menu

Sunday, 1 April 2012

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်

မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၊ အခုနောက်ဆုံး သိရသလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။  NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က  ၀ါးသင်္ခ ရွာ ၊ ညောင်ထောက်ရွာ ၊ ငှက်အော်စမ်းကျေးရွာ ၊ ကော်ခြံကျေးရွာတွေက မဲရုံတွေကို ဒီကနေ့ မနက် ၇ နာရီက လိုက်လံကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ပြီးတော့ အားလုံးမျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။

Saturday, 31 March 2012

ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ)


ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်း
ခင်ဗျား..
ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊
 တကယ်လို့ ဒီလိုလက်ရောက်မှုအတွက် တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်
တော်ပြောချင်တာ ပြစ်ဒါဏ် မမျှတမှုအပေါ်ကိုသာ ပြောချင်တာပါ၊
အခု အမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်ကို သေခြာစွာစိစစ်မယ် ဆိုရင် သတင်းထောက်နဲ့ သရုပ်ဆောင်တို့ရဲ့ဖြစ်စဉ်ဆိုတာထက် တာဝန်ထမ်းဆောင်
သူနဲ့ကိုယ်ထိလက်ရောက် ကျူးလွန်သူတို့ရဲ့ ဖြစ်စဉ်လို့ပဲပြောရမှာပါ၊ဒီနေရာမှာ သတင်းထောက်မှားခြင်းမှန်ခြင်း၊သရုပ်ဆောင် မှန်ခြင်းမှားခြင်းတွေကို
မပြောလိုပါဘူး၊ဥပဒေမဲ့ ပြုမူခဲ့ခြင်းအပေါ်ပြောချင်တာပါ၊အမှန် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်လို့ သရုပ်ဆောင်က ယူဆရင် ဥပဒေကြောင်းအရ တရား
စွဲလို့ရနိုင်သလို အယ်ဒီတာချုပ်ထံတိုင်ကြားပြီး အရေးယူခိုင်းလို့လည်း ရနိုင်ပါတယ်၊(သတင်းထောက်းမှားတယ်မပြောဘူးနော်)၊ဒီနေရာမှာ အရိုက်ခံလိုက်
ရတဲ့ သတင်းထောက်မလေးကို ကျွန်တော်ချီးကျူးတာတစ်ခုက ကိုယ့်အပေါ် ကိုယ်ထိလက်ရောက် စော်ကားတာကိုပင် ပြန်မတုန့်ပြန်ပဲ ဥပဒေကြောင်းအရ
ပြန်ဖြေရှင်းတာ မှန်ကန်တဲ့ တုန့်ပြန်ချက်ပါ၊ကိုယ်နေထိုင်ရာတိုင်းပြည်ရဲ့ ဥပဒေကိုယုံကြည်လိုက်မိတယ်လို့သုံးသပ်ရမှာပါ၊သို့သော် သူယုံကြည်ခဲ့တဲ့
ဥပဒေရဲ့ ဆုံးဖြတ်ချက်ကတော့

Myanmar Times Weekly ဂျာနယ်ကို စတင် တည်ထောင်သူ မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခြင်း

"ရာစုနှစ်တစ်ဝက်ကျော် လျစ်လျူရှုခံထားရတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိလာတော့မှာပါ"

ခေတ်နောက်ကျနေသော နိုင်ငံပိုင် သတင်းစာများသာရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ များစွာပြောဆိုနေခဲ့ကြရာ တကယ့် လက်တွေ့တွင် အဓိပ္ပာယ်မည်သို့ရှိပါသနည်း။ မည်သူတွေ အကျိုးအမြတ်ရပြီး မည်သူတွေ အရှုံးပေါ်ကြမည်နည်း၊ မြန်မာတိုင်း(မ်)၏ ဒုတိယသတင်းအယ်ဒီတာ ရတနာထွန်း က အလန့်တကြားဖြစ်စေလောက် သော ထိရောက်မှုဆန်းစစ်ခြင်း အပါအ၀င် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကြီး အခက်အခဲပြဿနာများအကြောင်းကို သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းကို ဤကဏ္ဍတွင် ဖော်ပြသွားပါမည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်ရာ ပထမတစ်ပိုင်း အဖြစ် ကျွန်ုပ်တို့ အပတ်စဉ်ဂျာနယ်ကို စတင် တည်ထောင်သူဖြစ်သော မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြ လိုက်ပါသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘာသာစုံ ဆုတောင်းပွဲ ကျင်းပ


မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - လွင်ကိုတိတ်
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေ သော စစ်မီးများ ငြှိမ်းသတ်၍ မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်းရေးဖော်ဆောင် နိုင်ရန်နှင့် မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပနိုင်စေရန် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် ကျင်းပခဲ့ သည်။
ဆုတောင်းပွဲအခမ်းအနားတွင် တိုင်း ရင်းသားပေါင်းစုံအပါအ၀င် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်န်ဂျီအိုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ပေါင်း ၄၀၀ ၀န်းကျင်က ငြိမ်းချမ်းရေး ဖယောင်း တိုင်များ ကိုယ်စီကိုင်ကာ မိမိတို့သက်ဆိုင် ရာ ဘာသာအလိုက် အာရုံပြုကာ ကချင် ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဆုတောင်းခဲ့ကြ သည်။
"အခုလို ဘာသာပေါင်းစုံ ဆုတောင်း တဲ့ဖြစ်ရပ်က သမိုင်းမှာ တော်တော် ရှားပါ တယ်။

အပန်းဖြေခရီးသွားသူများတဲ့ အားလပ်ရက် နွေရာသီ




အလောင်းတော်ကဿပ၌ ခရီးသွားများအား တွေ့ရစဉ်
ဆောင်းကုန်လို့ နွေရာသီထဲ ချင်းနင်းဝင်ရောက်ခဲ့တာ တစ်လ ရှိခဲ့ပါပြီ။ နွေရာသီ အားလပ်ရက်လို့ ပြောလိုက်ရင် ကျောင်းသား ကျောင်းသူတွေကို ပြေးမြင်ယောင်မိတတ်ကြသလို ကျောင်းသားမိဘတွေ တစ်ခဏ အနား ရချိန်လို့လည်း တွေးမိစေပါတယ်။ တစ်နှစ်တာပတ်လုံး သားသမီးတွေစာနဲ့ လုံးပန်းနေခိုက်မှာ မိဘတွေဆိုတာဟာလည်း သားသမီးတွေနဲ့အပြိုင် ပင်ပန်းခဲ့ကြရတာပါ။ အထူးသဖြင့် သားသို့မဟုတ် သမီးဟာ တက္ကသိုလ် ၀င်တန်း ကျောင်းသား ကျောင်းသူဆိုရင်တော့ သာမန်ထက် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ကြရပါတယ်။ တက္ကသိုလ်ဝင် တန်းဆိုတာဟာ ရှေ့ဆက်လျှောက်ရမယ့် ဘ၀လမ်းကို ပြဋ္ဌာန်းပေးတဲ့ အချိုးအကွေ့ တစ်ခုလည်း ဖြစ်နေတာကြောင့်ပါပဲ။

အခုတော့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေသာမက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေလည်း ပြီးဆုံးချိန်ရောက်ပြီမို့ အားလပ်ရက် နွေရာသီကို အပြည့်အ၀ စတင်ခဲ့ပါပြီ။ မြို့ပြမှာတော့ နွေက အပူကဲလို့။ နယ်ဒေသတွေမှာလည်း နွေနေ့လယ်ခင်းတွေဟာ နွေသရုပ် ပီပြင်နေခဲ့ပြီ။ သဘာဝပတ်ဝန်းကျင် လှပတဲ့ဒေသတွေမှာတော့ နွေဦးရာသီဟာ ပူပြင်းတဲ့နေရောင်ကိုသာ မေ့ထားတတ်ရင် ပန်းရောင်စုံ၊ ရွက်သစ်စိမ်းစိမ်းတွေနဲ့ ကဗျာဆန်ဆန် လှပနေတော့တာပါ။

Friday, 30 March 2012

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရပါတယ်။

Photos courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ညစာစားပွဲ၌ ကချင်ခေါင်းဆောင်များ၏ လက်ဆောင်ပစ္စည်းကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေစဉ်။
မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုတော့ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား ထားပါတယ်။

အာစီယံနိုင်ငံတွေ ဘာကြောင့် လက်နက် နင်းကန် ၀ယ်နေသလဲ(၀င့်ထန်း)

လူဦးရေး ငါးသန်းသာသာရှိတဲ့ စင်္ကာပူကျွန်းနိုင်ငံလေးဟာ ဆိတ်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဥပဒေလိုက်နာမှု၊ ပညာရေးကောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ၀န်ဆောင်မှု၊ ဘဏ်လုပ်ငန်း၊ သင်္ဘောဆိပ်ကမ်း၊ ဂေါက်ကွင်း စတာတွေနဲ့ အာရှရဲ့ ကျားခြင်္သေ့ ဖြစ်တာမို့ အခြားနိုင်ငံတွေက လေးစားအားကျရစမြဲပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာတော့ စင်္ကာပူကိစ္စက ကမ္ဘာ့နိုင်ငံတွေကြား ဆူဆူညံညံ ဆွေးနွေးစရာ ဖြစ်လာပါတယ်။
ပြဿနာက လက်နက်တင်သွင်းမှုပါ။ မကြာခင်က ထုတ်ပြန်တဲ့ Stockholm International Peace Research Institute (SIPRI) ရဲ့ အစီရင်ခံစာအရ လက်နက်အများဆုံး ၀ယ်ယူတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့စာရင်းမှာ စင်္ကာပူ ပိစိကွေးက နံပါတ် (၅) ချိတ်နေပါတယ်။ သူ့ရှေ့မှာ အ၀ယ်များဆုံး လေးနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်ကိုရီး ဟဲဗီးကြီးတွေ ဖြစ်ပါတယ်။
စင်္ကာပူရဲ့ လက်နက်အတွက် အသုံးစရိတ်က ကမ္ဘာ့နိုင်ငံအားလုံး လက်နက်ဝယ်ယူမှု အသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ် ကာကွယ်ရေး အသုံးစရိတ်က ၉.၇ ဘီလီယံ ဒေါ်လာ အထိရှိပြီး အမျိုးသားဘတ်ဂျက်ရဲ့ ၂၄ ရာခိုင်နှုန်း သုံးစွဲထားပါတယ်။ တိုင်းပြည်လူဦးရေနဲ့ တွက်ရင် တစ်ဦးချင်းအတွက် ကာကွယ်ရေးအသုံးစရိတ်က အမေရိကန်၊ အစ္စရေး၊ ကူဝိတ်တို့ထက် သာလွန် နေပါတယ်။ စင်္ကာပူလို ငြိမ်းချမ်းအေးဆေးတဲ့ နိုင်ငံက အဲဒီကိန်းဂဏန်းတွေနဲ့ လက်နက်ဝယ်နေတာ အံဩစရာကောင်းပါတယ်။

မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

အိမ်ဖော်တွေအပါအ၀င် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။
AFP
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။
 ၂၀၁၁ ခုနှစ် ခန့်မှန်းချက်များအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြသည်။
နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှားယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ မခက်ခဲကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က မလေးရှား သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အွန်လိုင်းမှလျှောက်ထားနိုင်မည့် အီးဗီဇာစနစ် ဧပြီလ ၁ ရက် စတင်စမ်းသပ်မည်

အွန်လိုင်းမှ တစ်ဆင့်ပြည်ဝင်ခွင့် လျှောက်ထားနိုင်မည့် အီးဗီဇာစနစ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်စမ်းသပ်လုပ် ဆောင်သွားမည်ဟု မြန်မာနိုင်ငံဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် စတင်အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများနှင့် ဥရောပ နိုင်ငံများအတွင်း ထပ်မံတိုးချဲ့သွားမည်ဟု ပြောသည်။ "ဧပြီလ ၁ ရက်နေ့မှာ ဆင်ထားတဲ့ အွန်လိုင်းစနစ်တွေ အဆင်ပြေချော မွေ့မှုရှိ သလားဆိုတာကို စမ်းသပ်မယ်။ အရင်ဆုံး CLMV နိုင်ငံတွေကို အီးဗီဇာ ပေးမယ်။ ဒီအီးဗီဇာစနစ်ကို စင်ကာပူ နည်းပညာသုံးပြီး လုပ်ထားတယ်။ အီးဗီ ဇာလျှောက်တဲ့သူတွေကို လိုအပ်သလို စစ်ဆေးပြီး အမည်ပျက်စာရင်း (black list)မဟုတ်ရင် ဗီဇာထုတ် ပေးမယ်။ ဗီဇာ ကြေးကိုလည်း အွန်လိုင်းကနေပေးချေ ရမယ်" ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ အီးဗီဇာစနစ်ကို အကောင် အထည်ဖော်ပြီးပါက နိုင်ငံတကာမှ ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် လာနိုင်မည်ဖြစ် သည့် အတွက် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပိုမိုတွင်ကျယ် လာမည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အပါအ၀င် ပြည်တွင်း၊ ပြည်ပ သတင်းဂျာနယ်လစ် ၃၀၀ ကျော် တက်ရောက် သတင်းရယူခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လများအတွင်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားပါက ကြားဖြတ်ရွေးကောက်ပွဲသည် စစ်မှန်သည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဆိုသည်ကို စဉ်းစား၍ ရနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် မဲဆန္ဒနယ်များတွင် များနိုင်သမျှ များများအနိုင်ရရှိရန် ကြိုးစားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းအနက် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မတန်မရာ ငါးကြင်းခေါင်းကိုမိသလိုဖြစ်ပြန်ပြီအကြောင်းက ဒီလိုပါ(လေဗျောက်အိုး)


လေဗျောက်အိုးသည် ဇာတ်ညွှန်း မရေးတတ်ပါ။ ဗိုလ်ချုပ်ရုပ်ရှင်အသံပလူပျံ လာသောအခါ ဗိုလ်ချုပ်၏ မိသားစု ဇာတ်ဝင်ခန်းလေးတစ်ခန်းကို မရဲတရဲ ဇာတ်ညွှန်းချရေးကြည့်မိ၏။ ဗိုလ်ချုပ်အိမ် ကို လူတစ်ယောက်ဝင်လာမည်။ အိမ်တံ ခါးကို ဒေါ်ခင်ကြည်က ဖွင့်ပေး။ (ကဒ်)
ဧည့်ခန်းထဲ၌ ထိုလူကို ဒေါ်ခင်ကြည်  က ဧည့်ခံစကားပြောခန်း ရိုက်ပြ၊ ထိုသူ က ခြေဟန်လက်ဟန်အာဘောင်အာရင်း သန်သန်ပြောနေသည်ကို အသံသဲသဲကွဲ ကွဲမကြားနိုင်သော ရှုထောင့်တစ်နေရာက  မြင်ရပုံကိုပြ။ (ကဒ်)
ဒေါ်ခင်ကြည်ကို အနီးကပ်ရိုက်ပြ၊ သက်ပြင်းချပြီး အဝေးကိုငေးမောဆွတ်ပျံ စွာဖြင့် စကားလုံး လေးလေးနက်နက် တည်တည်ကြည်ကြည်ပြောမည်။
““ခုလို စေတနာနဲ့ အကြံဉဏ်ပေး တာ ကျွန်မကျေးဇူးတင်ပါတယ်။ ကျွန်မ ဒေါ်သန်းခင်မိသားစုအပေါ်မှာ ဘယ်လို စိတ်မှ မအောက်မေ့မိပါဘူး။ ဗိုလ်ချုပ်  အောင်ဆန်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ကိုမီခိုနေရတဲ့ ကျွန်မတို့မိသား  စုတင်မက တစ်တိုင်းပြည်လုံး နစ်နာသွား တဲ့ကိစ္စပါ။ ဒါကို အကြောင်းပြုပြီး ရှင် အကြံပေးသလို၊ တစ်ဖက်ကို နစ်နာမှု လျောကြေးငွေရမှုနဲ့ တရားစွဲဆိုပြီး တောင်း ချင်သလောက် တောင်းခွင့်ရှိတယ်ဆိုတာ လည်း ကျွန်မသဘောပေါက်ပြီးသားပါ။ ဒါပေမဲ့””

ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်

လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​ ဆန္ဒပြဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​အတွင်း​ တိုင်ရီဖိနပ်စက်ရုံ အလုပ် သမား​တွေရဲ့​ ကြိုး​ပမ်း​မှုကို အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေက တား​မြစ်မှုအပြီး​ ရုန်း​ရင်း​ဆန်ခတ်မှုဖြစ်ပွား​ရာမှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဖြစ်သူ ဒဏ်ရာအနည်း​ငယ် ရသွား​ပါတယ်။

ဒီအဖြစ်အပျက်နဲ့​ပတ်သက်ပြီး​ ကိုယ်တိုင်သွား​ကြည့်​သူ တဦး​ကို ​နေ့​လည် ၁၂ နာရီမှာ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အခု တိုင်ရီစက်ရုံ​ရှေ့​မှာ​ပေါ့​။ ဖြစ်ပျက်​နေတဲ့​ အ​ခြေအ​နေ​တွေကို ​ပြောပြပါဦး​။

“အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​အချက် မ​ပြေလည်တဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြဖို့​ လုပ်တာကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ ခရိုင်ရဲမှူး​က လာတား​တယ်။ လမ်း​ပေါ်မှာ ဆန္ဒပြတာဟာ ဥပ​ဒေအရ တရား​မဝင်ဘူး​။ တရား​မဝင်တဲ့​အတွက် ဆန္ဒပြလို့​ မရတဲ့​အ​ကြောင်း​ကို လာ​ပြောတယ်။ အလုပ်သမား​တွေက မြို့​နယ် အုပ်ချုပ်​ရေး​မှူး​တွေ အရင်က ညှိခဲ့​တာမှာ အဆင်မ​ပြေတဲ့​ အခံရှိခဲ့​တဲ့​ အတွက် သူတို့​ ညှိတာကို လက်မခံ​တော့​ဘဲ ခဲ​တွေနဲ့​ပေါက်တာတို့​၊​ တွန်း​ထုတ်တာတို့​ လုပ်လိုက်တယ်။

တရားခံထက်ထက်မိုးဦးအား ငွေဒဏ်ကျပ်တစ်ထောင် ပြစ်ဒဏ်ချမှတ်ခြင်းခံရ


ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သတ်၍ အပြီးသတ် စီရင်ချက်ကို မတ်လ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ရာ တရားခံ ထက်ထက်မိုးဦးသည် ငွေဒဏ် တစ်ထောင်ကျပ်သာ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရကြောင်း သိရသည်။

ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

''တရားခံ ထက်ထက်မိုးဦးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါတိုင်းမှာ တရားခွင် မစသေးရင် တရားသူကြီး ရုံးခန်းထဲမှာပဲ နေခွင့်ရတယ်။ အကြောင်းက သတင်းထောက်တွေ အင်တာဗျူးလုပ်မှာစိုးလို့တဲ့။ ဒီနေ့ စီရင်ချက် ချမှတ်မယ့်နေ့မှာလည်း တရားခံ ထက်ထက်မိုးဦးက တရားခွင်ရှေ့ကို စီရင်ချက်ချမှတ်မယ့် တရားသူကြီး ဒေါ်ထွေးထွေးအခန်းထဲကနေပဲ ရောက်လာခဲ့ပါတယ်။ နောက်ပြီး စီရင်ချက်ချမှတ်တဲ့ ဒဏ်ငွေတစ်ထောင်ကို ပေးဆောင်ခြင်းမရှိပဲ ထွက်သွားခဲ့တယ်။ တရားရုံးကို မေးကြည့်တော့ တရားခံရဲ့ ရှေ့နေ ဦးစိန်မြင့်ရဲ့တပည့်တွေက ဆောင်သွားတယ်လို့ သိရတယ်'' ဟု တရားလို မအေးသူစံက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အလှည့်ကျ လျှပ်စစ်မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်စတင်မည်



 ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်ကို ၂၀၁၂ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။

အလှည့်ကျမီးပေးစနစ်တွင် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာပြီးနောက် ၆နာရီ ကြာမီးပြန်ပျက်သည့် စနစ်ဖြင့် အလှည့်ကျမီးပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူးဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ဧပြီလ ၂ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ A၊ B၊ C သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅နာရီကနေ ၁၁နာရီအထိ နှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁နာရီ အထိ နှစ်အုပ်စု၊ ည ၁၁နာ ရီကနေ မနက် ၅နာရီအထိ ၂အုပ်စုကို အလှည့်ကျမီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက်(၂၄နာရီ)မှာ မီး ၆နာရီလာ၊၆နာရီပြန်ပျက်၊ ၆နာရီပြန် လာ၊ ၆နာရီပြန်ပျက်တဲ့စနစ်မျိုးဖြစ်မှာပါ။၂၄နာရီ လျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံ ရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံတွေစတဲ့ အရေးကြီးနေရာတွေပါပါမယ်။

စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်

ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။
မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့ ဥရောပ သုတေသီတွေက တွက်ချက်ကြပါတယ်။ သူတို့ဟာ သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ဇုန်ထဲမှာပဲ Orbit ပတ်လမ်းနဲ့ ကြယ်ကို ပတ်နေကြတာပါ၊ ဒီဇုန်ထဲမှာရှိတဲ့ ဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်တဲ့အတွက် သက်ရှိတွေ ရှင်သန်နိုင်ဖို့ အလားအလာရှိပါတယ်။ ဒါဟာ ဂြိုဟ်သားတွေ ရှိနေနိုင်တယ် ဆိုတာကို ပြသတဲ့ အကောင်းဆုံး အထောက်အထားလို့လည်း သုတေသီတွေက ဆိုကြပါတယ်။

လက်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်

မြန်မာ အမျိုးသမီးနှင့် လက်ထပ်ကာ ၄င်းအား ကုမ္ပဏီ အမည်ခံ ခိုင်း ထားသော နိုင်ငံခြားသားများ အနေဖြင့် လုပ်ငန်း ပိုင်ဆိုင်မှု၏ ၅ဝ ရာခိုင်နှုန်း အား ဇနီးဖြစ်သူ အားပေး ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်လိုက်သည်။
''မြန်မာ အမျိုးသမီးက လူပဲ ပေးထားရတယ်။ သူ့ဘဝတစ်ခုလုံး ရင်းထားရတဲ့ အတွက် တစ်ဝက်ပေးဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် ပါ'' ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မတ်လ ၂၄ ရက်နေ့ ကုန်သည်/ စက်မှု အသင်းချုပ်၌ ကျင်းပသည့် အသင်းအဖွဲ့ ကိစ္စနှင့် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံသား အမည်ခံ၍ နိုင်ငံ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား များ အနေဖြင့် တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ လာစေရန် ရည်ရွယ်မှုဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အရ ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအား တရားဝင် မွေးစားမှုဖြင့် နာမည်ခံ ခိုင်းကာ လုပ်ဆောင်နေ ကြသည့် နိုင်ငံခြားသား များ အနေဖြင့်လည်း ယင်းကဲ့သို့ ကုမ္ပဏီ ပိုင်ဆိုင်မှု အချို့အား လွှဲ ပြောင်းပေး ရမည် ဖြစ်သော်လည်း ခွဲပေးရမည့် ပမာဏကိုမူ ကော်မရှင် မှ လတ်တလော သတ်မှတ် ပေးထားခြင်း မရှိဟု ဦးအောင်နိုင်ဦး က ဆက်လက်ပြောသည်။

ပြည်တွင်းဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ

ဂျီမေးလ်အကောင့်အသစ် ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ်အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ်အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

 ယခင်က ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ်အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ်နံပါတ်)များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။ 

“အခုလိုမျိုး ဂူဂဲလ်ကလုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးစနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီလှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီးပေါ့” ဟု ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။ 

နိုင်ငံခြားငွေ လဲလှယ်နှုန်း "နှုန်းရှင်" ဖြစ်တော့မည်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ(၁)ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေးအရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
Photo: RFA
အမေရိကန်နိုင်ငံသုံး တစ်ဒေါ်လာတန်ငွေစက္ကူ။
ဆိုရှယ်လစ် ခေတ်ကတည်းက အခုချိန်ထိ မြန်မာနိုင်ငံမှာ အမေရိကန်(၁)ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆)ကျပ်ကျော်နဲ့ လဲလှယ်ခဲ့ပြီး၊ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁)ဒေါ်လာကို ကျပ်(၈၀၀)ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Lazy Club တီးဝိုင်းနှင့် မြန်မာအဆိုတော် လေးဦးတို့ သြစတြေးလျနိုင်ငံတွင် သွားရောက်ဖျော်ဖြေခဲ့




e4524 Lazy Club တီးဝိုင်းနှင့် မြန်မာ အဆိုတော်လေးဦးတို့ သြစတြေးလျ နိုင်ငံပါ့သ်မြို့နှင့် မဲလ်ဘုန်းမြို့တို့တွင် သွားရောက်ဖျော်ဖြေခဲ့ပြီး မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ Lazy Clubတီး ၀ိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေပေးခဲ့သည့် တေးသံရှင်များမှာ အဆိုတော် Rဇာနည်၊ ဇော်ပိုင်၊ ရေဗက္က၀င်း၊ Lဆိုင်းဇီ တို့ဖြစ်ကြသည်။
“ကျွန်တော်တို့ မတ်လ ၆ ရက် နေ့မှာ ဘန်ကောက်မှာ တစ်ညအိပ်ပြီး ၇ ရက်နေ့မှာပါ့သ်မြို့ကို ရောက်ပါတယ်။ အဲဒီမှာရှိနေတဲ့ မောင်မောင်ဇော်လတ်၊ ခရစ္စတိုဖာ၊ ဂရေဟမ်တို့ နဲ့ တွေ့ခွင့်ရပါတယ်။ ပွဲစီစဉ်သူတွေ က အလည်အပတ်အဖြစ် တော်တော်လေးကို စုံစုံလင်လင် ပို့ပေးခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ပါ့သ်မြို့မှာ ဖျော်ဖြေရပြီး ဖျော်ဖြေပွဲကို နှစ်ပိုင်းခွဲ တင်ဆက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အထူး အစီအစဉ်အဖြစ် ခရစ္စတိုဖာနဲ့ ဂရေဟမ်တို့ ပူးပေါင်းဖျော်ဖြေခဲ့တယ်။ အဲဒီပွဲမှာ ပရိသတ် တော်တော်များခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်တဲ့ ပွဲလေး ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒုတိယပွဲကိုတော့ မဲလ်ဘုန်းမြို့မှာ ဖျော်ဖြေတင်ဆက်ခဲ့တာပါ။

အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူစစ်ဆေး မေးမြန်းနေသည့် အမျိုးသမီး ငါးလွှာမှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်




ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုအား သတင်းထောက်များမှ မေးမြန်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis