မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ်
ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ
အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။
ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ်
တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု
များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့
ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။
''ဒီနှစ်လာရောက်ဆေးဖြတ်
သူတွေမှာလူငယ်တွေပိုများတယ်။ နောက်ပိုင်းမိန်းကလေးတွေပါ ပါ ဝင်မှုများလာတယ်။
သူတို့ကိုယ် ပိုင်အသိစိတ်ဓာတ်နဲ့ လာရောက် ဆွေးနွေးတိုင်ပင်တဲ့အခါ ကျွန်
တော်တို့အနေနဲ့ Refer လုပ်ပေး ရတာပေါ့။ ဆေးရုံကိုပို့ဆောင်ပေး
ပြီးဆေးဖြတ်နိုင်ဖို့ကူညီဆောင် ရွက်ပေးပါတယ်''ဟု ကိုလှထွန်း မျိုးက
ပြောသည်။
Wednesday, 28 August 2013
မြန်မာကစားသမားတွေ ပြိုင်ပွဲဝင်ဖို့ အသင့်မရှိသေးဘူး( . မြန်မာယူ-၂၃ နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် တွေ့ဆုံခြင်း ..)
မြန်မာနိုင်ငံမှာကျင်းပမယ့် ဆီးဂိမ်းမှာ မြန်မာပြည်သူလူထု အလိုချင်ဆုံး ရွှေတံဆိပ်က ဘောလုံးရွှေတံဆိပ်ပါ။ လာမယ့် ဆီးဂိမ်းမှာ ဘောလုံးရွှေတံဆိပ်ရဖို့ ဘာမဆိုလုပ်မယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုထားသလို ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ တောင်းဆိုသမျှကို ၁၀ဝ ရာခိုင်နှုန်း ဖြည့်ဆည်းပေးသွားမယ်လို့လည်း ပြောကြားထားပါတယ်။ ဆီးဂိမ်းမှာ ဘောလုံးရွှေတံဆိပ်ရဖို့က ကိုရီးယားနည်းပြကြီး ပတ်ဆောင်ဟွာနဲ့ ကစားသမားတွေ အပေါ်မှာ တာဝန်ကျရောက်နေပါပြီ။ ပတ်ဆောင်ဟွာဟာ မြန်မာအသင်းကို ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးထားနိုင်ပေမယ့် ပြိုင်ပွဲကြီးတွေမှာတော့ ရလဒ်ကောင်းအောင် လုပ်မပေးနိုင်သေးပါဘူး။ ဒါကြောင့် ဆီးဂိမ်းမှာ မြန်မာအသင်း ရွှေတံဆိပ်ရဖို့ သူဘယ်လောက်အထိ အာမခံနိုင်မလဲဆိုတာ ပရိသတ်တွေ သိစေဖို့အတွက် မဇ္ဈိမသတင်းစာက ပတ်ဆောင်ဟွာကို တွေ့ဆုံမေးမြန်းခဲ့ပါတယ် ...
မေး ။ ။ ဆီးဂိမ်းမတိုင်ခင် မာဒေးကား ပြိုင်ပွဲကလည်း ၀င်လာပြန်ပြီဆိုတော့ မာဒေးကားမှာ ခင်ဗျားအနေနဲ့ အောင်ပွဲ ရဖို့ ကစားမှာလား။ သာမန်ခြေစမ်းပွဲလိုပဲ ကစားမလား သိချင်ပါတယ်။
ဖြေ ။ ။ ကျွန်တော် ခင်ဗျားကို ပြန်မေးမယ်။ ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။ မာဒေးကားလား၊ ဆီးဂိမ်းလား။ ဒါကို မြန်မာပြည်သူတွေ ခွဲခြားသိဖို့လိုတယ်။ ကျွန်တော် ဒီနိုင်ငံကို ဆီးဂိမ်းရွှေတံဆိပ်ရအောင် အဓိကလုပ်ဖို့ တာဝန်နဲ့ရောက်လာတာ။ အခု ပြိုင်ပွဲစဖို့ သုံးလပဲလိုတော့တယ်။ ဘာမှ မပြင်ဆင်ရသေးဘူး။ ဒီကြားထဲ မာဒေးကား ပြိုင်ပွဲက၀င်လာတော့ နိုင်ချင်လာပြန်ရော။ ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ကျွန်တော်ကိုယ်တိုင် အဖွဲ့ချုပ်ကို တိုက်တွန်းခဲ့တာပါ။ ဆီးဂိမ်း အကြိုပြင်ဆင်မှုအနေနဲ့လည်း ပြိုင်ပွဲဝင်မှာပါ။ ဒါပေမဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် နိုင်အောင်တော့ ကစားမှာပါ။
"ကိုရီးယား ဒါရိုက်တာနဲ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု အကြောင်း Documentary ရိုက်မယ့် ဒါရိုက်တာ မောင်မျိုးမင်း"
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကိုရီးယားမှာ ကြော်ငြာ
ရိုက်ကူး ဖို့ အတွက် အေးမြတ်သူ တို့နဲ့ အတူ သြဂုတ်လ ၁၂ ရက် နေ့က သွားခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကိုရီးယား ခရီးစဉ် နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း က
“Skin Care နဲ့ ပတ်သက်တဲ့ ပလတ် စတစ်ဆာ ဂျရီ ကြော်ငြာလေး သူတို့ ရိုက်ချင်တယ်။ မြဝတီမှာ ပြန်လွှင့် မယ်။ ဟိုမှာ ပိုးထည် ကြော်ငြာလည်း ရိုက်ခဲ့တယ်။ ဟိုမှာ KBS စတူ ဒီယိုကို လေ့လာခဲ့ ရတယ်။ Special effect မိတ်ကပ်နဲ့ ပတ်သက်ပြီးတော့ ပညာတွေ အများကြီး ရတယ်။ အဲဒီ အဖွဲ့တွေ က နောက်၂လ ကြာရင် ဒီကိုလာမယ်။ ဒီမှာ သင်တန်းတွေ ပို့ချ ပေးမယ်။ လွန်ခဲ့တဲ့ ၁ဝနှစ် က တစ်ခါ လာပြီး သင်တန်း လုပ်ဖူးတယ်။ အရင်တုန်း ကလည်း ကျွန်တော့်ကို သူတို့လာ သင်ပေးဖူးလို့ မိုင်တိုင်၂၆ အတွက် မိတ်ကပ်တွေ လုပ်တတ်တာ ပေါ့။ အခု စီလီကွန်ကို ဘယ်လို စပ်လည်း ဆိုတာမျိုးတွေ ဒီကိုလာ သင်လိမ့်မယ်။” လို့ ပြောပါတယ်။

ဝယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ (ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက်၊ ဆွေမွန်)
ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များ
မကြာခဏကိုးကားပြောဆိုလေ့ရှိသည့် “၀ယ်သူသည်သာ ထာဝရမှန်ကန်သည်”ဆိုသည့်ဆိုရိုးစကားမှာ
မြန်မာပြည်အတွက်မူ ဟုတ်ဟန်မတူ။ ထိုစကားကို အနည်းငယ်မျှပင်
သံသယရှိစရာမလိုဘဲ လက်ခံကြသည့် လူ့အချို့တော့ရှိသည်။ ထိုသူတို့မှာ
မြန်မာနိုင်ငံက တယ်လီဖုန်းသုံးစွဲသူများပင်။
အစိုးရက ဖုန်းဆင်းမ်ကတ်တစ်ခုကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချခဲ့ပြီး ၀ယ်လိုအားများလာသော ဖုန်းအခွံ(Handset)ဈေးကွက်ကြောင့် ရန်ကုန်အပါအ၀င် နိုင်ငံအနှံ့တွင် ဖုန်းဟန်းဆက်အရောင်းဆိုင်များ မှိုလိုပေါက်လာခဲ့သည်။ သို့သော်လည်း အဆိုပါဆိုင်များအနက် အချို့ကသာ သူတို့ရောင်းချသည့်ပစ္စည်းများ တစ်စုံတစ်ရာ ပြဿနာပေါ်ပါက ဖြေရှင်းပေးရန် တာဝန်ယူကြသည်။
နိုင်ငံတကာတွင်ကျော်ကြားသည့် Apple ၏ အိုင်ဖုန်းကအစ Samsung ၏နောက်ဆုံးပေါ်ဖုန်းများအလယ် HTC,Huawei အဆုံး နာမည်ကျော်တံဆိပ်များကို သူ့ထက်ငါဦးအောင် ရောင်းချနေသော်လည်း ရောင်းပြီးနောက် ၀န်ဆောင်မှုပေးသည့်အပိုင်းတွင်မူ ကြော်ငြာထားသလို ၀န်ဆောင်မှုပေးဖို့ စိတ်အားထက်သန်ခြင်းမရှိကြ။

Tuesday, 27 August 2013
အရပ်ခုနစ်ပေ ၁ဝလက်မရှိသူ မြန်မာနိုင်ငံသား ခွဲစိတ်ကုသရန် ဆုံးဖြတ်ပြီ
အရပ် ခုနစ် ပေ၁ဝလက်မရှိသည့် အခရိုမီဂ လီရောဂါသည် ကိုဝင်းဇော်ဦး
အားကုသရာတွင် နည်းလမ်းနှစ် မျိုးရှိသည့်အနက် ခွဲစိတ်ကုသရန်
ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိ ရသည်။
ကိုဝင်းဇော်ဦးအား ဆေး ဆက်လက်ကုသနိုင်ရန်အတွက် ဩဂုတ် ၁၅ရက်တွင် စင်ကာပူ နိုင်ငံ အထွေထွေရောဂါကုဆေးရုံ ကြီး SGH သို့ ပို့ဆောင်ပေးခဲ့ရာ တွင် အဆိုပါဆေးရုံမှ ဆရာဝန်ကြီး များအဖွဲ့နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းတို့ ဩဂုတ် ၂၃ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ကုသရန် နည်းလမ်းနှစ်မျိုးရှိခဲ့ပြီး
ဆေးသောက်မည်ဆိုပါက တစ်လ လျှင် ကျပ်သိန်း၆၀ဝကျော်ခန့်
ကုန်ကျနိုင်မည်ဖြစ်ပြီး အောင်မြင် ရန်မသေချာသည့်အတွက် ခွဲစိတ်
ကုသရန်ဆုံးဖြတ်လိုက်ခြင်းဖြ စ် ကြောင်း သိရသည်။
''ကိုဝင်းဇော်ဦးရဲ့အခြေအ နေကို စင်ကာပူမှာစစ်ဆေးလိုက် တော့ ကြီးထွားမှုဟော်မုန်းနဲ့ IGF တွေက တအားများနေပါတယ်။ ဒီလိုများနေတာကို ကုဖို့ကတော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။
ဟော် မုန်းထွက်တဲ့အကျိတ်ကို ခွဲထုတ် တာနဲ့ ဆေးနဲ့ကုတာပါ။ ဒီနှစ်ခု
ကိုယှဉ်ကြည့်ဆွေးနွေးတော့ ဆေး နဲ့ကုတာဟာ ကြီးထွားမှုဟော်မုန်း ကို
တိုက်ဖျက်တဲ့ဆေးပေးရမှာ ပါ။ တစ်လကို ကျပ်သိန်း ၆၀၀ လောက်ကုန်ကျပြီးတော့
အောင် မြင်မယ်၊ မအောင်မြင်ဘူးလို့လဲ မသိနိုင်ပါဘူး။
ကိုဝင်းဇော်ဦးအား ဆေး ဆက်လက်ကုသနိုင်ရန်အတွက် ဩဂုတ် ၁၅ရက်တွင် စင်ကာပူ နိုင်ငံ အထွေထွေရောဂါကုဆေးရုံ ကြီး SGH သို့ ပို့ဆောင်ပေးခဲ့ရာ တွင် အဆိုပါဆေးရုံမှ ဆရာဝန်ကြီး များအဖွဲ့နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းတို့ ဩဂုတ် ၂၃ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ကုသရန် နည်းလမ်းနှစ်မျိုးရှိခဲ့ပြီ
''ကိုဝင်းဇော်ဦးရဲ့အခြေအ နေကို စင်ကာပူမှာစစ်ဆေးလိုက် တော့ ကြီးထွားမှုဟော်မုန်းနဲ့ IGF တွေက တအားများနေပါတယ်။ ဒီလိုများနေတာကို ကုဖို့ကတော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ
ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့်
တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ
မှရဲများပင်ဖြစ်ကြောင်း ..။
ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄
( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။
ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊
ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ
တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။
ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက် ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။
ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။
ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄
( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။
ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။
ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်
ထန်းကုန်းကျေးရွာ မီးရှို့မှု သံသယရှိသူများကို ဆက်လက် ဖမ်းဆီး
![]() |
| ထန်းကုန်းကျေးရွာတွင် မီးရှို့ခံရသော နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ) |
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ ပဋိပက္ခတွင် ၀င်ရောက်မီးရှို့သည်ဟု သတင်းရထားသော အနီးဝန်းကျင်မှ ရွာသားများကို ရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ဘာသာခြား ၃ ဦးက အမျိုးသမီးကို မုဒိန်းကျင့်သည်ဟူသော ကောလာဟလကို အခြေခံပြီး ထန်းကုန်းကျေးရွာရှိ မွတ်စလင် အိမ်ခြေ ၄၈ လုံးနှင့် ဈေးဆိုင် ၁၃ ခန်း မီးရှို့ခံရကာ လူ ၂၉၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က ၁၁ ဦး ဖမ်းဆီးထားပြီး ဖြစ်ပြီး ထန်းကုန်းကျေးရွာ အနီးတဝိုက်ရှိ အုတ်ဖို၊ အင်မတ်တော၊ ဇီးပင်သာ၊ ဝက်တိုး၊ မယ်ဇလီကုန်း အပါအဝင် ရွာပေါင်း ၁၂ ရွာမှ မသင်္ကာသူများကို ထန်းကုန်း ရဲစခန်းက ယနေ့ နေ့လယ်မှစ၍ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိအနေထားအရ ဘယ်နှစ်ယောက် ဖမ်းထားသလဲ ဆိုတာမျိုး အတိအကျ မသိသေးပါဘူး။ စဖြစ်ဖြစ်ချင်းကတော့ တရားခံ ၁၁ ဦး ဖမ်းဆီးထားပါတယ်။ အထက်က ဖမ်းမိန့်တော့ ကျပြီးသားပါ” ဟု ထန်းကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
လွှဲသံသရာထဲမှာ ဝဲကာ လည်နေမှာလား ဗိုလ်ချုပ်ရုပ်ရှင် (မစပ်စု)
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သားများ (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ facebook စာမျက်နှာမှ)
ယခင် စစ်အစိုးရလက်ထက်မှာ တွေ့ဖို့ မြင်ဖို့ သိဖို့ ခက်ခဲတဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို
နောင်လာနောက်သားတွေ သိရှိနိုင်အောင် ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာခဲ့တာ
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ရုပ်ရှင်အနုပညာရှင် တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့
သမီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ဒီကိစ္စအတွက် ကော်မတီဖွဲ့ကြလေတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ လုပ်ပြီး လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ၀ိုင်း၊ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မိုးသူ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ ကိုလွင်(စနိုးဝှိုက်)၊ သရုပ်ဆောင် ဝေဠုကျော်၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း၊ သရုပ်ဆောင် (ဦး) အောင်လွင်၊ လူရွှင်တော် အရိုင်းတို့နဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ နောက်တော့ မောင်မောင်ဦး( စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်) တို့ကို အကြောင်းတစုံတရာ မသိရဘဲ အဖွဲ့ထဲမှာ မတွေ့ရတော့ပါဘူး။
မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့်
အခြားနိုင်ငံသားများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း
The Star သတင်းဌာနတွင် ဖော်ပြသည်။
Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာ နေရာများတွင် ပြုလုပ်ရန် သြဂုတ်လ ၂၄ ရက်နေ့ က မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း ယင်းသတင်းဌာန တွင် ဖော်ပြသည်။
“တစ်နှစ်တစ်ခါ ရှင်းလင်းရေး လုပ်တာပါ။ အထောက်အထား မရှိတဲ့ သူတွေ ဆိုရင် အတတ်နိုင်ဆုံး အပြင် မထွက်တာ ကောင်းတယ်” ဟု ကွာလာလမ်ပူ မြို့တွင် ဈေးဆိုင် ဖွင့်ထားသူ ဦးဇော်ဇော်အောင် က ပြောကြားသည်။

ဆီးရီးယားရောက် ကုလ စုံစမ်းရေးအဖွဲ့ အတိုက်ခံရ
ဆီးရီးယားစစ်တပ်က ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ
စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ Damascus မြို့မှာ
ရောက်ရှိနေသလို၊ တနင်္လာနေ့ကတော့ သူတို့ရဲ့ ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပါတယ်။
ဆီးရီးယားစစ်တပ်က ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဓာတုအဆိပ်သင့်ခဲ့သူတွေရဲ့ သွေး နမူနာတွေကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက ရယူခဲ့ပါတယ်။
အရပ်သား ရာနဲ့ချီ သေစေခဲ့တဲ့၊ တချို့အိမ်တွေမှာ မိသားစု တစုလုံး အသတ်ခံရတဲ့အထိ ဆိုးရွားခဲ့တဲ့၊ အစိုးရတပ်တွေက အဆိပ်ဓာတ်ငွေ့တွေ သုံး တိုက်ခိုက်မှုလို့ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ စွပ်စွဲပြောဆိုထားတာပါ။

အရိုက်ခံချင်လွန်းသော ကိုကိုချစ်၊ မမချစ်များ(ရေးသားသူ- ဘစီ)
သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း
သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက
အထင်ကရဆရာအချို့ကွယ်လွန်သွားကြတယ်မို့လား။ ရက်စက်လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီးတစ်ယောက်လိုက်သွား ကြရရှာတယ်။
“ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန်တုန်းက ဆရာတင်မိုးက ၀မ်းနည်းမှတ်တမ်းရေးပါသေးသကော။ သွေးထွက်အောင်မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ရက်စက်သွားမှန်းမသိတဲ့ သြဂုတ်လကြီးထဲမှာ သေမင်းက ကျုပ်တို့ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။
ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊
အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။

ကလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ မိခင်က အိမ်နီးချင်းများကို အမှုဖွင့်
Tuesday, August 27, 2013
အခကြေးငွေယူပြီး သူ့သမီးလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ အိမ်နီးချင်းများကို ကလေးမိခင်က ရဲစခန်း၌ တိုင်တန်းမှုတစ်ခု သြဂုတ် ၂၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ကလေးငယ်သည် အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး သူမ၏မိဘများသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်တဲဖြင့် နေထိုင်သူများဖြစ်ကြသည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။
သြဂုတ် ၂၃ ရက်ညတွင် ထိုကလေးသည် အိမ်သို့ ပြန်မလာသဖြင့် ည ၈ နာရီကတည်းက လိုက်ရှာသော်လည်း မတွေ့ခဲ့ရကြောင်း နောက်တစ်နေ့ နံနက် ၂ နာရီအချိန်ရောက်မှ အိမ်သို့ ပြန်ရောက်လာကြောင်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားထားသည်။
အခကြေးငွေယူပြီး သူ့သမီးလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ အိမ်နီးချင်းများကို ကလေးမိခင်က ရဲစခန်း၌ တိုင်တန်းမှုတစ်ခု သြဂုတ် ၂၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင
ကလေးငယ်သည် အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး သူမ၏မိဘများသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်တဲဖြင့် နေထိုင်သူများဖြစ်ကြသည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။
သြဂုတ် ၂၃ ရက်ညတွင် ထိုကလေးသည် အိမ်သို့ ပြန်မလာသဖြင့် ည ၈ နာရီကတည်းက လိုက်ရှာသော်လည်း မတွေ့ခဲ့ရကြောင်း နောက်တစ်နေ့ နံနက် ၂ နာရီအချိန်ရောက်မှ အိမ်သို့ ပြန်ရောက်လာကြောင်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး
ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန်
ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊
ရုပ်ရှင်အစည်းအရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး
ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့်
အကြောင်းအရင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။

အိန္ဒိယ ဓာတ်ပုံ သတင်းထောက် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများ အကုန် ဖမ်းမိ
အိန္ဒိယနိုင်ငံမှ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးနှင့် ပတ်သက်ပြီး မကျေနပ်မှုများ မြင့်တက်လာစေသည့် နောက်ထပ် လိင် အကြမ်းဖက်ခြင်း ရာဇဝတ်မှု တစ်ခုဖြစ်သော ဓာတ်ပုံ သတင်းထောက် အမျိုးသမီး ငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်သူများ အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
“ကျွန်တော်တို့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဌာနက နယူးဒေလီကနေ ငါးယောက်မြောက် ပြစ်မှု ကျူးလွန်သူကို ဖမ်းမိပြီ ဖြစ်လို့ မွန်ဘိုင်းကို ပြန်ခေါ်လာပြီ ဖြစ်ပါတယ်”ဟု အမည် ဖော်လိုခြင်း မရှိသော အစိုးရအရာရှိ တစ်ဦးက AFP ကို ပြောကြားခဲ့သည်။
အသက် ၂၀ စွန်းစွန်းသာ ရှိသေးသော အဆိုပါ ဓာတ်ပုံသတင်းထောက် မိန်းကလေးငယ်ကို လူငါးဦး ပါသော အုပ်စုက မွန်ဘိုင်းမြို့ ဈေးရပ်ကွက်တွင် အဓမ္မ ပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။
ဆီးရီးယား ဓာတုလက်နက် အသုံးပြုမှု ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန်နှင့် ဗြိတိန် သတိပေး
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့ အစိုးရများကို တုန်လှုပ်စေ ခဲ့သည့် ဆီးရီးယားနိုင်ငံ၏ ဖြစ်စဉ်တွင် အာဏာရှင်သမ္မတ ဘာရှား အာဆတ် အစိုးရ တပ်ဖွဲ့ဝင်များ ဘက်က ဓာတု အဆိပ်လက်နက် အသုံးပြုခဲ့ရိုး မှန်သည် ဆိုပါက ပြင်းထန်သည့် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံ တို့က သတိပေး ခြိမ်းခြောက်လိုက်ကြောင်း ဗြိတိန် မီဒီယာများ က ရေးသား ဖော်ပြသည်။
လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အတိုက်အခံ သူပုန်များက စွပ်စွဲ ပြောဆိုထားသော ဆီးရီးယား ဓာတု အဆိပ်လက်နက်ဖြင့် တိုက်ခိုက်ခံ ရမှုနှင့် ပတ်သက် ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့သည် စနေနေ့က မိနစ် ၄၀ ကြာမျှ တယ်လီဖုန်း ဖြင့် ဆွေးနွေး ပြောဆိုကြသည်။
ထိုသို့ ပြောဆိုရာတွင် ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှုအတွက် တုံ့ပြန်မှု တစ်ရပ် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်ဟူသော အချက်ကို ၎င်းတို့နှစ်ဦး သဘောတူညီခဲ့ကြသည်ဟု Guardian သတင်းစာက ရေးသား ဖော်ပြသည်။
တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
ရန်ကုန်၊ သြဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် အဿကလမ်းနှင့် ၂၅ လမ်းထိပ်တွင် သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အနှေးယာဉ် (ဆိုက်ကား) ပေါ် လိုက်ပါလာသော အသက် ၄၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၏ မျက်နှာကို အမျိုးသား တစ်ဦးက ဓားဖြင့် ရုတ်တရက် လှီးကာ အကြမ်းဖက်ခံရသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးအရေးပေါ် တိုးမြှင့်ထားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။
ယင်းနေ့ ညနေပိုင်း မြို့နယ် ရဲစခန်းရှေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်း လုံခြုံရေးအဖြစ် ရဲလုံခြုံရေး ရှေ့ပြေးယာဉ် ရှစ်စီးခန့်နှင့် လုံခြုံရေးယာဉ် နှစ်စီး တို့ဖြင့် တိုးမြှင့်ထားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

အမေ့ခံ ရန်ကုန်မြို့ လူငယ်များ
ရန်ကုန်မြို့လယ် အချက်အချာကျသည့် ကုန်တိုက်ကြီးတစ်ခု နောက်တွင် စကိတ်ဘုတ်ပြား စီးသည့် လူငယ်တစ်စု ကစားနေကြသည်။ မွန်းလွဲ နေရောင်အောက်တွင် အက်ကွဲနေသည့် ကွန်ကရစ် လမ်းပေါ်၌ သူတို့အရိပ်တွေ လှုပ်ရှား ယိမ်းထိုးနေသည်။ စကိတ်စီးသည့် နေရာအဖြစ် သီးခြား လာဆောက်ပေးထားသည့် ဤနေရာတွင် သစ်သားတန်းများ၊ သံချေး တက်နေသည့် ရထားသံလမ်း အရံအတားများ ရှိနေပြီး ကားတာယာ သုံးလုံးကို ဆင့်ထားသည့် အပေါ်သို့ စကိတ်သမား တစ်ယောက်က ခုန်ကျော်လိုက်သည်။
မြို့တော် ဗဟိုကုန်တိုက်ကြီးဆီမှ ခပ်ဝဝ လုံခြုံရေး တစ်ယောက်က ထိုစကိတ်စီးနေသည့် အုပ်စုကို သင်္ကာမကင်းစွာနှင့် လှမ်းကြည့်နေသည်။ သူက မျက်လုံးကို မှေးပြီး နာရီကို ကြည့်လိုက်သည်။ ကုန်တိုက်က ည ၉ နာရီတွင် ပိတ်မည်။ ထိုအချိန်ကျမှ ကောင်လေးတွေကို မောင်းထုတ်ရမည်။
ဖရိုဖရဲ ပျက်စီးလုနီးပါး ဖြစ်နေသော ဤစကိတ်ကွင်းသည် လူငယ်တို့အတွက် ဒုတိယ အိမ်ဂေဟာ ဖြစ်သည်။ သူတို့မှာ အနားယူ အပန်းဖြေချိန် အတွက် ရွေးချယ်စရာတွေက နည်းပါးလှသည်။ ပျက်စီးနေသည့် လမ်းမကြီး များ၊ ချိုင့်ကျင်းများနှင့် ပြည့်နေသည့် လမ်းမကြီးများပေါ်တွင် သူတို့ စကိတ်စီးရန် ဆိုသည်မှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။
အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ကို ဆန္ဒပြသူများအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် ရုံးတင်
ကိုင်ရို၊ သြဂုတ် ၂၆
လွန်ခဲ့သော ရက်ပိုင်းက အီဂျစ် တရားရုံးက လွှတ်မိန့် ပေးခဲ့ပြီး အကျဉ်းထောင်မှ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ၂၀၁၁ ခုနှစ်က လူထု ဆန္ဒပြမှုများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က တရားရုံးတွင် အမှု စစ်ဆေးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ်က လူထုဆန္ဒပြမှု များကို သတ်ဖြတ်ခဲ့မှုဖြင့် ယမန်နှစ်က ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့သော် လည်း အယူခံ ဝင်ခဲ့ပြီးနောက် အဆိုပါအမှုကို ပြန်လည် စစ်ဆေးရန် အမိန့် ချမှတ်ထားစဉ် ယခုကဲ့သို့ ပြန်လည် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။
လွန်ခဲ့သော ရက်ပိုင်းက အကျဉ်းထောင်တွင် ဖမ်းဆီးထားသော အီဂျစ် အာဏာရှင် သမ္မတဟောင်း မူဘာရက်ကို ပြန်လွှတ်ပေးရန်နှင့် ၂၀၁၁ ခုနှစ်က ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုကို ပြန်လည် စစ်ဆေးရန် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းလည်း ဖြစ်သည်။

Sunday, 25 August 2013
ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင်
ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ်
သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက
ကြေညာထားသည်။
လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ
ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ
ပြုလုပ်သွားမည်ဖြစ်သည်။
“ခရိုင်က ညွှန်ကြားတာပါ။ ညက
ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။
ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက
တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ
ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင်
ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ်
သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက
ကြေညာထားသည်။
လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက
နာမည်ကြီးလူသတ်မှုကိုမလေးတရားရုံးက ပြန်ပြင်ဆင်
၂၀၀၉ခုနှစ်က လူသတ်မှု တစ်ခုတွင် အပြစ်ပေးခံခဲ့ရသော
အဆင့်မြင့်ရဲအရာရှိနှစ်ဦးအပေါ် မလေးရှားတရားရုံးတစ်ခုမှ သော ကြာနေ့က
ပလပ်ခဲ့ရာ တိုင်းပြည် အတွက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ခဲ့ပြီး
လက်ရှိဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်နှင့်ပါ ဆက်နွှယ်မှုရှိနေ သည့်သဘော
ဝေဖန်ခဲ့ကြသည်။
အဇီလာဟာဒရီနှင့်
ဆီရူ အဇာအူမာတို့ကို လူသတ်မှုဖြင့် ဖမ်းဆိးခဲ့သည်။ မလေးရှားအစိုးရ မှ
ဒေါ်လာ၁ဒသမ၁ဘီလီယံဖိုးရှိScorpion အမျိုးအစား ပြင်သစ် ရေငုပ်သင်္ဘောများ
ဝယ်ယူမှု တွင် အသက် ၂၈နှစ်အရွယ်ရှိ မွန်ဂိုလီးယားအမျိုးသမီးစကား ပြန်နှင့်
မော်ဒယ်တစ်ဦးဖြစ်သောAltantuya Shaariibuu မှာ မသမာ ကြေးပေးရမှု၏
အရှုပ်တော်ပုံ၌ အဓိကပါဝင်ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အသတ်ခံခဲ့ရသည်။
၂၀၀၉ခုနှစ်က လူသတ်မှု တစ်ခုတွင် အပြစ်ပေးခံခဲ့ရသော အဆင့်မြင့်ရဲအရာရှိနှစ်ဦးအပေါ် မလေးရှားတရားရုံးတစ်ခုမှ သော ကြာနေ့က ပလပ်ခဲ့ရာ တိုင်းပြည် အတွက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်နှင့်ပါ ဆက်နွှယ်မှုရှိနေ သည့်သဘော ဝေဖန်ခဲ့ကြသည်။
အဇီလာဟာဒရီနှင့် ဆီရူ အဇာအူမာတို့ကို လူသတ်မှုဖြင့် ဖမ်းဆိးခဲ့သည်။ မလေးရှားအစိုးရ မှ ဒေါ်လာ၁ဒသမ၁ဘီလီယံဖိုးရှိScorpion အမျိုးအစား ပြင်သစ် ရေငုပ်သင်္ဘောများ ဝယ်ယူမှု တွင် အသက် ၂၈နှစ်အရွယ်ရှိ မွန်ဂိုလီးယားအမျိုးသမီးစကား ပြန်နှင့် မော်ဒယ်တစ်ဦးဖြစ်သောAltantuya Shaariibuu မှာ မသမာ ကြေးပေးရမှု၏ အရှုပ်တော်ပုံ၌ အဓိကပါဝင်ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အသတ်ခံခဲ့ရသည်။
Subscribe to:
Posts (Atom)