အစ်ကိုကြီးရေ၊ တရားရုံးကလည်း သပ်ရပ်ခံ့ညား၊ နံရံတွေကလည်း ပေါလစ် တိုက်ထားတာ
ဖိတ်ဖိတ်တောက်၊ တရားခံထိုင်မယ့် ၀က်ခြံကလည်း ဆေး တွေသုတ်၊ တရားခွင်မှာ လာနားထောင်
မယ့်သူတွေအတွက်လည်း ပလတ်စတစ် ထိုင်ခုံတွေခင်းလို့၊ စားပွဲတွေပေါ်မှာ လည်း အနီရောင်
အခင်းတွေနဲ့၊ နောက် က နံရံမှာလည်း နိုင်ငံတော်တံဆိပ်ကြီးက အရောင်တစ်လက်လက်နဲ့...လို့
တပည့်ကျော် မောင်ကြွက်နီက ပြော လာပါတယ်။
သိတဲ့အတိုင်းပဲလေ ကြွက်နီစကား က သုံးခွက်တစ်ခွက်တောင် မတင်တတ် လေတော့ -
မင်းကလည်း သောက်မှ မသောက်ရ သေးဘူး၊ မဟုတ်တာက စပြောပြီ၊ ငါက တရားရုံးဆိုရင်
ဒုတိယမြို့နယ် တရား သူကြီးရုံးကနေ တရားရုံးချုပ်အထိ တရားမမှုမှာ တရားလိုအနေနဲ့ရော၊
အသေရေဖျက်မှုနဲ့ တရားစွဲခံရလို့ တရားခံအနေနဲ့ရော ရောက်ဖူးပြီးသား။














