ဂီတစာဆိုလွှမ်းပိုင်ဆိုတဲ့
အခွေလေးကိုမကြာမီ အချိန်တွင်းမှာပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မယ့်
တေးသံရှင်လွှမ်းပိုင်က မကြာမှီသွားရောက်လည်ပတ်ရမယ့် ဘရာဇီး ပရိုဂရမ်နဲ့
ပတ်သတ်ပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုကို ခုလိုပြောပြဖြစ်ခဲ့တာက
“ဒီပရိုဂရမ်ကတော့ ခရီးသွားတာကို ရိုက်ပြတာပါပဲ။ ဗဟုသုတတွေ အများကြီးရတဲ
့ပရိုဂရမ်တော့ မဟုတ်ပါဘူး။ brazil သွားရမယ်ဆိုတော့ စိတ်ခံစားချက်က
ပျော်တာပေါ့နော်။ ကျွန်တော်တို့လဲ တစ်ခါမှ မရောက်ဖူးတဲ့နိုင်ငံ၊
ရောက်ဖို့လဲခက်ခဲတယ်။ ပြီးတော့ ကမ္ဘာ့ဖလားအချိန်ဆိုတော့ အပြင်မှာ
လက်တွေ့ကြည့်ရမယ်ဆိုတော့ ပိုပြီး စိတ်လှုပ်ရှားပါတယ်။ ဟိုမှာ
ဗီဒီယိုလေးတွေလဲ ရိုက်ခဲ့မယ်။ ဒုံးပျံပထမခွေတုန်းကလို ပြန်သုံးလို့ရအောင်
ဗီဒီယိုလေးတွေ ရိုက်ခဲ့ပါမယ်။ ကမ္ဘာ့ဖလားက နှစ်တိုင်းအားပေးတာကတော့
အင်္ဂလန်ပါပဲ။ ဘယ်တော့မှ မနိုင်ပေမဲ့ အားပေးပါမယ်။ ထွက်မှာက
၁၄ရက်နေ့မနက်ပေါ့။ ၁၀ရက်ကြာပါမယ်”လို့ သူကပြောပါတယ်။
ဂီတစာဆို လွှမ်းပိုင်အခွေနဲ့ ပတ်သက်ပြီးတော့လည်း သူက “ ရှေ့လ ၇ရက်နေ့ထွက်ပါမယ်။ သီချင်းတွေက ၁၆ပုဒ်ပါပါမယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်ကို အကြောင်းအရာ မထပ်အောင်လဲ လုပ်ထားပါတယ်။ ဒီခွေလေးနဲ့ပတ်သတ်ပြီး ပရိသတ်အားပေးမှုကို အကောင်းဆုံး မျှော်လင့်ထားပါတယ်။ ပရိသတ်ကြိုက်တယ်။ လက်ခံတယ်။ အားပေးတယ်ဆိုရင်ကျေနပ်ပါပြီ။”တဲ့။
Trend Myanmar