Wednesday, August 21, 2013
ပဲခူးတိုင်း ရွှေတောင်မြို့နယ် ရင်းမူကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အကြီးအကျယ် ပြိုကျသဖြင့် ဒေသခံတို့ လယ်ယာမြေ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ထိုကျေးရွာတွင် လုပ်စားမြေနှင့် အိမ်ခြေ(၁၅၀)ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ(၇၅၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ ငွေကြေး တတ်နိုင်သူများ
ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။
အထက်တန်းကျောင်းတို့နှင့်ကိုက်(၁၀၀)အကွာအဝေးသို့ေ၇ာက်ရှိနေပြီဖြစ်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ပြောကြားခဲ့သည်။
ရင်းမူကုန်းကျေးရွာရှိ တဲတန်းရပ်ကွက်နှင့် မေမြို့ရပ်ကွက်တို့ မြေပြိုကျသည့်အတွက် ပျောက်ဆုံးခဲ့ရပြီး အောင်မင်္ဂလာရပ်ကွက်မှာလည်း တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်သည်။