menu

Saturday, 9 November 2013

" စစ်သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ဂူဗိမာန်သို့ မြောက်ကိုရီးယား ခေါင်းဆောင်သွားရောက် "

Photo: " စစ်သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ဂူဗိမာန်သို့ မြောက်ကိုရီးယား ခေါင်းဆောင်သွားရောက် "

 အောက်တိုဘာ ၁၃ ရက်နေ့က Submarine Chaser No 233 ဟု ခေါ်သည့် မြောက်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် သေဆုံးခဲ့သူများ၏ ဂူဗိမာန်သို့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်မ်ဂျုံအမ်း သွား ရောက်ခဲ့သည်ဟု နိုင်ငံပိုင် KCNA မီဒီယာက ပြသခဲ့သည်။

KCNA မီဒီယာက စစ်ဘက် ဆိုင်ရာ တာဝန် ထမ်းဆောင်ရင်း သင်္ဘော နစ်မြုပ်သွားသည် ဆိုသော အချက်မှလွဲ၍ မည်သည့်အချက်အလက် မှ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိ ချေ။

သေဆုံးခဲ့ သူများ၏ အထိမ်းအမှတ် ကျောက်တိုင် တွင် အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၁၃ ရက်နေ့ ကိုထည့်သွင်း ရေးသားထားပြီး သေဆုံးခဲ့သူ တို့၏ဓာတ်ပုံများကို လည်း ထည့်သွင်း ဖော်ပြထားသည်။

 မြောက်ကိုရီးယား နိုင်ငံတွင် အင်အား ကြီးမားသည့် စစ်တပ် ရှိသော်လည်း အသုံးပြုနေသည့် စစ်ဘက် ဆိုင်ရာ ပစ္စည်း များသည် ခေတ်နောက် ကျပြီး ဟောင်းနွမ်းနေ ပြီ ဟု ခန့်မှန်းမှု များ ရှိနေသလို တောင်ကိုရီးယား မီဒီယာ များကလည်း သင်္ဘော၏ သက် တမ်း ကြာမြင့်နေ ခြင်းကြောင့် နစ်မြုပ် သွားခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့ ကြသည်။

Ref : BBC

Popular Myanmar News

ထိုင်းဘုရင့်မြေးတော် ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ထိုင်းဘုရင့် မြေးတော် Sirivannavari  မင်းသမီးသည် မြင်းစီး အားကစားပြိုင်ပွဲ၌ လာရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု အောက်တိုဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ  ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။ ““မင်းသမီး ဆီးဂိမ်းမြင်းစီး ပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်မှာ ဟုတ်တယ်။ နောက်ထပ်ကတော့ သူတို့ လာကာနီးကျမှ သတင်းဆက်လက် ထုတ်ပြန်သွားမယ်”” ဟု ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းဘုရင့်မြေးတော် Sirivannavari မင်းသမီးသည် Chitralada ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းကို တက်ရောက်ခဲ့ပြီး အထက်တန်းတွင် အနုပညာကို စိတ်ဝင်စားကာ အ၀တ်အစားဖက်ရှင်နှင့် အထည်ချုပ် ပညာတို့ကို ချူလာလောင်ကွန် တက္ကသိုလ်တွင် သင်ကြားကာ အားကစားကိုလည်း များစွာ စိတ်ဝင်စားသည်။ ထိုင်းနိုင်ငံ ကိုယ်စားပြု ကြက်တောင်အားကစားကို ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသော ၂၄ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ …

မူဆယ်တွင် လူသုံးဦး မီးလောင်ဒဏ်ရာများဖြင့်သေဆုံး

ဒေသခံအချို့က အဆိုပါဖြစ်စဉ်မှာ လူသတ်မီးရှို့ခံရသည်ဟု ယူဆနေပြီး လူသတ်မှုများ မကြာခဏဖြစ်ပွားနေ၍ ထိတ်လန့်နေ

အောက်တိုဘာ ၆ ရက် ညက မူဆယ်မြို့နယ် ဆယ်လန့် ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေးနေကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

မူဆယ်မြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသော ဆယ်လန့်ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် လီဆူးအမျိုးသား စိုင်းအိုက်ပေါင်းဆိုသူနှင့် လီဆူးလူမျိုး အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ ခန္ဓာကိုယ်မီးလောင်ကျွမ်းသောဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““ဖြစ်စဉ်ကိုတော့ မြို့နယ်နဲ့ ခရိုင်အဆင့် ရဲအရာရှိတွေ စစ်ဆေးနေတုန်းပါ။ အသေးစိတ်အချက်အလက်ကိုတော့ ပြောခွင့်မရှိပါဘူး”” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော လီဆူးလူမျိုးသုံးဦးမှာ မိသားစုလိုက်နေထိုင်ကြသူများဖြစ်ပြီး အနေအထိုင်ရိုးအေးကာ ၎င်းတို့သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် မြို့နယ်တွင် သွားလာနေထိုင်ရသည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ပြောသည်။

ရေးချင်ရာရေး မတုန်လှုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာနှင့် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲ လုပ်ရတော့မည့် ကြံ့ခိုင်ရေးပါတီ

    တစ်ချိန်က ဗဟိုအလုပ်အမှုဆောင် ဦးသိန်းစိန်(ယခုအနားယူနေပြီး)ပြောကြား ခဲ့သလို ပါတီတွင်း ဒီမိုကရေစီ စနစ်ဖြင့် ရွေးချယ်တင် မြှောက်ကြမည့် ပါတီမှ ခေါင်းဆောင်များကို ရွေးချယ်သကဲ့သို့ ၂၀၁၅တွင် ကြံ့ခိုင်ရေး ပါတီမှ သမ္မတလောင်း အဖြစ် ပါတီတွင်း ရွေးကောက်ပွဲများ ကျင်းပရတော့မည်လောဟု ထင်မြင် . . .  စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို၊ ဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါ တည်းဟူသော သူငယ်နာ (၅)မျိုး စွဲကပ်နေခြင်း …””စသည်ဖြင့် ကြံ့ခိုင်ရေးပါတီအပေါ် သုံးသပ် . . .

““ပြည်သူတို့နှင့် ရင်ခုန်သံ ထပ်တူညီသည့် ပါတီ””ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အတိအလင်း လက်မှတ်ရေးထိုး ပြောကြားထားသည်။ ပါတီတွင်း ဒီမိုကရေစီ စနစ် ကျင့်သုံးလျက် ရှိကြောင်း ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင်ပိုင်း က အတိအလင်း ပြောကြားထားသည်။ ပါတီတွင်း ဒီမိုကရေစီ ဆိုသည်မှာ ကြံ့ခိုင်ရေးပါတီကို ဖြစ်ပေါ်စေခဲ့သည့် တည်ထောင်သူ ပုဂ်္ဂိုလ်တစ်ဦး ဖြစ်သော ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟို အလုပ်အမှုဆောင် ဦးသိန်းစိန် (ထိုစဉ်က ပြန်ကြားရေး ဒုတိယ၀န်ကြီး)နှင့် ရန်ကုန်မြို့ ဌာနချုပ်ရုံး အပေါ်ထပ် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံ၍ အသင်းကြီး၌ ကိုယ်ကျိုးရှာသူများ၊ အနားပျာများ၏ ပြဿနာများ ဆွေးနွေးခဲ့စဉ်က မိန့်ကြားချက် တစ်ခု အမှတ်ရမိ ပါသည်။ ဦးသိန်းစိန်က ““ပါတီတွင်း ဒီမိုကရေစီ ရလာမည် ဖြစ်ကြောင်း၊ ထိုအခါ ပါတီဝင်များ၏ မဲဆန္ဒဖြင့် ပါတီ ကေဒါများ၊ ရပ်ကျေး၊ မြို့နယ် ကော်မတီများကို ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များက ခရိုင်နှင့် တိုင်း/ပြည်နယ် ကော်မတီများကို ထပ်မံ မဲပေး ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များ၏ မဲဆန္ဒဖြင့်သာ အတွင်းရေးမှူး၊ ဥက္ကဋ္ဌများကို ရွေးချယ် ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဗဟို အလုပ်အမှုဆောင်များ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း၊ ထိုအခါ ပါတီတွင်း ဒီမိုကရေစီ စနစ်အများ သဘောတူ၊ လူထု ခေါင်းဆောင်များဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မည် ဖြစ်ကြောင်း၊ မိမိ အနေဖြင့်လည်း နိုင်ငံရေး ဦးတည်ချက် လေးရပ်၊ စီးပွားရေး ဦးတည်ချက် လေးရပ်၊ လူမှုရေး ဦးတည်ချက် လေးရပ်၊ ဒို့တာဝန် အရေးသုံးပါး တို့ကအစ ရေးသား ပေးနိုင်ခဲ့ကြောင်း””စသည်ဖြင့် ပြောကြား ခဲ့သည်။ …

ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

Photo: ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
-------------------------
ရေးသားသူ- ခင်မေဇော်(၀ါရှင်တန်ဒီစီ)

အသက်(၁၅)နှစ်အရွယ် အထက်တန်းကျောင်းသားဘ၀နှင့် မြန်မာ့အလင်းသတင်းစာ၏ အကျိုးတော်ဆောင် သတင်းထောက်ဖြစ်ခဲ့သူ ဦးစံအောင်သည် ၂၀၁၃ အောက်တိုဘာလတွင် အသက် (၈၉) နှစ်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဖျတ်လတ်သွက်လက်နေဆဲ။ အတိတ်ကဖြစ်ရပ်များကို မျက်ဝါးထင်ထင်မြင်အောင် တိတိကျကျပြောပြနိုင်ဆဲ။ မိမိတစ်နိုင်တစ်ပိုင် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အားထက်သန်နေဆဲဖြစ်သည်။ ဦးစံအောင်သည် ထိုစဉ်က ပုဂ္ဂလိက လွတ်လပ်သည့်သတင်းစာတိုက်တစ်ခုဖြစ်သည့် မြန်မာ့အလင်းသတင်းစာတိုက်၏ သတင်းထောက်အဖြစ် သမိုင်းဝင် ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက်လည်း ဖြစ်သည်။ ခင်မေဇော်(၀ါရှင်တန်ဒီစီ)က ဦးစံအောင်အား ၎င်း၏နေအိမ်တွင် အောက်ပါအတိုင်း သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- အန်ကယ်လ်ဦးစံအောင် သတင်းထောက်စဖြစ်ခဲ့တဲ့အချိန်ကို ပြောပါဦး။

ဖြေ- ကျွန်တော်က ၁၉၃၉ ဟိုက်စကူးကျောင်းနေတုန်းက အကျိုးဆောင်သတင်းထောက်ပေါ့။ အဖေက နယ်တွေပြောင်းတော့ နယ်သတင်းတွေ ပို့ပို့ကြည့်တော့ ပါလာတယ်။ ဒီတော့ အကျိုးဆောင်သတင်းထောက်ဆိုပြီးတော့ မြန်မာ့အလင်းဦးတင်ကနေပြီးတော့ ချီးမြှင့်တယ်။ အဲဒီကနေ တောက်လျှောက်ပဲ။ 

မေး- အဲဒီတုန်းက အန်ကယ်လ်ဦးစံအောင်တို့ကို သတင်းဘယ်လိုရေးရတယ်ဆိုတာတွေအပါအ၀င် သတင်းစာပညာကို ဘယ်သူသင်ပေးပါသလဲ။ ဘယ်လိုသတင်းထောက်စဖြစ်လာတာပါလဲ။

ဖြေ- ပထမတော့ နဂါးနီစာအုပ်တွေ၊ နဂါးနီဂျာနယ်တွေဖတ်တယ်။ နောက်ဆောင်းပါးလေးတွေ၊ အက်ဆေးတွေရေးကြည့်တော့ ပါလာတယ်။ အဖေက အစိုးရအလုပ်လုပ်တော့ သတင်းတွေ၊ ဘာတွေရရင် အဖေ့ကိုမေးပြီးတော့ ရေးပြီးထည့်တော့ ပါပါလာတယ်။ ဆိုတော့ ပထမတော့ self taught ပေါ့။ နောက်စစ်ပြီးတော့ ရန်ကုန်ဆင်းတဲ့အခါကျတော့ သင်ပေးတာက စာရေးဆရာဓူဝံ။ အယ်ဒီတာချုပ်ဦးသန်းတင့်။ သူက သူ့အိမ်မှာ ခေါ်ခေါ်အိပ်ပြောပြ။ ပြီးတော့ စာအုပ်တွေ ပေးဖတ်တယ်။ သူ့ဆီက ဓာတ်ပုံရိုက်နည်းကအစပေါ့။ အဲဒီတုန်းက ဘော့စ်ကင်မရာ။ ဖလင်စက္ကူလိပ်နဲ့ မောင်းတင်။ အလင်းရောင် ကိုယ့်ဘာသာကိုယ်ချိန်၊ တစ်ချက်နှိပ်လိုက်၊ ကလောက်ဆိုတစ်ပုံ။ အဲဒီဆရာက သင်ပေးတယ်။ ဓာတ်ပုံကို ဘယ်လိုရှုထောင့်ကယူဖို့၊ စည်းဝေးနေရင် ဘယ်လိုရိုက်ဖို့၊ ပြောတဲ့သူကို ဘယ်လိုရိုက်ဖို့၊ ကုလားထိုင်ပေါ်တက်ပြီးရိုက်ဖို့၊ ဘော့စ်ကင်မရာက ဒီလိုမြှောက်ပြီးရိုက်လို့မှမရဘဲ။ နောက်တစ်ဆင့်ကျတော့မှ လိုရီကော့ကင်မရာ ပေါ်လာတာ။ လိုရီကော့ကို တိုက်ကထုတ်ပေးတယ်။ နောက် ၃၅ mm ။ ဒီနှစ်ခုက နောက်ပိုင်းမှပေါ်တာ။ ပင်လုံတုန်းကတော့ သိပ်ခက်တယ်။ ဘော့စ်ကင်မရာနဲ့ ရိုက်ရတာလေ။

မေး- ပင်လုံညီလာခံမှာ အန်ကယ်လ်တစ်ယောက်တည်း သတင်းထောက်အဖြစ် သတင်းယူခဲ့ရတော့ ညီလာခံကျင်းပတဲ့ မြင်ကွင်းက ဘယ်လိုရှိပါသလဲ။ အန်ကယ်လ်တို့ သတင်းရတော့ ဘယ်လိုပြန်ပို့သလဲ။

ဖြေ- ပင်လုံညီလာခံစတော့ သစ်ခက်သစ်နန်းတွေနဲ့ ရှေးပုံစံအတိုင်း ၀င်းကြီးထဲမှာ လုပ်တာ။ စော်ဘွားတွေက သူ့တဲနန်းနဲ့သူပေါ့။ အဲဒီကမှ အစည်းအဝေးခန်းမကို လာကြတာ။ ကျွန်တော့်အတွက်ကျတော့ စားပွဲတစ်လုံးထားပေးတယ်။ တစ်ယောက်တည်း အဲဒီဘော့စ်ကင်မရာလေးနဲ့ထိုင်ပြီး နားထောင်ရတာပေါ့။ အင်္ဂလိပ်စစ်တပ်က ၀ိုင်ယာလက်ကြေးနန်း လာလုပ်ထားပေးတယ်။ နောက် အစည်းအဝေးပြီးပြီဆိုတာနဲ့ ၀ိုင်ယာလက်ကြေးနန်းမှာ ကျွန်တော်ကသတင်းသွားပေး။ အဲဒီက တိုက်ကို သူတို့ပို့ပေးတယ်။ အဲဒီတုန်းက လက်မှတ်ထိုးတာတွေ၊ ဘာတွေ၊ ဓာတ်ပုံတွေက ကျွန်တော်ရိုက်ထားတာ။

မေး- အန်ကယ်လ် သတင်းထောက်စလုပ်တော့ လူတွေက ဘယ်လိုတုံ့ပြန်ကြသလဲ။ အားပေးသလား။ ကန့်ကွက်သလား။ သတင်းထောက်အလုပ်ကို ဘယ်လိုမြင်ကြသလဲ။

ဖြေ- အဖေကကြည့်တယ်။ သတင်းရေးမယ် ပြောပြပါဆိုရင် ပြောပေးတယ်။ သူက မကန့်ကွက်ဘူး။ သတင်းအမှန်ရေးပေါ့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ အဲဒီခေတ်တုန်းက သိပ်ကောင်းတယ်။ ရေးလိုက်ရင် ပါပါလာတယ်။ ပါလာတော့ သိပ်ပျော်တာ။ ဦးတင်က ဘာလုပ်ပေးလဲဆိုတော့ ကိုယ်က အကျိုးဆောင်ဆိုတော့ ကျောင်းဖွင့်ခါနီးကျရင် ဘယ်နှတန်းတက်မယ်ဆိုရင် သူက စာအုပ်အထုပ်လေးတွေနဲ့ ပို့ပေးတယ်။ အဲဒီတော့ ကျွန်တော်က ကျောင်းတက်ရင်းနဲ့ သတင်းထောက်လုပ်တယ်။

မေး- အန်ကယ်လ်တို့ အင်္ဂလိပ်ခေတ်ရော ဂျပန်ခေတ်ပါမီတော့ အဲဒီတုန်းက အန်ကယ်လ်တို့ လူငယ်တွေ ပညာသင်ကြားရေးအခြေအနေ ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ- တောင်ကြီးမှာ အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်မှာ အစိုးရကျောင်းမရှိဘူး။ အင်္ဂလိပ်အစိုးရက စာသင်ကျောင်းဖွင့်မပေးဘူး။ သူက ရှမ်းစော်ဘွားတွေအုပ်ချုပ်တဲ့ မိသားစုတွေအတွက်ပဲ အစိုးရကျောင်းဖွင့်ပေးတယ်။ အဲဒီ ကျောင်းတစ်ကျောင်းပဲရှိတယ်။ အဲဒါက လူထုအတွက်မဟုတ်ဘူး။ လူထုအတွက်က မစ်ရှင်နရီတွေကဖွင့်တယ်။ အမေရိကန် ဘက်ပတစ်မစ်ရှင်နရီက အထက်တန်းကျောင်းတစ်ကျောင်း၊ တစ်ခါ ရိုမန်ကက်သလစ်ကလည်း စိန့်အင်းဆိုပြီးတော့ ဟိုက်စကူးကျောင်းတစ်ကျောင်း၊ နောက်ထပ် ဘက်ပတစ်ကပဲတစ်ကျောင်း။ ရှမ်းပြည်တောင်ကြီးမှာဆို ဒီသုံးကျောင်းပဲရှိတယ်။ ကလောမှာ ကိန်းစ၀တ်ဆိုပြီးတော့ရှိတယ်။ မစ်ရှင်နရီကျောင်း၊ နောက် လားရှိုးမှာရှိတယ်။ ဒီလောက်ပဲရှိတယ်။

မေး- ပြည်နယ်တွေမှာ အစိုးရကျောင်းလုံးဝမရှိဘူးပေါ့။

ဖြေ- မရှိဘူး။ လုံးဝမရှိဘူး။ အစိုးရ အထက်တန်းကျောင်းတွေဆိုတာက ဗမာပြည်မှာပဲရှိတယ်၊ မန္တလေးရှိတယ်၊ စစ်ကိုင်းရှိတယ် စသဖြင့် ဒီစတြိတ်မြို့ကြီးတွေမှာ အစိုးရအထက်တန်းကျောင်းတွေရှိတယ်။ မြင်းခြံရှိတယ်၊ ကသာရှိတယ် ပြည်နယ်မှာဘာမှမရှိဘူး။

မေး- အဲဒီတော့ အန်ကယ်လ် ဘယ်လိုပညာသင်လာရသလဲ။

ဖြေ- ရှမ်းပြည်မှာ စော်ဘွားသားတွေကတော့ အစိုးရအထက်တန်းကျောင်းမှာ တက်ကြတယ်။ ကျွန်တော်တို့က ပထမတော့ ဒီက မစ်ရှင်နရီကျောင်းမှာနေရတယ်။ ညောင်ရွှေက စာတော်လို့ရှိရင် တောင်ကြီးမှာ လာတက်လို့ရတယ်။ မစ်ရှင်နရီကျောင်းမှာ ဘော်ဒါလည်းထားတယ်။ ဆိုလိုတာက အဲဒီခေတ်မှာ စာတတ်ဖို့ဆိုတာက ညောင်ရွှေကလူတွေရယ်၊ တောင်ကြီးရယ်၊ ကလောရယ် ဒီလောက်လူတွေပဲ ကျောင်းနေရတယ်။ ကျွန်တော်တို့အဖေက ၀န်ထမ်းလုပ်တာကိုး။ အင်္ဂလိပ်လက်အောက်မှာ ၀န်ထမ်းလုပ်တော့ နယ်ပြောင်းရတယ်။ ပထမ ကသာကို ပြောင်းတယ်။ ကသာရောက်တော့ အစိုးရအထက်တန်းကျောင်းသွားတွေ့တယ်။  စာကလည်း အဆင့်မြင့်တယ်။ မစ်ရှင်ကျောင်းတွေမှာကတော့ ကျမ်းစာကို အရင်အဓိကထားသင်ရတာကိုး။ နောက် အဲဒီကျောင်းမှာတက်တော့ ကျွန်တော်တို့ မျက်စိပွင့်လာတယ်။ ကျောင်းမှာ ပေါင်းတဲ့သင်းတဲ့သူတွေကလည်း နောက်ပိုင်းခေတ် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့သူတွေဖြစ်လာတယ်။

မေး- ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းတော့ သတင်းထောက်အနေနဲ့ အန်ကယ်လ်ဦးစံအောင် ဘာဆက်လုပ်သေးလဲ။

ဖြေ- လွတ်လပ်ရေးနောက်ပိုင်း တရုတ်ဖြူက ဗမာပြည်မြောက်ပိုင်းမှာ လေယာဉ်ကွင်းလာဆောက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါကို ကျွန်တော်သတင်းရတယ်။ ရန်ကုန်အစိုးရက မသိဘူး။ ကျွန်တော်တွေ့တာသိတာတွေကို ဦးတင်ကို သတင်းပေးပြီး သူက ကက်ဘိနက်နဲ့ ကာကွယ်ရေးဝန်ကြီးကို ဆက်ပေးတာ။ သတင်းစာထဲတော့မပါဘူး။ ဒါပေမဲ့ ၆၂ အာဏာသိမ်းပြီးတဲ့နေ့ကစပြီးတော့ ကျွန်တော်က ကိုယ့်ဟာကိုယ်လည်း သိလိုက်တယ်။ သတင်းထောက်၊ သတင်းသမားအဖြစ်ကတော့ living dead သေပြီ။ ဘာမှလည်းလုပ်လို့မရတော့ဘူး။

မေး- အခုလက်ရှိ နိုင်ငံရေးအခင်းအကျင်းကို အန်ကယ်လ် ဘယ်လိုမြင်ပါသလဲ။

ဖြေ- အန်ကယ်စာအုပ်တစ်အုပ်က နိုဝင်ဘာလဆန်းမှာထွက်မယ်။ ပင်လုံကအဖြစ်အပျက်တွေနဲ့ ရှမ်း၊ ဗမာ ဆက်ဆံရေးအကြောင်း ရေးထားတယ်။ အရင် ရှင်ဘုရင်လက်ထက်က စော်ဘွားတွေနဲ့ ဆက်ဆံရေးအကြောင်း အင်္ဂလိပ်ရဲ့မှတ်တမ်းတွေမှာ ရက်စွဲနာမည်တွေနဲ့ ဖော်ပြထားတာတွေကို အန်ကယ်လ်ကိုးကားထားတယ်။ ဘုရင်က သမီးတော်တွေ နားသမယ်ဟေ့ဆိုရင် စော်ဘွားတွေဆီကို ဆက်သားလွှတ်ပြီးတော့ မင်းတို့ဆီမှာ သမီးတော်တွေနားသဖို့ရှိလား။ ရှိရင်နန်းတော်ကိုခေါ်လာခဲ့။ ငါအားလုံးစုပေါင်းလုပ်ပေးမယ်ဆိုတဲ့အထိ ဗမာတွေနဲ့ လူမျိုးရေးမရှိဘူးပေါ့။ ချစ်ကြည်ရေးက သိပ်ကောင်းတယ်ဆိုတာ ရေးထားတယ်။ ဗမာတပ်တွေ ဒီမှာ လာရှိတာတွေလည်း ရေးထားတယ်။ ယိုးဒယားကို သွားတိုက်တာတွေလည်းပါတယ်။ မှတ်တမ်းတွေအကုန်လုံးက အင်္ဂလိပ်ဆီကပဲ။ အဲဒါတွေက ရှေးခေတ်ဖက်ဒရယ်ပေါ့။ ဘုရင့်လက်ထက်မှာ သူကဘုရင်ပဲ၊ majority ပဲ။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဆိုတော့ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အင်္ဂလိပ်လည်း ရှမ်းပြည်ကို ငါးယောက်တည်းနဲ့ အုပ်ချုပ်သွားတာ။ စစ်ဖြစ်တဲ့အထိ လူဖြူငါးယောက်တည်း ရှမ်းပြည်တောင်ပိုင်းမှာ အုပ်ချုပ်သွားတယ်။ ပြည်နယ်တွေက ခွဲထွက်ရေးအတွက် စိုးရိမ်နေကြတယ်ပြောပေမယ့် ဘယ်သူကမှ ခွဲထွက်မှာမဟုတ်ဘူး။ ခွဲထွက်ဖို့လည်းမရှိဘူး။ အရင်ရှင်ဘုရင်တွေ လက်ထက်ကဆိုရင်လည်း  ပြည်ထောင်စုသဘောအုပ်ချုပ်ခဲ့တာပဲ။ လူနည်းစုခေါင်းဆောင်တွေက အခွန်ဆက်တယ်။ အဲဒီဒေသတွေမှာ စစ်မက်ဖြစ်ရင် ဗမာဘုရင်က စစ်ကူလွှတ်တယ်။ အုပ်ချုပ်ရေးက သူ့ဘာသာသူပဲ။ ဗမာက လူများစုလေ။ အဲဒီတုန်းကတောင် ညီညီညွတ်ညွတ်နေနိုင်ခဲ့တယ်။ ပြောမယ်ဆိုရင် ဒါဖက်ဒရယ်ပဲ။ အစဉ်အဆက်မှာ သိမ်းပိုက်တဲ့သဘောမရှိခဲ့ဘူး။ အဲဒီလို ပြန်လုပ်ဆိုရင် ဖက်ဒရယ်ရမယ်။ ခွဲထွက်ဖို့က ဘယ်လိုမှမဖြစ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူ့ဒေသသူ အုပ်ချုပ်ခွင့်အပြည့်ရရမယ်။

ကျေးဇူးတင်ပါတယ် အဘ။

ရေးသားသူ- ခင်မေဇော်(၀ါရှင်တန်ဒီစီ)

အသက်(၁၅)နှစ်အရွယ် အထက်တန်းကျောင်းသားဘ၀နှင့် မြန်မာ့အလင်းသတင်းစာ၏ အကျိုးတော်ဆောင် သတင်းထောက်ဖြစ်ခဲ့သူ ဦးစံအောင်သည် ၂၀၁၃ အောက်တိုဘာလတွင် အသက် (၈၉) နှစ်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဖျတ်လတ်သွက်လက်နေဆဲ။ အတိတ်ကဖြစ်ရပ်များကို မျက်ဝါးထင်ထင်မြင်အောင် တိတိကျကျပြောပြနိုင်ဆဲ။ မိမိတစ်နိုင်တစ်ပိုင် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အားထက်သန်နေဆဲဖြစ်သည်။ ဦးစံအောင်သည် ထိုစဉ်က ပုဂ္ဂလိက လွတ်လပ်သည့်သတင်းစာတိုက်တစ်ခုဖြစ်သည့် မြန်မာ့အလင်းသတင်းစာတိုက်၏ သတင်းထောက်အဖြစ် သမိုင်းဝင် ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက်လည်း ဖြစ်သည်။ ခင်မေဇော်(၀ါရှင်တန်ဒီစီ)က ဦးစံအောင်အား ၎င်း၏နေအိမ်တွင် အောက်ပါအတိုင်း သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- အန်ကယ်လ်ဦးစံအောင် သတင်းထောက်စဖြစ်ခဲ့တဲ့အချိန်ကို ပြောပါဦး။

ဖြေ- ကျွန်တော်က ၁၉၃၉ ဟိုက်စကူးကျောင်းနေတုန်းက အကျိုးဆောင်သတင်းထောက်ပေါ့။ အဖေက နယ်တွေပြောင်းတော့ နယ်သတင်းတွေ ပို့ပို့ကြည့်တော့ ပါလာတယ်။ ဒီတော့ အကျိုးဆောင်သတင်းထောက်ဆိုပြီးတော့ မြန်မာ့အလင်းဦးတင်ကနေပြီးတော့ ချီးမြှင့်တယ်။ အဲဒီကနေ တောက်လျှောက်ပဲ။

မေး- အဲဒီတုန်းက အန်ကယ်လ်ဦးစံအောင်တို့ကို သတင်းဘယ်လိုရေးရတယ်ဆိုတာတွေအပါအ၀င် သတင်းစာပညာကို ဘယ်သူသင်ပေးပါသလဲ။ ဘယ်လိုသတင်းထောက်စဖြစ်လာတာပါလဲ။

မီတာခ တိုးမြှင့်မှုကြောင့် အအေးခန်း စက်ရုံများ ထုတ်လုပ်မှုစရိတ် နှစ်ဆ နီးပါး မြင့်တက်နိုင်ဟုဆို

Photo: မီတာခ တိုးမြှင့်မှုကြောင့် အအေးခန်း စက်ရုံများ ထုတ်လုပ်မှုစရိတ် နှစ်ဆ နီးပါး မြင့်တက်နိုင်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

အစိုးရ၏ အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး နေရသော စရိတ်များကို ကာမိရန်ဟုဆိုကာ တိုးမြှင့်လိုက်သော လျှပ်စစ် မီတာခကြောင့် လျှပ်စစ်မီးအခြေခံ သုံးစွဲထုတ်လုပ်ရသည့် အအေးခန်း စက်ရုံများ၏ ထုတ်လုပ်မှုစရိတ်မှာ နှစ်ဆနီးပါးခန့် မြင့်တက်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အအေးခန်း စက်ရုံများနှင့် ရေခဲစက်ရုံ လုပ်ငန်းပိုင်ရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ပြီး ယင်းသို့ နိုင်ငံတကာ စံနှုန်းအတိုင်း မီတာခ ပေးဆောင်ရမည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်နိုင်မှသာ နိုင်ငံတကာ ဈေးနှုန်းနှင့် ကောက်ခံသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အဏ္ဏဝါဒေဝီ အအေးခန်း လုပ်ငန်းပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါ အအေးခန်း စက်ရုံသည် ပြီးခဲ့သည့် လများအတွင်းက တစ်လလျှင် မီတာခ ကျပ်သိန်း ၄၀ ခန့် ကျသင့်ရာမှ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုကြောင့် ကျပ်သိန်း ၈၀ ဝန်းကျင် ပေးဆောင်ရမည်ဖြစ်ရာ တစ်လလျှင် သိန်း ၄၀ ခန့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်တက်လာကြောင်း ၎င်းကရှင်းပြသည်။
“မထုတ်နိုင်ရင် စက်ရုံ ရပ်ရမှာ။ တကယ်ထိခိုက်မှာက စက်ရုံမှာရှိတဲ့ အလုပ်သမားတွေပါ။ မတက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ ဖြည်းဖြည်းတက်ပါ။ ဒီပြည်သူ ပြည်သားတွေအတွက် စဉ်းစားတယ်ဆိုရင် ဒီလို တက်သွားတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

လျှပ်စစ် သုံးစွဲမှုနည်းချိန်နှင့် သုံးစွဲမှု များချိန်ကို ခွဲခြား၍ မီတာခကို ခွဲခြား ကောက်ခံသင့်ပြီး တိုးမြှင့် ကောက်ခံလာသော မီတာခမှာ နိုင်ငံတကာ ဈေးနှုန်းနှင့် ယှဉ်ပါက ပြောစရာ မရှိသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်တက်လာသည်မှာ အမှန်ပင် ဖြစ်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က ပြောကြားသည်။

မီတာခမြင့်တက်မှု၏ အကျိုးဆက်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလ၊ အောက်တိုဘာလများအတွင်းက ရေခဲပေါင် ၃၀၀ တစ်တုံး ၂၀၀၀၊ ၂၅၀၀ ကျပ် ဈေးပေါက် ဝယ်ယူသုံးစွဲနေရာမှ နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ ကျပ် ၄၀၀၀ ဝန်းကျင်ခန့်ဖြင့် ဈေးတိုးမြှင့်ပေးကာ ဝယ်ယူသုံးစွဲရလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် အတွင်းရှိ အအေးခန်းစက်ရုံ လုပ်ငန်းရှင်အချို့က  ပြောကြားသည်။

ငါးမွေးမြူသူများသည် ငါးကန်ဖော်ရန် ပြင်ဆင်လျက် ရှိသော်လည်း ရေခဲဈေး မြင့်တက်မှုကြောင့် အခြေအနေ စောင့်ကြည့်လျက် ရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းရှင်များကလည်း ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်များက ထုတ်လုပ်မှုစရိတ် မြင့်တက် လာသည်ဟု ပြောကြားသော်လည်း လုပ်ငန်းရှင်များ ပြောကြားသည့် မီတာခ နှစ်ဆနီးပါး တက်သည် ဆိုသည်မှာ ရန်ကုန်မြို့ရှိ အကြီးစားလုပ်ငန်း ၄၀၀၀ ကျော်အတွက်သာ ဖြစ်ပြီး၊ ကျန်စီးပွားရေး လုပ်ငန်းများမှာ မထိခိုက်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

လုပ်ငန်းရှင်များသည် အစိုးရ၏ လျှပ်စစ်မီး မရရှိသည့် အချိန်တွင် ကိုယ်ပိုင် မီးစက်ဖြင့် လည်နေရသောကြောင့် မီးစက်ဖြင့် လည်သည့် ကုန်ကျစရိတ်နှင့် တိုးမြှင့် ကောက်ခံသည့် မီတာခနှုန်းထားကို တွက်ချက် ယှဉ်ကြည့်နိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံရှင်းပြသည်။

တိုးမြှင့်ကောက်ခံမည့် မီတာခနှင့် ပတ်သက်၍ နိုင်ငံတကာ ဈေးနှုန်းနှင့် ယှဉ်ပါက သင့်လျော်သော်လည်း ပေးဆောင်ရသည့် မီတာခနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုကို ရယူလိုကြောင်း၊ မီတာခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဆန္ဒကို လွှတ်တော်မှတစ်ဆင့် ရယူသင့်ကြောင်း၊ အချိန်နှစ်ရက်သာခြား၍ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုသည် မဖြစ်သင့်ကြောင်း ရန်ကုန်မြို့တော်ရှိ အချို့သော စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အောက်တိုဘာ ၂၈ ရက်နေ့၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မီတာခများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၈

အစိုးရ၏ အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး နေရသော စရိတ်များကို ကာမိရန်ဟုဆိုကာ တိုးမြှင့်လိုက်သော လျှပ်စစ် မီတာခကြောင့် လျှပ်စစ်မီးအခြေခံ သုံးစွဲထုတ်လုပ်ရသည့် အအေးခန်း စက်ရုံများ၏ ထုတ်လုပ်မှုစရိတ်မှာ နှစ်ဆနီးပါးခန့် မြင့်တက်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အအေးခန်း စက်ရုံများနှင့် ရေခဲစက်ရုံ လုပ်ငန်းပိုင်ရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ပြီး ယင်းသို့ နိုင်ငံတကာ စံနှုန်းအတိုင်း မီတာခ ပေးဆောင်ရမည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်နိုင်မှသာ နိုင်ငံတကာ ဈေးနှုန်းနှင့် ကောက်ခံသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အဏ္ဏဝါဒေဝီ အအေးခန်း လုပ်ငန်းပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါ အအေးခန်း စက်ရုံသည် ပြီးခဲ့သည့် လများအတွင်းက တစ်လလျှင် မီတာခ ကျပ်သိန်း ၄၀ ခန့် ကျသင့်ရာမှ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုကြောင့် ကျပ်သိန်း ၈၀ ဝန်းကျင် ပေးဆောင်ရမည်ဖြစ်ရာ တစ်လလျှင် သိန်း ၄၀ ခန့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်တက်လာကြောင်း ၎င်းကရှင်းပြသည်။
“မထုတ်နိုင်ရင် စက်ရုံ ရပ်ရမှာ။ တကယ်ထိခိုက်မှာက စက်ရုံမှာရှိတဲ့ အလုပ်သမားတွေပါ။ မတက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ ဖြည်းဖြည်းတက်ပါ။ ဒီပြည်သူ ပြည်သားတွေအတွက် စဉ်းစားတယ်ဆိုရင် ဒီလို တက်သွားတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို လူပွဲစားတွေက အလုပ်အကိုင်ကောင်းတွေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဘုရားသုံးဆူ၊ ပဲခူး၊ ရန်ကုန်၊ ဘီလင်း ကျိုက်ထိုစတဲ့နေရာ အသီးသီးကနေ လာကြတဲ့ မြန်မာနိုင်ငံသား ၂၀ကျော်ကို နိုဝင်ဘာလ ၈ရက်နေ့ညပိုင်းမှာ ထိုင်းလူကုန်ကူးမူတိုက်ဖျက်ရေးရဲတွေရဲ့အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာဦးကျော်သောင်းက ဆိုပါတယ်။

"ဗမာက စုစုပေါင်း ၂၆ယောက်၊ ကျားက ၁၀ယောက်၊ မက ၁၆ယောက်။ သူဌေးက မဝင်နဲ့ ခြံထဲ မဝင်နဲ့၊ ဘာညာဆိုတော့ ရဲကား ၁၀စီးနဲ့ရဲ အင်အား ၄၀လောက်ကို သုံးတာ။ မနေ့က ရဲနှစ်ယောက်က အဲ့စက်ရုံပတ်ဝန်းကျင်ကို ဓာတ်ပုံလာရိုက်တာ၊ အဲ့သူဌေးက လက်နက်ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီနေ့ ရဲတဝက်လောက်မှာ ကျည်ကာအကျီတွေပါတယ်။ ဝတ်ထားတယ်။"

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Photo: ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက် တတ်ပါတယ်။ 

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ 

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်း ဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ 

ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည် က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြု သည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့ လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင် လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။ 

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ 

Ref:GreatHorseTea
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/health/beauty/38568-drink-tea-or-not-before-launch

.

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက် တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ မှီဝဲတာအကောင်း ဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားမည်

NLD ရွေးကောက်ပွဲကာလ ထောက်ခံအားပေးသူများကို တွေ့ရစဉ်။ (ဧပြီ ၁ ၂၀၁၂)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရုတ်နိုင်ငံက လာရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် ရှေ့လဆန်းမှာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက်ဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားချက်အရ ရှေ့လထဲ သွားရောက်မှာ ဖြစ်ပေမဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မစီစဉ်ရသေးတဲ့ အကြောင်း NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဥာဏ်ဝင်း ကဗွီအိုအေကို ပြောဆိုခဲ့တာပါ။

အဖွဲ့ဝင် ၁၀ ဦး လိုက်ပါမယ့် သီတင်းတပတ်ကြာ ခရီးစဉ်မှာတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေနောက်ပိုင်း  အရင်က ထိတွေ့ ဆက်ဆံမှုတွေ များများစားစား မရှိခဲ့တဲ့ တရုတ်နိုင်ငံဟာ အခုအခါ အစိုးရနဲ့ အာဏာရ ပါတီနဲ့သာမက မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ (NLD) နဲ့လည်း အဆက်အဆံတွေ တိုးမြှင့်လာခဲ့တာပါ။ မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာလည်း မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို တရုတ် နိုင်ငံတကာ ချစ်ကြည် ရင်းနှီးရေးအသင်း ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

ထားထက်ထက် ၀တ်ဆင်သည့် ကချင်ဝတ်စုံ အမြင်ဆန်း၍ လူကြိုက်အများဆုံးဖြစ်ခဲ့

မေစနိုး၊ ရန်ကုန်၊ နိုဝင်ဘာ-၇

နိုဝင်ဘာ ၅ ရက်က ဗန်ကောက်တွင် ပြုလုပ်ခဲ့သည့် Chairty ရှိုးပွဲ၌ မြန်မာကိုယ်စားပြုမယ် ထားထက် ထက် ၀တ်ဆင်ခဲ့သော ကချင်ဝတ်စုံက အမြင်ဆန်း သောကြောင့် ပွဲ၏ လူကြိုက်အများဆုံး ၀တ်စုံဖြစ်ခဲ့ သည့် အပြင် မီဒီယာသမားများ၏ စိတ်ဝင်စားမှု အထူးခံ ခဲ့ရကြောင်း နိုဝင်ဘာ ၇ ရက်တွင် Miss Grand မြန်မာ အဖွဲ့အစည်းတည်ထောင်သူ အမှုဆောင်အရာရှိချုပ် ကိုဝေယံအောင်က စံတော်ချိန်သို့ ပြောဆိုသည်။

အဆိုပါပွဲ၏ ပြိုင်ပွဲဝင်များနှင့် မီဒီယာတွေ့ဆုံပွဲတွင် နိုင်ငံကိုယ်စားပြုမယ် အများကြားမှ မြန်မာမယ် ထားထက်ထက်အား မီဒီယာများက အင်တာဗျူးပြုလုပ်မှု များခဲ့ပြီး တက်ရောက်လာသော ပရိသတ်များထဲမှ ဓာတ်ပုံတွဲရိုက်မှု အလွန်များပြားခဲ့ကြောင်း သိရသည်။

ခြင်္သေ့မကြီးနှင့် လူသားနှစ်ဦးတို့ကြားမှ နွေးထွေးသော သံယောဇဉ်

ခြင်္သေ့မကြီးနှင့် လူသားနှစ်ဦးတို့ကြားမှ နွေးထွေးသော သံယောဇဉ် ခြင်္သေ့မကြီး ဆာဂါးသည် ဗလင်တင်း ဂရီရူနာနှင့် မစ်ကဲလ် လီဂါ့သ်တို့ နှစ်ဦးကြောင့် ယနေ့တိုင် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်

အာဖရိက တောရိုင်းနယ်မြေ တစ်ခုတွင် လူနှစ်ဦးနောက် ခြင်္သေ့ကြီးတစ်ကောင် ပြေးလိုက်နေသော မြင်ကွင်းသည် ခြောက်ခြားစရာ အငွေ့အသက်မျိုး ဖုံးလွှမ်းနေမည်သာ။ သို့သော်လည်း ထိုလူနှစ်ဦးနှင့် ခြင်္သေ့ကြီးတို့မှာ လိုက်တမ်းပြေးတမ်း ဆော့ကစားနေခြင်းမျှသာဖြစ်ကြောင်း သိရလျှင်မူ အံ့ဩပေလိမ့်မယ်။ ခြင်္သေ့မကြီး ဆာဂါးသည် ဗလင်တင်း ဂရီရူနာနှင့် မစ်ကဲလ် လီဂါ့သ်တို့ နှစ်ဦးကြောင့် ယနေ့တိုင် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် အသက်သခင် ကျေးဇူးရှင် နှစ်ဦးကို အလွန်တွယ်တာ ချစ်ခင်နေသည်။ ကျေးဇူးသိတတ်သော ဆာဂါးသည် လူငယ်နှစ်ဦးနှင့် တွေ့ဆုံတိုင်း ပျော်ရွှင်စွာဖြင့် ဖက်လှဲတကင်း နှုတ်ဆက်နေသည်မှာ တောဘုရင် ခြင်္သေ့တစ်ကောင်ထက် ကြောင်ပေါက်လေး တစ်ကောင်နှင့်ပင် ပိုမိုဆင်တူနေကြောင်း မျက်မြင်တွေ့ရှိသူများက မှတ်ချက်ပြုလေ့ရှိသည်။

ရုရှားရောက် မြန်မာမယ် မိုးစက်ဝိုင် ပွဲကြို ပြိုင်ပွဲတွေရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာ ၂၀၁၃ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး
သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးမစခင် ကျင်းပ
ပြုလုပ်လျက်ရှိတဲ့ ပွဲကြိုပြိုင်ပွဲတွေ အားလုံးရဲ့ ဆန်ခါတင်စာရင်းများမှာ ပါဝင်နေတာမို့ နိုင်ငံအတွက်
ဆုတွေများစွာ သယ်ဆောင်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

ရေကူးဝတ်စုံပြိုင်ပွဲမှာတော့ အလှဆုံးမယ် (Best Bikini Body) သုံးယောက် ရွေးချယ်ရာမှာ
တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။

"ဆုရယ်လို့တော့ အခုထိ မကြေညာသေးပါဘူး။ အခုထိကတော့ မိုးစက်ဝိုင်က နောက်ဆုံးဆန်ခါ
တင်အဆင့်တိုင်းမှာ ပါဝင်နေတာပါ။ ရေကူးဝတ်စုံနဲ့ အလှဆုံးမယ်မှာ မစ္စဖိလစ်ပိုင်၊ မစ္စယူအက်စ်
တို့နဲ့အတူ အလှဆုံးမယ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ"လို့ မယ်စကြ၀ဠာမြန်မာပြိုင်ပွဲကို စီစဉ်ကျင်းပ
ခဲ့တဲ့ ဟယ်လိုမဒမ်မီဒီယာမှ ပြောရေးဆိုခွင့်ရှိသူ ကိုချမ်းလင်းသူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပြိုင်ပွဲရဲ့အရေးကြီးတဲ့ ဆုတစ်ဆုဖြစ်တဲ့ Miss Photogenic ဆုအတွက် ကိုတော့ မဲပေးစနစ်နဲ့
ရွေးချယ်ရာမှာ မိုးစက်ဝိုင်က နံပါတ်(၈)နေရာမှာ ရပ်တည်နေပြီး တခြားအွန်လိုင်းကနေ မဲပေးလို့
ရတဲ့ ဆုတွေမှာတော့ ထိပ်ဆုံးမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမည်ပျက်စာရင်း သွင်းရန် သမ္မတအိုဘားမားကို တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းတွင် ထည့်သွင်းရန် အမေရိကန် အဖွဲ့အစည်း ၃၀ ကျော်က သမ္မတအိုဘားမားထံ အိတ်ဖွင့်စာပေးပို့ တောင်းဆို ထားကြောင်း The Indian Express သတင်းစာတွင် ဖော်ပြသည်။

ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်သည် ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားစဉ်က နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားများကို တိုက်ခိုက်မှုများအတွက် တာဝန်ရှိပြီး ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရမည့် အချက်အလက်များနှင့် ကိုက်ညီနေကြောင်း ယင်းတောင်းဆိုစာတွင် ထောက်ပြထားသည်။

အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းကို ပြန်လည် မသုံးသပ်မီ ယုံကြည် စိတ်ချထိုက်သော အခြားသူများကိုလည်း စစ်ဆေးပြီးမှသာ အမည်ပျက်စာရင်းကို အတိုးအလျှော့ ပြုလုပ် သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတကာ သဘောတူညီချက်များတွင် မည်သို့သော သဘောတူညီချက်များ ရှိထားစေကာမူ စစ်ဖြစ်နေစဉ် နှစ်ဖက်စလုံးက အသက်လု ထိုးဖောက်ရသဖြင့် အနည်းအကျဉ်း ထိခိုက်မှုများ ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

Photo: နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လာရောက်ရှင်းလင်းရန် အတွက် အကြောင်းကြားစာ ပေးပို့ရန် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ယင်းကိစ္စမှာ ဗဟိုဘဏ်က တင်ပြမှသာ ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို ညွှန်ကြားခဲ့သည်။

နိုင်ငံပိုင် အရန်ငွေနှင့် အရန်ရွှေတို့ မည်မျှရှိသည်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒအမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ထိုသို့ညွှန်ကြား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံပိုင် အရန်ရွှေ၊ အရန်ငွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလာမယ့် လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းတင်ပြဖို့ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌထံ အကြောင်းကြားဖို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူပြီး စာရေးသား ဖော်ပြပါ။ လာမယ့် ၁၂ ရက်မှာ ဒေါက်တာ ဗညားအောင်မိုး တင်ပြတဲ့ ကိစ္စကို လာရောက်ရှင်းလင်း တင်ပြဖို့ ဖြစ်ကြောင်း ဖော်ပြပေးပါ'' ဟု ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်သို့ ပြောကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာ ဗညားအောင်မိုးက လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပသည့် အချိန်မှစ၍ ရွှေကြွေးကျန် မည်မျှရှိသည်ကိုသာ သိရကြောင်း၊ နိုင်ငံ့ဘဏ္ဍာသို့ ရွှေမည်မျှ ၀င်သည်ကို မသိရကြောင်း၊ အကြွေးရှိသည်ထက် ပိုမိုရှိမည်ဟု ယူဆပါကြောင်း၊ ပါလီမန် ဒီမိုကရေစီ ခေတ်ကပင် နိုင်ငံ၌ ရွှေနှင့် နိုင်ငံခြားငွေ မည်မျှရှိသည်ကို ပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြမှုရှိကြောင်း၊ တော်လှန်ရေး အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံပိုင် နိုင်ငံခြားငွေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ဒီမိုကရေစီခေတ်ကို ရောက်ရှိလာပြီဖြစ်ရာ အခြားနိုင်ငံများနည်းတူ ပြည်သူလူထုအား ပွင့်လင်းမြင်သာမှု ရှိစေရန် ချပြသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောကြားသည်။

(ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းရန် ပြောကြားစဉ်)
(ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းရန် ပြောကြားစဉ်)
နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လာရောက်ရှင်းလင်းရန် အတွက် အကြောင်းကြားစာ ပေးပို့ရန် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ယင်းကိစ္စမှာ ဗဟိုဘဏ်က တင်ပြမှသာ ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို ညွှန်ကြားခဲ့သည်။

နိုင်ငံပိုင် အရန်ငွေနှင့် အရန်ရွှေတို့ မည်မျှရှိသည်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒအမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ထိုသို့ညွှန်ကြား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုထားခြင်း မရှိသော်လည်း မန္တလေးမြို့တွင် တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှု ပိုမိုများပြားလာ

Photo: ခွင့်ပြုထားခြင်း မရှိသော်လည်း မန္တလေးမြို့တွင် တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှု ပိုမိုများပြားလာ

မန္တလေးမြို့တွင် ခွင့်ပြုထားခြင်း မရှိသော်လည်း တရုတ်ဘာသာဖြင့် ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှုပိုမို များပြားလာကြောင်း သိရသည်။ စည်ပင်သာယာရေး ကော်မတီမှ ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်သာ ရေးသားချိတ်ဆွဲ ခွင့်ပြုထားပြီး အခြားဘာသာ စကားဖြင့် ရေးသားချိတ်ဆွဲခွင့် မပြုထားသော်လည်း တရုတ်ဘာသာဖြင့် ရေးသားချိတ်ဆွဲမှု တစတစ ပိုမိုလာကြောင်း မြို့ခံများက ဆိုသည်။

ယင်းသို့ တရုတ်ဘာသာဖြင့် ချိတ်ဆွဲခြင်းများကို မေတ္တာရပ်ခံခြင်းဖြင့် ပြန်လည် ဖြုတ်သိမ်းမှုသာ ပြုလုပ်ပြီး အရေးယူမှု မရှိ၍ ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

''ဆိုင်းဘုတ်ခွန်၊ ကြော်ငြာခွန်ရလိုမှု တစ်ခုတည်း မကြည့်သင့်ဘူး။ မတွက်သင့်ဘူး။ ခွင့်ပြုထားခြင်း မရှိတဲ့ ဘာသာစကားနဲ့ ချိတ်ဆွဲထားရင် အရေးယူနိုင်ရမယ်။ တားမြစ်နိုင်ရမယ်။ ခုအဲဒါမျိုးမရှိဘဲ မေတ္တာရပ်ခံတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တယ်။ ဒီလို တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ များလာတာက အမှန်တကယ် ဈေးကွက်ဘာလဲဆိုတာ ပြတဲ့သဘောပဲ။ ကြာရင် မန္တလေးမှာ မြန်မာတွေနေရာ ပျောက်တော့မယ်'' ဟု ကျောက်ပုတီး လုပ်ငန်းလုပ်ကိုင်သူ ကိုနေလင်းက ပြောကြားသည်။

''ကြော်ငြာဆိုင်းဘုတ်တွေမှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာကလွဲရင် ခွင့်မပြုထားဘူး။ တရုတ်ဘာသာ တစ်ခုတည်းနဲ့ ရေးသားထားတဲ့ ကြော်ငြာတွေကိုတော့ လိုက်လံစိစစ် မေတ္တာရပ်ခံပြီး ပြန်ဖြုတ်စေခဲ့ပါတယ်။ ဌာနကို အသိပေး တိုင်ကြားလို့ ဖြုတ်ခဲ့ရတာတွေ ရှိပေမယ့် အရေးယူ ဒဏ်ရိုက်မှုတော့ မပြုလုပ်ပါဘူး'' ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။ မန္တလေးမြို့တွင် တရုတ်လူမျိုး အများစု နေထိုင်မှု များပြားခြင်းနှင့်အတူ ယင်းလူမျိုးများ အခြေချ လုပ်ကိုင်မှု များပြားလာခြင်းကြောင့် တရုတ်ဘာသာစကား သင်တန်းများ၊ ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အချက်အချာကျသော လမ်းမကြီး၊ ဟိုတယ်များတွင် ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြား လာခဲ့သည်။

(မန္တလေးမြို့လယ်ရှိ တရုတ်စာများဖြင့် ရေးသားထားသော ဆိုင်တစ်ဆိုင်အား တွေ့ရစဉ်)
(မန္တလေးမြို့လယ်ရှိ တရုတ်စာများဖြင့် ရေးသားထားသော ဆိုင်တစ်ဆိုင်အား တွေ့ရစဉ်)
မန္တလေးမြို့တွင် ခွင့်ပြုထားခြင်း မရှိသော်လည်း တရုတ်ဘာသာဖြင့် ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များ ရေးသားတပ်ဆင် ချိတ်ဆွဲမှုပိုမို များပြားလာကြောင်း သိရသည်။ စည်ပင်သာယာရေး ကော်မတီမှ ကြော်ငြာ၊ လုပ်ငန်းသုံး ဆိုင်းဘုတ်များတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်သာ ရေးသားချိတ်ဆွဲ ခွင့်ပြုထားပြီး အခြားဘာသာ စကားဖြင့် ရေးသားချိတ်ဆွဲခွင့် မပြုထားသော်လည်း တရုတ်ဘာသာဖြင့် ရေးသားချိတ်ဆွဲမှု တစတစ ပိုမိုလာကြောင်း မြို့ခံများက ဆိုသည်။

ယင်းသို့ တရုတ်ဘာသာဖြင့် ချိတ်ဆွဲခြင်းများကို မေတ္တာရပ်ခံခြင်းဖြင့် ပြန်လည် ဖြုတ်သိမ်းမှုသာ ပြုလုပ်ပြီး အရေးယူမှု မရှိ၍ ကြော်ငြာဆိုင်းဘုတ်များ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

''ဆိုင်းဘုတ်ခွန်၊ ကြော်ငြာခွန်ရလိုမှု တစ်ခုတည်း မကြည့်သင့်ဘူး။ မတွက်သင့်ဘူး။ ခွင့်ပြုထားခြင်း မရှိတဲ့ ဘာသာစကားနဲ့ ချိတ်ဆွဲထားရင် အရေးယူနိုင်ရမယ်။ တားမြစ်နိုင်ရမယ်။ ခုအဲဒါမျိုးမရှိဘဲ မေတ္တာရပ်ခံတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တယ်။ ဒီလို တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ များလာတာက အမှန်တကယ် ဈေးကွက်ဘာလဲဆိုတာ ပြတဲ့သဘောပဲ။ ကြာရင် မန္တလေးမှာ မြန်မာတွေနေရာ ပျောက်တော့မယ်'' ဟု ကျောက်ပုတီး လုပ်ငန်းလုပ်ကိုင်သူ ကိုနေလင်းက ပြောကြားသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ၀တ်ရုံတော်များအား ထိန်းသိမ်းရန် ဂျပန်ပညာရှင် ရောက်ရှိ

Photo: သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ၀တ်ရုံတော်များအား ထိန်းသိမ်းရန် ဂျပန်ပညာရှင် ရောက်ရှိ

သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် မဟာလတ္တာ ၀တ်ရုံတော်များအား အဆင့်မြင့် နည်းပညာဖြင့် ထိန်းသိမ်းရန်အတွက် ဂျပန်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် Mr.Mitsuei Horisawa (Japan International Co-orporation Agency) က နိုဝင်ဘာ ၇ ရက်တွင် အမျိုးသားပြတိုက် ရန်ကုန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းကအကြီးတန်း လုပ်အားပေး အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ သက်တမ်း ၁၀၀ ကျော် ရှိနေပြီဖြစ်သည့် သီပေါမင်း ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် စုဖုရားလတ် ၀တ်ဆင်ခဲ့သည့် မဟာလတ္တာ ၀တ်ရုံတော်ကို နည်းပညာဖြင့် ထိန်းသိမ်းဆောင်ရွက်မှု ပြုလုပ်ရန် အမျိုးသား ပြတိုက်(ရန်ကုန်) တွင် ခြောက်လကြာ အချိန်ယူ ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာကို ဂျပန်နိုင်ငံမှ အဆိုပါ ပညာရှင်နှင့် အမျိုးသားပြတိုက်တို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''နည်းပညာနဲ့ ထိန်းသိမ်းတာက အချိန်ယူရတာ ဖြစ်တဲ့အတွက် ခြောက်လလောက်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ၀တ်ရုံတော်ကို ရက်လုပ်ထားတဲ့ ပစ္စည်းတွေက အရမ်းအနုစိတ်တဲ့ အတွက် အချိန်ကာလရယ်၊ ဘယ်လောက်ကုန်ကျမယ် ဆိုတာက အတိအကျ မသိသေးပါဘူး။ ပညာရှင်ကလည်း အခုမှ ရောက်တာဆိုတော့ သူကိုယ်တိုင်လည်း အခုမှ လေ့လာဆဲပါ'' ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှုး ဦးငွေထွန်းမြင့်က ပြောကြားခဲ့သည်။

ယင်းဝတ်ရုံတော်များတွင် အော်ဂဲနစ် ပစ္စည်းများ၊ အင်အော်ဂဲနစ် ပစ္စည်းများ ရောနှောနေသည့် အတွက် ထိန်းသိမ်းရာတွင် လက်ဝင်ကာ ခက်ခဲမည် ဖြစ်ကြောင်းကို ဒေါ်နုမြဇံ (အမျိုးသားပြတိုက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား) က ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ ပညာရှင် အနေဖြင့် နည်းပညာဖြင့် ထိန်းသိမ်းစောင့်ရှောက် နေစဉ်အတွင်း အမျိုးသား ပြတိုက်ရှိ ၀န်ထမ်းများကိုလည်း ပညာသင်ယူ နိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

(နည်းပြညာဖြင့် ပြုပြင်ထိန်းသိမ်းမည့် ၀တ်ရုံတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-အမျိုးသားပြတိုက်))
(နည်းပြညာဖြင့် ပြုပြင်ထိန်းသိမ်းမည့် ၀တ်ရုံတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-အမျိုးသားပြတိုက်))
သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် မဟာလတ္တာ ၀တ်ရုံတော်များအား အဆင့်မြင့် နည်းပညာဖြင့် ထိန်းသိမ်းရန်အတွက် ဂျပန်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် Mr.Mitsuei Horisawa (Japan International Co-orporation Agency) က နိုဝင်ဘာ ၇ ရက်တွင် အမျိုးသားပြတိုက် ရန်ကုန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းကအကြီးတန်း လုပ်အားပေး အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ သက်တမ်း ၁၀၀ ကျော် ရှိနေပြီဖြစ်သည့် သီပေါမင်း ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် စုဖုရားလတ် ၀တ်ဆင်ခဲ့သည့် မဟာလတ္တာ ၀တ်ရုံတော်ကို နည်းပညာဖြင့် ထိန်းသိမ်းဆောင်ရွက်မှု ပြုလုပ်ရန် အမျိုးသား ပြတိုက်(ရန်ကုန်) တွင် ခြောက်လကြာ အချိန်ယူ ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာကို ဂျပန်နိုင်ငံမှ အဆိုပါ ပညာရှင်နှင့် အမျိုးသားပြတိုက်တို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''နည်းပညာနဲ့ ထိန်းသိမ်းတာက အချိန်ယူရတာ ဖြစ်တဲ့အတွက် ခြောက်လလောက်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ၀တ်ရုံတော်ကို ရက်လုပ်ထားတဲ့ ပစ္စည်းတွေက အရမ်းအနုစိတ်တဲ့ အတွက် အချိန်ကာလရယ်၊ ဘယ်လောက်ကုန်ကျမယ် ဆိုတာက အတိအကျ မသိသေးပါဘူး။ ပညာရှင်ကလည်း အခုမှ ရောက်တာဆိုတော့ သူကိုယ်တိုင်လည်း အခုမှ လေ့လာဆဲပါ'' ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှုး ဦးငွေထွန်းမြင့်က ပြောကြားခဲ့သည်။

မယ်စကြာဝဠာ ဆန်ခါတင် ရွေးချယ်ပွဲအတွက် မိုးစက်ဝိုင် ယုံကြည်မှုတက် (ဗွီအိုအေနဲ့ သီးသန့်အမေးအဖြေ)

ရုရှနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲဟာဆိုရင် မနက်ဖြန် နောက်ဆုံး ဖိုင်နယ်ဖြစ်ပါတယ်။  မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မိုးစက်ဝိုင်ကတော့ ဒီနောက်ဆုံးဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး အရင်ကထက် ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ VOA ကိုပြောခဲ့ပါတယ်။ အခုအသံလွှင့်ချိန် မတိုင်လေးမှာပဲ VOA က မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ကြည့်ပါ။

" မနက်ဖြန်ကျတော့မှ ၁၆ယောက်ကို သူတို့က စထွက်တာနဲ့ ငါးရက်နေ့မှာ ရွေးထားပြီးသား။ ဒါပေမဲ့ မနက်ဖြန်ကျမှ ကြေညာ မယ်။ ကြေညာပြီးရင် အဲ့ဒီ့ ၁၆ယောက်က ရေကူးဝတ်စုံနဲ့ ထပ်ပြိုင်ရမယ်။ အဲ့ဒီ့ကနေ ၁၀ယောက်ရွေးမယ်။ ၁၀ယောက်ကနေ ထပ်ပြိုင်ရမယ်။ အဲ့ကနေမှ ငါးယောက် ရွေးမှာပါ။ "

မေး။  ။ ဒါဆို မနက်ဖြန် တထိုင်တည်းအပြီးပေါ့။ ၁၆ယောက်ကနေ ၁၀ယောက်ရော၊ ငါးယောက်ရော၊ အပြီး ဖိုင်နယ်ရွေးမှာလား။

" ဟုတ်တယ်။ ဟုတ်တယ်။ ဖိုင်နယ် Crown ပါ တခါတည်း စွပ်မှာ။"

လင်မယား နှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြန်ပေးဆွဲမှု တွံတေးမြို့နယ်အတွင်း ဖြစ်ပွား

နိုဝင်ဘာ ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား အမည်မသိ အမျိုးသားသုံးဦးက မျက်လုံးအား တိတ်ဖြင့်ပတ်ကာ ငွေကျပ် သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြန်ပေးဆွဲ ဖမ်းဆီးမှုနှင့် ထိုအမှုကို စုံစမ်းစစ်ဆေးနေသည့် ရဲဝန်ထမ်း တစ်ဦးအား လှိုင်သာယာမြို့နယ်၌ အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲပိုင်းက တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် ကိုကျော်မင်းဦးနှင့် ဇနီးဖြစ်သူ မမိုးမိုးအေးတို့သည် မယားညီအစ်ကိုဖြစ်သူ၏ ရုံးချိန်းသို့ သွားရောက်ရန်အတွက် ဒလမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ ကားလမ်းဘေး၊ တံတားကုန်းအဆင်း အရောက်တွင် အမည်မသိ အမျိုးသားသုံးဦးမှ ဆိုင်ကယ်အားတားပြီး ကိုကျော်မင်းဦး၏ မျက်နှာအား ခါးပတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ခါးပတ်ဖြင့် ရိုက်သဖြင့် ဆိုင်ကယ်လဲကျသွားစဉ် အဆိုပါ အမျိုးသား သုံးဦးအနက်မှ တစ်ဦးက ဆိုင်ကယ်အား မောင်းယူသွားခဲ့ပြီး ကျန်နှစ်ဦးက ကိုကျော်မင်းဦးနှင့် ဇနီးတို့အား ကြိုးဖြင့်တုပ်နှောင်၍ လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်သို့ ဆွဲတင်ပြီး လှိုင်သာယာမြို့နယ်အ၀င် တိုးဂိတ်လ်နား အရောက်တွင် ၎င်းတို့မျက်လုံးအား တိပ်အ၀ါဖြင့် ပတ်ခဲ့ကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ

Photo: လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ

တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန် မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။

တတိယမြောက်နေ့ ဆန္ဒပြမှုကို အောင်ဆန်းကွင်း (စီးတီးမတ်) ရှေ့မှ လူအင်အား ၁၀၀ ခန့်မှ စတင်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလ ရပ်ကွက်ကိုဖြတ်၍ ဆန္ဒပြလာခဲ့ရာ ပြည်သူများ ပူးပေါင်းပါဝင်မှု တဖြည်းဖြည်း များလာခဲ့ပြီး တာမွေမြို့နယ်သို့ အရောက်တွင် လူဦးရေ ၃၀၀ ခန့် ဖြစ်လာကြောင်း သိရသည်။

''ကျွန်တော်တို့ ဆန္ဒပြမှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူး။ လွှတ်တော်မှာ မီတာခလျှော့ချရေး အဆိုတင်သွင်း တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မြန်အကောင် အထည်ဖော်ဖို့ လိုတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဒဏ်တွေ ခံစားရတာ မခံနိုင်တော့ဘူး။ စနစ်ဟောင်းကအတိုင်း လုပ်ချင်းတိုင်း လုပ်တတ်တဲ့ အကျင့်က အခုလည်း ထပ်လုပ်တယ် ဆိုတော့ ပြည်သူတွေမှာ အင်မတန် နစ်နာနေပါတယ်'' ဟု ဆန္ဒ ပြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုနောင်နောင်က ၎င်း၏ အမြင်ကို ပြောကြားသည်။

ထိုသို့ဆန္ဒပြနေသော ပြည်သူများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် ရဲစခန်းတို့မှ လာရောက် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မက မင်္ဂလာတောင်ညွန့် မြို့နယ်ထဲကပါ။ အခုဆန္ဒပြတာကို မြင်တော့ ရင်ထဲမှာ တော်တော်ခံစားလာရလို့ ကိုယ်တိုင်ဝင်ပြီး ဆန္ဒပြတာပါ။ အစိုးရ ၀န်ထမ်းတွေအတွက် မီတာခက အဆင်ပြေနိုင်ပေမယ့် ကျွန်မတို့ သာမန်ပြည်သူတွေ အတွက် အိမ်ငှားခနဲ့ တိုးလာတဲ့ မီတာခက ရင်အေးလို့ မရနိုင်ပါဘူး'' ဟု အသက် ၄၀ ခန့်ရှိသော အမျိုးသမီးကြီး တစ်ဦးက ဆန္ဒပြနေစဉ် ပြောကြားသည်။

ဆန္ဒပြသူများသည် တာမွေမြို့နယ်အတွင်း လှည့်လည် ဆန္ဒပြစဉ် ကျောက်မြောင်းရပ်ကွက် အရောက်တွင် ရပ်ကွက်နေ ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင် လိုက်ပါဆန္ဒပြမှု များပြားလာခဲ့သည်။

တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုတွင် ပြည်သူများသည် အောင်ဆန်းကွင်း အနီးမှ တာမွေမြို့နယ် အရေးပေါ် မီးပျက်ပြုပြင်ရေး စခန်းရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ''ပြည်သူလူထုအား ငဲ့ညှာပါ။ လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ'' ဟု စာတန်းပါ ဗီနိုင်းကို ကိုင်ဆောင် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပြည်သူများကို ၎င်းတို့ ဖြတ်သန်းရာ လမ်းတစ်လျှောက် ရပ်ကွက်၊ မြို့နယ်များရှိ အိမ်အသီးသီးမှ ပြည်သူများက လက်ခုပ် လက်ဝါးတီး အားပေးကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆန္ဒပြသူများသည် မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူလမ်း၊ မြရာကုန်းလမ်း၊ ၁၂၄ လမ်း၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်း၊ ကျားကွက်သစ်လမ်း၊ သတိပဋ္ဌာန်လမ်း၊ ဗညားဒလလမ်း တို့တွင်လည်း လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခကလည်း ဆန္ဒပြသူများ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် အတွင်းသို့ ရောက်လာစဉ် ရေသန့်ဘူးနှင့် ဖယောင်းတိုင်များ လာရောက်ဝေငှခဲ့ပြီး အားပေးစကား မိန့်ကြားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းလမ်းကျယ် အနီး၌ ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲခန့်က ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစု အဖွဲ့မှပင် ဦးဆောင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် ၃၅လမ်း ထောင့်မှ စတင်ကာ ၁၅ ဦးခန့်က ဖယောင်းတိုင်မီးများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ယင်းနောက် ၈၄ လမ်းအတိုင်း ဖယောင်းတိုင်မီးများ ကိုင်ဆောင်လျက် လျှပ်စစ်မီတာ လျှော့ကျစေရေးအတွက် မီတာခတက်လျှင် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ်၊ ပြည်သူတွေ ဒီထက်ပိုပြီး ဘ၀ပျက်မယ်ဟူသော ဆိုင်းဘုတ်များကို ၎င်းတို့ကိုယ်တွင် ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။ ယင်းနောက် ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်တွင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က ဆက်လက်ဆန္ဒပြခြင်း မပြုရန် တားမြစ်ခဲ့ခြင်းကြောင့် ဆန္ဒပြသူတို့သည် ပြန်သွားကြကြောင်း သိရသည်။

(နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
(နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန် မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။

တတိယမြောက်နေ့ ဆန္ဒပြမှုကို အောင်ဆန်းကွင်း (စီးတီးမတ်) ရှေ့မှ လူအင်အား ၁၀၀ ခန့်မှ စတင်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလ ရပ်ကွက်ကိုဖြတ်၍ ဆန္ဒပြလာခဲ့ရာ ပြည်သူများ ပူးပေါင်းပါဝင်မှု တဖြည်းဖြည်း များလာခဲ့ပြီး တာမွေမြို့နယ်သို့ အရောက်တွင် လူဦးရေ ၃၀၀ ခန့် ဖြစ်လာကြောင်း သိရသည်။

''ကျွန်တော်တို့ ဆန္ဒပြမှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူး။ လွှတ်တော်မှာ မီတာခလျှော့ချရေး အဆိုတင်သွင်း တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မြန်အကောင် အထည်ဖော်ဖို့ လိုတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဒဏ်တွေ ခံစားရတာ မခံနိုင်တော့ဘူး။ စနစ်ဟောင်းကအတိုင်း လုပ်ချင်းတိုင်း လုပ်တတ်တဲ့ အကျင့်က အခုလည်း ထပ်လုပ်တယ် ဆိုတော့ ပြည်သူတွေမှာ အင်မတန် နစ်နာနေပါတယ်'' ဟု ဆန္ဒ ပြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုနောင်နောင်က ၎င်း၏ အမြင်ကို ပြောကြားသည်။

ထိုသို့ဆန္ဒပြနေသော ပြည်သူများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် ရဲစခန်းတို့မှ လာရောက် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားခနှုန်း ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

Photo: လျှပ်စစ်ဓာတ်အားခနှုန်း ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု၊ နှုန်းထားများကို ပြန်လည်သုံးသပ်၍ အနီးဆုံး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဟု လျှပ်စစ်ဒုတိယ၀န်ကြီး ပြောကြား

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြန်လည် လျှော့ချရေးဆိုင်ရာ အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ ခံစားမှုနှင့် ပြည်သူ့အသံ များအတွက် ဆောင်ရွက်ရန်'' ဟု အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးအေးမောက်က ''လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်ယူနစ် ဈေးနှုန်းများကို နှစ်ဆခန့် ရုတ်တရက် ကြိုတင်အသိပေးမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ ပြည်ထောင်စု လွှတ်တော်သို့ အသိပေးမှု၊ တင်ပြမှု မရှိဘဲ ရုတ်တရက် တိုးမြှင့်လိုက်သဖြင့် ပြည်သူများမှ ဝေဖန်ပြောကြားမှုများ ရှိလာကြောင်း၊ မီဒီယာများမှလည်း သုံးသပ်တင်ပြ နေကြောင်း၊ ထို့ကြောင့် ပြည်သူအများစု လိုလားသော ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ၀န်ကြီးဌာနများမှ ပြည်သူမကျေနပ်သော ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ပြည်သူအများစု အတွက် အခက်အခဲ ဖြစ်ပေါ်စေသော လျှပ်စစ်တစ်ယူနစ်အပေါ် ဈေးနှုန်း နှစ်ဆခန့် တိုးမြှင့်သည့် ပြဿနာနှင့် အိမ်သုံးယူနစ် တစ်ရာအစား ယူနစ် ၂၀၀ မှ ၃၀၀ အတွင်းသို့ တိုးမြှင့်ရန် လည်းကောင်း၊ ယူနစ် ၂၀၀ အထက်အား ဈေးနှုန်းတစ်ဆခွဲမှ နှစ်ဆတိုးမြှင့်ခြင်းအား သုံးသပ်၍ ပြန်လည်လျှော့ချရန် လည်းကောင်း၊ သုံးသပ်စဉ် ကာလအတွင်း တိုးမြှင့်ကောက်ခံမှုအား ရပ်ဆိုင်းပေးထားပါရန်နှင့် ဆောင်ရွက်မှု အခြေအနေအား ပြည်ထောင်စု အစိုးရမှ အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်ပြရန်'' ဟူ၍ အဆိုတင်သွင်းခဲ့သည်။

ထို့အပြင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတွင် အရှုံးပေါ်သဖြင့် ဈေးနှုန်းတိုးမြှင့်မည့်အစား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ပြန်လည်စိစစ် လေ့လာသုံးသပ် သင့်ကြောင်း၊ လျော့နည်းနေသည့် လျှပ်စစ်ယူနစ် သန်းပေါင်း ၂၅၀၀ အား ဆယ်တင်နိုင်မည် ဆိုပါက တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် တွက်လျှင် ကျပ် ၈၆ ဒသမ ၅ ဘီလျံခန့် ပြန်လည်ဆယ်တင် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးကြည်သာ၊ ဦးဝင်းဦး၊ ဦးမင်းသူ၊ ဒေါက်တာဝင်းမြင့်၊ ဦးကျော်နိုင်ဌေး၊ ဦးခိုင်မောင်ရည်နှင့် ဦးမြင့်ဦးတို့က လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုကို ကန့်ကွက် ဆွေးနွေးခဲ့သည်။

၎င်းတို့မှ ဆွေးနွေးရာတွင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းသည် ပြည်သူ့ဝန်ဆောင်မှု တစ်ရပ်ဖြစ်ပြီး စီးပွားရေး တစ်ခုတည်း အနေဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ယခုကဲ့သို့ ဈေးနှုန်းတိုးမြှင့် လိုက်ခြင်းကြောင့် ၀င်ငွေနည်း ပြည်သူများ အခက်တွေ့ နိုင်သဖြင့် ပြန်လည်စဉ်းစားသင့်ကြောင်း၊ ပြည်သူဗဟိုပြု စနစ်ဖြင့် သွားနေသဖြင့် ပြည်သူအား နားလည်လက်ခံအောင် ရှင်းပြသင့်ကြောင်း၊ ဓာတ်အားခ တိုးမြှင့်ခြင်းသည် အခြေခံလူတန်းစား များသာမက အစိုးရ ၀န်ထမ်းများ၊ အငြိမ်းစား ၀န်ထမ်းများ၊ လူလတ်တန်းစားများပါ ထိခိုက်နစ်နာမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ အဂတိ လိုက်စားမှုကိုလည်း စိစစ်သင့်ကြောင်း၊ လက်ရှိတွင် ပြည်သူများက ယင်းအတွက် ဆန္ဒဖော်ထုတ်သဖြင့် ပုဒ်မ ၁၈ ဖြင့် အရေးယူမှုများ ရှိနေရာ ၎င်းတို့အားလည်း ပြန်လည် လွှတ်ပေးရန် သင့်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် အရှုံးပေါ်နေသည်ဟု ဆိုသော်လည်း ရ/သုံး ဘတ်ဂျက် တင်ပြရာတွင် အရှုံးမတွေ့ရဘဲ ပိုငွေများကိုသာ တွေ့ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ကြသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ''လက်ရှိတိုးမြှင့်မည့် ဈေးနှုန်းအရ ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် နိုင်ငံတော်သို့ ထည့်ဝင်ရမည့် ၂၀ ရာခိုင်နှုန်း မပါဘဲ အရှုံး ၅၃ ဒသမ ၈၇၆ ဘီလျံခန့် ဆက်လက် ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းတွက်ချက် ထားကြောင်း ၀န်ကြီးဌာန အနေဖြင့် လက်ရှိလူဦးရေ၏ ၃၀ ရာခိုင်နှုန်းအောက်သာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ထုတ်လုပ်ပေး နိုင်သေးကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိဈေးနှုန်းဖြင့် လုပ်နိုင်စွမ်း မရှိသည့်အခါ နိုင်ငံတော်မှသာ ပိုမိုစိုက်ထုတ် ၀ယ်ယူရမည့် အခြေအနေ ရှိကြောင်း ထို့အပြင် ဓာတ်အား ဖြန့်ဖြူးမှု အပိုင်းတွင် တိုးချဲ့ရမည့်ကိစ္စ အများအပြား ရှိကြောင်း၊ ထို့ကြောင့် ဈေးနှုန်းတိုးမြှင့် ရခြင်းဖြစ်ကြောင်း၊ သို့သော် တင်ပြခဲ့သည့် အဆိုအပေါ် မူတည်ကာ အစိုးရနှင့် ပြည်သူများအတွက် သင့်တော်သည့်၊ ကျေနပ်မည့် ဈေးနှုန်းဖြစ်စေရေး အတွက် ၀န်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ သုံးသပ်ပြီးနောက် အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြသွားမည်'' ဟု ပြောကြားသည်။

ထို့နောက် ဦးအေးမောက်၏ အရေးကြီး အဆိုကို အတည်ပြုကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

''ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင် ခံရမည်'' ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂၈ (က)တွင် ဖော်ပြချက်အရ သိရသည်။

(နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် လျှပ်စစ်မီတာခ လျှော့ချရေးနှင့် ပတ်သက်သော အရေးကြီးအဆို တင်သွင်းနေစဉ်)
(နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် လျှပ်စစ်မီတာခ လျှော့ချရေးနှင့် ပတ်သက်သော အရေးကြီးအဆို တင်သွင်းနေစဉ်)
လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြန်လည် လျှော့ချရေးဆိုင်ရာ အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ ခံစားမှုနှင့် ပြည်သူ့အသံ များအတွက် ဆောင်ရွက်ရန်'' ဟု အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးအေးမောက်က ''လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်ယူနစ် ဈေးနှုန်းများကို နှစ်ဆခန့် ရုတ်တရက် ကြိုတင်အသိပေးမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ ပြည်ထောင်စု လွှတ်တော်သို့ အသိပေးမှု၊ တင်ပြမှု မရှိဘဲ ရုတ်တရက် တိုးမြှင့်လိုက်သဖြင့် ပြည်သူများမှ ဝေဖန်ပြောကြားမှုများ ရှိလာကြောင်း၊ မီဒီယာများမှလည်း သုံးသပ်တင်ပြ နေကြောင်း၊ ထို့ကြောင့် ပြည်သူအများစု လိုလားသော ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ၀န်ကြီးဌာနများမှ ပြည်သူမကျေနပ်သော ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ပြည်သူအများစု အတွက် အခက်အခဲ ဖြစ်ပေါ်စေသော လျှပ်စစ်တစ်ယူနစ်အပေါ် ဈေးနှုန်း နှစ်ဆခန့် တိုးမြှင့်သည့် ပြဿနာနှင့် အိမ်သုံးယူနစ် တစ်ရာအစား ယူနစ် ၂၀၀ မှ ၃၀၀ အတွင်းသို့ တိုးမြှင့်ရန် လည်းကောင်း၊ ယူနစ် ၂၀၀ အထက်အား ဈေးနှုန်းတစ်ဆခွဲမှ နှစ်ဆတိုးမြှင့်ခြင်းအား သုံးသပ်၍ ပြန်လည်လျှော့ချရန် လည်းကောင်း၊ သုံးသပ်စဉ် ကာလအတွင်း တိုးမြှင့်ကောက်ခံမှုအား ရပ်ဆိုင်းပေးထားပါရန်နှင့် ဆောင်ရွက်မှု အခြေအနေအား ပြည်ထောင်စု အစိုးရမှ အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်ပြရန်'' ဟူ၍ အဆိုတင်သွင်းခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis