menu

Thursday, 9 January 2014

အရက်ကို တာရှည် အလွန်အမင်းသောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုး ၁၂ ရပ်

အရက် အလွန်အကျွံသောက်ပြီး အမူးလွန်တာကြောင့် အသည်းခြောက် ရောဂါလို ရောဂါတွေအပြင် ကားတိုက်တာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။လေ့လာမှုတွေအရ အရက်ကို အချိန်ကြာကြာနဲ့ အလွန်အကျွံ သောက်တာကြောင့် အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

၁. သွေးအားနည်းရောဂါ

အရက်ကို အလွန်အမင်း သောက်တာကြောင့် သွေးနီဥကနေ အောက်ဆီဂျင် သယ်ယူနိုင်မှု ပမာဏ ပုံမှန်အောက် လျော့နည်းသွားနိုင်ပါတယ်။ ဒီအခြေအနေကို သွေးအားနည်းရောဂါလို့ ခေါ်ပြီး ပင်ပန်းနုံးချည့်တာ၊ အသက်ရှူမဝတာနဲ့ ခေါင်းထဲ ရီတီတီ ဖြစ်တာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

၂. ကင်ဆာရောဂါ

“အရက်ကို အလေ့အထ တစ်ရပ်လို ပုံမှန်သောက်နေရင်တောင် ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်” လို့ တိုရွန်တိုတက္ကသိုလ်က ဂျာဂန်က ရှင်းပြပါတယ်။ ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ကင်ဆာဖြစ်စေနိုင်တဲ့ အစီတယ်ဒီဟိုက်အဖြစ် ကူးပြောင်းတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်တာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ အရက်ကို အလွန်အမင်း သောက်သူတွေရဲ့ ပါးစပ်၊ လည်ချောင်း၊ အသံအိုး၊ အစာရေမျိုပြွန်၊ အသည်း၊ ရင်သားနဲ့ အူမကြီးနေရာတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်သောက်တဲ့ အရက် အလွန်အကျွံသောက်သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်တက်နေပါတယ်။

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။

ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း

အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။

လွတ်လပ်စွာသတင်းရယူခွင့်အတွက် အခြားသူများ၏ အခွင့်အရေးကို မထိခိုက်သင့်ဟု ဦးရဲထွဋ်ပြော

တင်ဇာအောင်|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

ရန်ကုန်အခြေစိုက် သတင်းသမားများ ဇန်န၀ါရီ ၇ ရက်က ဆန္ဒဖော်ထုတ်တောင်းဆိုသော လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးသည် အငြင်းပွားဖွယ်ရာမဟုတ်သော်လည်း အခြားသူများ၏ အခွင့်အရေးကို မထိခိုက်စေရန် ဂရုပြုသင့်သည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒု-၀န်ကြီးဦးရဲထွဋ်က ပြောဆို သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၉ အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်ရှိသည်ဟူသည့် ပြဋ္ဌာန်းချက်နှင့်အပိုဒ်၂၉ တွင် ပါရှိ သည့် လူတိုင်းသည် အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြုရန်လိုသည် ဟူသည့် ပြဋ္ဌာန်းချက်တို့ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ဒါကြောင့် ၁၉ နဲ့၂၉ ကိုသာ ဟန်ချက်ညီအောင် ကျင့်သုံးမယ်ဆိုရင်တော့ ပြဿနာမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ဇန်န၀ါရီ ၇ ရက်တွင် သတင်းသမားများဆန္ဒဖော်ထုတ်ခြင်းသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ The Daily Eleven သတင်းစာ၏ နယ်သတင်းထောက် မခိုင်(ခ)နော်ခိုင်ခိုင်အေးချို ထောင်ဒဏ်ချမှတ်ခံရခြင်း အပေါ် မှန်ကန်သည့်တရားစီရင်ရေး လုပ်ဆောင်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မန္တလေးသတင်းသမားနှစ်ဦးကို ရဲမှူးနှင့်အဖွဲ့ ခေါ်ယူသတိပေး

ပြည့်စုံ|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

Eleven Media Group ၏ သတင်းထောက် မနော်ခိုင်ခိုင်အေးချိုကို ထောင်ဒဏ်ချမှတ်ခြင်းကြောင့် ဇန်န ၀ါရီ ၇ ရက်က ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည့် မန္တလေးအခြေစိုက် အယ်ဒီတာနှစ်ဦးကို ဇန်န၀ါရီ ၈ ရက်က အောင်မြေသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့က ခေါ်ယူ သတိပေးခဲ့သည်ဟု မန္တ- လေးခေတ် အယ်ဒီတာ ကိုမင်းဒင်က မဇ္ဈိမကို ပြောသည်။

“နောက်နောင် ယခုကဲ့သို့ ပြုလုပ်မည်ဆိုပါက တရားဝင်စာတင်ဖို့ရယ် ပါဖောမန့် ပြုလုပ်မည်ဆိုရင် လူစု လူဝေးရှိရာနေရာဖြစ်တဲ့အတွက် ဥပဒေဘောင်အတွင်းမှ စည်းကမ်းတကျ လုပ်ဆောင်ဖို့အတွက် ခေါ်ယူ သတိပေးခံခဲ့ရတာပါ”ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သည့် အယ်ဒီတာနှစ်ဦးကို ၆၈ လမ်း၊၂၄ လမ်းရှိ ပြည်ကြီးကျက်သရေ ရပ်ကွက်ရုံးတွင် ခေါ်ယူတွေ့ဆုံ သတိပေးခဲ့ခြင်းဖြစ်သည်။

သီရိမင်္ဂလာဈေးသစ် ပဋိပက္ခ ထပ်ဖြစ်ပွားသော်လည်း လုံခြုံရေး တိုးမြှင့်ခြင်းမရှိ

Photo: သီရိမင်္ဂလာဈေးသစ် ပဋိပက္ခ ထပ်ဖြစ်ပွားသော်လည်း လုံခြုံရေး တိုးမြှင့်ခြင်းမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်း လက်ကားဈေးကြီးဖြစ်သော ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျ ဈေးသည်များနှင့် မြို့တော် စည်ပင်သာယာ ဝန်ထမ်းများအကြား အဓိက ရုဏ်းဆန်ဆန် ပဋိပက္ခများ ဒုတိယမြောက် နေ့အဖြစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ထပ်မံ ဖြစ်ပွားခဲ့ခြင်းကြောင့် လုံခြုံရေး တိုးမြှင့် ချထားသွားမည်ဟု သတင်း မီဒီယာများကို ဖြေကြား ထားသော်လည်း ဇန်နဝါရီ ၈ ရက်နေ့ည ၁၀ နာရီခန့် အချိန်ထိ ရဲတပ်ဖွဲ့ဝင်များကို မတွေ့ရှိရကြောင်း ယင်းဈေးရှိ ဈေးသည်များထံမှ စုံစမ်းသိရသည်။

ယခုဖြစ်ပွားသည့် ပြဿနာသည် ယင်းဈေးတွင် ညဦးပိုင်းမှ နံနက်အစောပိုင်း အချိန်အတွင်း ဈေးရောင်းချသူများနှင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့ကာ စည်ပင်ဝန်ထမ်း၊ ဈေးတာဝန်ခံ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ခုနစ်ဦး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သည့်အပြင် ဌာနပိုင်ယာဉ်၏ ရှေ့လေကာမှန် ကွဲခဲ့ကြောင်း၊ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် လုံခြုံရေး အင်အားကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ အရေအတွက်ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါဈေးရှိ ကားရပ်နားရန် နေရာများတွင် ဈေးရောင်းချ နေမှုများကို စည်ပင်သာယာဝန်ထမ်း ၂၀၀ ဝန်းကျင်ဖြင့် တားမြစ်ရာက နှစ်ဖက်အကြား မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးရောင်းချသူများက စည်ပင်သာယာ ဝန်ထမ်းများကို ခဲများ၊ တုတ်များဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သီရိမင်္ဂလာဈေးသစ်ရှိ ဈေးသူဈေးသားများက ပြောဆိုသည်။
“ဈေးသည်တွေက ညပိုင်းမှာ ၁ နာရီလောက်ဖြစ်ဖြစ် ရောင်းခွင့်ပေးဖို့ ပြောတယ်။ စည်ပင်က လက်မခံဘူး။ ဒါကို ပြန်ပြီး ရန်ရှာတော့ စည်ပင်ဝန်ထမ်းတွေ ထွက်ပြေးသွားတယ်။ ပြီးတော့ ဆက်ရောင်းကြတာပေါ့” ဟု ၎င်းတို့က ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထွက်ရှိသည့် ကုန်စိမ်းသီးနှံများကို ရန်ကုန်မြို့တော်ရှိ ဈေးအသီးသီးသို့ ပြန်လည် ဖြန့်ချိသည့် ဈေးဖြစ်သောကြောင့် ညပိုင်းတွင် ဈေးရောင်း၊ ဈေးဝယ် စည်ကားလျက်ရှိပြီး ယင်းကဲ့သို့ ပျံကျ ဈေးရောင်းချသူ ထောင်နှင့်ချီ ရှိကြောင်း အဆိုပါဈေးတွင် ဈေးရောင်း ချသူများက ဆိုသည်။

ပျံကျဈေး ရောင်းချသူများ အနေနှင့် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ တရားဝင် သတ်မှတ်ထားသည့် နေရာများတွင်သာ ဈေးရောင်း ချရန် ဈေးတာဝန်ခံရုံးက ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ထားသော်လည်း ပျံကျ ဈေးသည်များမှာ စားဝတ်နေရေး အခက်အခဲများ ရှိနေခြင်းကြောင့် လိုက်နာရန် မလွယ်ကူကြောင်း သစ်သီးဝလံ ရောင်းချသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
“စည်ပင်ကလည်း တာဝန်အရ ရှင်းရတာပဲ။ ဒါပေမဲ့ ဈေးသည်တွေမှာကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ သူတို့ ရောင်းတာကလည်း ကုန်စိမ်းဆိုတော့ တစ်နေ့ဟာ တစ်နေ့ ကုန်အောင်ရောင်းမှ ရမယ်လေ” ဟု ၎င်းက ရှင်းပြသည်။

ပျံကျဈေး ရောင်းချသူများမှုများနှင့် စည်ပင်သာယာ ဝန်ထမ်းများ ပဋိပက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိရန် အဆိုပါ ဈေးတာဝန်ခံ ရုံးခန်းသို့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းက သွားရောက် မေးမြန်းရာ တာဝန်ခံ ဖြေကြားမည့်သူများ အစည်းအဝေး တက်ရောက်နေကြောင်း ရုံးဝန်ထမ်း တစ်ဦးက ဖြေကြားသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန ဒုတိယဌာနမှူးထံသို့ ထပ်မံ၍ ဆက်သွယ် မေးမြန်းရာ ၎င်းနေနှင့် အဆိုပါ ကိစ္စကို အသေးစိတ် မသိရှိရသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

ဖြစ်ပွားခဲ့သည့် ပြစ်မှုများနှင့် ပတ်သက်ပြီး ပြည်သူ့ဝန်ထမ်းကို ဆဲဆို၍ နာကျင်အောင် ပြုလုပ်မှုများ အပါဝင် (ပ) ၇/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၃၂၊ ၁၁၄ ဖြင့် လည်းကောင်း၊ (ပ)၈/၁၄၊ ပုဒ်မ ပပက ၆(၁) ဖြင့် လည်းကောင်း အမည်မသိ လူ ၁၀ ဦးကို အမှုဖွင့် ဆောင်ရွက်နေကြောင်း ပိတောက်ချောင်း ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမှ ယခုလက်ရှိ လှိုင်မြို့နယ် ပိတောက်ချောင်း ဘုရင့်နောင်လမ်းသို့ ၂၀၁၀ ပြည့်နှစ်က စတင်ပြောင်းရွှေ့ခဲ့သည့် သီရိမင်္ဂလာဈေးသစ်သည် ဈေးရုံပေါင်း ကိုးရုံရှိကာ ဆိုင်ခန်းပေါင်း ၂၀၁၇ ခန်း ရှိကြောင်း၊ ယခုဖြစ်ပွားသည့် ပျံကျဈေးသည်များ အပါအဝင် ဈေးရုံ အတွင်းရှိ လမ်းများပေါ်တွင် တရားမဝင် ဈေးရောင်းချနေမှုများ ရှိနေဆဲ ဖြစ်ပြီး သက်ဆိုင်ရာဌာနများ အနေနှင့် အရေးယူ ဆောင်ရွက်ရန်မှာ မလွယ်ကူကြောင်း အဆိုပါ ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်း လက်ကားဈေးကြီးဖြစ်သော ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျ ဈေးသည်များနှင့် မြို့တော် စည်ပင်သာယာ ဝန်ထမ်းများအကြား အဓိက ရုဏ်းဆန်ဆန် ပဋိပက္ခများ ဒုတိယမြောက် နေ့အဖြစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ထပ်မံ ဖြစ်ပွားခဲ့ခြင်းကြောင့် လုံခြုံရေး တိုးမြှင့် ချထားသွားမည်ဟု သတင်း မီဒီယာများကို ဖြေကြား ထားသော်လည်း ဇန်နဝါရီ ၈ ရက်နေ့ည ၁၀ နာရီခန့် အချိန်ထိ ရဲတပ်ဖွဲ့ဝင်များကို မတွေ့ရှိရကြောင်း ယင်းဈေးရှိ ဈေးသည်များထံမှ စုံစမ်းသိရသည်။

ယခုဖြစ်ပွားသည့် ပြဿနာသည် ယင်းဈေးတွင် ညဦးပိုင်းမှ နံနက်အစောပိုင်း အချိန်အတွင်း ဈေးရောင်းချသူများနှင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့ကာ စည်ပင်ဝန်ထမ်း၊ ဈေးတာဝန်ခံ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ခုနစ်ဦး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သည့်အပြင် ဌာနပိုင်ယာဉ်၏ ရှေ့လေကာမှန် ကွဲခဲ့ကြောင်း၊ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် လုံခြုံရေး အင်အားကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ အရေအတွက်ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါဈေးရှိ ကားရပ်နားရန် နေရာများတွင် ဈေးရောင်းချ နေမှုများကို စည်ပင်သာယာဝန်ထမ်း ၂၀၀ ဝန်းကျင်ဖြင့် တားမြစ်ရာက နှစ်ဖက်အကြား မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးရောင်းချသူများက စည်ပင်သာယာ ဝန်ထမ်းများကို ခဲများ၊ တုတ်များဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သီရိမင်္ဂလာဈေးသစ်ရှိ ဈေးသူဈေးသားများက ပြောဆိုသည်။

မလေးရှားတွင် အင်ဒိုနီးရှားအလုပ်သမားများနှင့် ပဋိပက္ခဖြစ်ပွားပြီး ပိတ်မိနေသည့် မြန်မာအလုပ်သမား ၆၅ ဦး ပြန်လည်ရောက်ရှိ၊ အလုပ်သမားလေးဦးမှာ မလေးရှားလေဆိပ်တွင် ထွက်ပြေးသွား

Photo: မလေးရှားတွင် အင်ဒိုနီးရှားအလုပ်သမားများနှင့် ပဋိပက္ခဖြစ်ပွားပြီး ပိတ်မိနေသည့် မြန်မာအလုပ်သမား ၆၅ ဦး ပြန်လည်ရောက်ရှိ၊ အလုပ်သမားလေးဦးမှာ မလေးရှားလေဆိပ်တွင် ထွက်ပြေးသွား

မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ဂိုဒေါင်ထဲတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက် အလုပ်သမား ၆၅ ဦး ဇန်န၀ါ ရီ ၈ ရက်တွင် Air Asia လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ပိတ်မိနေသည့် အလုပ်သမား ၉၈ ဦး အနက် ၄၈ ဦးကို နံနက် ၈ နာရီလေယာဉ်၊ ၂၁ ဦးကို နံနက် ၁၁ နာရီ ၁၅ မိနစ် လေယာဉ်တို့ဖြင့် အသီးသီးရောက်ရှိခဲ့ပြီး အလုပ်သမားလေးဦးမှာမူ မလေးရှားလေဆိပ်တွင် လေယာဉ်စောင့်ချိန် ထွက်ပြေးသွားကြောင်း အဆိုပါ အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းမှ အမှုဆောင် ဦးကိုလေးက ပြောကြားသည်။

“အလုပ်သမားလေးဦးက မလေးရှား လေဆိပ်မှာ ဒီကိုပြန်လာဖို့ လေယာဉ်စောင့်နေတဲ့အချိန်မှာ ထွက်ပြေးသွားတာပါ။ သူတို့ထွက်ပြေးသွားတာကို နံနက် ၄ နာရီလောက်မှ သိရတာပါ။ မြန်မာသံရုံးကနေ အလုပ်သမားတွေကို ထမင်းစားဖို့ ရင်းဂစ် ၁၀၀၀ လာပေး တဲ့အချိန်မှာ အလုပ်သမားတွေကို ငါးယောက်တစ်ဖွဲ့ ပိုက်ဆံခွဲပေးနေတုန်း လေးယောက် ပျောက်သွားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပတ် (စ်) ပို့တွေကို ကျွန်တော်ဝှက်ပြီး ယူလာရတယ်” ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်း အမှုဆောင် (မလေးရှား ဆပ်ကော်မတီ) ဦးကိုလေးက ဆိုသည်။

“ သူတို့ ဘာကြောင့် ထွက်ပြေးတယ်ဆို တာကိုတော့ မပြောတတ်ဘူး။ သူတို့က အခုဟိုမှာ Overstay ဖြစ်သွားပြီ။ တရားမ၀င် အလုပ်လုပ်မယ်ဆိုရင် သူတို့အဖမ်းခံရမယ်။ ပြီးရင်ထောင်ကျမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများကို အာဘာဖီ ပြည်ပအလုပ်အကိုင်အေဂျင်စီ၊  ဟာမိုနီပြည်ပအလုပ်အကိုင်အေဂျင်စီ၊Star Triangle အေဂျင်စီတို့မှ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများမှာ အလုပ်ရှင်နှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း သုံးနှစ်မပြည့်သေးသည့်အတွက် အလုပ်ရှင်အား သိန်းတစ်ထောင်ကျော် ပေးလျော်ရမည်ဖြစ်ကြောင်း၊ ယင်းလျော်ကြေးကို အေဂျင်စီမှ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 မလေးရှားတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်၍ အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးဝေကလည်း “ကျွန်တော်တို့ ပြန်လာတဲ့အချိန် အင်ဒိုသုံးယောက်က အဆောင်ထဲဝင်ပြီး သောင်းကျန်းနေတယ်။ အဆောင်ထဲကို ၀င်ကြည့်တော့ စက်ဘီး၊ ဖိနပ်၊ အ၀တ် အစား ကျွန်တော်တို့ ပစ္စည်းတွေအားလုံး မီးရှို့ခံထားရတယ်။ အလုပ်ကပြန်လာပြီး အပြင်ထွက်ပြီး ရေတောင်မချိုးရဲဘူး။ လုံခြုံရေးတွေရှိတဲ့ကြားထဲက ကျွန်တော်တို့ အဆောင်ကို အင်ဒိုနီးရှားအလုပ်သမားတွေက ခဲတွေနဲ့ထုတယ်။ မနက်မိုးလင်းတော့ အားလုံးမနေရဲလို့ ဂိုဒေါင်ထဲမှာ ပြောင်းနေရတယ်” ဟု  The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခုပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများအနေဖြင့် ပြည်တွင်း၌ အလုပ်လုပ်ကိုင်လိုပါက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းသို့ လာရောက် ဆက်သွယ်နိုင်ပြီး ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လိုပါကလည်း အကူအညီပေးမည်  ဖြစ်ကြောင်းသိရသည်။

မလေးရှား-ဘရူနိုင်းနယ်စပ်၊ ဆာရာဝပ် ပြည်နယ်ရှိ သင်္ဘောကျင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး နှင့် အင်ဒိုနီးရှား အလုပ်သမားတို့ ဒီဇင်ဘာ ၂၃ ရက့် ပြဿနာစဖြစ်ရာမှ အင်ဒိုနီးရှားအလုပ်သမားများ လက်နက်မျိုးစုံဖြင့် ရန်ပြုရန် ကြိုးပမ်းခဲ့သည့်အတွက် မြန်မာအလုပ်သမား ၉၈ ဦးမှာ သင်္ဘောကျင်းအနီးရှိ  ဂိုဒေါင်တစ်ခုတွင် ပုန်းအောင်းနေထိုင်ခဲ့ရပြီး ပိတ်မိနေခဲ့ရာမှ ဆက်လက် အလုပ်မလုပ်ကိုင်ရဲတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၌ ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ်ဖြတ်ခံနေရပြီး  ဒီဇင်ဘာ ၃၀ ရက်က မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဂျာလန်းဘာရူ မြို့၌ မြန်မာအမျိုးသမီးနှစ်ဦး အသတ်ခံခဲ့ရပြီး ဇန်န၀ါရီ ၁ ရက် နံနက်အစောပိုင်းတွင်လည်း မလက္ကာမြို့ရှိ Pandan Malim ပလာဇာ အစားအသောက် ရောင်းချသည့်နေရာ၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် မြန်မာအလုပ်သမားတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရသည်။

(မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှားအလုပ်သမားများနှင့် ပြဿနာဖြစ်ပွား၍ ဂိုဒေါင်ထဲတွင် ပိတ်မိခဲ့သည့် မြန်မာလုပ်သား ၉၈ ဦးအနက် ပြန်ရောက်လာသူများကို ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်)

မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ဂိုဒေါင်ထဲတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက် အလုပ်သမား ၆၅ ဦး ဇန်န၀ါ ရီ ၈ ရက်တွင် Air Asia လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ပိတ်မိနေသည့် အလုပ်သမား ၉၈ ဦး အနက် ၄၈ ဦးကို နံနက် ၈ နာရီလေယာဉ်၊ ၂၁ ဦးကို နံနက် ၁၁ နာရီ ၁၅ မိနစ် လေယာဉ်တို့ဖြင့် အသီးသီးရောက်ရှိခဲ့ပြီး အလုပ်သမားလေးဦးမှာမူ မလေးရှားလေဆိပ်တွင် လေယာဉ်စောင့်ချိန် ထွက်ပြေးသွားကြောင်း အဆိုပါ အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းမှ အမှုဆောင် ဦးကိုလေးက ပြောကြားသည်။

“အလုပ်သမားလေးဦးက မလေးရှား လေဆိပ်မှာ ဒီကိုပြန်လာဖို့ လေယာဉ်စောင့်နေတဲ့အချိန်မှာ ထွက်ပြေးသွားတာပါ။ သူတို့ထွက်ပြေးသွားတာကို နံနက် ၄ နာရီလောက်မှ သိရတာပါ။ မြန်မာသံရုံးကနေ အလုပ်သမားတွေကို ထမင်းစားဖို့ ရင်းဂစ် ၁၀၀၀ လာပေး တဲ့အချိန်မှာ အလုပ်သမားတွေကို ငါးယောက်တစ်ဖွဲ့ ပိုက်ဆံခွဲပေးနေတုန်း လေးယောက် ပျောက်သွားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပတ် (စ်) ပို့တွေကို ကျွန်တော်ဝှက်ပြီး ယူလာရတယ်” ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်း အမှုဆောင် (မလေးရှား ဆပ်ကော်မတီ) ဦးကိုလေးက ဆိုသည်။

အင်ဒိုနီးရှားလုပ်သားများ၏ တိုက်ခိုက်ခံရသော မြန်မာလုပ်သားများ သက်တမ်းမပြည့်ဘဲ ပြန်လာရသည့်အတွက် နစ်နာဟုဆို

မောင်သင်တုန်း|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

မလေးရှားနိုင်ငံ Shin Yang သင်္ဘောတည်ဆောက်ရေးကုမ္ပဏီတွင် အင်ဒိုနီးရှားနိုင်ငံသားများ၏ တိုက် ခိုက်မှုကိုခံရသော မြန်မာလုပ်သားများသည် စာချုပ်သက်တမ်း မပြည့်သေးဘဲ ပြန်လာသည့်အတွက် ပိုမို နစ်နာဆုံးရှုံးမှုများရှိခဲ့သည်ဟု ဇန်န၀ါရီ ၈ ရက်တွင် ပြန်လာသည့် အလုပ်သမားများက မဇ္ဈိမကို ပြော သည်။

နှစ်လ၀န်းကျင်သာလုပ်ကိုင်ပြီး သက်တမ်းမပြည့်ဘဲ ပြန်လာသူများက လုပ်သက် နှစ်နှစ်ကျော်ရှိသော မြန်မာလုပ်သားများ ပြန်သည့်အခါ မိမိတို့အနေဖြင့် အဆိုပါကုမ္ပဏီတွင် ဆက်လက်လုပ်ကိုင်ရန် ပိုပြီးအ ခက်အခဲရှိသောကြောင့် ပြန်လာကြသည်ဟု ပြောသည်။ ကုမ္ပဏီအနေဖြင့် လုံခြုံရေးကို အာမခံ ဆောင် ရွက်ပေးမည်ဟု ပြောဆိုသော်လည်း အင်ဒိုနီးရှားနိုင်ငံသားများမှာ ဦးရေ လေးရာကျော်ရှိသည့်အတွက် ကြောက်ရွံ့၍ ပြန်လာကြသည်ဟု ပြောသည်။

“မလေးကိုရောက်တာ နှစ်လတောင်မပြည့်သေးဘူး၊ အတော်နစ်နာတယ်၊ အိမ်ကရှိတာလေး ပေါင်ပြီး သွားရတာ ပြဿနာစဖြစ်တော့ ဘာမှမသိဘူး ကျွန်တော်တို့က အလုပ်ထဲမှာ”ဟု မကွေးတိုင်း မြို့သစ် မြို့နယ်၊ ဒန်းဒလွန်းပင်ကျေးရွာမှ ကိုစိန်ထွန်းက ပြောသည်။

ဗြိတိန် စီးပွားရေး သုတေသီများ၏ ၂၀၁၄ ခုနှစ် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး နိုင်ငံများတွင် မြန်မာပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၈

ဗြိတိန်နိုင်ငံ အခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနနှင့် အကြံပေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Maplecroft အဖွဲ့အစည်းက ထုတ်ပြန်သည့် ၂၀၁၄ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာ ပါဝင်သည်ဟု ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ ပိုမို အရှိန်မြှင့်နိုင်ရန်အတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို မြန်မာအစိုးရက အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန်အတွက် မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ် ရှိလာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများကို အခိုင်အမာ ချမှတ်ပေးခြင်းတို့သည် ယခင်ထက် အခြေအနေ ပိုမိုမြင့်တက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခင်နှစ်အတွင်း မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း၊ တရားဥပဒေ စိုးမိုးခြင်း လုပ်ငန်းဆိုင်ရာ မူဘောင်များ ဖြစ်သည့် ပိုင်ဆိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို လေ့လာ သုတေသန ပြုလုပ်ချက်များအပေါ် မူတည်၍ ယင်းသို့ ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း၏ စီးပွားရေး သုတေသီများက ပြောကြားထားသည်။

တရားဝင်နိုင်ငံကူး လက်မှတ်ရှိ ဘန်ကောက်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်း-မြန်မာ နယ်စပ်တွင် နည်းအမျိုးမျိုးဖြင့် ငွေညှစ်ဖမ်းဆီး

တရားဝင်နိုင်ငံကူး လက်မှတ်ရှိ ဘန်ကောက်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်း-မြန်မာ နယ်စပ်တွင် နည်းအမျိုးမျိုးဖြင့် ငွေညှစ်ဖမ်းဆီး

တရားဝင်နိုင်ငံကူး လက်မှတ်ရှိသော ဘန်ကောက်မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား၂၈ ဦးအား ဇန်န၀ါရီ ၂ ရက်က ထိုင်း-မြန်မာ နယ်စပ်တွင် တာဝန်ကျနေသည့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက တရားမ၀င် နယ်စပ်ဖြတ်ကျော် နင်းမှုဖြင့် ဖမ်းဆီးကာ တရားစွဲဆို ဒဏ်ရိုက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထိုင်းလုပ်ငန်းရှင်များက နှစ်ဟောင်းကုန်ချိန်တွင် လုပ်ငန်းအား ခေတ္တရပ်နားကာ ခွင့်ရက်ရှည် ပေးလေ့ရှိသဖြင့် မြန်မာအလုပ်သမားများသည် မိမိတို့၏ နေရပ်ဒေသသို့ ပြန်လာလေ့ ရှိကြသည်။ ထိုသို့ ပြန်လာရာတွင် တံတားပေါ်မှတက်၍ ပြန်လာပါက ဗီဇာတုံးထုခအဖြစ် ဘတ် ၂၅၀၀ ပေးကြရသဖြင့် မြန်မာအလုပ်သမားများက လှေဆိပ်ဟုခေါ်သော တံတားအောက်မှာ ပြန်လာလေ့ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ တံတားအောက်မှ ဖြတ်ကူးသူ ၂၈ ဦးအား ထိုင်းဘက်ခြမ်းရှိ လူဝင်မှုကြီးကြပ်ရေး ရဲများက အရပ်ဝတ်များဝတ်ကာ ဖမ်းဆီးပြီး မဲဆောက်မြို့နယ် တရားရုံးသို့ ခေါ်ဆောင်သွားကာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုများဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆို ခံရသူများအား တစ်ဦးလျှင် ဘတ် ၅၀၀၀ ခန့် ဒဏ်ငွေရိုက်ပြီး တရားရုံးပြေစာတွင် ဘတ် ၁၈၀၀ ဟုသာ ရေးသားဖော်ပြထားသည်။ ထိုသို့ ပြုလုပ်ခံရသူထဲမှာ တစ်ဦးဖြစ်သည့် ကိုအောင်ဝင်းက “ကျွန်တော်တို့ တံတားပေါ်ကနေ ဖြတ်သွားရင် ဗီဇာတုံးထုခက ဘတ် ၂၅၀၀ ကျတယ်။ မြန်မာငွေနဲ့တွက်ရင် တစ်သိန်းနီးပါးရှိတယ်။ ဒါကြောင့် လှေဆိပ်ကနေပဲ ပြန်ကြတာပဲ။ ဒါကို ကျွန်တော်တို့ကို ဖမ်းပြီးရုံးတင်တယ်။ ဒဏ်ငွေအဖြစ် ဘတ် ၅၀၀၀ ရိုက်တယ်။ ပြီးတော့ ဘောက်ချာထဲမှာ ဘတ် ၁၈၀၀ လို့ပဲရေးတယ်။ ကျန်တဲ့ ၃၂၀၀ ကို သူတို့စားလိုက်တာပေါ့” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်များ အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် နေရသူ များပြားလျက်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ နှစ်သန်းခန့်ရှိပြီး တရားမ၀င် လုပ်ကိုင်နေသူများအား အလုပ်သမားအရေး ဆောင်ရွက်လုပ်ကိုင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက သုံးသန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ထိုင်းနိုင်ငံသားများ မလုပ်ကိုင်လိုသည့် လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေကြရပြီး အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်ခြင်းများ၊ ထိုင်းရဲများ၏ အနိုင်ကျင့်ခြင်းများကို ခံနေရသောကြောင့် မြန်မာနိုင်ငံထက် လစာပိုမိုရသော်လည်း မိမိနေရင်းဒေသကို ပြန်လိုသည်ဟုလည်း စစ်တမ်းများက ဖော်ပြကြသည်။

(မြ၀တီ-မဲဆောက် သောင်ရင်းမြစ်ရှိ ကူးတို့လှေဆိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့အား တွေ့ရစဉ်)
တရားဝင်နိုင်ငံကူး လက်မှတ်ရှိသော ဘန်ကောက်မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား၂၈ ဦးအား ဇန်န၀ါရီ ၂ ရက်က ထိုင်း-မြန်မာ နယ်စပ်တွင် တာဝန်ကျနေသည့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက တရားမ၀င် နယ်စပ်ဖြတ်ကျော် နင်းမှုဖြင့် ဖမ်းဆီးကာ တရားစွဲဆို ဒဏ်ရိုက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထိုင်းလုပ်ငန်းရှင်များက နှစ်ဟောင်းကုန်ချိန်တွင် လုပ်ငန်းအား ခေတ္တရပ်နားကာ ခွင့်ရက်ရှည် ပေးလေ့ရှိသဖြင့် မြန်မာအလုပ်သမားများသည် မိမိတို့၏ နေရပ်ဒေသသို့ ပြန်လာလေ့ ရှိကြသည်။ ထိုသို့ ပြန်လာရာတွင် တံတားပေါ်မှတက်၍ ပြန်လာပါက ဗီဇာတုံးထုခအဖြစ် ဘတ် ၂၅၀၀ ပေးကြရသဖြင့် မြန်မာအလုပ်သမားများက လှေဆိပ်ဟုခေါ်သော တံတားအောက်မှာ ပြန်လာလေ့ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ တံတားအောက်မှ ဖြတ်ကူးသူ ၂၈ ဦးအား ထိုင်းဘက်ခြမ်းရှိ လူဝင်မှုကြီးကြပ်ရေး ရဲများက အရပ်ဝတ်များဝတ်ကာ ဖမ်းဆီးပြီး မဲဆောက်မြို့နယ် တရားရုံးသို့ ခေါ်ဆောင်သွားကာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုများဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆို ခံရသူများအား တစ်ဦးလျှင် ဘတ် ၅၀၀၀ ခန့် ဒဏ်ငွေရိုက်ပြီး တရားရုံးပြေစာတွင် ဘတ် ၁၈၀၀ ဟုသာ ရေးသားဖော်ပြထားသည်။ ထိုသို့ ပြုလုပ်ခံရသူထဲမှာ တစ်ဦးဖြစ်သည့် ကိုအောင်ဝင်းက “ကျွန်တော်တို့ တံတားပေါ်ကနေ ဖြတ်သွားရင် ဗီဇာတုံးထုခက ဘတ် ၂၅၀၀ ကျတယ်။ မြန်မာငွေနဲ့တွက်ရင် တစ်သိန်းနီးပါးရှိတယ်။

ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာရှိ တစ်ဧကခန့် အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက မြေသိမ်းအမိန့် ဥပဒေနှင့်မညီဘဲ လျှောက်ယူသွားခြင်းကို ဒေသခံများက မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်မည်

Photo: ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာရှိ တစ်ဧကခန့် အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက မြေသိမ်းအမိန့် ဥပဒေနှင့်မညီဘဲ လျှောက်ယူသွားခြင်းကို ဒေသခံများက မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်မည်

ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာ ရဲစခန်း၏ ခေါင်းရင်းတွင်ရှိသော မြေတစ်ဧက ၀န်းကျင်ရှိ အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးမှ မြေသိမ်းအမိန့် ဥပဒေနဲ့ မညီဘဲနဲ့ လျှောက်ယူသွားခြင်း အတွက်ကို ဒေသခံများက မကျေနပ်ကြသည့် အတွက် မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အင်းတကော်က အများပိုင်မြေကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာက တစ်ချိန်တုန်းကတော့ ဒီနေရာမှာ ဗိုလ်တဲဆိုပြီးရှိတယ်။ အဲဒီဗိုလ်တဲမှာ ဟိုတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလာရင် ဒီဗိုလ်တဲမှာ တည်းခိုတယ်။ အဲဒီနောက်ပိုင်း ရပ်ကွက်ရေးရာကိစ္စတွေ ဘာတွေအတွက် ဆွေးနွေးပွဲတွေ ဘာတွေလုပ်တယ်။ ဒီဗိုလ်တည်း ၀န်းကြီးထဲမှာ ကျွန်တော်တို့ လွတ်လပ်ရေး ကျောက်တိုင်တွေ ဘာတွေလည်းရှိတယ်။ ဒါပေမဲ့ ဦးနုလက်ထဲမှာ အဲဒီဗိုလ်တဲ ရှေ့နားမှာ ကျွန်တော်တို့ရွာရဲ့ ဓမ္မစင်္ကြာအသင်း အတွက်ဆို ပြီးတော့ မြေကွက်လေး တစ်ကွက်ပေးခဲ့တယ်။ အဲဒီလိုပဲထားတော့ မဆလလက်ထက်မှာ လမ်းတံတားတွေဘာတွေ ဆောက်တဲ့အခါ ဆောက်လုပ်ရေးက ၀န်ထမ်းတွေ ယာယီဆိုပြီးတော့ ဒီမှာနေတယ်။ အဲဒီတော့ ကျွန်တော်တို့ရွာက လူတွေလည်း ဘာမှမလုပ်ဘူးပေါ့။ အခုကျတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း မလုပ်ကြတော့ဘူးလေ။ ဘီအိုတီစနစ်နဲ့ ငှားလိုက်တယ်ဆိုလား။ ဆိုတော့ ဒီမြေကွက်ကြီးက လွတ်လာတာကို ခရိုနီတစ်ယောက်ကနေပြီး သူတို့ဘာသာသူတို့ သက်ဆိုင်ရာနဲ့ပိုင်တော့ မြေသိမ်းအမိန့် လျှောက်လိုက်တယ်။ ကျွန်တော်တို့လည်း မသိဘူး။ အဲဒီတော့ ဒီဝန်းကြီးကို ရှင်းတော့မှ ကျွန်တော်တို့က သွားမေးတော့ သူတို့မြေပေးအမိန့် လျှောက်ထားတယ်လို့ ပြောတယ်။ အခုရွာက လူတွေက မကျေနပ်ကြဘူးပေါ့ဗျာ။ မကျေနပ်တော့ အစည်းအဝေးလုပ်ပြီး ကျွန်တော်တို့ ရပ်မိရပ်ဖ ၁၀ ဦးက လက်မှတ်ထိုးပြီး ၀န်ကြီးရုံးအထိ စာတင်ထားတယ်။ စုစုပေါင်း တစ်ဧက ၀န်းကျင်လောက်ရှိတယ်။ မကျေနပ်ကြလို့ မေးတော့မှ မြေပေးအမိန့် ရထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ သိထားတာကတော့ မြေစာရင်းအမိန့် ဥပဒေအရ ဆိုလို့ရှိရင် သတင်းစာထဲမှာ ဒီမြေကို ဘယ်သူက လျှောက်ထားတယ်။ ကန့်ကွက်ရန် ရှိပါသလားတို့ဘာတို့ ကြော်ငြာရမယ်။ အခု ဘာမှလည်း ကြော်ငြာတာ မရှိဘဲနဲ့ သိမ်းလိုက်တာဆိုတော့ ဥပဒေနဲ့ မညီဘူးပေါ့ဗျာ။ သူတို့ဘာသာသူတို့ ကျိတ်လုပ်လိုက်တဲ့ သဘောပါ။ ဒီကိစ္စကို ၃၀ ရက်နေ့က ပဲခူးမီဒီယာမှာ တင်လိုက်သေးတယ်။ အခုကျွန်တော်တို့ Signature Campaign လုပ်နေတယ်။ လိုအပ်လို့ရှိရင် ဆန္ဒဖော်ထုတ်ပွဲ လုပ်သွားမှာပါ။ အခုလောလောဆယ်တော့ ပုဒ်မ ၁၈ ကို တင်ရဦးမှာပါ” ဟု ဒေသခံ ရပ်မိရပ်ဖြစ်သူ ဦးလှရွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြေဈေနှုန်းများ အလွန်အမင်း ကောင်းမွန်နေသည့်အတွက် ဒေသအသီးသီးတွင် မြေသိမ်းယာသိမ်း ဖြစ်ရပ်များ အလွန်များပြားလာကြောင်း၊ ယခင်က လယ်မြေများကို လန ၃၉ လျှောက်၍ သိမ်းယူနေသည့် ဖြစ်ရပ်များမှ လက်ရှိအချိန်တွင်မူ ပုံစံမျိုးစုံဖြင့် သိမ်းယူမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ကျေးရွာပိုင် မြေကွက်အား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အကျိုးစီးပွားအတွက် လျှောက်ထားခြင်းအား ကန့်ကွက်တင်ပြခြင်းကို ၂၄-၁၂-၂၀၁၃ ရက်စွဲဖြင့် ပဲခူးတိုင်းဒေသ၏ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း အထောက်အထားများအရ သိရသည်။

(အင်းတကော်ကျေးရွာရှိ ပုဂ္ဂလိက လုပ်ငန်းရှင်က လျှောက်ယူထားသော မြေကွက်အား တွေ့ရစဉ်)

ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာ ရဲစခန်း၏ ခေါင်းရင်းတွင်ရှိသော မြေတစ်ဧက ၀န်းကျင်ရှိ အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးမှ မြေသိမ်းအမိန့် ဥပဒေနဲ့ မညီဘဲနဲ့ လျှောက်ယူသွားခြင်း အတွက်ကို ဒေသခံများက မကျေနပ်ကြသည့် အတွက် မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အင်းတကော်က အများပိုင်မြေကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာက တစ်ချိန်တုန်းကတော့ ဒီနေရာမှာ ဗိုလ်တဲဆိုပြီးရှိတယ်။ အဲဒီဗိုလ်တဲမှာ ဟိုတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလာရင် ဒီဗိုလ်တဲမှာ တည်းခိုတယ်။ အဲဒီနောက်ပိုင်း ရပ်ကွက်ရေးရာကိစ္စတွေ ဘာတွေအတွက် ဆွေးနွေးပွဲတွေ ဘာတွေလုပ်တယ်။ ဒီဗိုလ်တည်း ၀န်းကြီးထဲမှာ ကျွန်တော်တို့ လွတ်လပ်ရေး ကျောက်တိုင်တွေ ဘာတွေလည်းရှိတယ်။ ဒါပေမဲ့ ဦးနုလက်ထဲမှာ အဲဒီဗိုလ်တဲ ရှေ့နားမှာ ကျွန်တော်တို့ရွာရဲ့ ဓမ္မစင်္ကြာအသင်း အတွက်ဆို ပြီးတော့ မြေကွက်လေး တစ်ကွက်ပေးခဲ့တယ်။ အဲဒီလိုပဲထားတော့ မဆလလက်ထက်မှာ လမ်းတံတားတွေဘာတွေ ဆောက်တဲ့အခါ ဆောက်လုပ်ရေးက ၀န်ထမ်းတွေ ယာယီဆိုပြီးတော့ ဒီမှာနေတယ်။ အဲဒီတော့ ကျွန်တော်တို့ရွာက လူတွေလည်း ဘာမှမလုပ်ဘူးပေါ့။ အခုကျတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း မလုပ်ကြတော့ဘူးလေ။ ဘီအိုတီစနစ်နဲ့ ငှားလိုက်တယ်ဆိုလား။ ဆိုတော့ ဒီမြေကွက်ကြီးက လွတ်လာတာကို ခရိုနီတစ်ယောက်ကနေပြီး သူတို့ဘာသာသူတို့ သက်ဆိုင်ရာနဲ့ပိုင်တော့ မြေသိမ်းအမိန့် လျှောက်လိုက်တယ်။ ကျွန်တော်တို့လည်း မသိဘူး။ အဲဒီတော့ ဒီဝန်းကြီးကို ရှင်းတော့မှ ကျွန်တော်တို့က သွားမေးတော့ သူတို့မြေပေးအမိန့် လျှောက်ထားတယ်လို့ ပြောတယ်။ အခုရွာက လူတွေက မကျေနပ်ကြဘူးပေါ့ဗျာ။

ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးများမှ ထွက်ရှိသည့် ဖုန်မှုန့်များ၌ ပါဝင်နေသည့် ဒြပ်စင်များမှာ ခွင့်ပြုပမာဏထက် များပြားနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေဟုဆို

Photo: ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးများမှ ထွက်ရှိသည့် ဖုန်မှုန့်များ၌ ပါဝင်နေသည့် ဒြပ်စင်များမှာ  ခွင့်ပြုပမာဏထက် များပြားနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေဟုဆို

ရန်ကုန်မြို့ အတွင်းရှိ အဓိက လမ်းမကြီးများမှ ထွက်ရှိလာသည့် ဖုန်မှုန့်များ၌ ပါဝင်နေသည့် ဒြပ်စင်များမှာ ခွင့်ပြုပမာဏထက် များပြားနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ တွေ့ရှိချက်ကို ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည် “(၄၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” ၌ တင်သွင်းပြသခဲ့သည့် “ဖုန်မှုန့်များတွင် ပါဝင် သောဒြပ်စင်များကို လေ့လာခြင်း သုတေသန” စာတမ်းအရ သိရသည်။

ဇာစ်မြစ်အမျိုးမျိုးမှ ထွက်ရှိလာသည့် အစိုင်အခဲ၊ အရည်နှင့် အငွေ့ပစ္စည်းများ၏ တုံ့ပြန်မှုများသည် ဖုန်မှုန့်များ ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်ပြီး ယင်းဖုန်မှုန့်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများနှင့် ၎င်းတို့ပါဝင်မှု ပမာဏသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိမရှိကို ညွှန်ပြနေကြောင်း သိရသည်။

သုတေသန ပြုလုပ်ရာတွင် ရန်ကုန်မြို့အတွင်းရှိ အဓိက လမ်းမကြီးများဖြစ်သည့် ဘုရင့်နောင်၊ အင်းစိန်၊ ကြည့်မြင်တိုင်ကမ်းနား၊ ဦးဝိစာရနှင့် သံသုမာ လမ်းမကြီးများမှ ဖုန်မှုန့်နမူနာ ပစ္စည်း ၇၅ ခုကို စနစ်တကျ စုဆောင်းခဲ့ကြောင်း၊ နမူနာအားလုံးကို လျှို့ဝှက်အမှတ်အသားများ သတ်မှတ်ကာ တိုင်းတာရန်စံချိန် သတ်မှတ်ချက်အတိုင်း ပြင်ဆင်ပြီး AAS နည်းပညာ အသုံးပြု၍ တိုင်းတာခဲ့ကြောင်းနှင့် နမူနာပစ္စည်း တစ်ခုစီအတွင်း ပါဝင်သည့် Pb,Mn,Cd,Cu နှင့် Zn ဒြပ်စင်တို့ကို တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းတာတွေ့ရှိချက်များအရ Pb သည် ဘုရင့်နောင် လမ်းမကြီးတွင် (2' or 805 ± 0' or 537) ppm၊ အင်းစိန်လမ်းမကြီးတွင် (၂ ဒသမ ၅၂၁ ± ၀ ဒသမ ၁၇၁)ppm၊ ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် (၇ ဒသမ ၉၇၃ ± ၀ ဒသမ ၅၉၉) ppm ပါဝင်သည်။

Mn ပါဝင်မှုသည် ဘုရင့်နောင် လမ်းမကြီးတွင် (၃ ဒသမ ၁၀၅ ±  ၀ ဒသမ ၂၁၁) ppm၊ သံသုမာ လမ်းမကြီးတွင် (၂ ဒသမ ၂၉၄ ± ၀ ဒသမ ၆၈၄) ppm၊ ဦးဝိစာရ လမ်းမကြီးတွင် (၃ ဒသမ ၅၂၂ ± ၀ ဒသမ ၆၇၀) ppm၊ အင်းစိန်လမ်းမကြီးတွင် (၂ ဒသမ ၆၉၅ ± ၀ ဒသမ ၂၀၇) ppm နှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် (၁ ဒသမ ၅၃၅ ± ၀ ဒသမ ၄၀၉) ppm တို့ပါဝင်နေပြီး ၎င်းတို့ ပါဝင်မှုသည် ဖုန်မှုန့်များတွင် ပါဝင်နိုင်သည့် ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေကြောင်း သိရသည်။

ထို့ပြင် Cd,Cu နှင့် Zn သည် ဘုရင့်နောင် လမ်းမကြီးတွင် (၀ ဒသမ ၂၀၉ ± ၀ ဒသမ ၀၈၃) ppm၊ (၀ ဒသမ ၄၃၂ ± ၀ ဒသမ ၀၈၇) ppm၊ (၅ ဒသမ ၉၆၁ ± ၂ ဒသမ ၅၄၆) ppm၊ သံသုမာ လမ်းမကြီးတွင် (၀ ဒသမ ၁၄၅ ± ၀ ဒသမ ၀၄၇) ppm၊ (၀ ဒသမ ၅၄၁ ± ၀ ဒသမ ၀၉၉) ppm၊ (၄ ဒသမ ၉၆၃ ± ၀ ဒသမ ၈၉၀) ppm၊ ဦးဝိစာရ လမ်းမကြီးတွင် (၀ ဒသမ ၁၃၇±၀ ဒသမ ၀၃၈) ppm၊ (၀ ဒသမ ၈၀၃ ±  ၀ ဒသမ ၀၇၇) ppm၊ (၃ ဒသမ ၄၃၁ ±  ၀ ဒသမ  ၅၀၅) ppm၊ အင်းစိန်လမ်းမကြီးတွင် (၀ ဒသမ ၁၆၁ ±  ၀ ဒသမ ၀၀၉) ppm၊ (၁ ဒသမ ၂၆၃ ±  ၀ ဒသမ ၂၇၅) ppm၊ (၄ ဒသမ ၀၇၁ ±  ၀ ဒသမ ၁၈၁) ppm နှင့် ကြည့်မြင်တိုင် လမ်းမကြီးတွင် (၂ ဒသမ ၄၈၅ ±  ၀ ဒသမ ၅၇၈) ppm၊ (၀ ဒသမ ၈၁၁ ±  ၀ ဒသမ ၁၂၈) ppm၊ (၃ ဒသမ ၁၃၈ ± ၀ ဒသမ ၂၆၄) ppm တို့ ပါဝင်ကြောင်း သိရသည်။

သုတေသန ပြုလုပ်ချက်များအရ ဒြပ်စင်ပါဝင်မှု ပမာဏများနေခြင်းသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ညွှန်ပြနေကြောင်း ကျန်းမာရေး ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

(ဘုရင့်နောင်လမ်းမကြီး တစ်နေရာအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက တွေ့ရစဉ်)

ရန်ကုန်မြို့ အတွင်းရှိ အဓိက လမ်းမကြီးများမှ ထွက်ရှိလာသည့် ဖုန်မှုန့်များ၌ ပါဝင်နေသည့် ဒြပ်စင်များမှာ ခွင့်ပြုပမာဏထက် များပြားနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ တွေ့ရှိချက်ကို ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည် “(၄၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” ၌ တင်သွင်းပြသခဲ့သည့် “ဖုန်မှုန့်များတွင် ပါဝင် သောဒြပ်စင်များကို လေ့လာခြင်း သုတေသန” စာတမ်းအရ သိရသည်။

ဇာစ်မြစ်အမျိုးမျိုးမှ ထွက်ရှိလာသည့် အစိုင်အခဲ၊ အရည်နှင့် အငွေ့ပစ္စည်းများ၏ တုံ့ပြန်မှုများသည် ဖုန်မှုန့်များ ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်ပြီး ယင်းဖုန်မှုန့်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများနှင့် ၎င်းတို့ပါဝင်မှု ပမာဏသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိမရှိကို ညွှန်ပြနေကြောင်း သိရသည်။

သုတေသန ပြုလုပ်ရာတွင် ရန်ကုန်မြို့အတွင်းရှိ အဓိက လမ်းမကြီးများဖြစ်သည့် ဘုရင့်နောင်၊ အင်းစိန်၊ ကြည့်မြင်တိုင်ကမ်းနား၊ ဦးဝိစာရနှင့် သံသုမာ လမ်းမကြီးများမှ ဖုန်မှုန့်နမူနာ ပစ္စည်း ၇၅ ခုကို စနစ်တကျ စုဆောင်းခဲ့ကြောင်း၊ နမူနာအားလုံးကို လျှို့ဝှက်အမှတ်အသားများ သတ်မှတ်ကာ တိုင်းတာရန်စံချိန် သတ်မှတ်ချက်အတိုင်း ပြင်ဆင်ပြီး AAS နည်းပညာ အသုံးပြု၍ တိုင်းတာခဲ့ကြောင်းနှင့် နမူနာပစ္စည်း တစ်ခုစီအတွင်း ပါဝင်သည့် Pb,Mn,Cd,Cu နှင့် Zn ဒြပ်စင်တို့ကို တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

iPhone 6 ဓာတ်ပုံထွက်ရှိ

iPhone 6 ဓာတ်ပုံထွက်ရှိ

တရုတ်ပြည်ရဲ့  Social Network ဖြစ်တဲ့ Weibo မှာ ပြန့်နှံနေတဲ့ ဓာတ်ပုံ ဖြစ် ပါတယ်။ ယင်း ဓာတ်ပုံအရ ပုံထဲက အခွံခွာထားတဲ့ ဖုန်းဟာ iPhone 6 ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါဟာ ၎င်းတို့ ရေးသားချက်ပါ။ Apple က Official ပြောဆိုချက် မဟုတ်ပါဘူး။ 

iPhone 6 မှာ အကြီးမားဆုံး ပြောင်းလဲမှု အနေနဲ့ ဖုန်းမျက်နှာပြင်က ၄.၇ လက်မနဲ့ ၅.၅ လက်မ အရွယ်အထိ ကြီးလာပြီး အပါးဆုံး စမတ်ဖုန်း ဖြစ်လာ မှု ဖြစ်ပါတယ်။ Apple ရဲ့  iPad Air ကို အသုံးပြုရသလို ခံစားချက်မျိုး ရရှိစေမှာ ဖြစ်ကြောင်းဆိုပါတယ်။ တရုတ်ပြည်က ထွက်တဲ့ သတင်း ဆိုတော့ ဖြစ်နိုင်ချေ များပါတယ်။ အကြောင်းကတော့ Apple ကုန်ပစ္စည်းများ ကို ထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုပ်ဟာ တရုတ်ပြည်မမှာ ရှိနေခြင်း ဖြစ်ပါတယ်။ ဒီလိုပဲ နှစ်စဉ် iPhone သတင်းများ ပေါက်ကြားပြီး ပလက်စတစ်အိုင်ဖုန်း ( iPhone5C ) ထွက်ရှိမယ်ဆိုတဲ့ သတင်းကလည်း လအတော်ကြာ ကြိုတင် ထွက်ရှိနေခြင်း ဖြစ်ပါတယ်။ 

ဒီတော့ ၂၀၁၄ နှစ်လယ်လောက်ကစလို့ Apple ရဲ့  iPhone အသစ် မိတ်ဆက်မှု ကို မြင်တွေ့ရမယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

Tech Space Journal

ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးမည်

Photo: ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးမည်

အောင်သူထွန်း (ကလေး)

ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဟု ဖလမ်းမြို့တွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဇန်န၀ါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ဖလမ်းမြို့ ဟရန်ထီးယို ဘောလုံးကွင်းတွင် ဖလမ်းမြို့ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရိဒ်ခေါရ်ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ရိဒ်ရေကန်ဝန်းကျင်တွင် ချင်းပြည်နယ် ၀န်ကြီးချုပ်မှ ဦးဆောင်၍ သဘာဝ သစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာမြေကွက်များဖော်ဖို့ ကြိုးစားနေသည်ကို ကန့်ကွက်စာ တင်ထားခဲ့ကြောင်း၊ ယခုအခါတွင်လည်း ရွာသူရွာသားများအား စည်းရုံးပြီး သစ်ပင်များခုတ်ကာ မြေကွက်ဖော်ဖို့ ကြိုးစားနေသည်ဟု တင်ပြခဲ့ပြီး ရိဒ်ရေကန်အလှကို ထိန်းသိမ်းရန်အတွက် ပညာရှင်များနှင့် ပြန်လည် ထိန်းသိမ်းရန်အတွက် အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုကို ဖြေကြားရာတွင် “ရိဒ်ရေကန်ကို တစ်ခါမှ မမြင်ဖူးပေမယ့် အကြောင်းကြောင်းကြောင့် ရိဒ်ရေကန်ကို အရမ်းတန်ဖိုးထား၊ ရိဒ်ရေကန်ရဲ့ သဘာဝအလှ ပြန်လည် ထိန်းသိမ်းရေး ကိစ္စကို ကျွန်မကိုယ်တိုင် ဆောင်ရွက်ပါ့မယ်။ အမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ရိဒ်ရေကန်သည် အကျယ် ၂ ဒသမ ၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခုဖြစ်ပြီး ရိဒ်ရေကန်၏ ပတ်လည်တွင် မိုးမခပင်များက ခြံစည်းရိုးရှည်ကြီးသဖွယ် သဘာဝအလျောက် စီတန်းကာ ပေါက်ရောက်နေသည်။ ကန်အတွင်း ရေပြင်၏ ပျမ်းမျှအနက် မှာ ပေ ၅၀ ရှိပြီး အနက်ဆုံး နေရာများတွင် ပေ ၆၀ အထိ ရှိသည်ဟု သိရသည်။

 “ရိဒ်ရေကန်ဘေးမှာ အိမ်ရာမြေကွက်တွေ ဖော်ထုတ်ဖို့ လုပ်နေကြတယ်။ ပြည်နယ်ဝန်ကြီးအချို့ လာရောက်စည်းရုံး နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်မခံချင်ဘူး။ ဘာလို့လဲဆိုတော့ ရိဒ်ရေကန်ဟာ ကမ္ဘာပေါ်မှာ ရှားပါးရေကန်တစ်ခုပါ။ အရင် နှစ် ၅၀ ကျော်လောက်ဆိုရင် ရိဒ်ရေကန် ရဲ့အနားက လယ်ကွက်တွေအထိ ရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကော လာပါတယ်” ဟု ရိဒ်ဒေသခံ တစ်ဦးက ဆိုသည်။

ဖလမ်းမြို့ လူထုတွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းထွန်းဟိန်နှင့် ဦးဌေးဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ဟောပြောခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောခဲ့သည်။

ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန်ကို တွေ့ရစဉ်

အောင်သူထွန်း (ကလေး)

ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဟု ဖလမ်းမြို့တွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဇန်န၀ါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ဖလမ်းမြို့ ဟရန်ထီးယို ဘောလုံးကွင်းတွင် ဖလမ်းမြို့ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရိဒ်ခေါရ်ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ရိဒ်ရေကန်ဝန်းကျင်တွင် ချင်းပြည်နယ် ၀န်ကြီးချုပ်မှ ဦးဆောင်၍ သဘာဝ သစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာမြေကွက်များဖော်ဖို့ ကြိုးစားနေသည်ကို ကန့်ကွက်စာ တင်ထားခဲ့ကြောင်း၊ ယခုအခါတွင်လည်း ရွာသူရွာသားများအား စည်းရုံးပြီး သစ်ပင်များခုတ်ကာ မြေကွက်ဖော်ဖို့ ကြိုးစားနေသည်ဟု တင်ပြခဲ့ပြီး ရိဒ်ရေကန်အလှကို ထိန်းသိမ်းရန်အတွက် ပညာရှင်များနှင့် ပြန်လည် ထိန်းသိမ်းရန်အတွက် အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုကို ဖြေကြားရာတွင် “ရိဒ်ရေကန်ကို တစ်ခါမှ မမြင်ဖူးပေမယ့် အကြောင်းကြောင်းကြောင့် ရိဒ်ရေကန်ကို အရမ်းတန်ဖိုးထား၊ ရိဒ်ရေကန်ရဲ့ သဘာဝအလှ ပြန်လည် ထိန်းသိမ်းရေး ကိစ္စကို ကျွန်မကိုယ်တိုင် ဆောင်ရွက်ပါ့မယ်။ အမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

Audi ရဲ့ ထူးခြားတဲ့ လေဆာ ရှေ့ပြေးမီးလုံးနဲ့ Sport quattro

Audi ရဲ့ ထူးခြားတဲ့ လေဆာ ရှေ့ပြေးမီးလုံးနဲ့ Sport quattro
-------------------------------------------------------------

အော်ဒီဟာ ၁၉၈၃ ခုနှစ်ထုတ် Sport quattro ကိုအခြေတည်ကာပြန်လည်ဆန်းသစ်ထားတဲ့ ကားကို ၂၀၁၄ ခုနှစ်CES ပွဲမှာ ပြသခဲ့ပါတယ်။

လေဆာ ရှေ့ပြေးမီးတွေနဲ့ ပြန်လည်ဆန်းသစ်ထားတာဖြစ်ပြီး ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုဖြစ်စေခဲ့ပါတယ်။

မီးလုံး အပိုင်းမှာတော့ ထိပ်ပိုင်းဆန်းသစ်မူ မီလုံးဒီဇိုင်းဖော်ထားကာ သူနောက်မှာတော့ လေဆာအလင်းတန်း Optic ရှိပါတယ်။သူနောက်မှာမှ လေဆာမော်ကျူး
လေဆာမော်ကျုးပြီးမှာ LED မော်ကျူး အဲဒါပြီးမှ အအေးခံကာဗာတွေပါရှိကာ သူနောက်မှာမှ အလင်းအတိုးအလျော့ ထိန်းချုပ်မူအခန်းတွေပါရှိတာဖြစ်ပါတယ်။

အဲဒီလိုမျိုးပြင်ဆင်ထားတဲ့ မီးလုံးတစ်ဖက်ကို နှစ်လုံးပါရှိတဲ့ ကားဖြစ်ပါတယ်။ ပုံစံဒီဇိုင်းအားဖြင့်ထူးခြားပြီး ပုံမှန် LED မီးလုံးတွေထက် အရှေ့အကွားအဝေးကိုပိုရောက်
နိင်လို့ ပိုအဆင်ပြေစေပါတယ်။

ဒီရှေ့ပြေးမီးဟာဆိုရင် မီတာ (၅၀၀)လောက်ကိုကောင်းကောင်းပြေးပါတယ်။

ကားကလည်း Hybrid ကားအမျိုးအစားဖြစ်ကာ hybrid bi-turbo 4-litre ဖြစ်ပြီး 552 hp မြင်းကောင်ရေအားကိုထုတ်ပေးနိင်တဲ့ ၁၁၀ကီလိုဝမ် လျှပ်စစ်မော်တာ
တပ်ဆင်အသုံးပြူထားတဲ့ ကားဖြစ်ပါတယ်။

နောက်ပြီးတော့ အော်ဒီဟာ ယာဉ်မောင်းသူရဲ့ အခန်းမှာ NVIDIA Tegra 3 processor ကိုတပ်ပြီး မြင့်မားတဲ့ resolution တွေနဲ့ 3D Graphic ပုံရိပ်တွေကို လက်ခံယူနိင်အောင်
အင်္ဂါရပ်တွေလည်း ထည့်သွင်းပေးထားပါတယ်။

အမြန်နှုန်းဖော်ပြမူ၊ လမ်းညွှန်မြေပုံ၊ မီဒီယာအစရှိသဖြင့်ပါ။
အခြား ကားထုတ်လုပ်ရေးတွေနဲ့ရော ၊ Google နဲ့ပါ ပါတနာအနေနဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။

Android Feature တွေကိုသယ်ဆောင်လာမဲ့ Android ကားများ ကို အော်ဒီအနေနဲ့ ဖော်ဆောင်ထုတ်လုပ်သွားမှ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

အော်ဒီဟာ ၁၉၈၃ ခုနှစ်ထုတ် Sport quattro ကိုအခြေတည်ကာပြန်လည်ဆန်းသစ်ထားတဲ့ ကားကို ၂၀၁၄ ခုနှစ်CES ပွဲမှာ ပြသခဲ့ပါတယ်။

လေဆာ ရှေ့ပြေးမီးတွေနဲ့ ပြန်လည်ဆန်းသစ်ထားတာဖြစ်ပြီး ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုဖြစ်စေခဲ့ပါတယ်။

မီးလုံး အပိုင်းမှာတော့ ထိပ်ပိုင်းဆန်းသစ်မူ မီလုံးဒီဇိုင်းဖော်ထားကာ သူနောက်မှာတော့ လေဆာအလင်းတန်း Optic ရှိပါတယ်။သူနောက်မှာမှ လေဆာမော်ကျူး
လေဆာမော်ကျုးပြီးမှာ LED မော်ကျူး အဲဒါပြီးမှ အအေးခံကာဗာတွေပါရှိကာ သူနောက်မှာမှ အလင်းအတိုးအလျော့ ထိန်းချုပ်မူအခန်းတွေပါရှိတာဖြစ်ပါတယ်။

အဲဒီလိုမျိုးပြင်ဆင်ထားတဲ့ မီးလုံးတစ်ဖက်ကို နှစ်လုံးပါရှိတဲ့ ကားဖြစ်ပါတယ်။ ပုံစံဒီဇိုင်းအားဖြင့်ထူးခြားပြီး ပုံမှန် LED မီးလုံးတွေထက် အရှေ့အကွားအဝေးကိုပိုရောက်
နိင်လို့ ပိုအဆင်ပြေစေပါတယ်။

အာဆီယံဥက္ကဋ္ဌကြီးဖြေဆိုရမည့် စာမေးပွဲ

Photo: အာဆီယံဥက္ကဋ္ဌကြီးဖြေဆိုရမည့် စာမေးပွဲ
--------------
ရေးသားသူ- အေးသူစံ

အာဆီယံဥက္ကဋ္ဌ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး တစ်ထောင်နီးပါးသို့ တက်ရောက်ကြမည့် ဧည့်သည်ပေါင်း နှစ်သောင်းခွဲကျော်အတွက် မြန်မာနိုင်ငံက အခြေခံပြင်ဆင်မှုအားလုံး ပြည့်စုံသွားပြီဖြစ်ကြောင်း အာဆီယံရေးရာတာဝန်ရှိသူများကပြောကြားသည်။

မြန်မာတွင်ကျင်းပမည့် အစည်းအဝေးများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများဖြစ်သော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ဂျပန်အစိုးရနှင့် JICA က အများဆုံးကူညီထားပြီး အစည်းအဝေးများ လစ်ဟာချက်မရှိ အောင်မြင်စေရန် အထောက်အကူပြုသင်တန်းများကို သြစတြေးလျ၊ စင်ကာပူ၊ မလေးရှားတို့က ကူညီပေးခဲ့သည်။

ကြိုတင်အသိပေးမှုမရှိဘဲ မကြာခဏ လျှပ်စစ်မီးပြတ်တတ်ခြင်း၊ အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ အဓိကအစည်းအဝေးများကျင်းပမည့် နေပြည်တော်သို့ နိုင်ငံတကာမှ တိုက်ရိုက်လေကြောင်းလိုင်းများ ဆင်းသက်နိုင်မှုမရှိသေးခြင်း၊ တည်းခိုနေထိုင်စရာ ဟိုတယ်ခန်းများ အလုံအလောက်မရှိခြင်း စသည့်အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် မြန်မာတွင်ကျင်းပမည့် အစည်းအဝေးများကို နိုင်ငံတကာကသံသယရှိသည်။

ဆီးဂိမ်းမတိုင်မီက ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အခြေခံအဆောက်အအုံ မပြည့်စုံမှုတို့ကြောင့် ပြည်ပနိုင်ငံသားများ၏ ကန့်ကွက်ခြင်းအချို့ကို ခံခဲ့ရသည်။

သို့သော် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ဆီးဂိမ်းအားကစားပွဲအပြီးတွင် မြန်မာအပေါ် စိုးရိမ်မှုများလျော့ကျသွားခဲ့သလို မြန်မာဘက်ကလည်း အချိန်မီပြီးစီးရန် လိုနေသေးသည့် ဟိုတယ် ၇၇ လုံးနှင့် ဧည့်ဂေဟာ အလုံး ၂၀ ကို ဇန်န၀ါရီပထမပတ်တွင်ပင် ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ထိပ်သီးအစည်းအဝေးကြီးနှစ်ခုအတွက် အဓိကကျသည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနကြီး (MICC-2)ကို ဖွင့်လှစ်လိုက်သည်။

မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာသည် ပေ ၁၀၀၀ x ၄၀၀ ကျော် ကျယ်ဝန်းသော သုံးထပ်အဆောက်အအုံဖြစ်သည်။ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနိုင်မည့် ခန်းမကြီးခုနစ်ခုနှင့် အရေးကြီးပုဂ္ဂိုလ်နားနေခန်း၊ လုံခြုံရေးကင်မရာအလုံး၂၀၀ တပ်ဆင်ထားပြီး နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပမည့် ခန်းမငယ်နှင့် နိုင်ငံအလိုက် ရုံးခန်းပေါင်း ၂၀ ပါဝင်တည်ဆောက်ထားသည်။ မြန်မာဗိသုကာပညာရှင်များက အစအဆုံး ဒီဇိုင်းထုတ်တည်ဆောက်ထားပြီး အသံလုံစနစ်နှင့် အခန်းနံရံဒီဇိုင်းများကို စင်ကာပူ၊ မလေးရှား စသည့်အာဆီယံနိုင်ငံများမှ ကျွမ်းကျင်အင်ဂျင်နီယာများ၏အကူအညီကိုသာယူခဲ့သည်။

ရဟတ်ယာဉ်ဆင်းသက်မည်ကွင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပြီး တက်ရောက်လာသည့်ဧည့်သည်များ ဘာသာရေးအလိုက် ၀တ်ပြုခန်းများကိုပါ ထည့်သွင်းစီစဉ်ပေးထားသည်။

“MICC မှာ ဘာသာရေးအရ ဘုရားရှိခိုးဝတ်ပြုခန်းတွေ၊ ဥပမာ အစ္စလာမ်ဘာသာဝင်တွေအတွက်ဆို သူတို့ဘာသာရေးအရ ခြေထောက်ဆေးဖို့ကအစ အားလုံးအသေးစိတ်ပြင်ဆင်ထားတယ်။ ဒါ MICC တစ်ခုတည်းမှာ မဟုတ်ဘူး၊ အာဆီယံအစည်းအဝေးကျင်းပမယ့် နေရာတိုင်းမှာ ပြင်ဆင်ထားပေးထားတာပါ”ဟု အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်လင်းကပြောကြားသည်။

ပြီးခဲ့သည့်ဆီးဂိမ်းနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော သယ်ယူပို့ဆောင်ရေးကိစ္စ အဆင်ပြေစေရန် အထူးလေယာဉ်လိုင်းများကို အစည်းအဝေးရက်အတွင်း ပြေးဆွဲမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။

“သယ်ယူပို့ဆောင်ရေးကော်မတီက ဒုဝန်ကြီးဦးဇင်ယော်တို့အဖွဲ့က နေပြည်တော်မှာ သွားလာမှုအဆင်ပြေစေဖို့ လွှတ်တော်ဘတ်ဂျက်နဲ့ ၀ယ်ထားတဲ့ကားတွေနဲ့ ဆီးဂိမ်းတုန်းက သုံးထားတဲ့ကားတွေအားလုံး ပြင်ဆင်ထားတယ်။ နေပြည်တော်ကို တိုက်ရိုက်မလာဘဲ ရန်ကုန်ကနေလာမယ့် ပြည်ပဧည့်သည်တွေလည်း အဆင်ပြေရအောင် MAI က Special Flight တွေ စီစဉ်ထားတယ်။ ခေါင်းဆောင်အများစုကတော့ ကိုယ်ပိုင်လေယာဉ်နဲ့လာမှာမို့ တစ်ဆင့်ခံလာတာနည်းပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

ပြီးစီးသွားသည့် နိုင်ငံတော်ဧည့်ဂေဟာ အလုံး ၂၀ တွင် နိုင်ငံခေါင်းဆောင်အကြီးအကဲများနှင့် ရာထူးကြီးသူများကို နေရာချထားမည်ဖြစ်ပြီး စုစုပေါင်း လူ ၃၀၀၀ ကျော် တည်းခိုနိုင်သည်။ နေပြည်တော်ဟိုတယ်ဇုန်နှစ်ခုရှိ ဟိုတယ်ပေါင်း ၇၇ လုံးတွင် ဟိုတယ်ခန်းပေါင်း ၄၀၀၀ ကျော်ကို အသင့်ပြင်ပြီးဖြစ်ပြီး အခြားကိုယ်စားလှယ်များနှင့် နိုင်ငံတကာဧည့်သည်များ တည်းခိုနေထိုင်နိုင်မည်ဖြစ်သည်။

“ထိပ်သီးအစည်းအဝေးတွေက လူနှစ်သောင်းခွဲကျော်လောက် တက်မှာဖြစ်ပေမယ့် ပြည်တွင်းက ဌာနဆိုင်ရာကပဲ ငါးထောင်လောက်ပါမှာဆိုတော့ ဒီလူအရေအတွက်က နေပြည်တော်မှာ ကောင်းကောင်းလုံလောက်ပါတယ်။ ဒါပေမဲ့ ထပ်တော့အသေးစိတ်ညှိနှိုင်းရဦးမှာပဲ။ ထပ်ဆောက်ဖို့တော့ လိုကောင်းလိုပါဦးမယ်”ဟု ဦးအောင်လင်းကဆိုသည်။

မြန်မာသည် ၂၀၁၄ တစ်နှစ်လုံးတွင် အာဆီယံထိပ်သီးအစည်းအဝေးနှစ်ခု၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၊ စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အစည်းအဝေး စသည့်အစည်းအဝေးတို့ကို အိမ်ရှင်အဖြစ်ရော အစည်းအဝေးဥက္ကဋ္ဌအဖြစ်ပါ ကျင်းပရမည်ဖြစ်သည်။

အစည်းအဝေးများ အဆင်ပြေစေရန်အတွက် နိုင်ငံခေါင်းဆောင်များကို တည်းခိုစားသောက်နေထိုင်သွားလာရေး၊ မိမိတွေ့ဆုံလိုသည့် ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းတွေ့ဆုံရေး စသည့်အသေးစိတ်ဝေယျာဝစ္စများကို ကူညီပေးရန် ၀န်ကြီးဌာန ၃၆ ခုမှ ဆက်ဆံရေးအရာရှိ ၃၅၀ ကိုလည်း အသင့်ပြင်ဆင်ပြီးဖြစ်သည်ဟု သိရသည်။

“နေပြည်တော်တစ်ဝိုက်က စားသောက်ဆိုင်တွေ၊ ဘုရားတွေ၊ လည်ပတ်စရာနေရာတွေကို သေချာလေ့လာထားတယ်။ ခေါင်းဆောင်တွေမေးရင် မသိတာမရှိအောင်လို့။ ဥပမာ-ရာသီဥတုကမကောင်းလို့ မိုးရွာနိုင်တယ်ဆိုတာကအစ ကိုယ်က အသေးစိတ်ဂရုတစိုက်နဲ့ သူတို့ကိုပြောပေးရမယ်”ဟု ဆက်ဆံရေးအရာရှိတစ်ဦးဖြစ်သူ မရွှေလ၀ါကပြောကြားသည်။

အာဆီယံဆက်စပ်အစည်းအဝေးများကို နေပြည်တော်အပြင် ပုဂံ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွင် ကျင်းပမည်ဖြစ်ရာ ယင်းမြို့များတွင်လည်း အခြေခံလိုအပ်ချက်များအားလုံး ပြီးစီးလုနီးပါးဖြစ်နေကြောင်း ဦးအောင်လင်းကပြောသည်။

ပထမဆုံးကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပုဂံမြို့တွင် ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘရူနိုင်းတွင် ကျင်းပထားသည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ပြောကြားထားသည့် ဦးစားပေးအစီအစဉ်ကိုးချက်ကို အကောင်အထည်ဖော်မည့် အခြေအနေများကို ၀န်ကြီးများက ညှိနှိုင်းကြရမည်ဖြစ်သည်။ ယင်းညှိနှိုင်းချက်များသည် မြန်မာက မေလ ၁၀ ရက်တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးကြီးတွင် အာဆီယံခေါင်းဆောင်များ ဆွေးနွေးရမည့် အခြေခံလိုအပ်ချက်များ ဖြစ်လာမည်ဖြစ်ကြောင်း ဦးရဲထွဋ်ကပြောကြားသည်။

(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (ဘရူနိုင်း)တွင် သမ္မတဦးသိန်းစိန် ပြောကြားထားသည့် ဦးစားပေးလုပ်ငန်း(၉)ချက်
၁။ ၂၀၁၅ ခုနှစ်လွန် ကုလသမဂ္ဂဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီရေး။
၂။ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး။
၃။ ဒေသတွင်းဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရေး။
၎။  ဒေသတွင်းနိုင်ငံများကြားသာမက မိတ်ဖက်နိုင်ငံများနှင့် ပေါင်းစည်းဆက်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရေး။
၅။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုမြှင့်တင်ရေး။
၆။ သက်ကြီးလူထုကိစ္စဖြေရှင်းရေး။
၇။  ပဋိပက္ခနှင့် သဘာဝဘေးတုံ့ပြန်နိုင်ရေး စွမ်းရည်မြှင့်တင်ရေး။
၈။ ဆွေးနွေးဖက်များနှင့် ဆက်ဆံမှုမြှင့်တင်ရေး။
၉။ လက်တွေ့ကျသော ၂၀၁၅ နှစ်လွန်မျှော်မှန်းချက်ချမှတ်နိုင်ရေး။

ဓာတ်ပုံ- m.president-office.gov.mm

ရေးသားသူ- အေးသူစံ

အာဆီယံဥက္ကဋ္ဌ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး တစ်ထောင်နီးပါးသို့ တက်ရောက်ကြမည့် ဧည့်သည်ပေါင်း နှစ်သောင်းခွဲကျော်အတွက် မြန်မာနိုင်ငံက အခြေခံပြင်ဆင်မှုအားလုံး ပြည့်စုံသွားပြီဖြစ်ကြောင်း အာဆီယံရေးရာတာဝန်ရှိသူများကပြောကြားသည်။

မြန်မာတွင်ကျင်းပမည့် အစည်းအဝေးများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများဖြစ်သော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ဂျပန်အစိုးရနှင့် JICA က အများဆုံးကူညီထားပြီး အစည်းအဝေးများ လစ်ဟာချက်မရှိ အောင်မြင်စေရန် အထောက်အကူပြုသင်တန်းများကို သြစတြေးလျ၊ စင်ကာပူ၊ မလေးရှားတို့က ကူညီပေးခဲ့သည်။

ကြိုတင်အသိပေးမှုမရှိဘဲ မကြာခဏ လျှပ်စစ်မီးပြတ်တတ်ခြင်း၊ အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ အဓိကအစည်းအဝေးများကျင်းပမည့် နေပြည်တော်သို့ နိုင်ငံတကာမှ တိုက်ရိုက်လေကြောင်းလိုင်းများ ဆင်းသက်နိုင်မှုမရှိသေးခြင်း၊ တည်းခိုနေထိုင်စရာ ဟိုတယ်ခန်းများ အလုံအလောက်မရှိခြင်း စသည့်အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် မြန်မာတွင်ကျင်းပမည့် အစည်းအဝေးများကို နိုင်ငံတကာကသံသယရှိသည်။

ဆီးဂိမ်းမတိုင်မီက ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အခြေခံအဆောက်အအုံ မပြည့်စုံမှုတို့ကြောင့် ပြည်ပနိုင်ငံသားများ၏ ကန့်ကွက်ခြင်းအချို့ကို ခံခဲ့ရသည်။

ဖက်ဒရယ်တပ်မတော်ဆိုတာ

Photo: ဖက်ဒရယ်တပ်မတော်ဆိုတာ
----------------
ရေးသားသူ- အောင်ခိုင်၊ ရန်မျိုးနိုင်၊ ရဲနောင်

“တိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်မတော်ဖြစ်တာကြောင့် တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ပါဝင်ချင်တယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ကာကွယ်ရေးစနစ်ကို လိုလားတယ်”

တပ်မတော်ဖွဲ့စည်းပုံလေ့လာလိုသူများအတွက် အိန္ဒိယတပ်မတော်သည် လေ့လာရန်အကောင်းဆုံးပုံစံဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူကဆိုသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားမှုများ ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့သည်။

တိုင်းရင်းသားပြည်သူအားလုံးက လိုလားခဲ့ကြသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ယခင် အာဏာရှင်အစိုးရအဆက်ဆက် လက်ထက်တွင် ပွင့်လင်းစွာဖော်ထုတ်ခွင့်မရဘဲ ယခုနှစ်ပိုင်းတွင်မှ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရရှိလာခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၃ ဒီဇင်ဘာလဆန်းက ကျင်းပပြီးစီးခဲ့သော လိုင်ဇာညီလာခံအပြီး ဖက်ဒရယ်တပ်မတော် (ပြည်ထောင်စုတပ်မတော်)နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးမှု ခပ်စိပ်စိပ်ဖြစ်လာသည်။

တိုင်းရင်းသားအဖွဲ့အစည်းများ အစဉ်တစိုက်တောင်းဆိုခဲ့ကြသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းရေးနှင့်အတူ အရေးကြီးသော အကြောင်းအရာတစ်ခု ဒွန်တွဲပါဝင်လာခဲ့သည်။ ယင်းအကြောင်းအရာမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အချိန်ယူညှိနှိုင်းရမည်ဟု သုံးသပ်နေကြသော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးပင်ဖြစ်သည်။

ပြည်ထောင်စုစနစ် (Federation) ဆိုသည်မှာ သီးခြားလွတ်လပ်ခွင့်ရှိသည့် အမျိုးသားပြည်နယ်များ (သို့) ပြည်ထောင်များက သီးခြားစီဖြင့် အမျိုးသားနိုင်ငံတော်မထူထောင်ဘဲ မိမိတို့ နယ်မြေဒေသများကို လွတ်လပ်သော ဆန္ဒသဘောထားအတိုင်း ပူးပေါင်းစုစည်း၍ ပြည်ထောင်စုနိုင်ငံတော်တစ်ခုကို အတူတကွတည်ထောင်သည့်စနစ်ပင်ဖြစ်သည်။

ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားလူမျိုး အားလုံးစုပေါင်းတာဝန်ယူ ထမ်းဆောင်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားလူမျိုးများ၏ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် စုပေါင်းတာဝန်ယူထမ်းဆောင်ခြင်းသည်သာ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် နိုင်ငံတစ်ခုအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဖက်ဒရယ်စနစ် လေ့လာသူများက သုံးသပ်သည်။

“တိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်မတော်ဖြစ်တာကြောင့် တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ပါဝင်ချင်တယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ကာကွယ်ရေးစနစ်ကို လိုလားတယ်”ဟု ဖက်ဒရယ်တပ်မတော်တွင် ပါဝင်လိုသော တိုင်းရင်းသားများ၏ရည်ရွယ်ချက်ကို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း UNFC ခေါင်းဆောင်များနှင့် နိုဝင်ဘာလနှောင်းပိုင်းက ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လိုလားနေသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကို လက်ခံကြောင်း ပြောကြားထားသည်။

လက်ရှိတပ်မတော်မှာ ဖက်ဒရယ်မဖြစ်သေးဟုဆိုနေချိန်တွင် တပ်မတော်မှတာဝန်ရှိသူများကမူ လက်ရှိတပ်မတော်မှာ ဖက်ဒရယ်တပ်မတော်ဖြစ်နေပြီဟုဆိုသည်။

မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ဆင်ရေးထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက လက်ရှိတပ်မတော်သည် ပြည်သူလူထုထဲမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်ပြီး တပ်မတော်အဆင့်မြင့်အရာရှိများတွင် မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားပေါင်းစုံပါဝင်ကြောင်း 7Day Daily နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားသည်။

လက်ရှိမြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလဆန်းကသွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြားထားသည်။

အင်အားငါးသိန်းခန့်ရှိသော မြန်မာ့တပ်မတော်တွင်မူ တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ခွင့်မှာ အလွန်နည်းပါးပြီး ကန့်သတ်မှုများကိုသာ အမြဲကြုံတွေ့နေရသည်။ တပ်မတော်အရာရှိများကို မွေးထုတ်ပေးနေသော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတွင် ဗိုလ်လောင်းအရေအတွက်ကို ၂၀၀၃ -၂၀၀၄ ခုနှစ်ခန့်မှစတင်ပြီး ၂၅၀၀ နှင့် ၃၀၀၀ ကြား ခေါ်ယူခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်မှစ၍ အရေအတွက်ကိုလျှော့ချကာ ဗိုလ်လောင်းအရေအတွက် ၅၀၀ ခန့်သာ ခေါ်ယူခဲ့သည်။ 

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတွင် တိုင်းရင်းသားအရေအတွက် ခွဲခြားလက်ခံမှုများမရှိဘဲ မြန်မာနိုင်ငံသား မည်သူမဆို လက်ခံလျက်ရှိသည်ဟုဆိုသည်။ သို့ရာတွင် ဘာသာရေးနှင့် ပတ်သက်ပြီး ကန့်သတ်မှုမျိုးတော့ရှိကြောင်း တပ်မတော်အသိုင်းအ၀ိုင်းနှင့်နီးစပ်သူများက ဆိုသည်။

“တပ်မတော်အရာရှိကြီးတွေထဲမှာတော့ တိုင်းရင်းသားသိပ်မရှိဘူးဗျ။ မရှိဘူးဆိုတာက ဗိုလ်လောင်းမှာလည်း လျှောက်တဲ့တိုင်းရင်းသားတွေနည်းတော့ အပေါ်ရောက်လာတဲ့အခါ နည်းသွားတဲ့သဘောပါ”ဟု အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက သူ၏အတွေ့အကြုံကိုပြောပြသည်။

လက်ရှိပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်တွင် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသော အရာရှိများကို လေ့လာကြည့်ပါကလည်း ဆယ်ပုံတစ်ပုံခန့်သာ တိုင်းရင်းသားများဖြစ်ကြောင်း တွေ့ရှိရသည်။

လက်ရှိမြန်မာ့တပ်မတော်၌ တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးကြီးနှင့် အထက်အရာရှိကြီးအဆင့်တွင် တိုင်းရင်းသားစစ်စစ်များ ပါဝင်နေသော်လည်း ရာခိုင်နှုန်းဖြင့် အချိုးချကြည့်ပါက နည်းပါးလွန်းကြောင်း တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ဆိုသည်။

နိုင်ငံတကာတွင် ဖက်ဒရယ်တပ်မတော်စနစ်ကို အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီပြည်ထောင်စုသမ္မတနိုင်ငံ (Fedral Republic of Germany)တို့တွင် တွေ့ရှိနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင် စစ်တပ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များမှ Volunteer စနစ်ဖြင့် အမှုထမ်းသည့်စနစ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန်တပ်မတော်ကို အမြဲတမ်းတပ်ဖွဲ့၊ အရန်တပ်ဖွဲ့၊ နိုင်ငံတော်လုံခြုံရေးတပ် ပုံစံသုံးမျိုးဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံတော်လုံခြုံရေးမှလွဲ၍ အမြဲတမ်းစစ်တပ်နှင့် အရန်စစ်တပ်တို့ကို ဖက်ဒရယ်စနစ်ဖြင့် ကျင့်သုံးထားခြင်းဖြစ်သည်။

ကွဲပြားခြားနားသည့် တပ်မတော်ဖွဲ့စည်းပုံ ပုံစံမျိုးကို လေ့လာလိုသူများအတွက် အိန္ဒိယတပ်မတော်သည် အကောင်းဆုံးပုံစံတစ်ခုဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာပညာရှင် ဘာတေးလ်လင့်တနာကသုံးသပ်သည်။

“အိန္ဒိယပုံမှန်တပ်မတော်မှာ တိုင်းရင်းသားတပ်ရင်းကြီးတွေရှိတယ်။ ဒါပေမဲ့ သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေပေါင်းစည်းထားတဲ့ အုပ်ချုပ်မှုအောက်မှာပဲရှိတယ်”ဟု ဘာတေးလ်လင့်တနာကပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် (BGF)အဖြစ် ဖွဲ့စည်းစေခြင်းသည် မှားယွင်းပြီး ဖက်ဒရယ်စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ မည်သည့်တိုင်းပြည်မဆို နယ်စပ်လုံခြုံရေးသည် ဗဟိုအစိုးရတာဝန်သာဖြစ်သည်ဟု ဘာတေးလ်လင့်တနာက ဆက်လက်သုံးသပ်သည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် အဓိကအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ထောက်ပြပြောဆိုကြသည်။

“အခြေခံဥပဒေအရ တိုင်းပြည်ဖက်ဒရယ်ဖြစ်မှ တပ်ကလည်း ဖက်ဒရယ်တပ်မတော်ဖြစ်လာမှာ”ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုများ စုပေါင်းဖွဲ့စည်းခဲ့သော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDCC) မှ ပြုစုခဲ့သော ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)တွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် မည်သည့်အချိန်အခါမဆို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင်ရှိရမည်၊ ကာကွယ်ရေးဝန်ကြီးသည် အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ်ဖြစ်ရမည်၊ ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များအတွင်း လူမျိုး၊
ဘာသာ၊ အသားအရောင်၊ လိင်အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိစေရဆိုသည့်အချက်များ ပါဝင်သည်။

ဖက်ဒရယ်စနစ်ရေးဆွဲရာတွင် စစ်တပ်မှ နိုင်ငံတော်ကိုသိမ်းယူခဲ့သော အကြောင်းပြချက်ဖြစ်သည့် ခွဲထွက်ခွင့်အပိုဒ်ကိုမူ ယခုအချိန်ကာလမျိုးတွင် ချန်လှပ်ထားသည်။ ယခုအခါ ခွဲထွက်ခွင့်ထက် ခွဲထွက်ခွင့်၏ အနှစ်သာရဖြစ်သော ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိစေမည့် အခြေခံဥပဒေရေးဆွဲခြင်းသည်သာ ပြည်သူများအတွက် အကောင်းဆုံးဖြစ်သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းရေးသားသော တိုင်းရင်းသားလူမျိုးလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ်စာအုပ်တွင် ဖော်ပြထားသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော လိုင်ဇာညီလာခံတွင်လည်း လက်ရှိတပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင်ထားရှိရန်၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းသွားရန်တို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သဘောတူညီခဲ့ကြသည်။

၂၀၁၃ ခုနှစ်ကုန်နီးပါးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးပွဲတွင်လည်း ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးသွားကြရန် သဘောတူညီမှုရရှိခဲ့ကြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု ရည်မှန်းနေသည်က ဦးစွာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်။ ထို့နောက် နိုင်ငံရေးဆွေးနွေးပွဲများတွင်မှ ပြည်ထောင်စုတပ်မတော်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်တပ်မတော်က တစ်နေ့တွင် အဓိကဆွေးနွေးရမည့်အကြောင်းအရာ ဖြစ်လာမည်ဖြစ်သည်။ 

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် သမိုင်းမှတ်တမ်းဝင်နေသော မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များကဆိုသည်။

“ချက်ချင်းဝုန်းဒိုင်းနဲ့တော့ မရသေးပါဘူး။ နှစ်ဖက်ညှိနှိုင်းတိုင်ပင်ပြီး ဆက်လုပ်ရမှာပါ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကလည်း နိုဝင်ဘာ ၂၄ ရက်တွင် 7 Day News နှင့် အင်တာဗျူး၌ ဖက်ဒရယ်တပ်မတော်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောသည်။

“ဖက်ဒရယ်တပ်မတော်ဆိုတာ အဓိပ္ပာယ်မဖွင့်ရသေးဘူး။ အဓိပ္ပာယ်မဖွင့်ရသေးဘဲနဲ့ ပြောတဲ့အခါကြတော့ တပ်မတော်ပိုင်းကလည်း လုံခြုံရေးကို အဓိကထားတဲ့အတွက် ဒါကိုစိုးရိမ်တယ်။ ဟိုတစ်နေ့က ချင်းမိုင်မှာ ဦးဇော်အေးမောင် အင်တာဗျူးမှာပြောသွားတဲ့ စကားလေးကြားလိုက်ရတော့ တော်တော်ဝမ်းသာသွားတယ်။ သူတို့ပြောတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ အရင်တုန်းက ဗမာ့တပ်မတော်မှာရှိတဲ့ တိုင်းရင်းသားတပ်ရင်းတွေရှိတယ်။ ကချင် (၁)၊ ကချင်(၂)၊ ကချင် (၃)၊ ချင်း(၁)၊ ချင်း (၂)၊ ကယား(၁) ဒီလိုတပ်ရင်းတွေကို ပြောတာပါဆိုတော့ အရင်တုန်းကလည်းရှိခဲ့ပြီးသား။ ဒါဘာမှခက်တာမဟုတ်ပါဘူး။ ဒါဖက်ဒရယ်တပ်မတော်ပဲလေ။ တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်မဖွင့်ဘဲနဲ့ ကြောက်နေကြတာ”

ဓာတ်ပုံ- လင်းဘိုဘို/အီးပီအေ

ရေးသားသူ- အောင်ခိုင်၊ ရန်မျိုးနိုင်၊ ရဲနောင်

“တိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်မတော်ဖြစ်တာကြောင့် တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ပါဝင်ချင်တယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ကာကွယ်ရေးစနစ်ကို လိုလားတယ်”

တပ်မတော်ဖွဲ့စည်းပုံလေ့လာလိုသူများအတွက် အိန္ဒိယတပ်မတော်သည် လေ့လာရန်အကောင်းဆုံးပုံစံဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူကဆိုသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားမှုများ ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့သည်။

တိုင်းရင်းသားပြည်သူအားလုံးက လိုလားခဲ့ကြသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ယခင် အာဏာရှင်အစိုးရအဆက်ဆက် လက်ထက်တွင် ပွင့်လင်းစွာဖော်ထုတ်ခွင့်မရဘဲ ယခုနှစ်ပိုင်းတွင်မှ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရရှိလာခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၃ ဒီဇင်ဘာလဆန်းက ကျင်းပပြီးစီးခဲ့သော လိုင်ဇာညီလာခံအပြီး ဖက်ဒရယ်တပ်မတော် (ပြည်ထောင်စုတပ်မတော်)နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးမှု ခပ်စိပ်စိပ်ဖြစ်လာသည်။

တိုင်းရင်းသားအဖွဲ့အစည်းများ အစဉ်တစိုက်တောင်းဆိုခဲ့ကြသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းရေးနှင့်အတူ အရေးကြီးသော အကြောင်းအရာတစ်ခု ဒွန်တွဲပါဝင်လာခဲ့သည်။ ယင်းအကြောင်းအရာမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အချိန်ယူညှိနှိုင်းရမည်ဟု သုံးသပ်နေကြသော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးပင်ဖြစ်သည်။

မွန်မလေးတစ်ဦးကို တပ်မတော်သားတစ်ဦးက အဓမ္မကျင့်သည့် သတင်းမမှန်ဟုဆို

အင်တာနက်တွင် ၀ါဒဖြန့်ထားသည့် တပ်မတော်သားတစ်ဦးမှ ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကျုံညဲကျေးရွာနေ မွန်တိုင်းရင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွားသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ တပ်ရင်းနှင့် ကာယကံရှင်မိဘများထံမှ သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းမှ အရာရှိတစ်ဦးက ``တပ်သား သန်းဝင်းက မ၀ုကို ကြိုက်နေတာပါ။ ကြိုက်နေတော့ လူငယ်တို့ သဘာဝ ရည်းစးစကားလိုက်ပြောရင်း လက်ကို ဆွဲလိုက်မိတယ်။ အဲဒါကို မ၀ုက မကျေနပ်လို့ တပ်ရင်းကို လာတိုင်တာပါ´´ ဟု ပြောကြားခဲ့သည်။

``အသက်(၁၃)နှစ်ပဲရှိသေးတဲ့သမီးကို ရည်စားစကားလိုက်ပြောတာ ဘယ်မိဘက လက်ခံမှာလဲ၊ ရည်းစား စကာပြောရုံတင်မဟုတ်ဘူး။ လက်ကိုပါဆွဲတော့ မ၀ုက ရှက်ပြီး ငိုယိုပြီးပြန်လာတယ်။ မိဘတွေက အဲဒီလို လက်ဆွဲတာကို မကျေနပ်လို့ သက်ဆိုင်ရာ တပ်ရင်းကို သွားတိုင်ခဲ့တာပါ´´ ဟု ကျုံညဲရွာမှ လိုက်လံဖြေရှင်းပေး ခဲ့သော ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးထွန်းကြည်၊ ရပ်မိရပ်ဖ(၂)ဦး၊ ကာယကံရှင် မ၀ု နှင့် မိဘနှစ်ပါးတို့က တပ်ရင်းသို့ လာရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ တပ်ရင်းမှ ကာယကံရှင်များ ကျေနပ်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၆ ဦးစာရင်းတွင် ခင်ဝင့်ဝါ ပါဝင်

Photo: ကမ္ဘာ့အလှဆုံး အမျိုးသမီး ၆ ဦးစာရင်းတွင် ခင်ဝင့်ဝါ ပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၈ 

စပိန်နိုင်ငံ အခြေစိုက် The Beauties Concept အဖွဲ့အစည်းကြီးက ၂၀၁၃ ခုနှစ် ကမ္ဘာ့အလှဆုံး အလှမယ် ၆ ဦးစာရင်းတွင် မြန်မာနိုင်ငံ အလှမယ် ခင့်ဝင့်ဝါကို ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတကာ ကမ္ဘာ့အလှမယ် ပြိုင်ပွဲကြီးများ အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် စုစုပေါင်း ၇၀၀ ကျော်အနက်မှ ခင်ဝင့်ဝါ အပါအဝင် အလှမယ် ၆ ဦးကို အလှဆုံး အမျိုးသမီးများအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းကြီး၏ အမှတ်စဉ် သတ်မှတ်ကြေညာချက် များအရ ပထမနေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဗင်နီဇွဲလားနိုင်ငံ အလှမယ်၊ ဒုတိယနေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် ဖိလစ်ပိုင်အလှမယ်၊ တတိယနေရာတွင် 2013 Miss World ဆုရှင် ဖိလစ်ပိုင်နိုင်ငံ အလှမယ်၊ စတုတ္တ နေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဆာဗီးယားနိုင်ငံ အလှမယ်၊ ပဉ္စမ နေရာတွင် 2013 Miss Universe ပြိုင်ပွဲဝင် စပိန်နိုင်ငံ အလှမယ်နှင့် ဆဌမ နေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် မြန်မာအလှမယ် တို့ကို့ အသီးသီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲ ၆ ခုတွင် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် များအနက် အလှဆုံးမယ် ၁၀၀ ကို ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty အဖွဲ့အစည်းက ရွေးချယ်ခဲ့ရာတွင်လည်း မြန်မာအလှမယ် ခင်ဝင့်ဝါ ပါဝင်ခဲ့ဖူးသည်။

ခင်ဝင့်ဝါသည် Miss Supranational 2013 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး Title ဆု ၄ ဆုကို ဆွတ်ခူး ရရှိခဲ့သူ ဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၈

စပိန်နိုင်ငံ အခြေစိုက် The Beauties Concept အဖွဲ့အစည်းကြီးက ၂၀၁၃ ခုနှစ် ကမ္ဘာ့အလှဆုံး အလှမယ် ၆ ဦးစာရင်းတွင် မြန်မာနိုင်ငံ အလှမယ် ခင့်ဝင့်ဝါကို ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတကာ ကမ္ဘာ့အလှမယ် ပြိုင်ပွဲကြီးများ အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် စုစုပေါင်း ၇၀၀ ကျော်အနက်မှ ခင်ဝင့်ဝါ အပါအဝင် အလှမယ် ၆ ဦးကို အလှဆုံး အမျိုးသမီးများအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းကြီး၏ အမှတ်စဉ် သတ်မှတ်ကြေညာချက် များအရ ပထမနေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဗင်နီဇွဲလားနိုင်ငံ အလှမယ်၊ ဒုတိယနေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် ဖိလစ်ပိုင်အလှမယ်၊ တတိယနေရာတွင် 2013 Miss World ဆုရှင် ဖိလစ်ပိုင်နိုင်ငံ အလှမယ်၊ စတုတ္တ နေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဆာဗီးယားနိုင်ငံ အလှမယ်၊ ပဉ္စမ နေရာတွင် 2013 Miss Universe ပြိုင်ပွဲဝင် စပိန်နိုင်ငံ အလှမယ်နှင့် ဆဌမ နေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် မြန်မာအလှမယ် တို့ကို့ အသီးသီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းဆန္ဒပြမှု မြန်မာတစ်ဦး သေနတ်ဒဏ်ရာရ

ထိုင်းနိုင်ငံမှာတော့ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြ ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းခဲ့ချိန်မှာ ပြီးခဲ့တဲ့ရက်ကပဲ မြန်မာအလုပ်သမားတစ်ဦး မတော်တဆ သေနတ်ထိမှန်ခဲ့ပါတယ်။

ဒီလို သေနတ်ထိမှန်မှု မဖြစ်ခင်တရက်ကပဲ ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတွေက မြန်မာနိုင်ငံသားတွေကို ဆန္ဒပြပွဲတွေရှိရာနဲ့ ဝေးဝေးနေကြဖို့၊ ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားခဲ့သေးတာပါ။ အခုလို ပစ်ခတ်မှုအတွင်း မြန်မာတစ်ဦး သေနတ်ဒဏ်ရာ ရခဲ့တာကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးထိန်းသိမ်းဖို့နဲ့ မိမိတို့လုံခြုံရေးအတွက် ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက်ကို ထပ်ပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ပြည်တွင်းရေးအရ ဆန္ဒပြမှုတွေအတွင်း မြန်မာအလုပ် သမားတဦးဟာ ရင်ဘတ်မှာ သေနတ်ထိမှန်သွားခဲ့တာပါ။ ဒီနေ့မှာတော့
သေနတ်ထိမှန်သွားတဲ့ မြန်မာအလုပ်သမားတဦးဟာ ဆေးရုံမှာ ကုသခံနေရဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့် မရ

ဒေါ်အောင်ဆန်းစုကြည် တည်းခိုလျှက်ရှိသည့် ဟားခါး ချယ်ရီတည်းခိုခန်း။ ဓါတ်ပုံ - ကိုစစ်ငြိမ်းအောင် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီည အနားယူဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့် မရဘူးလို့ သိရပါတယ်။

သတင်းယူဖို့ လိုက်ပါသွားတဲ့ သတင်းထောက်အားလုံးလည်း တည်းခိုခန်း မရကြဘူးလို့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။ ဒါကြောင့် သတင်းထောက်တွေဟာ မြို့ခံတွေကူညီမှု နဲ့ အစုလိုက် တည်းခိုနေကြတယ်လို့လည်း သိရပါတယ်။ ဟားခါးမြို့မှာ အအေးအလွန်ကဲနေတဲ့ အချိန်လည်း ဖြစ်တာကြောင့် အတော်အခက်အခဲ ဖြစ်ရတယ်လို့  အာအက်ဖ်အေ ဖေ့ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဟားခါး ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့် မရပေမယ့် ချင်းပြည်နယ်ရဲ့  မြို့တော် ဟားခါး ရှိ သစ်သားပျဉ်ထောင် တည်းခိုခန်း တစ်ခုဖြစ်တဲ့ ချယ်ရီတည်းခိုခန်းလေးမှာ ညအိပ်ရပ်နားလျှက်ရှိကြောင်း သိရပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis