အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။
ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို
သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။
ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။