ယမန်နေ့ နံနက် ၄ နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင်
ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့်
အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက်
၃ နာရီ ၄၅ မိနစ်ခန့်က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက်
ကားလမ်း မိုင်တိုင် အမှတ် (ဝ/၅) နှင့် (ဝ/၇) အကြားတွင် မန္တလေးဘက်မှ
မောင်အောင်လျှံသော် ၂၂ နှစ် (ဘ) ဦးမျိုးအောင် (ယာဉ်မောင်း) ၅၈ လမ်း
အောင်ဆန်းလမ်းနှင့် မနော်ဟရီ လမ်းကြား ချမ်းမြသာစည် မြို့နယ် မန္တလေးမြို့
နေသူ မောင်းနှင်သည့် နီဆန်းယူရီ အပြာရောင် ဆယ်ဘီး ယာဉ်အမှတ် ၂ဂ/----- သည်
အခင်းဖြစ်နေရာ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ဆွဲဆင်းသွားကာ
တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါ ဦးဇော်မင်း ၂၉ နှစ် (ဘ) ဦးသိန်းဝင်း
(ကျပန်း) ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးမှာ
ညာနံဘေး ရောင်ကိုင်း ပွန်းပဲ့ ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။
Sunday, 6 January 2013
PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ
![]() |
| တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ် |
Sunday, 06 January 2013 11:42
အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ်ထားသော နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။
PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံပေါ်မြွေတက်သည်ဆိုသောသတင်းကြောင့် ဘုရားဖူးများစိတ်ဝင်စား
ရန်ကုန်-ဇန်န၀ါရီ၆ ယနေ့နံနက်က ရွှေတိဂုံဘုရားပေါ်မြွေတက်သည်ဆိုသော
သတင်းကြောင့် ဘုရားဖူးအများအပြားလာရောက်ကြည့်ရှု့ဖူးမျှော်
နေကြောင်းသိရသည်။ "အောက်ကကြည့်ရင်လှုပ်လှုပ်နဲ့ဆိုတော့ မြွေလို့ထင်ရတယ် ။ သေချာကြည့်မှ ကြိုးတစ်စက လေတိုက်လို့လှုပ်နေတာဖြစ်နေတယ်"ဟု လာရောက်ကြည့်သူ ကိုစန်းကပြောသည်။
Popular Myanmar News Journal
Popular Myanmar News Journal
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်တည်ဆောက် မည့် တံတားငါးစင်းအနက် ၄ လမ်းသွား ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းစတင်
Saturday, 05 January 2013 14:19
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဘုရင့်နောင်တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါတံတားသည် (၇၅) တန်အထိ ခံနိုင်ဝန်ရှိကြောင်းနှင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးကို အဓိကထား တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဗိုက်သားဖောက်ထားသော နွားများ
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားများကို ဝမ်းဗိုက်ဖောက်ပြီးမွေးတဲ့ ယဉ်ကျေးမှု လည်း ရှိပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားရဲ့  အစာချေဖြတ် စနစ်ရှိတဲ့ ဝမ်းဗိုက်သား ဆီကို တိုက်ရိုက်အပေါက်ဖောက်ထားပါတယ်။
ပြွန်ချောင်းလို ပိုက်ကို သွင်းထားပြီး ယင်းထဲကို လက်နဲ့ နိုက်ရင် Rumen
လို့ခေါ်တဲ့ နွားရဲ့  အစာချေဖြတ် စနစ်ကို တိုက်ရိုက်ရောက်ပါတယ်။ ရည်ရွယ်ချက်
ကတော့ သုတေသန ဖြစ်ပြီး အစာချေဖြတ်စနစ် ကောင်းကောင်း အလုပ်လုပ်မလုပ်၊
ဘက်တီးရီးယား ရှိမရှိတို့ကို လေ့လာဖို့ ဖြစ်ပါတယ်။

ဗဟန်းမြို့နယ် မြလမ်းမှတ်တိုင်အနီးတွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ် လမ်းလယ်မှ ဓာတ်တိုင်အား တိုက်မိရာ နှစ်ဦးဒဏ်ရာရ
Sunday, 06 January 2013 02:41
ဗဟန်း မြို့နယ်၊မြလမ်း မှတ်တိုင်အနီး ဦးချစ်မောင်လမ်းမပေါ်တွင် ဇန်န၀ါရီလ ၆ရက်နေ့ နံနက် ၁နာရီ ၁၀မိ နစ်အချိန် ၀န်းကျင်ခန့်က ဟိုင်းလတ် ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိရာ နှစ် ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာမွေအ၀ိုင်းဘက်မှ ရန်ကင်းစင်တာဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ၁၀၇ ယာဉ်လိုင်းမှ ဟိုင်းလတ်ခရီးသည်တင်ယာဉ် ယာဉ်အမှတ် ဓ/၃၄၃၈ မော်တော်ယာဉ်သည် မြလမ်းမှတ်တိုင်အနီး ဦးချစ်မောင်အိမ်ယာရှေ့ အရောက်တွင် လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။
" City FM ၁၁ နှစ်ပြည့်နှစ်ပတ်လည်ဆုရရှိသူများစာရင်း "
၁။ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး ထုတ်လုပ်သူဆု - လှိုင်းတေးသံသွင်း
၂။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး ထုတ်လုပ်သူဆု - မီးအိမ်ရှင်ထုတ်လုပ်သူ
၃။ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု - မာမာအေး
၎။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု - ဝိုင်းစုခိုင်သိန်း
၅။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုးသားတေးသံရှင်ဆု - ဆိုတေး
၆။ အအောင်မြင်ဆုံး တေးဂီတအဖွဲ့ (Music Group) ဆု - IDIOTS BAND
၇။ တေးသီချင်းတောင်းဆိုမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု - ဝိုင်းစုခိုင်သိန်း
၈။ တေးသီချင်းတောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆု - ဘန်နီဖြိုး
Popular Journal

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်
မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့်
နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား
နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။
၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

ရင်သားကင်ဆာဆဲလ်များအား နှိပ်နယ်ပေးခြင်းကပုံမှန်ဆဲလ်ပြန်ပြောင်းနိုင်
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာသူများ၏အဆိုအရ ရင်သား
ကင်ဆာဖြစ်နေသောအမျိုးသမီးများ တွင် ယင်းကင်ဆာဆဲလ်များအား နှိပ်
နယ်ပေးခြင်း၊ညှစ်ပေးခြင်းဖြင့်ပုံမှန်ဆဲလ်များအဖြစ်သို့ ပြန်လည်ရောက်ရှိ
နိုင် ကြာင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန်စစ္စကို
တွင်ကျင်းပခဲ့သောအမေရိကန် ဆဲလ်သုတေသနအဖွဲ့ အစည်းနှစ်ပတ် လည်၌
တင်ပြခဲ့ခြင်းဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ်များအား ပြင်ပမှ
ဖိနှိပ်ပေးခြင်းတစ်မျိုးထဲဖြင့် ကင်ဆာဆဲလ်ပွားခြင်းအားရပ်တန့်ပေး နိုင်ပြီး
ပုံမှန်ဆဲလ် အဖြစ်ပြန်ရောက်နိုင် ကြောင်းတွေ့ရှိခဲ့သည့်ပထမဆုံးတွေ့ရှိ
ချက်ဖြစ်သည်။ ဤကဲ့သို့နှိပ်နယ် ပေးခြင်းက မျိုးရိုးဗီဇကြောင့် ကင်ဆာ
ဖြစ်သောသူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။
ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့
ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင် ပြည်နယ်၌ မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ
ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း
များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌
မိုင်းထောင်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဘိလပ်မြေနှင့် သံချောင်း/ သံပြားများ တင်ဆောင် ထားသည့် မော်တော်ယာဉ် သုံးစီး သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မိုင်တိုင် အမှတ် (၉၁)သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့က ယာဉ်ကို တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါ ဘိလပ်မြေ ၁၆ တန်၊ သံချောင်း/ သြံပား ၈ တန်တို့ အား မိုင်းခွဲ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ယာဉ်မောင်းများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်း တန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၉၈ သိန်းနှင့် သရီး ကရောင်း ပစ္စည်းတင် ယာဉ်သုံးစီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ
ရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့သည် ကျောက်မျက် ရတနာ
မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ
၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း
ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အရည်အသွေး မပြည့်မီသော ရွှေ၊ ငွေများနှင့် တွဲဖက်၍ ပြုလုပ် ထားသော လက်ဝတ် ရတနာများကို ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ် သူများက တံဆိပ်တုများ ရိုက်နှိပ်၍ ပစ္စည်း အတု များ ပြုလုပ်ကာ ပြည်သူများထံ ထုတ်လုပ် ရောင်းချ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင် ခံစာထဲတွင် ဖော်ပြ ထားသည်။

ဆန္ဒပြ တရုတ်(၅)ဦးအား အရေးယူ
မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့
ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ
ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း Independent မှ သတင်းရရှိပါသည်။
Myanmar Independent News journal

ရွာကလေးရဲ့ နည်းပညာ(ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်))
သည်ဘက်ခေတ်ရောက်တော့ ရွာကလေးတော်တော် များများသည် မြို့ပြနှင့်နီးကုန်ကြပြီဖြစ်ပါသည်။ ပထ၀ီဝင်
တည်နေရာအနေအထား ပြောင်းရွှေ့နီးကပ်သွားခြင်းမျိုး မဟုတ်။ အလေ့အကျင့်စရိုက်များ၊ အစား
အသောက်၊ အနေအထိုင်၊ အပြောအဆိုများမှအစ နေ့စဉ်လူနေမှု ပုံစံများ၊ ယုံကြည်ချက်များ၊ ရည်မှန်း
ချက်များသည်လည်း မြို့ပြနှင့်အင်မတန်မှ အလျင်အမြန်ပင်နီးစပ်၊ ရောယှက်၊ ပေါင်းလျက်ရှိလာခြင်းဖြစ်ပါသည်။
မြို့ပြနှင့် ၁၅ မိုင်မျှဝေးသော ရွာကလေးတစ်ရွာသို့ စာရေးသူရောက်ခဲ့ရပါသည်။ ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ ရွာကလေး ဖြစ်ပါသည်။ စံပြရွာအဆင့်ဖြစ်၍ တိုက်နယ်ဆေးရုံရှိသည်။ ဈေး၊ ရဲ စခန်း၊ အထက်တန်းကျောင်း၊ စာကြည့်တိုက်များလည်း ရှိသည်။ အစိုးရလျှပ်စစ်မီး မရရှိသဖြင့် ပုဂ္ဂလိက လပေးမီးဖြင့်သာ လည်ပတ်နေကြရသည်။ ရွာအစွန်တစ်နေရာတွင် မြစ်ရေတင်စီမံကိန်း ရှိသည်။

ဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ရန်ကုန်၊ ဇန်န၀ါရီ- ၆
နှစ်ပေါင်း ၁၆ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စာပေသည် သူမဘ၀၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားသည်။
ယနေ့နံနက် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် ဧရာဝတီ အပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ပြည်တွင်း၊ ပြည်ပ စာပေနယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့သည်။

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ။
January 6, 2013 Home, သတင်း
ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများအုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

ဂီတပွဲတော်၊ ရန်ပုံငွေနှင့် ခရိုနီတို့ ကခုန်ခြင်း( ဒေါက်တာ ရန်မျိုးသိမ်း)
|
နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်သင့် ရွှေဘိုမြို့နယ်ကျေးရွာတစ်ရွာရှိ ယာယီစာသင်ကျောင်း တစ်ကျောင်းကိုတွေ့ရစဉ်
အနုပညာရှင်များ၏ စိတ်အားထက်သန်စွာ ပါဝင်မှုများနှင့်အတူ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဝန်းကျင်တွင် ရန်ပုံငွေဂီတပွဲတော်များ ခေတ်စားလာခြင်းသည် လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ရန်ပုံငွေရှာဖွေရေးကို အတန်အသင့် ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများမှ ကမကထပြုသော ရန်ပုံငွေဂီတပွဲတော်များတွင် အလှူငွေ သိန်းထောင်ချီရရှိသည်အထိ အောင်မြင်ခဲ့သဖြင့် ဂီတပွဲတော်သည် ရန်ပုံငွေရှာဖွေရေး ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါဂီတ ပွဲတော်များတွင် ခရိုနီကြီးငယ်လတ်တို့အနေဖြင့်လူသိရှင်ကြားလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျော့ချရေးကို စိတ်ပါလက်ပါရှိခြင်းထက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင် စသည့် ပြည်သူလူထု ခေါင်းဆောင်များ ၏ အရှိန်အ၀ါကိုရယူပြီး၊ ခရိုနီတို့၏ ဂုဏ်သိက္ခာ အဖတ်ဆည်ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။ |
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း KNU ပြောကြား
|
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ-မြ၀တီ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းပြည် တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ အတွင်းရေးမှူး ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၆ ရက်နေ့က ပြောကြားခဲ့သည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ရောက်ရှိစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး စစ်ရေးနှင့် ပတ်သက်သည့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စစ်ဖက်ဆိုင်ရာ ကိစ္စရပ်များအား ပြောဆိုရန် ကာကွယ်ဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ခန်းမတွင် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ |
မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်
ပေကျင်း၊ ဇန်န၀ါရီ ၅
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထွက်ရှိသော အနက်ရောင်သဲများကို ပြည်ပနိုင်ငံများ ၀ယ်ယူရန် ကြိုးပမ်းနေ
![]() |
| အငူမော်ဆိပ်ကမ်းအနီး သဲအိတ်များ စုပုံထားစဉ် |
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း အငူမော်ကျေးရွာအနီးရှိ ပင်လယ်ပြင်မှထွက်ရှိသော အနက်ရောင် သဲများကို ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ဝယ်ယူရန် ကမ်းလှမ်းမှုများတွင် တရုတ်နိုင်ငံမှ အဓိကပါဝင်ပြီး ဂျပန်နိုင်ငံမှလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ အဆိုပါသဲများတွင် ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပြဒါးများ ပါဝင်ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခု အဆိုပါနေရာသို့ လာရောက်ပြီး စမ်းသပ်ထုတ်လုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၆-၁၂-၂၀၁၃ လိုင်ဇာသို့ ပစ်ခတ်ခြင်းမရှိ၊ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံခြင်းသာဖြစ်
ယနေ့နံနက် သတင်းထွက်ပေါ်ခဲ့သည့် လိုင်ဇာသို့ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် ပစ်ခတ်သည် ဆိုေ သာ သတင်းမှာ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံသော သတင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဒုက္ခသည် များ ၀ိုင်းရထားသည့် အတွက် ပစ်ခတ်၍ မဖြစ်နိုင်ေ ကြာင်း၊ လဂျားယန် တောင်ကြောမှ ပစ်ကွင်း မရှင်းလင်းသည့် အနေအထားများ ရှိကြောင်း၊ လဂျား ယန်နှင့် ယခင် စခန်းများသို့ လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ပြီးသည် ဖြစ်သည့် အတွက် တိုက်ခိုက်မှုများ ရပ်နားပြီး ဖြစ်ကြောင်း၊ ကေအိုင်အေမှ လာရောက် ပစ်ခတ်သည့် နေရာအချို့ ကိုသာ ခြောက်လှန့်ပစ်ခတ်မှုများ ရှိကြောင်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ပါသည်။

Subscribe to:
Posts (Atom)