menu

Friday, 18 January 2013

အေမန်နက်စ်ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှု အယ်လ်ဂျီးရီးယားအစိုးရ ရှင်းလင်း

Photo: အေမန်နက်စ်ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှု အယ်လ်ဂျီးရီးယားအစိုးရ ရှင်းလင်း

အသေအပျောက်များ ရှိခဲ့သော်လည်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှုသည် အရေးပါသော စစ်ဆင်ရေး တစ်ရပ် ဖြစ်ခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရက ပြောကြားလိုက်သည်။

လက်နက်ကိုင် စစ်သွေးကြွ အကြမ်းဖက်သမားများက စက်ရုံကို စီးနင်း
သိမ်းပိုက်ကာ ဓားစာခံ အများအပြားကို ဖမ်းဆီးထားသည့်နောက် သဲကန္တာရအတွင်း ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို အယ်လ်ဂျီးရီးယား အစိုးရက ဆင်နွှဲခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး အကြမ်းဖက် တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်။

အစိုးရကို ဆန့်ကျင်သည့် သူပုန်တပ်ဖွဲ့များသည် အဆိုပါ ဓာတ်အားပေး စက်ရုံကို ဗုဒ္ဓဟူးနေ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသား ဓားစာခံ (၄)ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရ သတင်းဌာနများက ဆိုသည်။

အယ်လ်ဂျီးရီးယားစစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ဓားစာခံ ၃၀ နှင့် သူပုန် ၁၅ ဦး သေဆုံးသွားကြောင်း အချို့သတင်းများတွင် ဖော်ပြသည်။ လတ်တလောတွင် ဓားစာခံ အချို့ ပျောက်ဆုံးနေပြီး ယင်းတို့ကို သူပုန်တပ်များက ထိန်းသိမ်းထားဆဲဟု ယုံကြည်ရသည်။

အေးချမ်းမွန်မှ Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အသေအပျောက်များ ရှိခဲ့သော်လည်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှုသည် အရေးပါသော စစ်ဆင်ရေး တစ်ရပ် ဖြစ်ခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရက ပြောကြားလိုက်သည်

လက်နက်ကိုင် စစ်သွေးကြွ အကြမ်းဖက်သမားများက စက်ရုံကို စီးနင်း
သိမ်းပိုက်ကာ ဓားစာခံ အများအပြားကို ဖမ်းဆီးထားသည့်နောက် သဲကန္တာရအတွင်း ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို အယ်လ်ဂျီးရီးယား အစိုးရက ဆင်နွှဲခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး အကြမ်းဖက် တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

Photo: အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

သာလွန်ဇောင်းထက်| January 18, 2013 

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေးချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာကိုး။ ပြည်သူရဲ့သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။

ဦးသန်းရွှေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊ ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေသူများက ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ။ စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် သူကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီတော့ သူ့ဘက်က ပြီးသွားပြီ။ စိတ်ချမ်းသာနေပြီ။ ဖြစ်တာ၊ မဖြစ်တာ အခြေအနေချင်း ပြောင်းလဲတာတွေက ဘယ်ပြောနိုင်မလဲ။ အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းနေတာပဲ။ နောက်လူတွေ စဉ်းစားပြီး လုပ်ရမှာပေါ့။ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပေါ့။ စနစ်ကို ပြောင်းလဲအောင် လုပ်ခဲ့ပြီးပြီ။ အခြေတည်ခဲ့ပြီးပြီ။ ဒီနေ့ ကျနော်တို့ ဘာတွေလုပ်ရမလဲ။ ဒီစနစ်ကို ဆက်လက်ရှင်သန်လာအောင်ပဲ ကြိုးစားရမှာပဲ။ ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ နည်းလမ်းတွေက ပြောင်းလဲစရာ မရှိတော့ဘူး၊ မူတွေက ပြောင်းစရာ မရှိတော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် သိသွားပြီလေ။ လွှတ်တော်တွေ ပေါ်လာပြီလေ။ အစိုးရတွေ ပေါ်လာပြီလေ။ ဘာပြောင်းစရာ လိုတော့လဲ။ စနစ်က ဘာပြောင်းစရာရှိလဲ။ ဒီစနစ်ကို ခိုင်မာအောင်၊ ဒီစနစ်ကို အခြေပြုပြီးတော့ ပြည်သူတွေ အကျိုးပြုအောင် နည်းလမ်းတွေရှာဖို့ပဲ လိုတော့တယ်။ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေက အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ သူ (ဦးသန်းရွှေ) ယုံပြီး ထားခဲ့တာပဲ” ဟု ဦးဌေးဦးက ဆက်ပြောသည်။

ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းပြီးချိန်မှ စတင်ပြီး အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မရှိတော့ဘဲ ဧည့်သည် တွေ့ဆုံမှုလည်း နည်းပါးကြောင်း၊ အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ရင်းနှီးကျွမ်းဝင်သူများဖြင့်သာ အဓိက တွေ့ဆုံကြောင်း သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက အပြင်တွေ၊ ခရီးတွေဘာတွေ မထွက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ပါဘူး။ ကျနော်တို့နဲ့လည်း အမြဲတမ်း တွေ့တာမရှိပါဘူး။ ကျနော်တို့ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန် သွားတွေ့တာပေါ့။ မတွေ့ဘူးဆိုတာလည်း မဟုတ်ပါဘူး” ဟု ဦးဌေးဦးက ပြောသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် တာဝန်ယူလိုသည်၊ အာဏာရလိုသည်ဟု ပြောဆိုမှုများ ရှိလာခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည်ဟု ပြောဆိုလာမှုများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဦးတယောက်တည်းအတွက် ပြင်ဆင်မည် မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းလင်းပြောဆိုသွားသည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှာပေါ့။ တဦးတယောက်တည်း အတွက်တော့ မပြင်နိုင်ဘူး” ဟု ဦးဌေးဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

ဗန်းမော်(၃)မိုင် ရွှေပြည်သာကားလမ်းဘေးမိုင်းကွဲ

Photo: ဗန်းမော်(၃)မိုင် ရွှေပြည်သာကားလမ်းဘေးမိုင်းကွဲ

January 18, 2013Home, သတင်း

ဇန်န၀ါရီ (၁၇) ရက်နေ့ ည နေ (၄း၁၀) နာရီခန့်က ဗန်းမော် မိုးမော်ကားလမ်း (၃) မိုင်ရွှေပြည် သာကျေးရွာ၊ စက်မှုအထက်တန်း  ကျောင်းမျက်နှာစာကားလမ်းဘေး တွင် မိုင်းကွဲသဖြင့် သုံးဘီးယာဉ်  တစ်စီးညာဖက်ဘီးပျက်စီးကာ လူ (၃) ယောက်ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ (၁၇) ရက် ညနေ (၄း၁၀) နာရီခန့်က ဗန်းမော်မိုးမောက်ကားလမ်းဘေး (ညာဖက်ခြမ်း) ကားလမ်းမှ ၁၅ ပေခန့်အကွာ၊ စက်မှုအထက်တန်း  ကျောင်းဝင်ပေါက်အလွန်မယ်ဇလီ ပင်ခြေရင်း ဂျာမဏီခြုံစပ်တွင် နှစ်ဆင့်ကွဲမိုင်းပေါက်ကွဲသဖြင့် ၄ မိုင်ကြက်ခြံတွင် ကြက်တင်ရန်သွား သည်။ ၄ဟ/၃၉၆၆ သုံးဘီးဆိုင် ကယ်ညာဖက်တာယာကွဲထွက်ကာ၊  ရေတိုင်ကီအနည်းငယ်ထိခိုက်ပြိး (၁၄) နေရာခန့် ယမ်းစများထိမှန် ခဲ့ကြောင်း၊ မိုးမောက်မြို့သို့ ၆၆ KV ဓာတ်အားခွဲရုံမှပေးသည့် Leven (11) ကြိုး ၂ ပင်စလုံးမီး လောင်ကျွမ်းပြတ်ကျသွားခဲ့ကြောင်း  သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် သစ/ ၂၃၇ နေသုံးဘီးမောင်းသူ ဦးသန်းစိုး  (၄၂ နှစ်) ၁/ဗမန (နိုင်) ၀၅၁၇၄၂ (ဘ ဦးစိုးမြင့်) မြန်မာမူဆလင်/ အစ္စလာမ်မှာ ၀ဲလက်ပျံပေါက်ထွက်  ဒဏ်ရာ၊ သုံးမိုင်ကွက်သစ်နေ စိုက်/ဘဏ်အငယ်တန်းစာရေး ဦးကျော်ဟိန် (၃၀ နှစ်) ၁/ဘကန  (နိုင်) ၀၉၂၄၇၅ (ဘ ဦးဘဟန်) ရခိုင်/ဗုဒ္ဓမှာ ညာလက်မောင်းနှင့် ဂုဏ် (ဆံစ)တွင် ယမ်းစထိမှန်  ဒဏ်ရာနှင့် မိုင်းကွဲနေရာနှင့် ပေ ၁၂၀ ခန့်အကွာ ကားလမ်းတဖက်  ရှိ အိမ်အမှတ် ရပသ/၇ နေအိမ် ရှေ့ရပ်နေသူစစ်မှုထမ်းဟောင်းဦးမရန်  အားနန် (၈၄ နှစ်) BSN ၁၅၉ ၅၈၀ ကချင်၊ ခရစ်ယာဉ်မှာ ၀ဲခြေ သလုံးတွင် ယမ်းစထိမှန်ဒဏ်ရာ  ရခဲ့ကြောင်း၊ ဦးသန်းစိုးနှင့် ဦးမရန်  အားနန်တို့မှာ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးအရိုးအကြောဆောင် တွင် တက်ရောက်ကုသနေကြောင်း မည်သည့်အဖွဲ့အစည်းလက်ချက်  ဆိုတာသိနိုင်ဖို့သက်ဆိုင်ရာမှ ရှာဖွေစုံစမ်းလျက်ရှိကြောင်း စုံစမ်း  သိရှိရပါသည်။

 ဦးဦးငြိမ်း(ဗန်းမော်)

အေးချမ်းမွန်မှ The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်န၀ါရီ (၁၇) ရက်နေ့ ည နေ (၄း၁၀) နာရီခန့်က ဗန်းမော် မိုးမော်ကားလမ်း (၃) မိုင်ရွှေပြည် သာကျေးရွာ၊ စက်မှုအထက်တန်း ကျောင်းမျက်နှာစာကားလမ်းဘေး တွင် မိုင်းကွဲသဖြင့် သုံးဘီးယာဉ် တစ်စီးညာဖက်ဘီးပျက်စီးကာ လူ (၃) ယောက်ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ (၁၇) ရက် ညနေ (၄း၁၀) နာရီခန့်က ဗန်းမော်မိုးမောက်ကားလမ်းဘေး (ညာဖက်ခြမ်း) ကားလမ်းမှ ၁၅ ပေခန့်အကွာ၊ စက်မှုအထက်တန်း ကျောင်းဝင်ပေါက်အလွန်မယ်ဇလီ ပင်ခြေရင်း ဂျာမဏီခြုံစပ်တွင် နှစ်ဆင့်ကွဲမိုင်းပေါက်ကွဲသဖြင့် ၄ မိုင်ကြက်ခြံတွင် ကြက်တင်ရန်သွား သည်။ ၄ဟ/၃၉၆၆ သုံးဘီးဆိုင် ကယ်ညာဖက်တာယာကွဲထွက်ကာ၊ ရေတိုင်ကီအနည်းငယ်ထိခိုက်ပြိး (၁၄) နေရာခန့် ယမ်းစများထိမှန် ခဲ့ကြောင်း၊ မိုးမောက်မြို့သို့ ၆၆ KV ဓာတ်အားခွဲရုံမှပေးသည့် Leven (11) ကြိုး ၂ ပင်စလုံးမီး လောင်ကျွမ်းပြတ်ကျသွားခဲ့ကြောင်း သိရသည်။

သိန်း၅၀ ပျောက်ဆုံးမှုတွင်မသင်္ကာခံရသူကျေးရွာသား ၂ဦးရိုက်နှက်စစ်ဆေးခြင်းခံရ

Photo: သိန်း၅၀ ပျောက်ဆုံးမှုတွင်မသင်္ကာခံရသူကျေးရွာသား ၂ဦးရိုက်နှက်စစ်ဆေးခြင်းခံရ

January 18, 2013Home, သတင်း

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်  နတ္တလင်းမြို့နယ်သက်ငယ်ပြင်ကျေး ရွာအုပ်စုသက်ငယ်ပြင်ရွာဦးတင်ထွန်း ဒေါ်မြင့်မြင့်ဌေးနေအိမ်၌ ၁၈.၃ ၂၀၁၂ နေ့ည (၇) နာရီခွဲခန့်က အမွေခွဲဝေပေးမည့်ငွေကျပ်သိန်း (၅၀) ကျော်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးငွေမှာ ဖခင် ဦးအောင်ခင်သေဆုံးသွားသည့် အတွက်သားသမီးများဖြစ်ကြသည့်  ဒေါ်ဝင်းကြည်၊ ဒေါ်မြင့်မြင့်အေး၊ ကိုသိန်းဝင်းနှင့် ညီမအငယ်ဆုံး ဒေါ်မြင့်မြင့်ဌေးတို့ (၄) ဦးအမွေ ခံဝေယူရမည့်ငွေများဟု သိရသည်။  “အမွေခွဲဝေယူရမှာက မောင်နှမ လေးဦးပါ အဲဒါအမွေမခွဲမီ (၃) ရက်အလိုမှာ အခုလိုငွေတွေပျောက်  သွားတယ်ဆိုတာဖြစ်လာတာပါ”ဟု ဒေါ်မြင့်မြင့်အေးကပြောသည်။ အဆိုပါအမွေခွဲဝေပေးမည့်ငွေ ပျောက်ဆုံးခဲ့မှုကိုနတ္တလင်းကိုရဲစခန်း မှ (ပ) ၁၂၆/၁၂ ပုဒ်မ ၃၈၀ ဖြင့်  အမှုဖွင့်ပြီး သင်္ကာမကင်းသူကို မောင်ထွေးနှင့် ကိုလှမိုး (သက်ငယ်  ပြင်ရွာသားများ) တို့ကို ခေါ်ယူ စစ်ဆေးခဲ့ရာတွင် ရိုက်နှက်နှိပ်စက်  ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာလ  ကာရှင်ကပြောသည်။
“ရဲစခန်းမှာ နည်းမျိုးစုံနဲ့ ညှင်း  ပမ်းနှိပ်စက်ခံရတယ်ကိုမောင်ထွေး လဲဒီလိုပဲ ခန္ဓာကိုယ်အနှံ့ကိုတုတ်နဲ့    ရိုက်တယ်၊ ကျောက်စရစ်ခဲပေါ်မှာ  နူးထောက်ပြီး လက်နောက်ပြန် လက်ထိပ်ခပ်ပြီး နှိပ်စက်တယ်။ သူတို့စီးထားတဲ့ ဖိနပ်နဲ့ ပါးကိုရိုက် တယ်။ ဒါပေမဲ့ ကျွန်တော်မစိုးလို့ ငြင်းတယ် ထပ်ရိုက်တယ်။ စစ်ဆေး နေတဲ့တစ်ညမှာ နုရံအုပ်ကျော်မိုး က ကိုသိန်းဝင်းခိုးတယ်လို့ပြော ရင် ဒေါ်မြင့်မြင့်ဌေးက (၃) သိန်း ပေးမယ်လို့လဲပြောသေးတယ်”ဟု  ကိုလှမိုးကပြောပြသည်။ ရဲ၏ နှိပ်စက်ညှင်းပမ်းမှုကြောင့် ကိုလှမိုး သည်အချုပ်ခန်းအတွင်း၌ (၅) ရက်  ခန့်ထမင်းမစားနိုင်လမ်းမလျှောက်  နိုင်ပဲဖြစ်ခဲ့သဖြင့် အချုပ်သား အချင်းချင်းကူညီမှုကိုရယူခဲ့ရကြောင်း သိရသည်။ အချုပ်မှ လွတ်မြောက်   စဉ်တွင် လည်းဆေးကုသမှုခံယူခဲ့ ရသလို လမ်းကောင်းရွာမလျောက်  နိုင်ကြောင်း ကိုလှမိုးဇနီးမသန်္တာဝင်း   နှင့် ရွာသားများမှပြောပြသည်။
ကိုမောင်ထွေးနှင့် ကိုလှမိုး တို့ကို (၁၅) ရက်ခန့်ချုပ်နောင် စစ်ဆေးသော်လည်း အမှုမှန်ဖော် ထုတ်၍မရသဖြင့် ပြန်လည်လွှတ် ပေးခဲ့ကာမမြင့်မြင့်ဌေး၏ အစ်ကို  ကိုသိန်းဝင်းကို ၉.၁.၂၀၁၃ နေ့ ညက ထပ်မံဖမ်းဆီးခဲ့သည်။ ဖမ်း ဆီးခံနေရသည်ကိုသိန်းဝင်းကို ကိုလှမိုးကဲ့သို့ရိုက်နှိပ်စစ်ဆေးခြင်း ခံရမည်ကို ကျေးရွာသားတို့စိုးရိမ်  နေကြပြီး ကိုလှမိုးကိုအချုပ်ခန်း အတွင်းသို့သွားရောက်တွေ့ဆုံအာ  ပေးကြသူများကိုလည်း နတ္တလင်း  ရဲစခန်း၌ တွေ့ခဲ့ရသည်။ နတ္တလင်း  မြို့နယ်တွင် ၂၀၁၂ မတ်လ (၃) ရက်နေ့ကဖြစ်ပွားခဲ့သည့် (ပ) ၈၂/၁၂ ပုဒ်မ ၃၉၂ ဖြင့်ဖွင့်လှစ် ခဲ့သော ငွေကျပ် (၁၇၆) သိန်းတန် ဖိုးရှိရွှေထည်ပစ္စည်းနှင့် ငွေများ ခြိမ်းခြောက်တောင်းယူခဲ့သူများကို (၉) လကြာသည်အထိဖော်ထုတ်  နိုင်ခြင်းမရှိ၍ တိုင်းဒေသကြီးရဲတပ်  ဖွဲ့မှူးက တိုင်း (အထူး) အဖွဲ့ခေါင်း  ဆောင်ရဲအုပ်ကိုကိုကြီးနှင့် သာယာ  ၀တီခရိုင် (ဒ/န)မှ ဒုရဲအုပ်ဝင်းမြင့်  အောင်တို့ကိုဒီဇင်ဘာ (၃) ရက် နေ့က တာဝန်ပေးအပ်ခဲ့ရာ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါကျယ် သိန်း ၅၀ ကျော် ပျောက်ဆုံးမှုကို အမှုမှန်ဖော်ထုတ်  နိုင်မည့်ရက်ကို သက်ငယ်ပြင်ကျေး  ရွာသားတို့အပြင်မြို့မိဖြို့ဖများမှ လည်း စိတ်ဝင်စားလျက်ရှိကြ သည်။

 မောင်ဆွေအင်း PDE

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် နတ္တလင်းမြို့နယ်သက်ငယ်ပြင်ကျေး ရွာအုပ်စုသက်ငယ်ပြင်ရွာဦးတင်ထွန်း ဒေါ်မြင့်မြင့်ဌေးနေအိမ်၌ ၁၈.၃ ၂၀၁၂ နေ့ည (၇) နာရီခွဲခန့်က အမွေခွဲဝေပေးမည့်ငွေကျပ်သိန်း (၅၀) ကျော်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးငွေမှာ ဖခင် ဦးအောင်ခင်သေဆုံးသွားသည့် အတွက်သားသမီးများဖြစ်ကြသည့် ဒေါ်ဝင်းကြည်၊ ဒေါ်မြင့်မြင့်အေး၊ ကိုသိန်းဝင်းနှင့် ညီမအငယ်ဆုံး ဒေါ်မြင့်မြင့်ဌေးတို့ (၄) ဦးအမွေ ခံဝေယူရမည့်ငွေများဟု သိရသည်။ “အမွေခွဲဝေယူရမှာက မောင်နှမ လေးဦးပါ အဲဒါအမွေမခွဲမီ (၃) ရက်အလိုမှာ အခုလိုငွေတွေပျောက် သွားတယ်ဆိုတာဖြစ်လာတာပါ”ဟု ဒေါ်မြင့်မြင့်အေးကပြောသည်။

ကချင်ပြည်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ချက်ချင်းရပ်ဆိုင်းရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော် အတည်ပြု

Photo: အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ မှ အရေးကြီးအဆိုတင်သွင်းခြင်း

အဆိုမှာ“ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားလျှက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး” ဆိုတဲ့ အရေးကြီးဆို ဖြစ်ပါတယ်။

အေးချမ်းမွန်မှ Pyithu Hluttaw - ပြည်သူ့လွှတ်တော်  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
  ကချင်ပြည် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

အဆိုပါ အရေးကြီးအဆိုမှာ "ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး" အဆိုဖြစ်သည်။

တင်သွင်းကားမှ ပစ္စည်းများဆိပ်ကမ်းတွင်မကြာခဏပျောက်နေ

Photo: တင်သွင်းကားမှ ပစ္စည်းများဆိပ်ကမ်းတွင်မကြာခဏပျောက်နေ

ဂျပန်နိုင်ငံမှ ကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများ
အစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့ဆိပ်ကမ်းအသီးသီးအရောက်တွင်
ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်
ရှိကြောင်းမော်တော်ယာဉ်ထုတ်လုပ်တင်သွင်းသူများအသင်းကတာဝန်
ရှိသူတစ်သီးက my garden တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင်
ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထား
တာဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့
ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီး
သလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းက
ဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ မောင်းချပြီးတော့ဆိပ်ကမ်းရဲ့ သတ်မှတ်တဲ့ရက် ၊ သတ်မှတ်တဲ့နေရာမှာထားတယ်။ ၁ပတ်လောက်ပဲ
ထားရင် ကိစ္စမရှိဘူး။၂လ ၊ ၃လ ၊ ၄လ၊၅လ နဲ့ ၆လ လောက်ထားတဲ့
ကားတွေကျတော့ဘာပစ္စည်းကျန်မယ် ၊ မကျန်ဘူး။ဘာပစ္စည်းပျောက်မယ် ၊မပျောက်ဘူးဆိုတာဟာကတော့ ဘယ်ပိုင်ရှင်ကမှဆိပ်ကမ်းထဲကိုဝင်ပြီး
တော့ကြည့်နိုင်တာမဟုတ်ဘူး။ custom ကနေ ဖိုင်ရပြီဆိုပြီး ပြောတဲ့
အချိန်ကျမှ ဆိပ်ကမ်းထဲဝင်ကြည့်တာဆိုတော့ အဲဒီအချိန်ကျတော့ သဗ္ဗေသတ္တာကံမ္မသကာ တန်ဖိုးရှိရင် တန်ဖိုးရှိသလိုပျောက်တယ်။
ဆိပ်ကမ်းထဲမှာကားအက်စိဒင့်ဖြစ်သွားတယ်၊တိုက်သွားတယ်။
ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတယ်။ ကျွန်တော်တို့ကားမဟုတ်ပေမယ့် သက်သေဖြစ်တဲ့အတွက် ကောက်ရှင်းချင်တယ်။ဒီလိုမျိုးမျက်မြင်သက်သေမရှိပဲဘယ်နှစ်မျိုးလောက်က ဘယ်လိုမျိုးဖြစ်ရပ်မျိုးတွေကြုံတွေ့နေလည်း ကျွန်တော်လည်းမသိနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာလည်း custom တာဝန်ယူတာမဟုတ်ဘူး´´ဟုပြောကြားခဲ့သည်။

အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားရာတွင်“အဲဒီက၀န်ထမ်းတွေ
လုပ်တယ်မလုပ်ဘူးဆိုတာပုံသေပြောလို့မရဘူး။ကားသော့ကအပြင်လူ
ကိုင်လို့မရဘူး။အဲဒီက၀န်ထမ်းကလွဲလို့ဒါပေမယ့်တစ်ခုရှိ တာက အပြင်ကဖြုတ်လို့ရတဲ့ပစ္စည်းက အဲဒီဝန်ထမ်းတွေမဖြုတ်လည်းတခြား
လူတွေကဖြုတ်မှာပဲ အနီးစပ်ဆုံးပြောရမယ်ဆိုရင် အင်တာနာလို
ဟာမျိုး အဲဟာတွေက စကူလေးနဲ့ အပြင်မှာစုတ်ထားတာ
လှည့်လိုက်တာနဲ့ရတယ်။ အပြင်မှာအဲ့တာတွေက ပြန်ဝယ်မယ်ဆိုရင်
၂ သိန်း ၊ ၃ သိန်း လောက်ရှိတယ်။ အပြင်ပစ္စည်းပျောက်တာတော့ မဆန်းဘူး။အတွင်းပစ္စည်းပျောက်တာကျတော့ ဘယ်လိုမှငြင်းလို့မရဘူး။
ကားထဲမှာပါတဲ့ TV တွေဘာတွေဆို သူဘာသာသူတော့ခြေထောက်
ပေါက်ပြီး မထွက်သွားဘူး ဟိုမှာကားမှာပြီဆိုထဲက ဂျပန်လူမျိုးက ဓာတ်ပုံနဲ့ရိုက်ပြီးတော့ ထည့်ပေးလိုက်တာ´´ဟုပြောကြားခဲ့သည်။

ယင်းကဲ့သို့ပျောက်ရှခြင်းမှာလည်း တစ်ခါနှစ်ခါမကတော့ပဲလုပ်ငန်းရှင်တိုင်း လိုယင်းကဲ့သို့ကားများတွင်ပါလာသော ပစ္စည်းများ ပျောက်ရှလျက်ရှိကြောင်း
အဆိုးဆုံးပျောက်ရှသည်မှာ ဂျပန်နိုင်ငံမှကားထဲတွင်ထည့်ပေးလိုက်သော
ဆီများဖြစ်ကြောင်းသိရှိရသည်။

ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဂျပန်နိုင်ငံမှ ကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများ
အစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့ဆိပ်ကမ်းအသီးသီးအရောက်တွင်
ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်
ရှိကြောင်းမော်တော်ယာဉ်ထုတ်လုပ်တင်သွင်းသူများအသင်းကတာဝန်
ရှိသူတစ်သီးက my garden တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင်
ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထား
တာဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့
ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီး
သလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းက
ဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ

မုံရွာတက္ကသိုလ် ကျောင်းသား/သူ များက လျှပ်စစ်မီး ခဏဏ ပြတ်တောက်မှုအတွက် ဆန္ဒထုတ်ဖော်ကြမည်ဟုဆို

Photo: "မုံရွာမြို့ သလ္လာရပ်ကွက် တွင်နေထိုင်သော မုံရွာတက္ကသိုလ်ကျောင်း သား များ နှင့် မုံရွာစီးပွားရေး တက္ကသိုလ်မှ ကျောင်းသား/သူ များက လျှပ်စစ်မီး ခဏဏ ပြတ်တောက်မှုအတွက် ဆန္ဒထုတ်ဖော်ကြမည်ဟုဆို"
"ကျွန်တော် က စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်က ကျောင်းသားပါ ကျွန်တော် က မြစ်ကြီးနားဘက်ကနေလာပြီး ကျောင်းတက် ရပါတယ်။ကျောင်းတက်ရ တာက စရိတ်စကအရမ်းကြီးပါတယ် အဲဒါကြောင့် ကျောင်းမသွားခင်လေးမှာ ထမင်း ဟင်းကို ကိုယ်တိုင်ချက်ရပါတယ်။

လျှပ်စစ်မီးက မနက်တိုင်းပျက်တယ်ဗျာ ဘယ်လိုလုပ်ပြီး ထမင်း ဟင်းက ချက်ရ တော့မှာလည်း မနက်တိုင်းပျက်နေတယ် နောက်ပြီး အဆောင် ရှင်တွေက မီးသွေး မီးဖိုနဲ့ချက်ရင် မီးလောင်မှာကြောက်လို့ဆိုပြီး မီးသွေးနဲ့အချက်မခံဘူး တစ်ခါတစ်လေမှာ ထမင်းချက်ရင်းတန်းလန်း မီးကပျက်သွားတယ် တော်တော် လေးစိတ်တိုမိတယ်။

လျှပ်စစ်မီးကို မပျက်ရဘူးလို့မဆိုလိုပါဘူး ပျက်လို့ရပါတယ်။မနက်(၆) နာရီက နေ(၉)နာရီခွဲလောက်ထိတော့ မပျက်စေခြင်ဘူး အဲဒါကြောင့် အဲဒီအချိန်အတွင်း မှာမီးမပျက်ရေးတောင်းဆိုသွားမှာပါ။"ဟု သလ္လာမြို့သစ် ဗန္ဓုလလမ်းမှ အဆောင်နေ စီးပွားရေးတက္ကသိုလ်ကျောင်သား တစ်ဦးက ဆိုပါတယ်။

"ကျွန်မဆိုရင် ကျောင်းမသွားခင် အိမ်က မိဘတွေ စားသောက်ဖို့ ထမင်းဟင်း ချက်ရတယ် ထမင်းပေါင်းအိုးလေးကိုပလပ်ထိုးပြီး မကြီးပင်ဈေးသွားပြီးဈေး ၀ယ်နေတုန်း မီးပျက်သွားတယ် ထမင်းကမနပ်တနပ်နဲ့ အရမ်းအခက်အခဲတွေ့ တယ် အဲဒါကြောင့် ကျွန်မနဲ့အတူ မုံရွာတက္ကသိုလ်မှာကျောင်းတက်နေတဲ့ သူငယ် ချင်းတွေကို မနက်ခင်းလျှပ်စစ်မီးပျက်တဲ့ကိစ္စကို ဆန္ဒထုတ်ဖော်ဘို့ စည်းရုံတယ် ကျောင်းမှာသူငယ်ချင်းတွေကလည်း အခုလိုမနက်ခင်း တိုင်းလျှပ် စစ်မီးပျက်တဲ့ ကိစ္စကို တော်တော်လေး အခက်ကြုံရတယ်လို့ပြောတယ် အဲဒီလို ဆန္ဒထုတ် ဖော်လို့ရရင် သူတို့လည်းလိုက်မယ်လို့ပြောတယ်။"ဟု သလ္လာရပ်ကွက်နေ မုံတက္ကသိုလ် ပထ၀ီမေဂျာမှ တတိယနှစ်ကျောင်းသူ တစ်ဦးကဆိုပါတယ်။

ဆန္ဒထုတ်ဖော်ခွင့် တင်နေမှာမဟုတ်ဘူး အေးချမ်းစွာနဲ့စီတန်းပြီးတော့လျှပ်စစ် ရုံးရှေ့မှာလမ်းလျှေက်သွားပြီး ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အဆိုပါဆန္ဒ ထုတ် ဖော်မည့်အဖွဲ့တွင် ပါဝင်သည့် ဦးဆောင်ကျောင်းသားများကဆိုပါတယ်။

2012 ခုနှစ် မေလ(22)ရက်နေ့က ဖယောင်တိုင်ထွန်း၍ဆန္ဒထုတ်ဖော်နေ စဉ်မြင် ကွင်းတစ်ခု၏ပုံ။

အေးချမ်းမွန်မှ  ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
"မုံရွာမြို့ သလ္လာရပ်ကွက် တွင်နေထိုင်သော မုံရွာတက္ကသိုလ်ကျောင်း သား များ နှင့် မုံရွာစီးပွားရေး တက္ကသိုလ်မှ ကျောင်းသား/သူ များက လျှပ်စစ်မီး ခဏဏ ပြတ်တောက်မှုအတွက် ဆန္ဒထုတ်ဖော်ကြမည်ဟုဆို"
"ကျွန်တော် က စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်က ကျောင်းသားပါ ကျွန်တော် က မြစ်ကြီးနားဘက်ကနေလာပြီး ကျောင်းတက် ရပါတယ်။ကျောင်းတက်ရ တာက စရိတ်စကအရမ်းကြီးပါတယ် အဲဒါကြောင့် ကျောင်းမသွားခင်လေးမှာ ထမင်း ဟင်းကို ကိုယ်တိုင်ချက်ရပါတယ်။

လျှပ်စစ်မီးက မနက်တိုင်းပျက်တယ်ဗျာ ဘယ်လိုလုပ်ပြီး ထမင်း ဟင်းက ချက်ရ တော့မှာလည်း မနက်တိုင်းပျက်နေတယ် နောက်ပြီး အဆောင် ရှင်တွေက မီးသွေး မီးဖိုနဲ့ချက်ရင် မီးလောင်မှာကြောက်လို့ဆိုပြီး မီးသွေးနဲ့အချက်မခံဘူး တစ်ခါတစ်လေမှာ ထမင်းချက်ရင်းတန်းလန်း မီးကပျက်သွားတယ် တော်တော် လေးစိတ်တိုမိတယ်။

၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများ၌ (Ring Tune) ထည့်သွင်းနိုင်

Photo: ၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများ၌ (Ring Tune) ထည့်သွင်းနိုင်

၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများတွင် ဖုန်းတွင်းသီချင်းသံများ ထည့်သွင်းခြင်းစနစ်(Ring Tune) ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ Ring Tune စနစ်မှာ ဖုန်းခေါ်ဆိုသူဘက်မှ ကြားရမည့်
Caller Ring Bace Tone ဖြစ်ပြီး သီချင်းများကိုမူ အသုံးပြုသူဘက်မှ စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း
သိရသည်။

သီချင်းသံရယူလိုသူများအနေဖြင့် http://www.ytune.com.mm/ သို့ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး SMSစန်စ်ဖြင့်လည်း ဖုန်းနံပါတ် 1772 သို့ 'Reg' ဟုရိုက်နှိပ်ပေးပို့ပြီး
စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

"စာရင်းသွင်းတာရပြီဆိုတာကို Ytune ဘက်ကနေ SMS နဲ့ လျှို့ဝှက်နံပါတ်ပြန်ပို့ပေးမှာပါ။ အဲ့ဒိနံပါတ်နဲ့ Ytune ဆိုက်ပေါ်မှာ
ရိုက်ထည့်ပြီး သီချင်းတွေကို စပြီးရွေးဝယ်လို့ရပါပြီ၊"
ဟု Ytune မှနည်းပညာပိုင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါစနစ်အတွက် လစဉ်ကြေး ၂၀၀၀ ကျပ်နှင့် သီချင်းတစ်ပုဒ်လျှင်
၃၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး သီချင်း(၁၀)ပုဒ်အထိထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

၎င်း Ytune စနစ်တွင် ချစ်သူခင်သူများထံသို့ သီချင်းသံ (Ring Tune)ကိုလည်း လက်ဆောင်ပေးပို့သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

"Ytune ဆိုက်ပေါ်မှာပဲ ကိုယ်ပို့ပေးချင်တဲ့သီချင်းကို လက်ဆောင်ဆိုတဲ့ခလုတ်နှိပ်ပြီး ပို့ရမှာပါ၊ အဲ့ဒိမှာ ဘယ်ဖုန်းကို ပို့မလဲဆိုတဲ့စာပေါ်လာရင် ကိုယ်ပို့ပေးချင်တယ့် နံပါတ်ကို ရိုက်
ထည့်ပေးလိုက်ရုံပါပဲ၊ပိုက်ဆံကိုတော့ ကိုယ့်ထဲကပဲ ဖြတ်မှာပါ။ ဒါပေမယ့် သူဘက်ကို ဖုန်းခေါ်တာနဲ့ ကိုယ်ပို့ပေးတယ့် သီချင်းကို ကြားနိုင်ပါပြီ" ဟု Ytune မှ ပြောကြားသည်။

အသေးစိတ်သိရှိလိုပါက 1876 Hotline နှင့် 01-2399994 သို့ဆက်သွယ်မေး
မြန်းနိုင်ပါတယ်
By Mobile Guide

အေးချမ်းမွန်မှ  Mobile Guide Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများတွင် ဖုန်းတွင်းသီချင်းသံများ ထည့်သွင်းခြင်းစနစ်(Ring Tune) ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ Ring Tune စနစ်မှာ ဖုန်းခေါ်ဆိုသူဘက်မှ ကြားရမည့်
Caller Ring Bace Tone ဖြစ်ပြီး သီချင်းများကိုမူ အသုံးပြုသူဘက်မှ စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း
သိရသည်။

သီချင်းသံရယူလိုသူများအနေဖြင့် http://www.ytune.com.mm/ သို့ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး SMSစန်စ်ဖြင့်လည်း ဖုန်းနံပါတ် 1772 သို့ 'Reg' ဟုရိုက်နှိပ်ပေးပို့ပြီး
စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano

Photo: ၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano 

စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။

ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။

အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။

အောင်ခမ်း (TSJ team)
TechSpace Journal

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။

ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

Photo: ၀န်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။

ပထမအသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူတချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ၀န်ကြီးက ကျပ် ၂ သိန်းဖြင့်သာ ရောင်းခဲ့သည်ဟု ဆိုသည်။

“ဈေးလျှော့ရောင်းတာ ကျနော်တို့ ကုမ္မဏီတွေအနေနဲ့ ဘာမှ မထိခိုက်ပါဘူး။ ၀န်ကြီးက စောစောကတည်းက လေးငါးရှစ် သောင်း လောက်နဲ့ရောင်းလို့ ရတာကို ၂သိန်းနဲ့ တင်ပြီးရောင်းထားတယ်။ ၀ိုင်းကန့်ကွက်လို့ မရဘူး။ အခု ရောင်းမယ်ဆို ၂သိန်းနဲ့ ရောင်းလို့ မဖြစ်တော့ဘူး”ဟု IGE ကုမ္မဏီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုထွန်းထွန်းလင်းက ပြောသည်။

ကျန်ရှိနေသည့် GSM/WCDMAဖုန်း ဆင်းကတ် ၃ သန်းခန့်ကို ဧပြီလ အတွင်း GSM ကျပ် ၅ သောင်း၊ WCDMA ကျပ် ၈ သောင်းဖြင့် ရောင်းချသွားရန် ရှိကြောင်းနှင့် ဖုန်းခေါ်ဆိုခများလည်း ဈေး ထပ်ချပေးသွားရန်ရှိကြောင်း ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္မဏီများက ခန့်မှန်းထား ကြသည်။
လက်ရှိ အခြေအနေအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အပြိုင်အဆိုင် ရင်နှီးမြှုပ်နှံလာနိုင်ကြောင်း စီးပွားရေးသမားများက ပြောသည်။

“ကျပ် ၅၀၀၀ တန် ဖုန်းကတ် ထွက်ရှိရေးအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက် နေပါတယ်။ ဒီနှစ်ထဲမှာ ထွက်လာမယ်”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ တာဝန်ရှိသူ ကိုလွင်နိုင်ဦးက ပြောသည်။

ဆက်သွယ်ရေးတွင် အများပြည်သူ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရန်နှင့် တနိုင်ငံလုံး ဆက်သွယ်ရေးဝန်ဆောင်မှု အပြည့်ရရှိစေ ရန် ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗီးရှင်း စီမံခန့်ခွဲမှု (Telecommunication Operator)၂ ခုကို ၂၀၁၃ ခုနှစ် အတွင်း လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ဖုန်းတွေ ဈေးကျပြီပြောတာ့ မြန်မာ့ ဆက်သွယ်ရေးကို ၀ယ်မလို့မေးကြည့်တယ်။ မရသေးဘူးတဲ့။ ကျမတို့ အနေအထားကလည်း သိပ်မတတ်နိုင်ဘူးလေ။ ဖုန်းရှိထားရင် လုပ်ငန်းမှာ အချိန်ကုန် သက်သာမလားလို့ပါ”ဟု ရန်ကုန်မြို့ မြေနီကုန်းရှိ အရောင်းအ၀ယ်သမား တဦးက ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းတွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်နှီးပြီး ယှဉ်ပြိုင်လာပါက ဈေးနှုန်းများသည် အာဆီယံ နိုင်ငံများနှင့် အညီ ဖြစ်သွားနိုင်ကြောင်း ရန်ကုန် ပန်းဆိုးတန်းရှိ ဖုန်းဝယ်ရောင်း ပွဲစားများကလည်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်း သန်း(၃၀) စီမံကိန်းကို စတင်သည့်အနေဖြင့် ၂၀၁၂ ခုနှစ် မတ်လအတွင်း ပထမအသုတ် ဖုန်းအလုံးရေ ၁သန်းခွဲတွင် GSM ဖုန်း ဆင်းကတ်ကို ကျပ် ၂သိန်း၊ WCDMA ဖုန်း ဆင်းကတ်ကို၂သိန်းခွဲဖြင့်စတင်ရောင်းချခဲ့သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။

ပထမအသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူတချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ၀န်ကြီးက ကျပ် ၂ သိန်းဖြင့်သာ ရောင်းခဲ့သည်ဟု ဆိုသည်။

အမေရိကန် အစိုးရသည် ကင်ညာ နိုင်ငံသို့ သွားရောက်လိုသည့် နိုင်ငံသားများ အတွက် ခရီးသွား အကြံပေးချက် အသစ်တစ်ရပ် ထုတ်ပြန်

Photo: အမေရိကန် အစိုးရသည် ကင်ညာ နိုင်ငံသို့ သွားရောက်လိုသည့်
နိုင်ငံသားများ အတွက် ခရီးသွား အကြံပေးချက် အသစ်တစ်ရပ် ထုတ်ပြန်

အမေရိကန် အစိုးရသည် ကင်ညာ နိုင်ငံသို့ အလည်အပတ် ခရီး သွားရောက် လိုသည့် ၎င်း၏ နိုင်ငံသားများ အတွက် ခရီးသွား အကြံပေးချက် အသစ် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရပါသည်။

အဆိုပါ ထုတ်ပြန်ချက် အရ ကင်ညာ နိုင်ငံသို့ ခရီး သွားရောက်ကြမည့်၊ သို့မဟုတ် ကင်ညာ နိုင်ငံတွင် အခြေချ နေထိုင်ကြသည့် အမေရိကန်
နိုင်ငံသားများ အနေဖြင့် သတိဖြင့် နေထိုင်ကြရန် ဖော်ပြ ပါရှိပါသည်။

ကင်ညာ နိုင်ငံတွင် ခြိမ်းခြောက်မှု များနှင့် အကြမ်းဖက် ဆူပူ ရာဇဝတ်မှုများ တိုးပွား လာနေသောကြောင့် ယခုကဲ့သို့ သတိပေး ချက် ထုတ်ပြန်ခဲ့ခြင်း
ဖြစ်ပါသည်။

အမေရိကန် သံရုံး အနေဖြင့် လုံခြုံရေး ဆိုင်ရာ အခြေ အနေများ အတွက် နောက်ဆုံး အခြေအနေ များကို စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိ ရပါသည်။

အေးချမ်းမွန်မှ မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် အစိုးရသည် ကင်ညာ နိုင်ငံသို့ အလည်အပတ် ခရီး သွားရောက် လိုသည့် ၎င်း၏ နိုင်ငံသားများ အတွက် ခရီးသွား အကြံပေးချက် အသစ် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရပါသည်။

အဆိုပါ ထုတ်ပြန်ချက် အရ ကင်ညာ နိုင်ငံသို့ ခရီး သွားရောက်ကြမည့်၊ သို့မဟုတ် ကင်ညာ နိုင်ငံတွင် အခြေချ နေထိုင်ကြသည့် အမေရိကန်
နိုင်ငံသားများ အနေဖြင့် သတိဖြင့် နေထိုင်ကြရန် ဖော်ပြ ပါရှိပါသည်။

787 ဘိုရင်းလေယာဉ်အားလုံး ပျံသန်းမှုရပ်ဆိုင်း

Photo: 787 ဘိုရင်းလေယာဉ်အားလုံး ပျံသန်းမှုရပ်ဆိုင်း

17.01.2013

အမေရိကန်အစိုးရ လေကြောင်းတာဝန်ရှိသူတွေက လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်တဲ့
သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ Boeing ကုမ္ပဏီလုပ် 787 Dreamliner
အမျိုးအစား ဂျက်လေယာဉ်တွေကို ကမ္ဘာတဝှမ်းက လေကြောင်းတာဝန်ရှိသူတွေက
ပျံသန်းမှု ရပ်နားထားလိုက်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ Boeing
787 လေယာဉ်တွေ ပျံသန်းမှု ရပ်နားထားခဲ့ပြီးနောက် ချီလီ၊ India နဲ့ ဥရောပက
လေကြောင်းလိုင်းတွေကလဲ 787 လေယာဉ်တွေ ပျံသန်းမှုကို
ရပ်ဆိုင်းထားလိုက်ပါတယ်။

လေယာဉ်တွေရဲ့ ဘက်ထရီတွေ မီးလောင်နိုင်တဲ့အန္တရာယ်ကို မပြင် ရသေးသရွေ့ ဒီလေယာဉ်ပျံတွေ မပျံသင့်ဘူးလို့ ကမ္ဘာလုံး ဆိုင်ရာ လေကြောင်းစည်းမျဉ်း စည်းကမ်း အဆင့်အတန်းတွေကို
သတ်မှတ်တဲ့ FAA က ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ လေယာဉ်မှုးမောင်းခန်းထဲက
သတိပေးမီးမှာ ဘက်ထရီပြဿနာရှိနေတယ်ဆိုပြီး အချက်ပြခဲ့သလို ခရီးသည်တွေကလဲ
မီးလောင်နံ့ရခဲ့လို့ ဂျပန်မှာ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက်မှာ
အင်ဂျင် ၂ လုံးတပ် Boeing 787 လေယာဉ်တွေရဲ့ လုံခြုံစိတ်ချရမှုနဲ့
ပါတ်သက်လို့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်၊

အေးချမ်းမွန်မှ VOA  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန်အစိုးရ လေကြောင်းတာဝန်ရှိသူတွေက လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်တဲ့
သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ Boeing ကုမ္ပဏီလုပ် 787 Dreamliner
အမျိုးအစား ဂျက်လေယာဉ်တွေကို ကမ္ဘာတဝှမ်းက လေကြောင်းတာဝန်ရှိသူတွေက
ပျံသန်းမှု ရပ်နားထားလိုက်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ Boeing
787 လေယာဉ်တွေ ပျံသန်းမှု ရပ်နားထားခဲ့ပြီးနောက် ချီလီ၊ India နဲ့ ဥရောပက
လေကြောင်းလိုင်းတွေကလဲ 787 လေယာဉ်တွေ ပျံသန်းမှုကို
ရပ်ဆိုင်းထားလိုက်ပါတယ်။

ကချင်စစ်ပွဲ အပစ်ရပ်ကြရန် တရုတ် တောင်းဆို၊ တရုတ်ဘက် ဗုံး လေးလုံးကျခဲ့

Photo: ကချင်စစ်ပွဲ အပစ်ရပ်ကြရန် တရုတ် တောင်းဆို၊ တရုတ်ဘက် ဗုံး လေးလုံးကျခဲ့

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၃ မိနစ် 

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းကြရန်အတွက် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အား တရုတ်အစိုးရက တောင်းဆိုလိုက်သည်။ 

ကြာသပတေးနေ့က ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က မြန်မာပြည်စစ်ပွဲများကြောင့် တရုတ်နယ်မြေတွင်း မီတာ ၅၀၀ အကွာတွင် အင်္ဂါနေ့က ဗုံးတလုံး ကျရောက်ခဲ့ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ ထိုဗုံးကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုဆိုသည်။ 

ထိုဗုံးမှာ တရုတ်နိုင်ငံအတွင်း ကျရောက်ခဲ့သည့် မြန်မာပြည်မှ စတုတ္ထမြောက် ဗုံးဖြစ်ပြီး ယခင် သုံးလုံးမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်းနှင့် မနှစ်မျို့ကြောင်း သြရန်အတွက် မြန်မာနိုင်ငံသို့ အရေးပေါ် ကိုယ်စားလှယ် စေလွှတ်ထားကြောင်း မစ္စတာ ဟောင်လေ အား ကိုးကား၍ ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

ထိုသို့ နယ်ကျူး ဗုံးကျမှုများအား မြန်မာအစိုးရက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန်နှင့် နောင် ထိုသို့မဖြစ်ရန်အတွက် လိုအပ်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန်လည်း တရုတ်က တောင်းဆိုလိုက်သည်။ 

“အစွမ်းကုန် သည်းခံမှု”ကို ကျင့်သုံးကြရန်၊ ပြဿနာများကို ဆွေးနွေးဖြေရှင်းကြရန်နှင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် တည်ငြိမ်မှုကို ထိရောက်စွာ ထိန်းသိမ်းကြရန် စစ်မက်ဖြစ်ပွားနေသည့် နှစ်ဘက်လုံးအား တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဟောင်လေ က တိုက်တွန်းလိုက်သည်။   

အေးချမ်းမွန်မှ   Mizzima - News in Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းကြရန်အတွက် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အား တရုတ်အစိုးရက တောင်းဆိုလိုက်သည်။

ကြာသပတေးနေ့က ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က မြန်မာပြည်စစ်ပွဲများကြောင့် တရုတ်နယ်မြေတွင်း မီတာ ၅၀၀ အကွာတွင် အင်္ဂါနေ့က ဗုံးတလုံး ကျရောက်ခဲ့ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ ထိုဗုံးကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုဆိုသည်။

အတန်းတင်စာမေးပွဲကြီးများ ဖြေဆိုကြတော့မည်ဖြစ်၍ ကိုယ်ပိုင်အရည် အချင်းနှင့် ပင်ကိုယ်ကြိုးစားမှုဖြင့်ဖြေဆိုကြစေချင်ပါသည်

Photo: အတန်းတင်စာမေးပွဲကြီးများ ဖြေဆိုကြတော့မည်ဖြစ်၍ ကိုယ်ပိုင်အရည် အချင်းနှင့် ပင်ကိုယ်ကြိုးစားမှုဖြင့်ဖြေဆိုကြစေချင်ပါသည်

January 17, 2013Home, ဆောင်းပါး 

ဖြစ်စဉ်အမျိုးအစား(၁)

၁၉၉၂-၉၃ ခုနှစ်များဆီက ရေနံ   ချောင်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကဖြစ်ပါသည်။ ကျွန်တော်ရုံးခန်းထဲတွင်  ၀င်စာများဖတ်နေစဉ် တပည့်တစ်ဦးမှ သတင်းတစ်ခုပြောလာခဲ့သည်။
““ဆရာ ကျွန်တော်တိုပ(——— ကြီး) သမီး(၁၀)တန်းဖြေရင်းနဲ့ ကျောင်း မှာမူးလဲလို့တဲ့ ခုဆေးရုံပို့ထားရပြီး ဆေးရုံမှာ ဆက်ဖြေရမယ်””တဲ့။
၁၀တန်းစာမေးပွဲ ပထမနေ့ မြန်မာ  စာဖြေအပြီး၊ဒုတိယနေ့ အင်္ဂလိပ်စာဖြေ  နေစဉ် စဖြေပြီး(၅)မိနစ်ခန့်အကြာ ထို လူကြီးသမီးမူးလဲသော ဖြစ်စဉ်ဖြစ်ခဲ့သည် ဟုသိရသည်။ အစပထမတော့ ရိုးရိုး သားသားဟုထင်ပြီး ကျွန်တော်စိတ်မ ကောင်းပင်ဖြစ်မိသေးသည်။ ““နေကလည်း   ပူတယ်ကွာ၊ညကလည်း စာကျက်များ သွားလို့ထင်ပါတယ်ကွာ””ဟုပင် ထင်ကြေး  ပေးမိခဲ့သည်။
သို့သော်ဖြစ်စဉ်အမှန်က ၁၀တန်း စာမေးပွဲ ပထမနေ့စဖြေကတည်းက ထို မြို့ရှိနယ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦး  ၏သားသည် ကျန်းမာရေးအကြောင်းပြု ပြီး (ကြိုတင်စီမံကိန်းချ၍) ဆေးရုံတွင် သွားရောက်ဖြေဆိုနေခဲ့သည်။ထိုအကြောင်း ကို ကျွန်တော်တို့လူကြီးက မသိခဲ့။ပထမ နေ့ မြန်မာစာဖြေပြီးမှ သိခဲ့သဖြင့် သူ့သ မီးမှာလည်း ရုပ်ရှင်သရုပ်ဆောင်ဆန်ဆန်     ရုတ်တရက်မူးလဲချင်ဟန်ဆောင်ရခြင်းဖြစ် သည်။ ဆေးရုံတွင်ဖြေဆိုရခြင်းနှင့်လူကြီး သားသမီးများဖြစ်ကြခြင်းကြောင့် နား လည်သူအခန်းစောင့်များ၊တပည့်ဖြစ်သူ များက အခက်အခဲများကို ကူညီဖြေရှင်း   ပေးကြသည်ဟုသိရသည်။ မကောင်း သတင်းများထွက်ခဲ့သည်။ထိုမူးလဲသည့် ဘာသာရပ်မှစ၍ စာမေးပွဲဘာသာရပ် အားလုံးပြီးဆုံးချိန်အထိ ကျွန်တော့်ဆရာ      သမီးမှာ ဆေးရုံ၌သာ ဆက်ဖြေခွင့်ရသွား တော့၏ ထိုနှစ်က ထိုမြို့တွင် (၁၀)တန်း  ကျောင်းသားများအော်ကြသည်။““အော် ချင်ရင် ဆေးရုံသွားဖြေ””ဟု။

ဖြစ်စဉ်အမျိုးအစား(၂)

၁၉၉၇-၉၈ ကလေးမြို့တွင် တာဝန် ထမ်းဆောင်ခဲ့စဉ်ကဖြစ်သည်။ ကျွန်တော့် အသိ လူကြီးတစ်ဦးတွင် (၁၀)တန်းကို တဖုန်းဖုန်းဖြင့်ကျနေသော သမီးတစ် ယောက်ရှိသည်။ထိုကလေးမမှာ(၁၀)တန်း    စာမေးပွဲဖြေဆိုသောအခါ ဖခင်တာဝန်   ကျရာ(သို့မဟုတ်)မိခင်၊ဖခင်၏မွေးရပ်ဇာတိ မြေတွင် မဖြေဆိုဘဲ ချင်းပြည်နယ်ရှိ အလွန်ခေါင်သောမြို့နယ်တစ်မြို့နယ်ရှိ စာစစ်ဌာနရှိသောနေရာတွင် သွားရောက်    ဖြေဆို၏ ထိုနှစ်တွင် ထိုကလေးမ(၁၀) တန်းစာမေးပွဲအောင်သွား၏။ မြို့လူထု ကြားတွင်လည်းကောင်း ဌာနဆိုင်ရာများ အကြားတွင်လည်းကောင်း ပြောစရာ တစ်ခုတော့ကျန်ခဲ့သည်။““အောင်မှာပေါ့ ကွာ။ ချင်းပြည်နယ်သွားဖြေတာကိုး””တဲ့ (၁၀)တန်းကို တဖုန်းဖုန်းကျသူများ၊မ အောင်နိုင်ဟုမိမိကိုယ်ကိုထင်သူများကို မိဘများက စီမံပေးကြသည်။အနေအစား   ချောင်သော စာစစ်ဌာနများမှ ၀င်တိုးစေ ခြင်းဖြစ်သည်။

ဖြစ်စဉ်အမျိုးအစား(၃)

၂၀၀၃-၂၀၀၄ ခုနှစ်လောက်ကဖြစ် မည်ဟုထင်ပါသည်။
ရခိုင်ပြည်နယ်မှ ကားလမ်းမပေါက်၊        ရေလမ်းတစ်မျိုးတည်းဖြင့်သာ သွား၍ရ သောမြို့နယ်ရှိ ကျေးရွာအုပ်စုကြီးတစ်ခု တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်သည်။ ထို ကျေးရွာအုပ်စုတွင် (၁၀)တန်းစာစစ်ဌာန    ရှိသည်။မြို့နယ်မြို့နှင့်(၁၀)မိုင်ခန့်ဝေးသည်။  ထိုစာစစ်ဌာနတွင်(၁၀)တန်းဖြေဆိုမှုနှင့် ပတ်သက်၍ မသမာမှုများရှိ၍ အထက် ဌာနဆိုင်ရာများနှင့်ပညာရေးဝန်ကြီးဌာန သို့ တိုင်ကြားစာတစ်စောင်ရောက်သွား   သည်ဟုဆို၏။
ထိုတိုင်ကြားစာကို အထက်ဌာန များမှ ပြည်နယ်သို့ချပေးသဖြင့် ပြည်နယ် မှ ကျွန်တော်အပါအ၀င် ပြည်နယ်ပညာ ရေးဌာနမှ ပြည်နယ်အဆင့်တာဝန်ရှိသူ တစ်ဦး၊သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဦး ပေါင်း(၃) ဦးတို့ဖြင့် သွားရောက်စစ်ဆေးစေ၏။
ထိုအတိုင်ခံရသောကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှာ အခြားမြို့နယ်  ရှိ စာစစ်ဌာနသို့(၁၀)တန်းစာမေးပွဲကြီး ကြပ်ရေးမှူး တာဝန်ဖြင့်ရောက်ရှိနေခဲ့ သည်။ ပြဿနာဖြစ်သောကျောင်းသို့  အခြားမြို့တစ်မြို့မှ ကျောင်းအုပ်ကြီးတစ် ယောက်က ကြီးကြပ်ရေးမှူးတာဝန်ဖြင့်  ရောက်ရှိနေခြင်းဖြစ်သည်။ (၁၀)တန်း ဖြေဆိုမည့်ကျောင်းသားမိဘများက ငွေ စုဆောင်း၍ ထိုကြီးကြပ်ရေးမှူးဆရာအား     ပေးကမ်းရ၏ အခန်းစောင့်ဆရာ၊ဆရာမ များအားလည်းပေးရ၏။ ထိုထိုသောအခါ   အခန်းစောင့် ဆရာ/ဆရာမများက ကျောင်းသားများစာအုပ်မှ ကူးယူခိုးချနေ ခြင်း၊အချင်းချင်းကူးယူခိုးချနေခြင်းများ အား မသိမမြင်ချင်ယောင်ဆောင်နေရ၏။   ကြီးကြပ်ရေးမှူးဆရာကြီးလာပါက ကျောင်းသားများကို စကားဝှက်ဖြင့်လည်း ကောင်း၊စားပွဲခေါက်၍အချက်ပြဖြင့်လည်း ကောင်း၊အသံပေး၍လည်းကောင်းအသိ ပေးရ၏။ ကျောင်းသားများစနစ်တကျ ဖြေဆိုမှုရှိ၊မရှိကို စောင့်ကြည့်ခြင်းမရှိဘဲ  ကြီးကြပ်ရေးမှူးလာ/မလာကိုသာ စောင့် ကြည့်နေတော့၏။ စုံစမ်းစစ်ဆေးသော အခါ အဖြစ်မှန်များပေါ်ပေါက်လာသည်။   မိမိတို့သားသမီးများ၊မိမိတို့တပည့်များ (၁၀)တန်းအောင်မြင်ရေးအတွက် မသမာ သောနည်းဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်းပေါ်လွင်ထင်ရှား ၏။ ထိုအခါ ထိုစာစစ်ဌာနလည်း သံသယ  စာရင်းထဲအသွင်းခံရသည်။ကြီးကြပ်ရေးမှူး အပါအ၀င်အခန်းစောင့်ဆရာ/ဆရာမ များ နယ်ပြောင်းရွှေ့ခြင်း၊ရာထူးချထား ခြင်း၊အလုပ်မှထုတ်ပစ်ဖြစ်များ စသည့် ပြစ်ဒဏ်အသီးသီးအား ၀န်ကြီးဌာနမှ ချ မှတ်ခဲ့ကြောင်းသိရှိရ၏။

ဖြစ်စဉ်အမျိုးအစား(၄)

ခေါင်းဆောင်မှုသင်တန်းတစ်ခုတက် ရောက်ခဲ့စဉ်ကဖြစ်ပါသည်။ သင်တန်းတွင်     လူအမျိုးမျိုးပါဝင်တတ်ပေရာ လူကြီးသား  များလည်း ဖခင်ဝိတ်ဖြင့်ပါလာတတ်ပေ သည်။ခေါင်းဆောင်လုပ်မည့်သင်တန်း သားများကို နည်းပြအရာရှိက ပြဿနာ   တစ်ခုကိုဖြစ်စဉ်ချထားပေးသည်။နည်းပြ   က ဖြစ်စဉ်ကို ရှင်းပြပြီး လိုလားချက် ကတော့ ထိုပြဿနာအပေါ် ““သင်တန်း  သားဘာလုပ်မလဲ””ဆိုသည့် အဖြေဖြစ် သည်။ ထိုလူကြီးသားအလှည့်သို့ရောက် သောအခါ နည်းပြအရာရှိက ထိုသင်တန်း    သား၏ခေါင်းပေါ်သို့ လက်ဖြင့်ဖိ၍ ““ကဲ ပြဿနာစပြီ သင်တန်းသားဘာလုပ်မလဲ၊ ခေါင်းဆောင်ဖြစ်ရင် ဘာလုပ်မလဲ””ဟု ထပ်ခါထပ်ခါမေးတော့သည်။ကျန်တဲ့နည်း  ပြများနှင့်သင်တန်းသားများလည်း ၀ိုင်း ကြည့်နေကြသည်။ ထိုအမေးခံရသော သင်တန်းသား ဖြေလိုက်သော အဖြေက     ““ဘာမှမလုပ်ဘူး။ဘာမှမလုပ်ဘူး””ဟုသာ ဖြေ၏ မေးခွန်း၏ဖိအားဒဏ်၊နည်းပြ၏ ဖိအားဒဏ်များ၊ ထိုသင်တန်းသားမခံနိုင်   ရှာပေ။ သင်တန်းပြီးဆုံး၍ သူ့ဖခင်လူကြီး   ၏မျက်နှာကြောင့် သင်တန်းဆင်းပေးလိုက် ရသော်လာ်း နောင်တစ်ချိန်ပြန်တွေ့ကြ သောအခါ အခြားသင်တန်းသားများမှာ    အရာရှိကြီးများဖြစ်ကုန်ကြသော်လည်း   ထိုသင်တန်းသားမှာ ငယ်ငယ်ရွယ်ရွယ် ဘ၀မှာပင် အလုပ်မှထုတ်ပယ်ခံလိုက်ရ တယ်။ ပြင်ပလောကတွင်လည်း မတိုး တက်ခဲ့ချေ။ ကိုယ်ပိုင်အရည်အချင်းနှင့် ပင်ကိုယ်ကြိုးစားမှုမရှိခြင်း၏ သဘောပင် ဖြစ်၏။
တပည့်များ၊ဆရာ/ဆရာမများ၊မိဘ များက ထိုသို့မသမာသောနည်းများ အ သုံးပြုပြီး သားသမီးများတိုးတက်ရေး အတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသလို ပင် တစ်ခေတ်က ပြည်နယ်နှင့် တိုင်းအ သီးသီး(ထိုခေတ်က တိုင်းဒေသကြီးဟု မခေါ်သေးပါ)တို့တွင်လည်း မိမိတို့တိုင်း ဒေသကြီး မျက်နှာပန်းလှစေရေး၊အထက် မှ အမြင်ကောင်းစေရေး၊အမှတ်များများ   ရစေရေးအတွက် မမှန်မကန်သောနည်း လမ်းများဖြင့် ယှဉ်ပြိုင်မှုများပြုလုပ်ခဲ့ကြ သည်။ ထိုခေတ်ကခေတ်စားခဲ့ဘူးသော   ကျောင်းသားပွဲတော်များတွင် ကျောင်း သားမဟုတ်သော ပြင်ပလောကမှ လူများ    အများအပြားပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ““ငါ  အလိမ်အညာတွေကို ထိုင်ကြည့်နေတယ် ကွ””ဟု ၀န်ကြီးတစ်ဦးညည်းထွားခဲ့ဖူး၏။
နိုင်ငံတော်အဆင့် ဆို၊က၊ရေး၊တီး ပြိုင်ပွဲများတွင်လည်း မိမိတိုင်းနှင့်ပြည်နယ်   အဆင့်ကောင်းစေရေးအတွက် အမှတ် ပေးဒိုင်အဖွဲ့များကို လာဘ်ထိုးရခြင်း၊အ ခြားပြည်နယ်တိုင်းများမှ ငှားရမ်းထည့်ရ ခြင်းတို့ဖြင့် မိမိတိုင်းနှင့်ပြည်နယ်ဂုဏ်ကို   မမှန်မကန်မြှင့်တင်လိုကြပေသည်။ မြှင့် တင်ခဲ့ကြဖူးပါသည်။
ထို့အတူတိုင်းနှင့်ပြည်နယ်အသီးသီး   တွင် စပါးမစိုက်ပျိုးနိုင်ဘဲ စိုက်ဧကများ လိမ်၍ စာရင်းတိုးချဲ့ပြခြင်း၊မဖြစ်နိုင်သော   စပါးအထွက်နှုန်းများ အထွက်ပြခြင်းများ ကြောင့် ဆန်စပါးဖူလုံမှုကိန်းဂဏန်းများ   မမှန်ကန်တော့ဘဲ နီးစပ်ရာစပါးထွက်သော   တိုင်း/ခရိုင်များမှ တရားမ၀င်ခိုးသွင်းရ တော့၏။ မိမိတိုင်းနှင့်ပြည်နယ်ဂုဏ်ကို မမှန်မကန်မြှင့်တင်ခဲ့ကြခြင်းဖြစ်ပေသည်။
အရှေ့တောင်အာရှတွင်ကျင်းပသည့်    အသက်အကန့်အသတ်ဖြင့်ယှဉ်ပြိုင်ကြ ရသော ဘောလုံးပြိုင်ပွဲများတွင်အောင် ပွဲများရရှိပြီး အသက်အကန့်အသတ်မရှိ ယှဉ်ပြိုင်ရသော ဘောလုံးပွဲများတွင်  မြန်မာအသင်းမရှုမလှရှုံးနိမ့်ရခြင်းမှာ အသက်လိမ်လည်မှု၏ နောက်ဆက်တွဲ   အကျိုးဆက်တစ်ခုဖြစ်သည်မှာ ထင်ရှား ပေသည်။
လူတစ်ဦးချင်းစီ၌လည်းကောင်း၊
မိသားစုအလိုက်သော်လည်းကောင်း၊
ကျောင်း၊ဌာနဆိုင်ရာ၊အဖွဲ့အစည်း   အလိုက်သော်လည်းကောင်း၊
မြို့နယ်နှင့်ခရိုက်အလိုက်သော်လည်း ကောင်း၊
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သော်လည်းကောင်း၊
နိုင်ငံအသီးသီး၌သော်လည်းကောင်း၊
နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး(ပညာ ရေး၊ကျန်းမာရေး၊အားကစား)စသည့် ပြိုင်ဆိုင်မှုများ ရှိနေပါလိမ့်မည်။ ယခု ခေတ်ကာလသည် ပြိုင်ဆိုင်မှုပြင်းထန် သည့်ကာလဖြစ်ပါသည်။ ပြိုင်ပွဲများတွင် ကိုယ်ပိုင်အရည်အချင်းမရှိဘဲ မမှန်မကန်၊    မရိုးမသားပြိုင်ဆိုင်မှုများရှိပါက တစ်ချိန် ချိန်တွင် အလိမ်အညာပေါ်သွားသည့် အခါ ရှက်ဖွယ်နှင့်ကြုံရမည့်အပြင် ပြိုင် ပွဲဝင်ရသူလည်း ဂုဏ်သိက္ခာကျတတ်ပေ သည်။ ဘ၀တွင်ပါ ဒုက္ခဖြစ်တတ်ပါသည်။
မကြာမီ(၁၀)တန်းစာမေးပွဲအပါအ၀င်   အတန်းတင်စာမေးပွဲအသီးသီးဖြေဆိုရ တော့မည်။ကျောင်းသား/ကျောင်းသူများ  လည်း မိမိကိုယ်ပိုင်အရည်အချင်းနှင့်ပင် ကိုယ်ကြိုးစားမှုများဖြင့် ရိုးရိုးသားသား ဖြေဆိုကြရန်နှင့်မိဘများ၊ဆရာ/ဆရာမ များ၊ကြီးကြပ်သူများ၊တာဝန်ရှိသောဌာန  ဆိုင်ရာ အဆင့်ဆင့်များသည် ရိုးသားပေး ကြရန်၊ မျက်နှာလိုက်ခြင်း၊ဘက်လိုက်ခြင်း၊ အခွင့်အရေးပေးခြင်းများကင်းကြရန် လိုပါ  ကြောင်း ဆန်္ဒပြုရေးသားရပေသည်။

လှတင့်ဆွေ(ပိန်းဇလုပ်)

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဖြစ်စဉ်အမျိုးအစား(၁)

၁၉၉၂-၉၃ ခုနှစ်များဆီက ရေနံ ချောင်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကဖြစ်ပါသည်။ ကျွန်တော်ရုံးခန်းထဲတွင် ၀င်စာများဖတ်နေစဉ် တပည့်တစ်ဦးမှ သတင်းတစ်ခုပြောလာခဲ့သည်။
““ဆရာ ကျွန်တော်တိုပ(——— ကြီး) သမီး(၁၀)တန်းဖြေရင်းနဲ့ ကျောင်း မှာမူးလဲလို့တဲ့ ခုဆေးရုံပို့ထားရပြီး ဆေးရုံမှာ ဆက်ဖြေရမယ်””တဲ့။
၁၀တန်းစာမေးပွဲ ပထမနေ့ မြန်မာ စာဖြေအပြီး၊ဒုတိယနေ့ အင်္ဂလိပ်စာဖြေ နေစဉ် စဖြေပြီး(၅)မိနစ်ခန့်အကြာ ထို လူကြီးသမီးမူးလဲသော ဖြစ်စဉ်ဖြစ်ခဲ့သည် ဟုသိရသည်။ အစပထမတော့ ရိုးရိုး သားသားဟုထင်ပြီး ကျွန်တော်စိတ်မ ကောင်းပင်ဖြစ်မိသေးသည်။ ““နေကလည်း ပူတယ်ကွာ၊ညကလည်း စာကျက်များ သွားလို့ထင်ပါတယ်ကွာ””ဟုပင် ထင်ကြေး ပေးမိခဲ့သည်။

ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU ပျောက်ဆုံးမှု

Photo: ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU ပျောက်ဆုံးမှု

နေပြည်တော်၊

 ဇန်န၀ါရီ ၁၇ ၁၄-၁-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဗဟန်းမြို့နယ် Golden Hill Tower အခန်းအမှတ်(၆၀၃)တွင် တည်းခိုနေထိုင်သူ JFE ကုမ္ပဏီလက်ထောက်မန်နေဂျာ၊ ဂျပန်လူမျိုး Mr.HASEGAWA WATARU (၂၉)နှစ်သည် အပြင်သို့ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေ၍ JEF ကုမ္ပဏီမှ ဦးအောင်စိုးမင်းက ဗဟန်းရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်း လူပျောက် အမှတ်စဉ်(၂/၂၀၁၃)ဖြင့် လူပျောက်မှု ရေးဖွင့်ခဲ့သည်။ ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်သူဖြစ်ပြီး ၄င်း၏ပုံသဏ္ဍာန်မှာ ဆံပင်နက်/ဘိုကေ၊ နဖူးသင့်၊ မျက်ခုံး ကောင်း၊ မျက်လုံးဖွေး၊ နှာတံပေါ်၊ နှုတ်ခမ်းပါး၊ ပါးစပ်သင့်၊ မျက်နှာဝိုင်း၊ နားသေးကား၊ မေးလုံး၊ အသားဖြူ၊ ခန်္ဓာကိုယ်သွယ်၊ ဘောင်းဘီရှည်အမြဲဝတ်ပြီး မြန်မာစကားအနည်းငယ် ပြောတတ်သူဖြစ်သည်။ ပျောက်ဆုံး စဉ်က လက်ကိုင်ဖုန်း ၀၉၄၅၀၀၆၀၃၉၀ နှင့် ခရီးဆောင်အိတ် ၁ လုံးတို့ပါရှိသွားခဲ့ပြီး ၎င်းင်းအား ပြန်လည် တွေ့ရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအတွင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

အေးချမ်းမွန်မှ ရဲဇာနည်   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်န၀ါရီ ၁၇ ၁၄-၁-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဗဟန်းမြို့နယ် Golden Hill Tower အခန်းအမှတ်(၆၀၃)တွင် တည်းခိုနေထိုင်သူ JFE ကုမ္ပဏီလက်ထောက်မန်နေဂျာ၊ ဂျပန်လူမျိုး Mr.HASEGAWA WATARU (၂၉)နှစ်သည် အပြင်သို့ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေ၍ JEF ကုမ္ပဏီမှ ဦးအောင်စိုးမင်းက ဗဟန်းရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်း လူပျောက် အမှတ်စဉ်(၂/၂၀၁၃)ဖြင့် လူပျောက်မှု ရေးဖွင့်ခဲ့သည်။

(၁၈)နှစ်ပြည့်ပြီးသူ ကားတင်သွင်းခွင့်ရှိသည့်မူဝါဒကြောင့် Show Roomများ အခက်တွေ့

Photo: (၁၈)နှစ်ပြည့်ပြီးသူ ကားတင်သွင်းခွင့်ရှိသည့်မူဝါဒကြောင့် Show Roomများ အခက်တွေ့

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 17 Jan, 2013

၂၀၀၈ နှင့်အထက် မော်ဒယ်ကားများအား ကား show room များ၌  တင်သွင်းရောင်းချခွင့်ပြုမည်ဆိုပါက လက်ရှိဖြစ်နေသည့် အခက်အခဲများ ပြေလည်သွားနိုင်ကြောင်း Myanmar Automobile Industries Association မှ ဥက္ကဌဦးဌေးအောင်က ပြောသည်။
 
အသက် (၁၈) နှစ်ပြည့်ပြီးသူ မည်သူမဆို ကားတင်သွင်းခွင့်ရှိသော မူဝါဒကြောင့် တင်သွင်းခွင့်များအား ၀ယ်ယူကာတင်သွင်းနေခြင်းကြောင့်   show room များ အနေဖြင့် အရောင်းအ၀ယ်ပါးနေကြောင်းကိုလည်း ၄င်းက ထောက်ပြပြောဆိုသည်။
 
အသက် ၁၈ နှစ်ပြည့်သူ မည်သူမဆိုတင်သွင်းခွင့်ရှိသည်ဆိုသောမူဝါဒမှာ မော်ဒယ်အမြင့်ကားများ ဖြစ်သည့် ၁၃၅၀ စီစီ အထက် မော်တော်ကား များအား တင်သွင်းခွင့်ရှိသော်လည်း car show room များအနေဖြင့် ၄င်းကားများကို တင်သွင်းခွင့်မရှိကြောင်း car show room ပိုင်ရှင်တို့က ဆိုသည်။
 
“အာစီယံနိုင်ငံတွေမှာလည်း ဒီလိုပဲကျင့်သုံးတာပဲ မည်သူမဆို ဆိုတာ ဘယ်မှာမှမရှိ မြန်မာကလွဲရင်၊ အဲ့ဒီ ဆယ်နိုင်ငံမှာ မြန်မာကလွဲရင် ဘယ်မှာမှမရှိဘူး အင်ဒိုနီးရှားမှာလည်း သွင်းချင်သလို သွင်းလို့မရဘူးshow room တွေက တင်ရောင်းတယ် မဟုတ်ရင် နိုင်ငံခြား ၀င်ငွေရှိတဲ့လူက ပါမစ်လျှောက်ပြီး တင်ရောင်းတယ်” ဟု ဦးဌေးအောင်က ပြောသည်။
 
အဆိုပါ ဘဏ်စာရင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကားတင်သွင်းခွင့်မူဝါဒမှာ  ၂၀၁၂ ခုနှစ်နှစ်လယ်ပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုမူဝါဒနှင့် တစ်ဦးချင်း တင်သွင်းခဲ့သော မော်တော်ယာဉ် အရေအတွက်မှာ ၂၀၁၂ ခုနှစ် မေလ မှစ၍ သြဂုတ်လ ၁၆ ရက်နေ့ထိ တင်သွင်းခဲ့သောစီးရေမှာ ၈၀၀၀ ကျော်ပြီဖြစ်ကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။
 
အသက် (၁၈)နှစ်ပြည့်သူများအား ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ မရှိတော့လျှင် show roomများအနေဖြင့် အဆင်ပြေသွားနိုင်ပြီး ကားပွဲစားများအနေဖြင့်အခက်အခဲများဖြစ်သွားနိုင်ကြောင်းဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကားပွဲစားကိုထွန်းက ပြောသည်။
 
"အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင်တော့ အကိုတို့ကျပ်သွားမှာပေါ့၊ အောက်ကားတွေသွင်းလို့ မရတော့ဘူးဆိုတော့တော်တော်လေးကို လုပ်ရကိုင်ရတာကျပ်သွားနိုင်တယ်။" ဟု ကားပွဲစားကိုထွန်းက ပြောသည်။
 
ထိုကဲ့သို့ car show room များအနေဖြင့် မော်ဒယ်မြင့်များတင်သွင်းခွင့်မရခြင်းအပြင် နိုင်ငံခြားမှသင်္ဘောဖြင့် တင်လာသောကားများအား ဆိပ်ကမ်းမှထုတ်ယူနိုင်ရန်အတွက်လည်း အခက်အခဲများရှိကြောင်းဇန်န၀ါရီလ(၁၅)ရက်နေ့က My Gardern စားသောက်ဆိုင်တွင်ပြုလုပ်သော Myanmar Automobile Industries Association ၏ မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်

အေးချမ်းမွန်မှ   Myit Makha Mediagroup   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၂၀၀၈ နှင့်အထက် မော်ဒယ်ကားများအား ကား show room များ၌ တင်သွင်းရောင်းချခွင့်ပြုမည်ဆိုပါက လက်ရှိဖြစ်နေသည့် အခက်အခဲများ ပြေလည်သွားနိုင်ကြောင်း Myanmar Automobile Industries Association မှ ဥက္ကဌဦးဌေးအောင်က ပြောသည်။

အသက် (၁၈) နှစ်ပြည့်ပြီးသူ မည်သူမဆို ကားတင်သွင်းခွင့်ရှိသော မူဝါဒကြောင့် တင်သွင်းခွင့်များအား ၀ယ်ယူကာတင်သွင်းနေခြင်းကြောင့် show room များ အနေဖြင့် အရောင်းအ၀ယ်ပါးနေကြောင်းကိုလည်း ၄င်းက ထောက်ပြပြောဆိုသည်။

“ဈေးကွက် သေးတာကို ကျနော် မကြည့်ပါဘူး”(HTC မိုဘိုင်းဖုန်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (ဦးဝင်းသန်း)နှင့် တွေ့ဆုံခြင်း)

Photo: “ဈေးကွက် သေးတာကို ကျနော် မကြည့်ပါဘူး”

HTC မိုဘိုင်းဖုန်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (ဦးဝင်းသန်း)နှင့် တွေ့ဆုံခြင်း 

တင်ဇာအောင် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၀၄ မိနစ်  

ထိုင်ဝမ်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး ပိုင်ဆိုင်သော HTC မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံအတွက် HTC Smart Phone များ တရားဝင် ဖြန့်ချီခွင့်ကို KMD ကုမ္ပဏီ အုပ်စုအား ပေးအပ်လိုက်ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စတင် ဖြန့်ချီခဲ့သည်။ 

HTC နှင့် KMD Computer Group တို့၏ မြန်မာနိုင်ငံတွင်း ပထမဆုံး HTC တရားဝင် အရောင်းဆိုင် စတင်ဖွင့်လှစ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် HTC ၏ CEO Peter Chou မှ HTC mobile phone နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal Hotel တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

HTC သည် ကမ္ဘာပေါ်တွင် နာမည် ကျော်ကြားသော smart phone ကုမ္ပဏီ တခုဖြစ်ပြီး ကမ္ဘာ့ မိုဘိုင်းဖုန်းတွင် မြန်မာစာ စနစ်ပါဝင်လာသော ဖုန်းမော်ဒယ်များကို ပထမဦးဆုံး အနေဖြင့် စတင် ဖြန့်ချီလာခြင်း ဖြစ်သည်။ 

HTC ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (မြန်မာအမည် ဦးဝင်းသန်း) နှင့် မဇ္ဈိမ ဂျာနယ် အပါအ၀င် မီဒီယာများ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပြီး ယင်းအင်တာဗျူးထဲမှ ပရိသတ်များ သိလိုသည်များကို မဇ္ဈိမ က ဖော်ပြပေးထားသည်။ 

HTC မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ အပါအဝင် မြန်မာပြည်၏ မိုဘိုင်းဈေးကွက်ပေါ်တွင် အခြေအနေနှင့် ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် အခြေအနေများကို HTC အမှုဆောင် အရာရှိချုပ်က ဖြေကြားပေးထားခြင်းဖြစ်သည်။ (အချို့မေးခွန်းများကို HTC ဖြန့်ချိရေး KMD ကုမ္ပဏီ အုပ်စု၏ အထွေထွေ မန်နေဂျာ ဦးစိုးငွေရ က ဝင်ရောက် ဖြေကြားပေးထားသည်။) 

မဇ္ဈိမ။ ။ မြန်မာစာက စံမြန်မာစာ စနစ်ကို သုံးထားပါတယ်။ အဲဒါက ဒီမှာဆို စံတခု မဖြစ်သေးပါဘူး။ မြန်မာနိုင်ငံမှာ မြန်မာစာနဲ့ ပက်သတ်ပြီး ရှုပ်ထွေးတာ ရှိပါတယ်။ ဒါကို ဘယ်လို စီစဉ်ပါမလဲ။

ဦးဝင်းသန်း။   ။ သူက ဇော်ဂျီလည်း ရတယ်။ Myanmar 3 လည်း ရတယ်။ အကုန်လုံး ရပါတယ်။

မဇ္ဈိမ။ ။ ဖုန်းတလုံးထဲမှာ မြန်မာစာစနစ် သုံးမျိုးလောက် သုံးနေရတာ သုံးစွဲသူအတွက် ရှုပ်ထွေး နိုင်ပါသလား။ 

ဦးစိုးငွေရ။   ။ မြန်မာစာနဲ့ ပတ်သက်ပြီး စံသတ်မှတ်ဖို့ ကြိုးစားနေကြတာတော့ ရှိပါတယ်။ ဒီမှာက မြန်မာစာနဲ့ ပတ်သက်ပြီး နည်းနည်း fighting လုပ် (တိုက်ခိုက်) နေကျတာလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့က လောလောဆယ် အချိန်မှာ ဘယ် font (စာလုံး) မှ standard (စံ) မဖြစ်သေးချိန်မှာ စံမြန်မာရော၊ ဇော်ဂျီရော၊ Myanmar 3 ရော သုံးမျိုးစလုံးမှာ သုံးလို့ရအောင် လုပ်ပေးထားပါတယ်။ နောက်ပိုင်းမှာ ဘယ် font က မြန်မာနိုင်ငံအတွက် standard font လို့ ပြောလိုက်တာနဲ့ အဲဒီဖောင့်ကို ကျနော်တို့ follow လုပ် (လိုက်နာ)မှာ ဖြစ်ပါတယ်။ အခုကတော့ ပေါ်ပြူလာ အဖြစ်ဆုံး သုံးမျိုးကို သုံးလို့ရအောင် လုပ်ပေးထားတာပါ။ 

မဇ္ဈိမ။ ။ လက်ရှိ ဈေးကွက်မှာတော့ Samsung နဲ့ Huawei အမှတ်တံဆိပ်တွေက ဈေးကွက်မှာ နေရာရတယ် ပြောနိုင်ပါတယ်။ HTC အနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လို ယှဉ်ပြိုင်မယ်ဆိုတာ သိချင်ပါတယ်။

ဦးဝင်းသန်း။   ။ ကျနော်တို့ကတော့ အစကနေ စစဉ်းစားတာပါ။ မြန်မာပြည်သူ၊ ပြည်သားအတွက် ဘာအရေးကြီးဆုံး ဆိုတာ စဉ်းစားပြီး စလုပ်တာပါ။ ဒါကြောင့် မြန်မာလို အတွေ့အကြုံတွေ၊ မြန်မာ service (ဝန်ဆောင်မှု)တွေ ရအောင် အရင်ဆုံး လုပ်တာပါ။ HTC ရဲ့ product (ထုတ်ကုန်) တွေကတော့ ကမ္ဘာ့ရဲ့ အဆင့်မြင့်ဆုံးပါ။ အရည်အသွေးကလည်း အကောင်းဆုံးပါပဲ။ ဒါတွေက ကျနော်တို့ရဲ့ strength(အင်အား) ပါ။ ကျနော်က မြန်မာပြည်သားတွေပေါ်မှာ သံယောဇဉ် ရှိလို့ မြန်မာစာ စနစ်တွေနဲ့ အကောင်းဆုံး လုပ်တာပါ။ ဒါတွေကို မြန်မာပြည်သားတွေက ကြိုက်မှာပါ။

ဦးစိုးငွေရ။   ။ ကျနော်တို့ နိုင်ငံမှာ မိုဘိုင်းဈေးကွက်လို့ ပြောမယ်ဆိုရင် သေးသေးလေးပါ။ ဘယ် Brand (အမှတ်တံဆိပ်) ကမှ သူတို့ဖုန်းထဲမှာ မြန်မာစာ ထည့်ပေးဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ Mr. Peter (ဦးဝင်းသန်း)က မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံပေါ် သံယောဇဉ် ရှိလို့ ဈေးကွက် သေးပေမယ့် Smart Phone ထဲကို မြန်မာစာ စနစ် ထည့်ပေးဖို့ လုပ်ခဲ့တာပါ။ မြန်မာစနစ်ကို Android စနစ်ထဲ Smart ဖုန်းထဲ ထည့်ဖို့ မလွယ်ပါဘူး။ team (အသင်း)တွေ ဖွဲ့ရတယ်။ ပရောဂျက်တွေ သေချာ လုပ်ရပါတယ်။ တခြား ဘယ်သူကမှ ဈေးကွက်သေးသေးလေးထဲကို Smart Phone ထဲထည့်ဖို့ စိတ်မဝင်စားပါဘူး။

ဦးဝင်းသန်း။   ။ ကျနော်ကိုယ်တိုင် တီထွင်ပြီးတော့ စမ်းတာပါ။ ဈေးကွက်သေးတာ၊ ကြီးတာက သိပ်တော့ အရေးမကြီးပါဘူး။ အရေးကြီးဆုံးက အခုရှိတဲ့ မြန်မာလို သုံးနေတဲ့ စမတ်ဖုန်းတွေက မြန်မာစာ သုံးလို့မှ မကောင်းတာ။ အဲဒါက မြန်မာပြည်သူတွေအတွက် အကျိုး သိပ်မပေးနိုင်ဘူးပေါ့။ ကျနော်တို့ လုပ်ချင်တာက လွယ်လွယ်ကူကူနဲ့ သုံးလို့ရမယ်။ ပြည်သူတွေအတွက် ဆက်သွယ်ရေး လွယ်ကူတဲ့အပြင် အကျိုးရှိမယ်။ လူသုံးများတဲ့ အခါမှာလည်း လူမှုစီးပွား အသစ်တွေကို တီထွင်နိုင်မယ်။ ကျနော်တို့က အကုန်လုံး မလုပ်နိုင်ပါဘူး။ ဒီက Developer (ဆော့ဖ်ဝဲရေးသူ) တွေလည်း တီထွင်နိုင်မယ်။  အဲဒါမှ ဒီနိုင်ငံအတွက် ကောင်းတာ။ (ပြည်တွင်း developer များ အလုပ်အကိုင်စီးပွားရေးကို ဆိုလိုခြင်းဖြစ်)။ ဈေးကွက်သေးတာကို ကျနော် မကြည့်ပါဘူး။ ကျနော် လုပ်ချင်တာက ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာအကောင်းဆုံးလဲ ဆိုတာပါ။ ဒါက ကျနော့် ရင်ထဲက ဒီနိုင်ငံအတွက် လုပ်ချင်တာပါ။

ဦးစိုးငွေရ။   ။ ကျနော်တို့က ဈေးကွက်ကို ယှဉ်ပြိုင်တဲ့ နေရာမှာ ဈေးနဲ့ မယှဉ်ပြိုင်စေချင်ပါဘူး။ ကျနော်တို့ ပြိုင်တာက Innovative (တီထွင်မှု) ဖြစ်တဲ့ နည်းပညာရယ်၊ quality (အရည်အသွေး) ရယ်၊ ဝန်ဆောင်မှုရယ် ပြိုင်ချင်ပါတယ်။ ဝန်ဆောင်မှု ဆိုရင်လည်း အခုက သွင်းတယ်၊ ရောင်းတယ်ဆိုတာပါပဲ။ ဝန်ဆောင်မှုဆိုရင် ကျနော်တို့ ဘယ်သူ့ကို ခေါ်လို့ခေါ်ရမှန်း မသိပါဘူး။ ကျနော်တို့က မရောင်းခင်ကလည်းက Service Center (ဝန်ဆောင်မှု ဌာန) ကို ရအောင် ဖွင့်တယ်။ HTC က Service Center မရှိဘူးဆိုတာ မဖြစ်စေရဘူး။

ရန်ကုန် မီဒီယာ ဂရု။ ။ မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍကို ဘယ်လောက်ထိ လေ့လာ သုံးသပ်မိလဲ။ လိုအပ်ချက်တွေ ဘာတွေ တွေ့လဲ။ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍမှာ HTC အနေနဲ့ ရင်းနှီးမြှုပ်နှံသွားဖို့ရော ရှိပါသလား။

ဦးဝင်းသန်း။   ။ ကျနော် နေပြည်တော်သွားပြီး ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့လည်း တွေ့ပြီး တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ အခုကတော့ အစက ပြန်လုပ်ရမယ်။ အခုက ဈေးကွက်က တော်တော်လေး သေးတယ်။ penetration (ဈေးကွက်ထိုးဖောက်မှု) ကလည်း တော်တော်လေး သေးတယ်။ နံပါတ်တစ်ကတော့ network (ကွန်ယက်) အရည်အသွေးကို ကောင်းကောင်း လုပ်ရမယ်။ ပြီးတော့ voice (အသံ), Data (အချက်အလက်) အဲဒီ အရည်အသွေးတွေ ကောင်းကောင်း လုပ်ရမယ်။

ကျနော် အကြံပေးချင်တာက လုပ်မယ်ဆိုရင် အကောင်းဆုံး ကမ္ဘာ့ အဆင့်အတန်း အကောင်းဆုံး လုပ်စေချင်ပါတယ်။ အစုတ်အပြတ်တွေ သွားမလုပ်ပါနဲ့။ ဒါပေမယ့် ကွန်ယက် မကဘူး။ ဝန်ဆောင်မှု ကလည်း အရေးကြီးပါတယ်။ ဝန်ဆောင်မှုက နှစ်မျိုး ရှိပါတယ်။ သုံးစွဲသူတွေကို ပေးတဲ့ ဝန်ဆောင်မှုနဲ့ နောက်တမျိုးက Application Experience ပေါ့။ ဒါကလည်း အရေးကြီးပါတယ်။ ကျနော်က ကမ္ဘာပေါ်မှာ စမတ်ဖုန်းတွေ ထုတ်တဲ့ နေရာမှာ Pioneer (ကနဦးတီထွင်သူ) တယောက်ပေါ့။ ကျနော်လုပ်တာ ကြာလှပြီ။ ကျနော် မြင်တာက အနာဂတ်မှာဆိုရင် cloud computing နည်းပညာတွေကို အများကြီး သုံးပြီးတော့ ပြည်သူတွေရဲ့ ဝန်ဆောင်မှုတွေ လုပ်လို့ရတယ်။ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး အများကြီး လုပ်လို့ ရပါတယ်။ အခုက ဘာမှတောင် မရှိသေးပါဘူး။

တစ်က ကွန်ယက် အရည်အသွေး၊ နှစ်က Network Services Quality၊ နောက်တခုက Application Experience, Cloud computing, e-Commerce (အွန်လိုင်းအရောင်းအဝယ်) အဲဒါတွေ အများကြီး ဖြစ်လာမယ်ဆိုရင် စီးပွားရေး အသစ်တွေ တီထွင်လာနိုင်မယ်။ လူတွေ အားလုံးရဲ့ အခွင့်အရေးလည်း ပိုကောင်းလာမယ်။ ဒီနိုင်ငံရဲ့ တိုးတက်ရေးမှာလည်း အရေးကြီးတယ် ထင်ပါတယ်။

မော်ဒန်။ ။ ဆက်သွယ်ရေး ဥပဒေကြမ်းကို အတည်ပြုပြီးရင် အော်ပရေတာ အနေနဲ့ရော ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါသလား။

ဦးဝင်းသန်း။   ။ ကျနော်တို့က လုပ်မယ်ဆိုရင်လည်း လုပ်လို့ရပါတယ်။ ကိုယ့်ဘာသာ လုပ်မယ်ဆိုလည်း ရပါတယ်။ အကြံပေးမယ် ဆိုလည်း ရပါတယ်။ အကူအညီပေးမယ်ဆိုလည်း ရပါတယ်။ ကျနော်က ကမ္ဘာပေါ်မှာ အဆက်အသွယ် အများကြီး ရှိပါတယ်။ Resource (အရင်းအမြစ်) အကောင်းဆုံးတွေကိုလည်း ခေါ်လာနိုင်ပါတယ်။

မဇ္ဈိမ။ ။ဆက်သွယ်ရေး ဝန်ကြီးနဲ့ တွေ့ခဲ့တော့ ဘယ်လိုကဏ္ဍတွေမှာ အဓိက ဆွေးနွေးခဲ့ပါသလဲ။

ဦးဝင်းသန်း။   ။ ကျနော်က အသေးစိတ်က သိပ်တော့ ပြောလို့ မကောင်းပါဘူး။ ဝန်ကြီးဌာနတွေ တော်တော်များများနဲ့ တွေ့ခဲ့ပါတယ်။

7 Day News ။  ။ဈေးနှုန်းကို လူတန်းစား အားလုံး သုံးလို့ရအောင် လုပ်ဖို့ ရှိပါသလား။

ဦးဝင်းသန်း။   ။ ကျနော်တို့က Innovation (တီထွင်မှု) မှာ ဦးစားပေးတာ များတယ်။ တီထွင် ဖန်တီးတဲ့ နေရာမှာ ထုတ်ကုန်က အကောင်းဆုံး လုပ်ချင်တာပေါ့။ ကမ္ဘာပေါ်မှာလည်း HTC ကို တော်တော်လေး ကြိုက်ပါတယ်။ price (ဈေးနှုန်း) မှာလည်း လူများများကို ပေးသုံးချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က အစုတ်အပြတ်တွေ မလုပ်ချင်ဘူး။ အရည်အသွေး မကောင်းတာကိုလည်း မပေးချင်ပါဘူး။ လုပ်ရတာ မခက်ပါဘူး။ သုံးစွဲသူကို သိစေချင်တာက HTC က အရည်အသွေး ကောင်းတာကို သိစေချင်ပါတယ်။ ကျနော်တို့လည်း ဈေးမဆိုးတဲ့ မိုဒယ်တွေ ရှိပါတယ်။ ဈေးကြီးတာပဲ လုပ်တာတော့ မဟုတ်ပါဘူး။ အကောင်းဆုံး ပစ္စည်းကို ပေးချင်တာပါ။ အဲဒါက ပထမ ဦးစားပေးပါ။ လူတွေက သိလာလိမ့်မယ်။ ဒါက ကောင်းတယ်။ ဟိုဟာက မကောင်းဘူး။

မဇ္ဈိမ ။ ။HTC မြန်မာနိုင်ငံကို ဝင်လာတဲ့အခါမှာ အစိုးရ မူဝါဒပိုင်း အပါအဝင် အခြား ဘယ်လို အခက်အခဲတွေ ရှိခဲ့ပါသလဲ။

ဦးဝင်းသန်း။   ။ ကျနော်တို့ ဘာမှ မရှိခဲ့ပါဘူး။ အကုန်လုံး အဆင်ပြေပါတယ်။

အေးချမ်းမွန်မှ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တင်ဇာအောင် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၀၄ မိနစ်

ထိုင်ဝမ်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး ပိုင်ဆိုင်သော HTC မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံအတွက် HTC Smart Phone များ တရားဝင် ဖြန့်ချီခွင့်ကို KMD ကုမ္ပဏီ အုပ်စုအား ပေးအပ်လိုက်ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စတင် ဖြန့်ချီခဲ့သည်။

HTC နှင့် KMD Computer Group တို့၏ မြန်မာနိုင်ငံတွင်း ပထမဆုံး HTC တရားဝင် အရောင်းဆိုင် စတင်ဖွင့်လှစ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် HTC ၏ CEO Peter Chou မှ HTC mobile phone နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal Hotel တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာလက်နက်ကြီး တရုတ်ဘက်ကျခဲ့ကြောင်း တရုတ်အစိုးရပြော

Photo: မြန်မာလက်နက်ကြီး တရုတ်ဘက်ကျခဲ့ကြောင်း တရုတ်အစိုးရပြော

အခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်အစိုးရက မနေ့က ပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်ပြည်ပိုင်နက်အတွင်း နယ်စပ်ကနေ ကိုက်ငါးရာကျော်အထိ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူအသေအပျောက်တော့မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ပြည်အနေနဲ့ အလွန်တရာမကျေမနပ်ဖြစ်ရကြောင်း မြန်မာအစိုးရကို အသိပေးပြောဆိုခဲ့ပြီး၊ နောက်နောင် ဒီလိုကိစ္စမျိုး ထပ်ပြီးမဖြစ်ပွားရအောင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဟုန်လီ က ပြောပါတယ်။

ဒါ့ပြင် တရုတ်ပြည်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းက အခြေအနေတွေနဲ့ နယ်စပ်ဒေသအပေါ် သက်ရောက်မှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ မြန်မာပြည်ဘက်က စစ်ရေးပဋိပက္ခတွေ ယူနန်ပြည်နယ်အတွင်း ရိုက်ခတ်မှုမရှိအောင်လည်း ဖိဖိစီးစီးဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရနဲ့ KIO တို့ကိုလည်း ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က ပြောကြားခဲ့ပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်အစိုးရက မနေ့က ပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်ပြည်ပိုင်နက်အတွင်း နယ်စပ်ကနေ ကိုက်ငါးရာကျော်အထိ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူအသေအပျောက်တော့မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကိုစိုးသူရဲ့မိခင် ဒေါ်ခင်သူဇာအတွက် ၀မ်းနည်းစကား နှစ်သိမ့်အားပေး သံများ”

Photo: “ကိုစိုးသူရဲ့မိခင် ဒေါ်ခင်သူဇာအတွက် ၀မ်းနည်းစကား နှစ်သိမ့်အားပေး သံများ”

ရန်အောင်

ဒီလိုသေခြင်းတရားဆိုတာ လူတိုင်းက ရင်ဆိုင်ရမှာပဲဆိုတာကို ကိုယ်တွေ လည်း ကြိုတင်ပြင်ဆင်ထားပြီးသား၊ ကိုပေါက်ကြီးကိုလည်း ကြိုတင်ပြင် ဆင်ထားပါလို့ ပြောရတယ်။

မို့မို့မြင့်အောင်

ကိုစိုးသူက သားလိမ္မာတစ်ယောက်ပါ။ သူတို့အတွက် တကယ့်လမင်းကြီး တစ်ခုလို ပျောက်သွားတယ်လို့ ခံစားရတယ်။ ကြီးကြီးက သူတို့မိသားစု မှာ ဒေါင်းတိမောင်းတိနဲ့ တအားဦးဆောင်တယ်လေ။

မေသန်းနု

မဆင့်တို့လည်း အခုချိန်ထိတော့ သူ့ဆီကို မရောက်သေးဘူး။ အသုဘ ကိုတော့ မဆင့်တို့ လိုက်ပို့မယ်။ အခုလို အသက်မီတယ်ဆိုတော့ မဆင့်တို့ လည်း စိတ်မကောင်းပါဘူး။ ထပ်တူထပ်မျှ သူနဲ့ အတူ ၀မ်းနည်း စိတ်မကောင်း ဖြစ်မိပါတယ်။

အေးချမ်းမွန်မှ  Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်အောင်

ဒီလိုသေခြင်းတရားဆိုတာ လူတိုင်းက ရင်ဆိုင်ရမှာပဲဆိုတာကို ကိုယ်တွေ လည်း ကြိုတင်ပြင်ဆင်ထားပြီးသား၊ ကိုပေါက်ကြီးကိုလည်း ကြိုတင်ပြင် ဆင်ထားပါလို့ ပြောရတယ်။

မို့မို့မြင့်အောင်

ကိုစိုးသူက သားလိမ္မာတစ်ယောက်ပါ။ သူတို့အတွက် တကယ့်လမင်းကြီး တစ်ခုလို ပျောက်သွားတယ်လို့ ခံစားရတယ်။ ကြီးကြီးက သူတို့မိသားစု မှာ ဒေါင်းတိမောင်းတိနဲ့ တအားဦးဆောင်တယ်လေ။

စပိန်နိုင်ငံမှ ရန်ကုန်မြို့အတွက် ဓာတ်အားပေးစက် ၈ လုံး ရောက်ရှိလာ

Photo: စပိန်နိုင်ငံမှ ရန်ကုန်မြို့အတွက် ဓာတ်အားပေးစက် ၈ လုံး ရောက်ရှိလာ

ဇန်န၀ါရီလ ၁၈ရက်၊ ၂၀၁၃

လာမယ့် နွေရာသီမှာ ရန်ကုန်မြို့ရဲ့ ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ အတွက် ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အေးရှားဝေါ ဆိပ်ကမ်းကို စပိန်နိုင်ငံမှ ဓါတ်အားပေးစက် ၈ လုံး ရောက်ရှိ လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဓါတ်အားပေးစက် ၈ လုံးကို လှော်ကား ဓါတ်အားပေး စက်ရုံသို့ သယ်ဆောင်ပြီး တပ်ဆင် ထားရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်အားပေး စက် ၈ လုံးဟာ လှော်ကား ဓါတ်အားပေး စက်ရုံမှာ ထပ်မံ တပ်ဆင်မယ့် ၅၀ မဂ္ဂါဝပ် အင်အားရှိ ဂစ်အင်ဂျင် ဓါတ်အားပေး စက်များထဲမှ ပထမ အသုတ် ရောက်ရှိ လာတာ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်အားပေးစက် ၈ လုံးဟာ SFGM 560 ၊ 1025 kW ၊ Guascor (NG) အမျိုးအစား ဖြစ်ပါတယ်။ အဲ့ဒီလို ဓါတ်အားပေး စက်များ ပြည်ပ နိုင်ငံများမှ ၀ယ်ယူရ တာဟာ လာမယ့် နွေရာသီ ရန်ကုန် မြို့ရဲ့ ဓါတ်အား လိုအပ်ချက်များ အနက် ၂၀၀ မဂ္ဂါဝပ်ခန့်ကို အချိန်မီ ဖြည့်ဆည်း နိုင်ဖို့အတွက် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ ဓါတ်အားပေး စက်များ တိုးချဲ့ တပ်ဆင်နိုင်ရေးကို ဆောင်ရွက် လျက်ရှိ နေတာ ဖြစ်ပါတယ်။

ယခု လှော်ကား ဓါတ်အားပေး စက်ရုံမှာ တပ်ဆင် လျက်ရှိတဲ့ ဓါတ်အားပေး စက်များကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အမီ မောင်းနှင် ဓါတ်အားပေးနိုင်ဖို့ စီစဉ် ဆောင်ရွက် သွားမယ်လို့ သတင်း ရရှိပါတယ်။
ဇန်န၀ါရီလ ၁၈ရက်၊ ၂၀၁၃

လာမယ့် နွေရာသီမှာ ရန်ကုန်မြို့ရဲ့ ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ အတွက် ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အေးရှားဝေါ ဆိပ်ကမ်းကို စပိန်နိုင်ငံမှ ဓါတ်အားပေးစက် ၈ လုံး ရောက်ရှိ လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဓါတ်အားပေးစက် ၈ လုံးကို လှော်ကား ဓါတ်အားပေး စက်ရုံသို့ သယ်ဆောင်ပြီး တပ်ဆင် ထားရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်အားပေး စက် ၈ လုံးဟာ လှော်ကား ဓါတ်အားပေး စက်ရုံမှာ ထပ်မံ တပ်ဆင်မယ့် ၅၀ မဂ္ဂါဝပ် အင်အားရှိ ဂစ်အင်ဂျင် ဓါတ်အားပေး စက်များထဲမှ ပထမ အသုတ် ရောက်ရှိ လာတာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis