူ၊ သုံးစွဲသူတို့၏ အယူအဆ

တရားမ၀င် လာရောက် လုပ်ကိုင်ကြသူများကို ပွဲစားများက မြန်မာပြည်မှ လမ်းစရိတ်အကြွေးဖြင့် ခေါ်ဆောင်လာကြသည်။ နေထိုင်ရန်နှင့် စားသောက်မှုကို ပွဲစားများက စီမံပေးသည်။ ထို့အတွက် ပွဲစားများက တစ်လလျှင် ဘတ် ၂၄၀၀ ယူကြသည် ...


ထိုင်းနိုင်ငံရှိ ပြည်နယ် ၇ ခုဖြစ်သော Bangkok, Pathum Thani, Nonthaburi, Samut Sakhon, Samut Prakan, Nakhon Pathom  နှင့် Phuket တို့တွင် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အလုပ်သမားများ၏ တစ်ရက်လုပ်အားခကို ဘတ် ၃၀၀ အထိ တိုးမြှင့်ပေးခဲ့သည်။

လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည်

ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအ၀င် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။

တရုပ်လုပ် ပစ္စည်းအတုတွေ အမေရိကန် စစ်တပ်သုံး


အမေရိကန်စစ်လက်နက် ပစ္စည်းတွေမှာ တရုတ်နိုင်ငံလုပ် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်း အတုတွေကို သုံးနေတာ တွေ့ရတယ်လို့ အမေရိကန် အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောပါတယ်။  ဒါဟာ အမေရိကန်တပ်တွေရဲ့  လုံခြုံစိတ်ချရမှု အတွက်ရော နိုင်ငံတော် လုံခြုံရေး အတွက်ပါ အန္တရာယ် ရှိနေတယ်လို့ဆိုပါတယ်။
အထက်လွှတ်တော် လက်နက်ကိုင်  ၀န်ဆောင်မှုကော်မတီက တနှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ကနေ  လေကြောင်းသုံး ပစ္စည်းတွေကစပြီး  ညကြည့်မျက်မှန်အဆုံး အမေရိကန်စစ်တပ်မှာ သုံးစွဲနေတဲ့  လျှပ်စစ်ပစ္စည်း အမျိုးအစား  ၁၈၀၀ ကျော်မှာ အခုလို တရုတ်လုပ်အတုတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဘယ်လဲ(ဒေါက်တာမြင့်သိန်း(B.V.S))


မည်သည့်အချက်ကို ညွှန်းဆိုပြသ သနည်းဟုဆိုလျှင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ပြည်သူလူထုအတွက် မပျက်မကွက် ပြသသင့်သော ပြည်တွင်းပြည်ပမှ တိရစ္ဆာန်မျိုးစိတ်များကို စုဆောင်းပြသရန် ကာလကြာရှည် ပျက်ကွက်လာခဲ့ပြီးဖြစ်သည်ဟု သုံးသပ်ရပါသည်  . . .


၁၀-၅-၂၀၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ ယနေ့ဖတ်စရာ မှတ်စရာကဏ္ဍတွင် ခင်မောင်ဌေး (ပညာရေး)၏ ''ကလေးများအတွက်နေရာ''ဆိုသော ဆောင်းပါးဖတ်ရှုပြီးနောက် ကျွန်တော်၏ စိတ်များသည် မနက်အရုဏ်ကျင်းကတည်းက တစ်နေ့လုံး ဆို့နင့်သော ဝေဒနာတစ်ခု ခံ စားနေခဲ့ရပါသည်။ ဆောင်းပါးပါ အချက်အလက်အချို့ကို ဖော်ပြရလျင်ဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၀င်ကြေးတစ်ရာ၊ နှစ်ရာ၊ နောက်နှစ်ရာ၊ ငါးရာ။ မနေ့တစ်နေ့ကပင် ကလေးငါးရာ၊ လူကြီးတစ်ထောင်။ ပြည်သူ့တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဥယျာဉ် အမည်ပြောင်းသွားပြီထင်သည်တဲ့။

ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ထုတ်ပြန် ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တာရဲ့အချိန်ကာလအများစုကို စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေးဆပ်ခဲ့ကြောင်းနဲ့ အရင်လအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီဝင်တွေ အနိုင်ရရှိတာကို အစိုးရက အသိအမှတ်ပြုခဲ့ရကြောင်း ဖော်ပြထားပါတယ်။

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား



  မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
 
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသအား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းအဖြစ် ပြုပြင်တည်ဆောက်မည်





73313 ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်း Inland Port Terminal များအဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များ အရ သိရှိရသည်။
သို့ဖြစ်၍ ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တစ်ဖက်ကမ်းရှိ ခရီးသွားများ သွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည် စီးဆင်းမှုချောမွေ့စေရေး အတွက် မြစ်ဝကျွန်းပေါ်နှင့် အညာဒေသသွား ရေယာဉ်များ၊ ကူးတို့ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှရေယာဉ်များ၊ ကမ်းရိုးတန်းသွားစက်လှေ အသင်းမှ ရေယာဉ်များ ဆိုက်ကပ်ရန်တံတားနေရာများအဖြစ် ဆက်လက်ထားရှိမည်ဖြစ်သည်ဟု သိရ သည်။

Facebook ပူးတွဲတည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ် လက်ထပ်





ဇက်ကာဘာ့ဂ်နှင့် Priscilla Chan တို့၏ မင်္ဂလာဓာတ်ပုံကို Facebook တွင် တင်ထားစဉ်
နာမည်ကျော် လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook  ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘာ့ဂ်သည် ကာလရှည်တွဲလာခဲ့သော ချစ်သူ တရုတ်-အမေရိကန်နွယ်ဖွား Priscilla Chan နှင့် မေလ ၁၉ ရက်တွင် သူ၏အိမ်၌ လက်ထပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ လက်ထပ်သည့်သတင်းကို Facebook ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ အသက် ၂၈ နှစ်ရှိ ဇက်ကာဘာ့ဂ်က ၎င်းတို့၏ ရိုးရှင်းသော မင်္ဂလာပွဲဓာတ်ပုံ တစ်ပုံကို Facebook တွင်တင်ခဲ့ပြီး သူတို့နှစ်ဦးစလုံး၏ Facebook  ကို relationshipသို့ ပြောင်းလဲခဲ့သည်။ သူတို့နှစ်ဦးသည် ၂၀၀၃ ခုနှစ်တွင် စတင်တွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့် မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။

မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်ထားတဲ့ အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။ အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။
Photo courtesy of NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ က NLD ပုဇွန်တောင်ြ​မို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။

မြန်မာဘဏ်တို့ လျှောက်မယ့်လမ်း(မောင်လွင်မွန်(ကသာ))

ဒီလိုကာလမျိုးမှာ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက သိပ်ကျဉ်းနေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက ကျယ်ဝန်းပြီး စနစ်ကျတာနဲ့အမျှ ကျွန်တော်တို့တစ်တွေ နိုင်ငံတကာနဲ့ ပိုဝင်ဆံ့ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုကို ဘဏ်များက တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ...



  
မကြာသေးမီက မြေလတ်မြို့ လေးတစ်မြို့က မိတ်ဆွေတစ်ယောက်နဲ့ တယ်လီဖုန်းပေါ် စကားစပ်မိရင်း သူတို့မြို့မှာ ဘဏ်အသစ်တွေ အများကြီးဖွင့်ဖို့ စီစဉ်နေကြပြီး တကယ်တန်းကျ သူတို့မြို့လေးအနေနဲ့ ဘဏ်တွေ ဒီလောက်ဖွင့်ဖို့လိုတဲ့ ဈေးကွက်မျိုးရှိတယ်လို့ သူမထင်မိပုံကိုပြောပြ ပါတယ်။ ဒီမိတ်ဆွေပြောတာက သ ဘာဝကျပါတယ်။

ရန်ကုန်မြို့ ကားကျပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန် အနည်းဆုံး အချိန်တစ်နှစ်ကြာဦးမည်




7332a
မြေနီကုန်းမီးပွိုင့်အနီး တစ်နေရာ
ယခင်နှစ်ကထက် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ကားကျပ်မှုကို ဖြေရှင်းရန် အနည်းဆုံး အချိန်တစ်နှစ် ထပ်မံကြာမြင့်ဦးမည်ဟု တရားဝင်ထုတ်ပြန်ချက်များ၊ လက်ရှိကားအစီးရေ တိုးနှုန်းနှင့် ကားမူဝါဒသစ်များအပေါ် အခြေခံ၍ လေ့လာသူများ က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လှည်းတန်းခုံးကျော် တစ်ခုတည်း တည်ဆောက်မှုပင် အချိန်တစ်နှစ်ကြာမည် ဟု ခန့်မှန်းထားကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။

မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်

လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်)
မန္တလေး၊ မေ ၂၂

လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။

ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ ၄င်းတို့ လိုက်လျောခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးမှုမြင်ကွင်း(ဓါတ်ပုံ-ရန်ကုန်တိုင်းမ်)
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် အလုံ အလောက် ပေးဝေနိုင်ခြင်း မရှိခြင်းကို နားလည်ပေးပါရန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန တစ်ခုမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံခဲ့သည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး အထူသတင်းတပ်ဖွဲ့မှ လူဦးရေ ၅၀ထက်မနည်းကို ခေါ်ယူမေးမြန်း




 mdyfire

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်မှုပြုလုပ်နေခြင်းကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်

11:30 AM 22 May 2012 မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော် အစရှိသူတို့ အပါအ၀င် ဆန္ဒထုတ်ဖော်သူ အများစုအား အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းမှုကို ယနေ့ နံနက်ပိုင်းစတင်ပြီး လုပ်ဆောင်ခဲ့ကြောင်း မန္တလေး ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ခေါ်ယူစစ်ဆေးမေးမြန်း ခံရသူများ၏ အခြေအနေနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေကို မသိရှိရသေးပဲ ခေတ္တဟုပြောဆိုပြီး ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Sunday, 20 May 2012

တရားခံဖြစ်သွားသော တရားသူကြီး(မောင်မောင်သောင်းမြင့် (တရားရေး))

ဒီအကြောင်းတွေကို တွေးမိတိုင်း ရင်နင့်အောင် ခံစားရပါသည်။
ကျွန်တော် အခုဖော်ထုတ်မယ့်အဖြစ် အပျက်တွေဟာ အဖြစ်မှန်တွေပါ။
မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေလိုမှု စိုးစဉ်းမျှ မပါရှိပါ။
ကျွန်တော့ဘ၀နဲ့ ယှဉ်တွဲဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေထဲမှ သင်ခန်းစာယူကြပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့အတွေး အခေါ်တွေနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်နိုင်ကြဖို့ 'စေတနာ'နဲ့ ရင်ဖွင့်တာပါ။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလနေ့ တစ်နေ့ကပေါ့။
အဲဒီတုန်းက ကျွန်တော်က ပုသိမ် အနောက်မြို့နယ်တရားရေး ဦးစီးမှူးပေါ့ဗျာ။ ၁၉၇၃ ခုနှစ်မှာ တရားရေးဝန်ထမ်း စဖြစ်တယ်ဆိုတော့ လုပ်သက် ၁၅ နှစ် ရှိပါပြီ။

ပြည်ပရောက် နိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား (မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခြင်း)

ဓာတ်ပုံ Kyae Mon
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၂။)
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံပြီး ပိတ်ဆို့ မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာလူထုအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်မယ် လို့ မျှော်လင့်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကို ပိုမိုအသိမှတ်ပြု နားလည်သဘောပေါက်လာမှာဖြစ်လို့ အရေးပါကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောမည်

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပကို ခရီးထွက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ၂ ရပ်ပေါင်း ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ဧပြီလတုန်းက ဝန်ကြီးချုပ် David Cameron မြန်မာနိုင်ငံကို သွားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ဗြိတိန် ပါလီမန်မှာ ရှားရှားပါးပါး စကားပြောခွင့်ပေးပြီး ဂုဏ်ပြုမှာဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis