Sunday, 25 August 2013
မက္ကဆီကိုစီးတီးအနီး စုပုံမြှုပ်ထားသော အလောင်းများတွေ့
ဩဂုတ်၂၂ရက်က မက္ကဆီ ကိုစီးတီးအနီး အစုလိုက်အပြုံ လိုက်
မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ မေလက
ပြန်ပေးဆွဲ ခံခဲ့ရသော လူငယ် ၁၂ဦး၏အ လောင်းများဟုတ်မဟုတ် စိုးရိမ်
နေသောဆွေမျိုးများက သိချင် နေသည်။
ဩဂုတ် ၂၁ရက်က ပန်းခြံ တစ်ခုတွင် ရှာဖွေမှုစတင်ပြီး နောက်
ပုပ်သိုးဆွေးမြည့်နေသော လူခုနစ်ဦးပါအလောင်းများတွေ့ ရခြင်းဖြစ်သည်ဟု
မက္ကဆီကိုစီး တီး၏ ထိပ်တန်းရှေ့နေရိုဒေါ်လ် ဖိုရီယို့စ်က ပြောကြားခဲ့သည်။
အလုပ်သမားများက ဆက်လက် တူးဖော်ရှာဖွေလျက်ရှိသည်။
အလောင်းများကို
ခွဲခြား သိရှိရန်အတွက် DNA ရလဒ် များရရှိရန် အနည်းဆုံးနှစ်ရက် ကြာမည်ဟု
ရီယို့စ်က ပြောကြား ခဲ့သည်။ ပြန်ပေးဆွဲခံရသူများ မှာ အသက်၁၆နှစ်မှ ၃၄နှစ်အ
ရွယ်အထိ ပါဝင်ပြီး လွန်ခဲ့သည့် သုံးလက တနင်္ဂနွေနေ့နေ့ခင်း
ကြောင်တောင်မြို့လယ်ရှိ ဘား ဆိုင်တစ်ခုမှ အဓမ္မခေါ်ဆောင် ခံခဲ့ရသည်။
၎င်းဖြစ်ရပ်ကြောင့် မက္ကဆီ ကိုစီးတီး၏ လုံခြုံရေးကိစ္စအပေါ် စိုးရိမ်မှုများမြင့်မားလာခဲ့ပြီး မူး ယစ်ဆေးဝါးဂိုဏ်းများ၏ အကြမ်း ဖက်တိုက်ခိုက်မှုကို ယခင်ကနှင့် စာလျှင်ခုခံကာကွယ်နိုင်စွမ်းရှိ ပြီ ဆိုသည့်ယူဆချက်ကို စိန်ခေါ် လျက်ရှိသည်။
ဩဂုတ်၂၂ရက်က မက္ကဆီ ကိုစီးတီးအနီး အစုလိုက်အပြုံ လိုက် မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ မေလက ပြန်ပေးဆွဲ ခံခဲ့ရသော လူငယ် ၁၂ဦး၏အ လောင်းများဟုတ်မဟုတ် စိုးရိမ် နေသောဆွေမျိုးများက သိချင် နေသည်။
ဩဂုတ် ၂၁ရက်က ပန်းခြံ တစ်ခုတွင် ရှာဖွေမှုစတင်ပြီး နောက် ပုပ်သိုးဆွေးမြည့်နေသော လူခုနစ်ဦးပါအလောင်းများတွေ့ ရခြင်းဖြစ်သည်ဟု မက္ကဆီကိုစီး တီး၏ ထိပ်တန်းရှေ့နေရိုဒေါ်လ် ဖိုရီယို့စ်က ပြောကြားခဲ့သည်။ အလုပ်သမားများက ဆက်လက် တူးဖော်ရှာဖွေလျက်ရှိသည်။
အလောင်းများကို ခွဲခြား သိရှိရန်အတွက် DNA ရလဒ် များရရှိရန် အနည်းဆုံးနှစ်ရက် ကြာမည်ဟု ရီယို့စ်က ပြောကြား ခဲ့သည်။ ပြန်ပေးဆွဲခံရသူများ မှာ အသက်၁၆နှစ်မှ ၃၄နှစ်အ ရွယ်အထိ ပါဝင်ပြီး လွန်ခဲ့သည့် သုံးလက တနင်္ဂနွေနေ့နေ့ခင်း ကြောင်တောင်မြို့လယ်ရှိ ဘား ဆိုင်တစ်ခုမှ အဓမ္မခေါ်ဆောင် ခံခဲ့ရသည်။
၎င်းဖြစ်ရပ်ကြောင့် မက္ကဆီ ကိုစီးတီး၏ လုံခြုံရေးကိစ္စအပေါ် စိုးရိမ်မှုများမြင့်မားလာခဲ့ပြီ
စစ်တွေမြို့တွင် နောက်ဆုံးကျန်သောဘင်္ဂါလီရပ်ကွက် စတင်ပြောင်းရွှေ့

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့်
အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက
တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း
ဖြစ်သည်။
“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး
ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော်
ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။
အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။
![]() |
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့်
အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။
“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။
အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။
၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။
“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။
အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌတို့ အပြန်အလှန် တရားစွဲ
ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် (ဆုဗီဒီယိုထုတ်လုပ်ရေး) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၉ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းသည် အမှတ် ၁၆၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီးအနောက်ရပ်ကွက် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ရုံးခန်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ကျူးကျော် ဝင်ရောက်ကာ ဆက်လက်သုံးစွဲနေသဖြင့် အရေးယူပေးပါရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောကြားသည်။
ယင်းသို့ တိုင်တန်းမှုအပေါ် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်က“သူ့ဘက်က ကျွန်မကို ကြိုက်တဲ့ ပုဒ်မနဲ့ တရားစွဲလို့ရပါတယ်။ ကျွန်မဘက်ကလည်းသူ့ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်က မတရား ထုတ်ပယ်မှု၊ ကျွန်မရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် မဟုတ် တမ်းတရား စာသားတွေနဲ့ ရုပ်ရှင်အစည်းအရုံး ဝက်ဘ်ဆိုက်မှာ စာတွေဖြန့်ဝေမှု၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်အောင် ရုံးခန်းကို ပိတ်ဆို့ထားမှုတွေနဲ့ သြဂုတ်လ ၁၃ ရက်ကစပြီး တရားစွဲဖို့ လုပ်ထားပါတယ်။ သူနဲ့ကျွန်မ တရားရုံးမှာ တွေ့ကြတာပေါ့” ဟု သူ၏သဘောထားကို ဖွင့်ဟသည်။
တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ်
![]() |
| တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ် |
Sunday, August 25, 2013
မြန်မာနိုင်ငံမှာ တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ် တွေကို မြင်ဖူးကြမှာပါ။ တပ်ပိုင်မြေဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာ အများပြည်သူအနေနဲ့ အတိအကျ မသိနိုင်ပါဘူး။
ဒါပေမယ့် တပ်ပိုင်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးကြရာမှာ အခုတော့ တပ်ပိုင်မြေတွေထဲက ဧက ၃ သောင်း ၇ ထောင် ကျော်ကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။
လွှတ်တော်ကို တင်ပြလာတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ တိုင်စာ ၆၅၅ စောင်ထဲက ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က တိုင်စာ ၆၀၁ စောင်ကို စိစစ်ပြီး အခုလို တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေ ဧရိယာတွေထဲက ဧကပေါင်း ၃၇၅၄၆.၉၆ ကို ပြန်လည် စွန့်လွှတ်သွားမှာဖြစ်တယ်လို့ ယမန်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

ကင်တားနား ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး စုံစမ်းရေး ကော်မရှင်က ပြန်လည်စိစစ်လျက်ရှိ
ကင်တားနား ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး
စုံစမ်းရေးကော်မရှင်မှ ပြန်လည်စိစစ်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က
စက်မှုဝန်ကြီးဌာနတွင် သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောကြားသည်။
"တကယ်လို့သာ သူ့ကားကို လူအယောက် ၂၀၀ လောက်က ၀ိုင်းပြီးဆွဲကြရင် အဲ့ဒီဒေသမှာ ရှိတဲ့လူတွေမှာ မိုဘိုင်းဖုန်းတွေ ရှိနေတယ်။ သတင်းထောက်တွေလည်း ရှိနေတယ်။ တကယ်လို့ ကုလသမဂ္ဂကလည်း တစ်ဦးချင်းစီ ပြောသွားတာပါ။ သူပြောတဲ့ပေါ် မူတည်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ပြောလာမယ်ဆိုရင်လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက လိုအပ်သလို တုံ့ပြန်ရမှာပေါ့။ အဲ့ဒီအဖြစ်အပျက်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ လူတွေက သူ့ကားနားကို ယှဉ်ကပ်သွားတာက သူ့ကိုအန္တရာယ် ပြုမယ့်သူတွေ မဟုတ်ဘူး။ သူ့ကို စာပေးဖို့ ကပ်သွားတာပါ။ သူ့နားမှာလည်း လုံခြုံရေး အပြည့်အ၀ ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာစစ်သားရဲဘော်များနှင့် အာလင်တန်
အမေရိကန်နိုင်ငံသို့ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံ အာလင်တန် အမျိုးသား
သင်္ချိုင်းသို့ ရောက်ခဲ့စဉ်က အဲဒီ့စစ်သင်္ချိုင်းနဲ့ ပတ်သက်တဲ့
ဆောင်းပါးလေးကို ရေးချင်စိတ် အတော်ပြင်းပြခဲ့ပါတယ်။
ဒါပေမယ့် ရေးဖြစ်တဲ့ဆီကို မရောက်ခဲ့ပါဘူး။
ရေးမယ်လို့ စဉ်းစားတုန်းကလည်း ကိုယ့်နိုင်ငံကိုယ့်တိုင်းပြည်နဲ့ ကွာဝေးလွန်းလှတဲ့ ဒီမိုကရေစီစနစ်ကို အစွမ်းကုန်ကျင့်သုံးတဲ့ အမေရိကန်နိုင်ငံကရော၊ အမေရိကန်ပြည်သူပြည်သားများကရော သူတို့တိုင်းပြည်က စစ်သည်တွေ အပေါ်ထားတဲ့စိတ်ဓါတ်လေးကို မြတ်နိုးစရာ ဖြစ်လို့ပါ။
တနေ့က ကျွန်မ ရန်ကုန်မြို့ထဲက Mr. Brown ဆိုင်ကို ရောက်ခဲ့ပါတယ်။ သူငယ်ချင်းနှစ်ဦးနဲ့ စကားစမြည် ပြောရင်း အအေးသောက်နေချိန်မှာ ကျွန်မအနားကို စစ်မှုထမ်းဟောင်း နှစ်ဦးရောက်လာပါတယ်။
လက်ထဲမှာ စာအုပ် လေးတွေ ကိုကိုယ်စီကိုင်ရင်း ကျွန်တော်တို့ထမင်းဖိုးအတွက် စာအုပ်ကလေးများအားပေးပါဦး လို့ ဆိုလာတဲ့ပုဂ္ဂိုလ်က သက်လတ်ပိုင်း လေးဆယ်ကျော် ငါးဆယ် ၀န်းကျင်လောက်ရှိပါတယ်။ သူ့ဘေးမှာ ရပ်နေတဲ့ စစ်သည်ကတော့ သုံး ဆယ်လောက်တောင်ရှိမယ်လို့ ကျွန်မ မထင်မိပါဘူး။

ဆီးရီးယားကို အရေးယူဖို့နည်းလမ်းများ အမေရိကန်စဉ်းစားနေ
ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ ဆိုတဲ့ ဆီးရီးယားအစိုးရအပေါ် အရေးယူဖို့
ဆုံးဖြတ်ခဲ့ရင် ရွေးချယ်ဆောင်ရွက်ဖို့ နည်းလမ်းတွေ တော်တော် များများ
အမေရိကန်ပြည်ထောင်စုမှာ ရှိတယ်လို့
အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။ Damascus မြို့တော် ရပ်ကွက်တခုအပေါ်
ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေနဲ့ သုံးစွဲတိုက်ခိုက်တယ် ဆိုတဲ့
ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဘရက်အိုဘားမား က အမျိုးသားလုံခြုံရေးရာ သူ့ရဲ့
ထိပ်တန်းအကြံပေးတွေ နဲ့ တွေ့ဆုံခဲ့တာနဲ့အတူ ခုလို အိမ်ဖြူတော်ရဲ့
ပြောကြားချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။
ဆီးရီးယားမှာ အမေရိကန်တပ်တွေကို သူ့အနေနဲ့ ဝန်လေးတဲ့အကြောင်း သမ္မတအိုဘားမားက အရင်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ချက် တစုံတရာချခဲ့ရင် အသင့်ဖြစ်နေအောင် ရေတပ်တွေ ပြင်ဆင် ထားတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေက ခိုင်ခိုင်မာမာ ရည်ညွှန်းနေပါတယ်။

ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေက မြန်မာ့နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်
မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေ
ဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်မီ မြန်မာ့
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။
သြဂုတ်လ ၂၃ ရက် မနေ့ကထုတ်ပြန်တဲ့ USCIRF ရဲ့ အစီရင်ခံစာမှာ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့အတွက် စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်
ထားကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ လူမျိုးခွဲခြားဆက်ဆံမှုတွေနဲ့ စစ်တပ်ရဲ့ ကျူးကျော်စွက်ဖက်မှုတွေကြောင့် လူနည်းစုဖြစ်တဲ့ ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်
ခွင့်တွေ ချိုးဖေါက်ခံနေရဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။
Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။
နေရစ်တော့ ဇုန်ကားခေတ်( ရေးသားသူ- ပြည်သိမ်း၊ မိုးညို၊ အေးမြတ်သူ)
![]() |
| ပုံ- ဂျေမောင်မောင် (အမရပူရ) |
ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပေးခဲ့ပြီးနောက် တစ်ချိန်က
လူအများစိတ်ဝင်စားခံခဲ့ရသော စက်မှုဇုန်ထုတ်ကားများမှာ အမေ့လျော့ခံဘ၀သို့
ရုတ်ခြည်းရောက်ရှိသွားသည်။
ယခင်အစိုးရလက်ထက်က စက်မှုဇုန်ကားထုတ်လုပ်သူများကို ပုံစံမျိုးစုံဖြင့် ဖြေလျှော့ပေးပြီး ဇုန်ထုတ်ကားစီးရေတိုးလာရန် ကြိုးပမ်းခဲ့ကြသည်။ ဇုန်ကားထုတ်သော လုပ်ငန်းရှင်အများစုသည် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်ကြီးများအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
“လူကြီးတွေက စီးပွားရေးလုပ်ငန်းရှင်တွေကို မွေးပေးသလိုပဲ လုပ်ငန်းငယ်တွေက လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာတယ်”ဟု ယခင်မော်လမြိုင်စက်မှုဇုန်ရှိ MGM မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
“အဲဒီအချိန်တွေတုန်းကတော့ ရွှေထီးဆောင်းခဲ့တဲ့အချိန်ပေါ့”ဟု မိတ္ထီလာစက်မှုဇုန်မှ မော်တော်ယာဉ်ထုတ်လုပ်သူ လုပ်ငန်းရှင်ကိုကျော်ကျော်စိုးလွင်ကပြောသည်။

ငါးပိ ဖိုဘီးယား ဖြစ်တော့မှာလား
ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုနေကြောင်း မြန်မာနိုင်ငံ
စားသုံးသူကာကွယ်ရေးအသင်း၏ ပြီးခဲ့သည့်တစ်ပတ် အတွင်းက ထုတ်ပြန်ချက်က တစ်ရက်
နှစ်နပ်ထက်မနည်း နိစ္စဓူဝ စားသုံးနေသူများကို တပ်လှန့်လိုက်သည်။
ငါးများ အလျင်အမြန် အရိုးဆွေးပြီး နူးလာစေရန် ငါးပိသိပ်ရာတွင် ယူရီးယားထည့်သွင်းခြင်း ဖြစ်ကြောင်း ယင်းအသင်းက ဆိုသည်။
ယခင် ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိသောဆိုးဆေးပါဝင်ခဲ့သည့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့် အစားအစာ များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ကြေညာထုတ်ပြန် ခဲ့ပြီးနောက် ယခုအကြိမ် ငါးပိပြဿနာသည် လေးနှစ်အတွင်း တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။
နေပြည်တော် မြို့မဈေးအနီးရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ငါးပိကြိုက်သူ ဒေါ်လှလှဝင်းအတွက်မူ ထို ငါးပိသတင်းက ငါးပိမစားချင် တော့လောက်အောင် ဖြစ်သွားသည်။
"လုပ်ငန်းရှင်တစ်ဦးက ငါးပိနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဧရာဝတီတိုင်းဘက်မှာ သွားရှာတာ အဲဒီဘက်က ငါးပိတွေမှာ ဓာတ်မြေသြဇာတွေ ထည့်ထားတာ သိခဲ့ရတယ်" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောဆိုသည်။

ထိုင်းတွင် ဗုံးခွဲရန်ကြံစည်ခဲ့သူ အီရန်နိုင်ငံသားနှစ်ဦးကို ထောင်ဒဏ်ချမှတ်
ဘန်ကောက်၊ သြဂုတ် ၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နှစ်က ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော အီရန်နိုင်ငံသားနှစ်ဦးကို ထိုင်းအစိုးရက ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ယမန်နှစ်က အီရန်နိုင်ငံသားနှစ်ဦးသည် ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် ဗုံးခွဲရန် ကြိုးစားခဲ့သော်လည်း တစ်ဦးသည် ထွက်ပြေးစဉ် ဖောက်ခွဲရေး ပစ္စည်းတစ်ခုကို ယူဆောင်ပြေးခဲ့ခြင်းကြောင့် ၎င်း၏ခြေနှစ်ဖက်ကို ထိခိုက်သွားခဲ့ပြီး ဖြတ်ပစ်ခဲ့ရသည်။
အသက်၂၉ နှစ်အရွယ် ဆာအစ်မိုဒါရီကို လူသတ်ရန် ကြိုးပမ်းမှု၊ ပေါက်ကွဲစေမှုနှင့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ချိုးဖောက်မှုဖြင့် ထိုင်းတရားရုံးက ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် မိုဟာမက်ခါဇာအီ ဆိုသူကို ပေါက်ကွဲစေမှုနှင့် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးစေမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် အသီးသီး ချမှတ်ခဲ့သည်။

မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်
လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း
မိုင်းတုံမြို့နယ် မုံးထမြို့နယ်ခွဲတွင် ဆေးရုံရှိသော်လည်း ဆရာဝန်
မရှိသဖြင့် လူနာများမှာ သေဆုံးလျက် ရှိကြောင်း မိုင်းတုံမြို့နယ်
ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းက ပြောကြားသည်။
ငှက်ဖျားဖြစ်နေသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကို မြို့နယ်ခွဲဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆရာဝန်မရှိ၍ သေသေချာချာ မကုသနိုင်ဘဲ မြို့နယ်ဆေးရုံကိုပို့ရာ လမ်း၌ပင် သေဆုံးခဲ့ရကြောင်း၊ စုစုပေါင်း လူနာငါးဦးခန့် သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“တာဝန်ကျဆရာဝန် တောင်းထားပေမယ့် ခုထိရောက်မလာဘူး။ ငှက်ဖျားပေါတဲ့နေရာဖြစ်လို့ လူနာတွေ၊ ဝန်ထမ်းတွေက ဖျားနာမှာ စိုးရိမ်နေကြတယ်။ အရေးပေါ်ဖြစ်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို
နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ
ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က
အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ
လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The
Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

မန္တလေး ကျုံးနံဘေးတွင် ဓားကိုင်ရမ်းကားသည့် အုပ်စုမှ တစ်ဦးလွတ်မြောက်နေ
မန္တလေး ကျုံးနံဘေးတွင် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် လူငယ်တစ်ဦး
လွတ်မြောက်နေကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ
ရဲအရာရှိ တစ်ဦးက ဆိုသည်။
ကျုံးနံဘေးတွင် ညပိုင်းအချိန် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့်
ဆယ်ကျော်သက်လူငယ် ကိုးဦးကို သြဂုတ်၂၂ ရက်ညက သက်သေများရှေ့ ခေါ်ယူစတင်
စစ်ဆေးခဲ့ရာ ကနဦး နှစ်ဦးမှ ကိုးဦးအထိရှိပြီး ယင်းအဖွဲ့မှ တစ်ဦးမှာ
ထွက်ပြေးတိမ်းရှောင် နေသဖြင့် ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။
"တိုင်းရဲတပ်ဖွဲ့က ဦးစီးစုံစမ်း စစ်ဆေးနေတာပါ။ ကျွန်တော်တို့ စခန်းကို ၂၃
ရက် နေ့ခင်းကမှ လွှဲလိုက်တာပါ။ အသက် ၁၈ နှစ်အောက် လူငယ်လေးဦးပါလို့
သူတို့ကို ကလေးသူငယ် တရားရုံးမှာ ရမန်ယူပြီး လူငယ်ထိန်းသိမ်းရေး
ကျောင်းမှာထားဖို့ လျှောက်ထားပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊
မရှိကို အုန်းချောမှာ စစ်ဆေးခဲ့ပါပြီ။ သူတို့ကတော့ အရက်သောက်ထားပြီး
မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ၁၈
နှစ်မပြည့်သေးတဲ့ လူငယ်လေးဦးကိုတော့ လူငယ်ထိန်းသိမ်းရေး စခန်းမှာထားပြီး
ကျန်တဲ့ငါးဦးကတော့ အမှတ် (၂) ရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု အမှတ် (၂)
ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
သက်ငယ်ရာဇ၀တ်မှုများနှင့် လမ်းပျောက်နေသော လူငယ်များ
မန္တလေးကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့်
ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးအား ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်ညပိုင်းတွင်
ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ အဆိုပါ
လူငယ်အုပ်စုသည် မည်သည့်ရန်ငြိုး ရန်စမှ မရှိပါဘဲ မန္တလေးကျုံးဘေး
တစ်ဝိုက်တွင် ရမ်းကားမှု ခြောက်ကြိမ်အထိ
ကျူးလွန်ခဲ့ကြပြီး လူလေးဦးအားလည်း အကြောင်းမဲ့ ဓားဖြင့်လိုက်ခုတ်မှုများ
ပြုလုပ်ခဲ့ကြသည်။ ထူးခြားသည့် အချက်မှာ အဆိုပါ အကြောင်းမဲ့ လက်နက်ကိုင်
ရမ်းကားခဲ့သည့် လူငယ်များမှာ အသက် ၂၀ အောက် လူငယ်များဖြစ်နေကြပြီး အသက် ၁၄
နှစ်အရွယ် လူငယ်ထိပါ ပါဝင်နေခြင်းပင် ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ လူထုက အမျိုးမျိုး တုံ့ပြန်ပြောဆိုကြရာတွင် အချို့ကလည်း လူငယ်များ ဖြစ်သည့်အတွက် ညှာညှာတာတာ အပြစ်ပေးရန် ပြောဆိုကြသလို အချို့ကလည်း နောင်မလုပ်ရဲရန်အတွက် ပြင်းထန်စွာ အပြစ်ပေးရန် ပြောဆိုကြသည်။ ယခုကိစ္စသည် မျက်တောင်တစ်ဆုံးထက် မျက်စိတစ်ဆုံး ကြည့်ရမည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သူတို့အား အပြစ်ပြင်းပြင်းထန်ထန် ပေးလိုက်ရုံနှင့် ယခုပြဿနာသည် ဖြေရှင်းပြီး ဖြစ်သွားနိုင်မည်လား။ လူငယ်ဆိုသည်မှာ ကလေးဘ၀နှင့် လူကြီးဘ၀တို့၏ ပေါင်းကူးဆုံမှတ် ဖြစ်သည်။ လူငယ်အရွယ်တွင် အရာရာကို စူးစမ်းပြီး စမ်းသပ်ချင်တတ်ကြသည်။ အတုမြင် အတတ်သင်ချင်ကြသည်။ လူငယ်တိုင်းတွင် ပင်ကိုအဖြူထည် စိတ်ခံရှိကြပါသည်။ အဖြူထည်ဆိုသည်မှာ အရောင်ဆိုး ခံရရန်အတွက် အကောင်းဆုံးဖြစ်သည့် အားလျော်စွာ လူငယ်ဘ၀သည် လူတစ်ယောက်ကို ပုံသွင်းဖို့ရန်အတွက် အကောင်းဆုံးအရွယ် ဖြစ်သည်။ ထိုအရွယ်တွင် ကောင်းမွန်စွာ ပြုပြင်ပုံသွင်းမှု မခံရသည့်အခါ လူဆိုးတစ်ယောက် ဖြစ်လာရန်အတွက် လမ်းစဖြစ်သွားနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club နှင့် Day Party များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်
မေလအတွင်း ရန်ကုန်မြိ့ရှိ Day Club တစ်ခု၏ အတွင်းပိုင်းမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club များ ဖွင့်လှစ်ခြင်းနှင့် Day Party များ ပြုလုပ်နေမှုကြောင့် မြို့နယ်အသီးသီးတွင် ဒေသန္တသရအမိန့်များ ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သြဂုတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ မြို့နယ်အများစုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းမှ စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တားမြစ်ထားသည့်ကြားမှ လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပိုင်ရှင်နှင့် ဦးဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်စိုးသန့်က သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမြင့်က "မြို့နယ်တွေအားလုံးမှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Day Club တွေ၊ Day Party တွေမှာ လူငယ်အရွယ်တွေ၊ ကျောင်းသူ/ကျောင်းသားတွေ ပါဝင်မှုတွေ ရှိတဲ့အတွက် ပညာရေးအပိုင်းကို ထိခိုက်တယ်။ အကျင့်စာရိတ္တ အပိုင်းတွေကို အများကြီး ထိခိုက်တယ်။ အမြင်မတော်မှုတွေ ရှိလာတဲ့အတွက် Day Club တွေ၊ Day Party တွေမဖွင့်ဖို့ မလုပ်ဖို့ တားမြစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်
မြန်မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှ အဓမ္မပြုကျင့်ရန်
ကြိုးစားခဲ့မှုကို အဆိုပါ အနီးပတ်ဝန်းကျင်ရှိ သူများက သိရှိခဲ့ကြောင်း
သတင်းထွက်ပေါ်ပြီးနောက်တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သတင်းရရှိသည်။
သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်က ထန်းကုန်းကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က နယ်မြေခံ ရဲစခန်းသို့ ရောက်ရှိလာပြီး တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။
ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့အား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းအား သြဂုတ် ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်ခြင်းကို သြဂုတ် ၂၄ ရက် နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံများကို မကျေနပ်သဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူ၊ ဗီဒီယို အခြေခံအဖွဲ့အချို့ ဗီဒီယိုခွေ အငှားလုပ်ငန်း လုပ်ကိုင်နေသူများ အပါအ၀င် လူဦးရေ ၁၀၀ ၀န်းကျင်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
ဆန္ဒထုတ်ဖော်သူများက "အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့အိတ်ထဲထည့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဗီဒီယို အခြေခံဖွဲ့(ဗဟို) ဥက္ကဋ္ဌ အလိုမရှိ"၊ "ပြောတော့ NGO လုပ်တော့ အာဏာရှင် အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး အလိုမရှိ"၊ "အလုပ်မလုပ် တရားမဲ့ ချုပ်ချယ်တဲ့ ဗီဒီယို (ဗဟို) အလိုမရှိ"၊ "ကိုယ့်အခွေကိုယ်ရောင်း လာဘ်စားတဲ့ ဗီဒီယို (ဗဟို)" အလိုမရှိ" အစရှိသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး "မြန်မာ့ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ အလိုမရှိ"၊ "ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)နှင့် အဖွဲ့ထွက်ပေး" စာတမ်းပါ တီရှပ်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)