မဆလခေတ် ၁၉၈၈ လူထုအုံကြွမှုကာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
အာဏာသိမ်းတဲ့နေ့က စက်တင်ဘာ ၁၈ ရက်နေ့ပါ။
အဲဒီမနက်မှာ ဦးနေ၀င်းအိမ်ကနေ မဆလ ပါတီ အထွေထွေအတွင်းရေးမှူးကို ဖုန်းဆက်ခေါ်တယ်၊ ဒါနဲ့မဆလ ထိပ်သီး ၆ ယောက် ဦးနေ၀င်းအိမ်ကို အခစားဝင်ကြပါတယ် တဲ့။

အဲဒီ ၆ ယောက်က
"သမ္မတဒေါက်တာမောင်မောင်၊ ဝန်ကြီးချုပ်က သူရဦးထွန်းတင်၊ ဒုဝန်ကြီးချုပ်က ဗိုလ်ချုပ်သန်းတင်၊ ပါတီ အထွေထွေ အတွင်းရေးမှူးကတော့ ဗိုလ်ချုပ်ကြီးအေးကို၊ တွဲဖက်က ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ နိုင်ငံခြားရေးဝန်ကြီးက ဦးရဲခေါင်" တို့ ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောတယ်လို့ အင်္ဂါနေ့ရက်စွဲနဲ့ ထုတ်ဝေတဲ့ မော်နီတာဂျာနယ်မှာ ရေးထားပါတယ်။
ဖုန်းလာချိန်မှာ ကာချုပ် ဗိုလ်ချုပ်ကြီးစောမောင်၊ ထောက်လှမ်းရေးချုပ် ဗိုလ်မှူးချုပ်ခင်ညွန့်တို့လည်း ရှိနေတော့ စုစုပေါင်း ၈ ယောက်သား ဦးနေ၀င်းအိမ်ကို ချီတက်သွားကြတယ်လို့ ဆိုပါတယ်။
ဟိုရောက်တော့ ဥက္ကဋ္ဌကြီးဦးနေ၀င်းက သူတို့ကို စစ်အာဏာသိမ်းဖို့ ပြောပါတယ် တဲ့။
ဥက္ကဋ္ဌကြီးပြောဆိုပုံကို ဦးခင်ညွန့် ရှင်းပြတာက ဒီလိုပါ ...











