menu

Saturday, 29 September 2012

သမ္မတ မိန့်ခွန်းကို နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆို

Photo: သမ္မတ မိန့်ခွန်းကို နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆို

September 28, 2012 


ကမ္ဘာ့ကုလ သမဂ္ဂ၏ ၆၇ ကြိမ်မြောက် အထွေထွေညီလာခံတွင် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းအပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ကြိုဆိုကြကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာသမ္မတ တဦးအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၇ ရက်က မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍လည်း လေးစား ဂုဏ်ယူကြောင်း ပြောဆိုသွားခဲ့သည့် အပေါ် နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆို လိုက်ကြခြင်း ဖြစ်သည်။

“ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီ ရက်သတ္တ ပတ် အတွင်းမှာတော့ သူ့အနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူ့ရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေ ရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းအပေါ် ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့အနေနဲ့တော့ သမ္မတကြီးရဲ့ မိန့်ခွန်းဟာ အလွန်ကြိုဆိုတယ်။ ၀မ်းမြောက်ဝမ်းသာ ဖြစ်စေတဲ့ မိန့်ခွန်းပဲလို့ အဲဒီလို ပြောချင်ပါတယ်။ ၀မ်းသာ အားရ စရာပါ။ အားလုံးအတွက် တိုင်းပြည်အတွက်ရော ပြည်သူအားလုံး အတွက် ရော နိုင်ငံသားတွေ အားလုံးအတွက်ရော အကျိုးရှိမယ့် မိန့်ခွန်းတခုပဲလို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား အမည်ထုတ်ဖော် ဂုဏ်ပြုစကား ပြောကြားခြင်းကို မြန်မာ့နိုင်ငံရေး အင်အားစုများက အားတက်မိကြပြီး ယခုကဲ့သို့ သမ္မတ၏ ပြောဆိုမှုသည် မြန်မာနိုင်ငံတွင် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နေပြီး အတိုက်အခံနှင့် အစိုးရ ပူးပေါင်းဆောင်ရွက် နေသည်ကို နိုင်ငံတကာမြင်ရန် ပြသလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေး ပြောဆို ကြသည်။

ဦးသိန်းစိန်က သမ္မတ သက်တမ်း တနှစ်ကျော် ကာလအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေသည် များနှင့် အောင်မြင်မှု တချို့ရှိနေသည် ကိုလည်း ပြောဆိုသည်။

“ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မ တော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနဲ့ အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာ ၃ ရပ်ကို တစ်ပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေ ပေမယ့်လည်း ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက် လာနေပြီ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

ဒီမိုကရေစီပါတီ၊ မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက မိန့်ခွန်းတွင် သမ္မတ အနေဖြင့် လုပ်ဆောင် ခဲ့သည်များကို ပြောဆို သွားခဲ့ခြင်းကိုတွေ့ရပြီး စိန်ခေါ်မှုများ ရှိနေသေးသည်ကိုလည်း အားလုံးပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဧရာဝတီကို ပြောဆိုသည်။

“သူပြောတဲ့ အတိုင်းပေါ့၊ စိန်ခေါ်မှုတွေလည်း အများကြီး ကျန်သေးတယ်ပေါ့နော်။ အဲဒီတော့ အဲဒါတွေကို ကျနော်တို့တွေ အားလုံး ၀ိုင်းပြီးတော့ ဒါတွေဟာ ကောင်းတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ၀ိုင်းကူ လုပ်ပေးဖို့ ကျနော်တို့မှာလည်း တာဝန်ရှိတာပေါ့နော်။ ကျနော်တို့လည်းပဲ သူတို့ အစိုးရရဲ့ တည်ဆောက် ပြုပြင် လုပ်ငန်းတွေမှာ ၀င်ပါကြမှာပါပဲ” ဟု သူက ဆိုသည်။

ဦးသိန်းစိန်က ၎င်းလုပ်ဆောင် အကောင်အထည် ဖော်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အဆင့်ဆင့် ငြိမ်းချမ်းရေး စကားပြောဆိုနေမှု၊ လက်ရှိ ကချင်ပြည်နယ်က ဖြစ်စဉ်များကိုလည်း ထည့်သွင်းပြောဆိုသွားသည်။

“မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ဘယ်ဘက်က ဖြစ်စေ အသက်နှင့် အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်” ဟု သူက ဆိုသည်။

အမေရိကန် ပြည်ထောင်စုရောက် ကချင် တိုင်းရင်းသားတချို့က သမ္မတ ဦးသိန်းစိန်တည်းခိုရာ ဟော်တယ်ရှေ့တွင် ကချင်ပြည်သူများ၏ ကြေကွဲစရာများဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု စသည့် ပိုစတာများကိုင်ကာ ဆန္ဒပြခဲ့ရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများက ဆန္ဒပြခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းက အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သမ္မတက တချိန်က အတိုက်အခံများ၊ နိုင်ငံရေးအင်အားစုများနှင့် လက်တွဲ၍ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု အသစ် အခင်းအကျင်း အသစ်ကို ပုံဖော်နေကြောင်းလည်း မိန့်ခွန်းတွင် ဆိုသည်။

“လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုရင် မတူညီတဲ့ နိုင်ငံရေးအင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့ အကြား စိတ်ရှည် သည်းခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်သည့် နယ် ပယ် ချဲ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစုကို တိုးမြှင့်ကိုယ်စားပြုနိုင်မှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာမှု စတဲ့ ဒီမိုကရေစီရဲ့ အခြေခံ လက္ခာဏာများ ပိုမိုပေါ်ထွန်း လာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေး သည်းခံမှု ရှိရှိဖြင့် မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင် ပုံဖော် နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း ၎င်းတို့အနေဖြင့် အစဉ်တစိုက် တောင်းဆိုနေသည့် နိုင်ငံရေးဖြစ်စဉ်တွင် အားလုံး ပူးပေါင်းဆောင်ရွက်ခွင့် ရရေး တောင်းဆိုနေကြောင်း၊ မြန်မာနိုင်ငံ၏ ပြဿနာ အများစု သည် ယခုမှ ဖြစ်ပေါ်သည့် ပြဿနာ အသစ်များမဟုတ်ဘဲ အဟောင်းများဖြစ်ပြီး ပုံစံအသစ်ဖြင့် ချဉ်းကပ်ရန် အမြဲ တိုက်တွန်းနေခဲ့ကြောင်း၊ ယခုအခါ လမ်းစပေါ် ရောက်ပြီဟု ပြော၍ရကြောင်း ဧရာဝတီကို ပြောသည်။

“ကျနော်တို့က နည်းလမ်း အသစ်တွေ၊ စဉ်းစားပုံ အသစ်တွေ အဲဒါတွေ ရှာဖွေ ဖော်ထုတ်ဖို့လိုတယ်။ နောက်ပြီးတော့ တကယ်ပဲ နိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ လူတွေ၊ အင်အားစုတွေ အားလုံး ပါဝင်ဖို့လိုတယ်။ အဲဒါကို ကျနော် အဓိက ထားပြီး ပြောဖြစ်တာပါ။ အဲဒီတော့ သမ္မတကြီးကလည်း ဒီအယူအဆအပေါ်မှာ ပြောသွားတော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု သူကဆိုသည်။

ထို့အပြင် ဦးသိန်းစိန်က လက်ရှိ မြန်မာ့ စီးပွားရေး တိုးတက်လာစေရေး အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်နိုင်ရေး ဆိုင်ရာ ဥပဒေ ပေါ်ပေါက်ရေးလည်း ဆောင်ရွက်နေကြောင်း ပြောဆိုသည်။

“ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုစနစ် တရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသား အကျိုး စီးပွားနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး တွေနဲ့ အညီ ရရှိစေရန်တို့အတွက် လိုအပ်တဲ့ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေး ဆောင်ရွက်လျက် ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင် ကဏ္ဍကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူ သုံးစွဲတဲ့ ကဏ္ဍမှာ ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှု ကင်းတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်” ဟု သူက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေစဉ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်နေသည်ကို မြင်တွေ့ နေရကြောင်း၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် လာရောက်ရင်းနှီး လိုသူများနှင့် အမျိုးသား အကျိုးစီးပွား ၂ ခုစလုံးကို ဟန်ချက်ညီစွာ ထိန်းညှိ သွားနိုင်မည်ဆိုပါက သမ္မတလက်ရှိသွားနေသည့် လမ်း ချောမွေ့မည်ဟု ယုံကြည် ကြောင်း ဧရာဝတီကို ပြောသည်။

“ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း နိုင်ငံတကာက လုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ဟာတွေ ပါဖို့လိုလိမ့်မယ်။ တချိန်တည်းမှာပဲ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ ကိုလည်း ကာကွယ်ခွင့် ရှိထားဖို့ လိုမယ်။ အလျှော့အတင်းတွေ ပါတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဖြစ်သင့်ပါတယ်” ဟု သူက ဆိုသည်။

သမ္မတ ဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲရေးများ လုပ်နေသော်လည်း အကျင့်ဟောင်းများကြောင့် အပြောင်း အလဲသည် အောက်ခြေအထိ မရောက်သေးကြောင်း သူက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် မမျှော်လင့်ပဲ ရခိုင်ပြည်နယ် အရေး ပေါ်ပေါက်လာခဲ့ကြောင်း၊ အဆိုပါကိစ္စသည် သိမ်မွေ့ပြီး စနစ်တကျ ကိုင်တွယ် ဖြေ ရှင်းနေပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းထားကြောင်း၊ ကမ္ဘာ့ မွတ်ဆလင် အဖွဲ့ချုပ်အပါအ၀င်၊ အမေရိကန်၊ အာဆီယံ အစ ရှိသည့် လေ့လာလိုသူများ၊ ကူညီလိုသူများကို အဆင်ပြေစေရေး ကူညီ ဆောင်ရွက်ပေးနေကြောင်း ထည့်သွင်း ပြောဆိုသည်။

“ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကျနော်တို့ အစိုးရ အနေနဲ့ ရေတို ရေရှည် စီမံချက်များ ချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ မိမိ နယ်စပ်မျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နဲ့ ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျနော်တို့ အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဒီ ကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်း ကျင့်ထုံးများနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။

ရခိုင်ပြည်နယ်ပဋိက္ခဆိုင်ရာ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တဦးလည်းဖြစ်သူ ကိုကိုကြီးက ၎င်းတို့ စုံစမ်းရေး ကော်မရှင် စတင်သည့် အချိန်ကတည်းက လွတ်လပ်၍ သီးခြား ကော်မရှင်အဖြစ် ရပ်တည် လုပ်ဆောင်သွားရေးကို အဓိကထား လုပ်ဆောင်ခဲ့ကြောင်း၊ တွေ့ရှိချက်များကို သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည် ဖြစ်ကြောင်း ပြောသည်။

“ဒီပြဿနာက သိမ်မွေ့တယ်၊ ရေတိုဖြေရှင်းရမယ့် ကိစ္စတွေရယ်၊ ရေရှည် အချိန်ယူပြီးတော့ လုပ်ရမယ့် ကိစ္စတွေရယ် ၂ ပိုင်းရှိတယ်။ ရေတိုကတော့ လောလောဆယ် ပဋိပက္ခတွေ အေးချမ်းသွားဖို့ရယ်၊ ရေရှည်မှာ လူမှုရေး သဟဇာတ ဖြစ်တဲ့ အခြေအနေတခုကို ဖန်တီးဖို့ရယ် အဲဒါကတော့ ခေါင်းအေးအေးနဲ့ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားကြရလိမ့်မယ်လို့ ထင်တယ်” ဟု သူက ဆိုသည်။

သမ္မတက မြန်မာနိုင်ငံတွင် လက်ရှိ အခက်အခဲများ၊ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပြီဖြစ်သဖြင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း မြန်မာနိုင်ငံကို အကူအညီများ ပေးရန် တိုက်တွန်းရင်း ချဉ်းကပ်နည်း အသစ်များ လိုအပ်ကြောင်း မိန့်ခွန်းတွင် ထည့်ပြောသွားသည်။

“တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်း တရပ်လုံး အနေနဲ့ မြန်မာပြည်သူ များရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင် ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင် တခုကို ဝိုင်းဝန်း ဖန်တီး ပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြင်ပ အကူအညီများ သက်သက်အပေါ် မှီခို ရပ်တည် ခြင်းထက် မိတ်ဘက်နိုင်ငံ တနိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးသုဝေကလည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာများသည် လွတ်လပ်ရေးကာလ ကတည်းက ဖြစ်ပြီး ယခု အစိုးရက တဆင့်ချင်း ဖြေရှင်း နေသည့်အတွက် မြန်ဆန်မှု မရှိသည်ကို နားလည်ရန် လိုအပ် ကြောင်း ပြောသည်။

“တိုင်းပြည် တပြည်နဲ့ တပြည်က တကယ်တော့ အခြေအနေချင်းလည်း မတူဘူးလေ။ မတူတဲ့ အခါကျတော့ မြန်မာ နိုင်ငံကို ရှုတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ အခြေခံ အခြေအနေလေးတွေကို သိထားရင်တော့ ပိုကောင်းတာပေါ့။ မြန်မာက တဆင့်ပြီးတဆင့် လုပ်တဲ့ နည်းတွေကို နိုင်ငံတကာက မြန်မာကို နားလည်ဖို့ဆိုတာ ရှုထောင့် အထွေထွေက ကြည့်ရမှာပေါ့” ဟု သူက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်က ၎င်း၏ စကားကို တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တာဝန်ယူခဲ့သူ ဦးသန့်၏ လုပ်ဆောင်ချက်များအား ဂုဏ်ယူလေးစားကြောင်း ပြောကြားရင်း အဆုံးသတ်ခဲ့သည်။

“ကျနော့် အနေနဲ့၊ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက် သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်”  ဟု သူက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးသုဝေကလည်း ဦးသန့်သည် ကုလသမဂ္ဂတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဂုဏ်ကို ယခု အစိုးရ သမ္မတ လက်ထက်မှသာ ဖော်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချီးကျူးဂုဏ်ပြုသည့် အတွက် အားလုံးအတွက် ၀မ်းသာစရာဖြစ်ကြောင်း ပြောသည်။


“သူ (ဦးသန့်) လုပ်ခဲ့တာတွေက အင်မတန်မှ အမြော်အမြင်ကြီးကြီးနဲ့ လုပ်ခဲ့တာတွေ၊ တကယ်ကျတော့ တိုင်းပြည် အနေနဲ့ ဂုဏ်ယူရမှာပဲ။ ဒါပေမယ့် ဦးသန့်လည်း ဆုံးပြီးရော သူတို့ မဆလ ခေတ်မှာ ကိုယ့်နိုင်ငံက ဂုဏ်ယူစရာ ပုဂ္ဂိုလ်ကို ကျနော်တို့ တိုင်းပြည်က ပစ်ပယ်ရာလည်း ကျခဲ့တာပေါ့” ဟု ဦးသုဝေက မှတ်ချက်ပေးခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပြောကြားမှုကို မြန်မာ့အသံ၊ မြန်မာ့ ရုပ်မြင်သံကြား MRTV, MRTV 4, SKY NET ရုပ်/သံ လိုင်း နှင့် FM ရေဒီယို စသည်တို့မှတဆင့် တိုက်ရိုက် ထုတ်လွှင့်သွားခဲ့ရာ မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံ့ခေါင်းဆောင် တဦး၏ ကုလ သမဂ္ဂ ညီလာခံ မိန့်ခွန်းကို ပထမဆုံးအကြိမ် အချိန်နှင့် တပြေးညီ သိမြင် နားထောင်ရခြင်းလည်း ဖြစ်သည်။

၆၇ ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ – Reuters)


News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
၆၇ ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောနေစဉ် 
ကမ္ဘာ့ကုလ သမဂ္ဂ၏ ၆၇ ကြိမ်မြောက် အထွေထွေညီလာခံတွင် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းအပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ကြိုဆိုကြကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာသမ္မတ တဦးအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၇ ရက်က မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍လည်း လေးစား ဂုဏ်ယူကြောင်း ပြောဆိုသွားခဲ့သည့် အပေါ် နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆို လိုက်ကြခြင်း ဖြစ်သည်။

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

Photo: သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

Posted on Sep 28 12 - 05:53 AM

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင် အသက်(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။

"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Emailနဲ့ Faxတွေရောပေါ့။ အဲဒါတွေ အားလုံးကို ဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါဦးမယ်"ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ သူတို့ ဆက်သွယ်လာတာ ငွေကြောင့် မဟုတ်ဘူး။ ကျွန်တော့် သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါတယ်"ဟု ရေးသားထားသည်။



(ဟောင်ကောင်မြင်ကွင်း)

အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပယ်။ ပြီးတော့ ကျွန်တော့် အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်"ဟု ရွှတ်နောက်နောက် ရေးသားထားပြန်ကြောင်း သိရသည်။ ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့် သူမသည် အေးအေးချမ်းချမ်းသာ နေလိုကြောင်း ဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇)နှစ်က ပြင်သစ်တွင် အမျိုးသမီး တစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲမရွေး ပြဿနာ မရှိပါဘူး။ အဓိက အချက်က နှစ်လိုစရာကောင်းပြီး ကြင်နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်"ဟု ပြောကြားထားသည်။ ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူ လက်ထပ်ဖူးသည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏ သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟုလည်း အာမခံသွားသည်။ 

Source: AFP on GoogleNews

News from : Planet Myanmar Network
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတ
ို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင် အသက်(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။

ဒေါ်စုကိုဘာဖြစ်လို့များလူတွေက သည်လောက်တောင်သဲသဲလှုပ်ဖြစ်နေကြရသလဲ

Photo: ဒေါ်စုကိုဘာဖြစ်လို့များလူတွေက သည်လောက်တောင်သဲသဲလှုပ်ဖြစ်နေကြရသလဲ။ ကဲကိုကဲလွန်းတယ်တဲ့လား


ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က
သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။
ကဲ ကို ကဲ လွန်း တယ် ....တဲ့လား။
 
ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။
နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချီးကျူးပါ.. သူများကိုတော့ မကဲ့ရဲ့ပါနဲ့ စသဖြင့် ပြောကြပါတယ်။ ကျနော်စဉ်းစားမိတယ်။ ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။ ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက (မြန်မာသာမက တကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ်ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရလဲ။ ကဲကိုကဲလွန်းတယ်.။ ဒေါ်စုကို အောက်တန်းကျမိုက်ရိုင်းစွာ အပုပ်ချ ရေးသားနေတဲ့ ၀က်ဆိုက်တခုမှာလည်း ဒေါ်စုရဲ့မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံအပုပ်ချကြတယ်။ သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ တိုင်းပြည် တိုးတက်ပြောင်းလဲ တော့မှာလား.. သူတယောက်ပဲ ရှိသလားလို့။ ဒီလိုပြောင်းပြန် တမင်စဉ်းစားကြည့်ကာမှ အဖြေတွေကပေါ်လာပါတယ်။
 
၁။ ဘာသာစကား...မြန်မာလူဦးရေ သန်း ၆၀စလုံး အင်္ဂလိပ်စာကျွမ်းကျင်နေဖို့မလိုပါဘူး။ ဂျပန် ထိုင်း တရုတ်တို့မှာလည်းပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး။သို့သော် နိုင်ငံ အုပ်ချုပ်သူခေါင်းဆောင်များ လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, ကအစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့အဆင်ပြေမှာပါ။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။
 
၂။ ဗသုသုတ .... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်ဝန်းလှသော ပြသနာကိစ္စကြီးငယ် တွေကို အကြမ်းဖျဉ်း(မှန်ကန်စွာ) ခြုံငုံဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရားမပါ အမြင်ကြည်လင် မတိမ်းမစောင်း စေ့ငုသေချာ ဂဃနဏသိဖို့လိုပါတယ်။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။
 
၃။ ရုပ်ရည် ....လူတိုင်းဟာ ရုပ်ရှင်မင်းသားမင်းသမီးလိုချောမော လှပနေစရာမလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင်ဆိုတာ လူဘုံအလယ်မှာ တင့်တယ်ခန့်ငြား ကျက်သရေရှိသော မျက်နှာမြင် ချစ်ခင်လေးစား လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ်ကောင်းပါ့မလား..ဟု သံသယ လုံးဝမရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရ ပါမယ်။ အ၀တ်အစားအရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေလှုပ်ရှားဟန် များကလည်း ခန့်ငြားတည်ငြိမ် မဟော့ရမ်း မကလက် ပဲ ဆင့်ရှိအတန်းရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွားလို့။ ခုနေများ ၅၀ကျော်လောက်ဆို ကောင်းလေစွ။
 
၎။ ပညာ ......တက္ကသိုလ်ကရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုးမျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့နေရာမှာ နာမည်ကျော်ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာဆည်းပူးတတ်တဲ့အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ်ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီအရည်အချင်း လည်းဒေါ်စုမှာ ၁၀၀% ရှိတယ်။
 
၅။ သီလ သမာဓိ......နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလမလုံ တရားမရှိ နေချင်သလို နေမရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကိုလက်ထပ်ခဲ့ခြင်းကလွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင်ဘ၀တလျှောက်လုံးနေထိုင်ခဲ့သူဖြစ်ခြင်း၊ (လူမျိုးခြားဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထားနားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်းဖြစ်ပါတယ်။)၊ အိမ်တွင်းအကျဉ်းကျစဉ် ၀ိပသနာတရားအားထုတ်မှုကို မပြတ်လေ့ကျင့် ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
 
၆။ သတိ...သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နဲ့အမျှပြုနေကြရာမှာ အမှတ်တမဲ့ သတိကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြောတွေးနေမိတတ်ပါတယ်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကိုကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ်၊ ဦးခေါင်းကိုမတ်၊ ပျင်းပျင်းရိရိကြောကို မမှီ၊ ဒူးကိုဘယ်တော့မှမချိတ်၊ မိန့်ခွန်းများပြောရာမှာ မည်သည့်ဘာသာစကားကိုပြော ပြော လေသံအတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း၊ ပျာယာမခတ်။ ရှူးရှူးရှဲရှဲမရှိ။ မှားလို့ပြန်ပြောရသည်ဆိုသည် မရှိသလောက်ရှား။ ဒါကသတိကပ်နေခြင်းရဲ့ သက်သေ။ အသံကလည်း ပီသ၊ မျက်နှာအမူအရာက တည်သင့်လျှင်တည် ရီသင့်လျှင်ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှမရှိ၊ ။ သည်လောက်မအားသည့်ကြားက အ၀တ်အစား ဘိုသီဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
 
၇။ အသံ..... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့အသံများမှာ အရောင်လေးတွေပါကြပါတယ်။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏အသံကတော့ ပညာရှိသံ ပြတ်သားတိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများအပေါ် မေတ္တာစေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
 
၈။ မျိုးရိုး....ဘယ်လောကမှာမဆိုအောင်မြင်လာမဲ့သူဟာ ရှေ့ကမျိုးရိုးရှိချင် မှရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့သားသမီးမြေးမြစ်က အဖြစ်ရှိ ချင်မှရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်းစတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့သွေးနဲ့ မျိုးရိုးအရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင်ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေ ခဲ့တာဟာ ငြင်းမရပါဘူး။
 
၉။ စွန့်လွှတ်အနစ်နာခံသောစိတ်..... နေက္ခမ္မပါရမီလို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမတသန်းမှာ တယောက်တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့စိတ်ထားမျိုးကတော့ အထူးပြောစရာမလိုတော့ပါဘူး။
 
၁၀။ မေတ္တာ..... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်းရှိသော အရာဟာ စစ်မှန်တဲ့မေတ္တာပါပဲ။ မိမိ မိသားစုဝင် သုံးယောက်က် သန်းပေါင်း ၆၀သော လူသားတွေအတွက် မေတ္တာကြီးစွာထားခဲ့သူပါ။ မေတ္တာတရားနဲ့ပြည့်ဝလွှမ်းခြုံနေတဲ့မျက်ျနှာ မျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထိုအရည် အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။
 
ပြောခဲ့တဲ့ အချက် (၁၀)ချက်အပြင် အခြားများစွာသော ထူးခြားအရည်အချင်း များနဲ့ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာအမျိုးသမီးတဦးဦး မရှိနိုင်ပါဘူး။ တခုတူရင် တခု လိုနေမှာပါ။
 
ဒါ့ေ ကြာ င့်.....
 
မြန်မာနိုင်ငံရှေ့ရေးအတွက် ဦးဆောင်ရမဲ့ နှစ်တရာတခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သည်လောက်တောင် သဲသဲလှုပ်ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့ လူတွေ လုံးဝ မလွန်ပါဘူး ။ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း မလွန်ပါဘူး... ဒေါ်စုကို ချစ်ရင်လေးစားရင် ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ ပြတ်သားရဲရင့် ထက်မြက် တည်ငြိမ်စွာ မြန်မာလူမျိုးသိက္ခာထိန်းကြပါ လို့ရဲရဲကြီးပြောရင်း..
 
အောင်ခိုင် (၂၇-၉-၂၀၁၂)


News from :  Wai Soe 
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က
သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။
ကဲ ကို ကဲ လွန်း တယ် ....တဲ့လား။
ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။
နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချီးကျူးပါ.. သူများကိုတော့ မကဲ့ရဲ့ပါနဲ့ စသဖြင့် ပြောကြပါတယ်။ ကျနော်စဉ်းစားမိတယ်။ ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။ ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက (မြန်မာသာမက တကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ်ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရလဲ။ ကဲကိုကဲလွန်းတယ်.။ ဒေါ်စုကို အောက်တန်းကျမိုက်ရိုင်းစွာ အပုပ်ချ ရေးသားနေတဲ့ ၀က်ဆိုက်တခုမှာလည်း ဒေါ်စုရဲ့မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံအပုပ်ချကြတယ်။ သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ တိုင်းပြည် တိုးတက်ပြောင်းလဲ တော့မှာလား.. သူတယောက်ပဲ ရှိသလားလို့။ ဒီလိုပြောင်းပြန် တမင်စဉ်းစားကြည့်ကာမှ အဖြေတွေကပေါ်လာပါတယ်။

အကပြိုင်ပွဲကြီးကို ရန်ကုန်မှာ ခမ်းခမ်းနားနား ပြုလုပ်မယ့် ဖိုးချစ်

Photo: အကပြိုင်ပွဲကြီးကို ရန်ကုန်မှာ ခမ်းခမ်းနားနား ပြုလုပ်မယ့် ဖိုးချစ်

စက်တင်ဘာမှာ အမေရိကဖျော်ဖြေ ရေးသွား ဖို့ စီစဉ်ထားခဲ့ပြီးဗီဇာမရရှိသေး တဲ့အတွက်ကြောင့် ခရီးစဉ်ကို ရက်ရွှေ့ လိုက်ရကြောင်း ဖိုးချစ်ကပြောပါ တယ်။ ဖိုးချစ်က ၁၉၉၃ လောက် ကစပြီး ဆို၊က၊ရေး၊တီးပြိုင် ပွဲကို ကျောင်းသား အဆင့် ကနေ စပြိုင်ခဲ့ပြီး၊ ၂ဝဝဝ ခုနှစ်လောက်အထိ ပြိုင်ခဲ့ပါတယ်။ ပထမဆုံး စပြိုင်တဲ့ နှစ်မှာဖိနပ် ကျွတ် ခဲ့ပြီး၊ ဒုတိယနှစ်မှာ ပုဆိုးကျွတ်ခဲ့သလို၊ တတိယနှစ်လောက် ရောက်မှ ဆက်ပြိုင်ရင်းနဲ့ ဒုတိယဆုကို စတင်ဆွတ်ခူး ခဲ့ပါတယ်။သူတို့ပြိုင်ခဲ့တုန်းက ဆို၊က၊ ရေး၊တီးပြိုင်ပွဲနဲ့ အခုလက်ရှိ ဆို၊က၊ရေး၊တီးပြိုင်ပွဲကဘာတွေ ကွာခြားမှုတွေရှိလာတယ်ထင်မိလဲ လို့ဖိုးချစ်ကိုမေးတော့... "အနုပညာတော့ မပြောတတ်ဘူး။ ဆုပေးတာတော့ သိပ်မကွာသေးဘူး။ ကျွန် တော်စပြိုင်တုန်းက ပထမဆုကို၃သောင်းပေါ့။ ကျွန်တော်တို့တုန်းက ရွှေတံဆိပ်ဆုရ ၃သောင်းဆိုတာက လေးဘီးကားတစ်စီးဝယ်လို့ရတယ်။ အခုဆုချီးမြှင့်တာကျတော့ဆုကို သတ်မှတ်တယ်ဆိုရုံလောက် ပဲဖြစ် နေသေးတယ်။အကြံပြုချင်တာကတော့တစ်နိုင်ငံလုံး ရွှေတံဆိပ် ဆုရအဆင့်ကိုတော့ ထိုက်ထိုက် တန်တန်ချီးမြှင့်သင့်တယ် လို့ထင်တယ်။ 
ဒါမှလည်း ပြိုင်ပွဲဝင်ကြမယ့် သူတွေရဲ့ စိတ်ကပိုပြီးတော့ တက်ကြွလာတယ်။ပိုပြီးအာရုံစိုက်လာ နိုင်မယ်။ တချို့က အနုပညာအရ တအားတော်ပါတယ်။ ဒါပေမဲ့ အကပြိုင်ပွဲဆိုရင် မင်းသား၊မင်းသမီး အဝတ်အစားတွေ မိတ်ကပ်ဖိုး တွေနဲ့ ဒီပိုက်ဆံကို မစိုက်နိုင်ကြတော့ဘူး။ 
မရှိတဲ့သူတွေကျတော့ မပြိုင်နိုင်ကြတော့ဘူး"လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ ဖိုးချစ်က သူတို့ခေတ်တုန်းကဆိုရင် ဆို၊ က၊ရေး၊ တီးပြိုင်ပွဲက ရွှေတံဆိပ်ဆုရလာပြီဆို ရင် တိုင်းကနေထိုက်ထိုက်တန် တန်နဲ့တစ်ခဲနက်ကြိုဆိုကြပြီး၊ကိုယ့်ရဲ့ဇာတိမြို့ကို ပြန် သွားရင်လည်း အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြကာတန်ဖိုးထားကြကြောင်း၊ အခု 
နောက်ပိုင်းမှာတော့ ဆို၊က၊ရေး၊တီးပြိုင်ပွဲမှာ ဆုရလာရင် လည်း သာမန်ပဲ မဖြစ်မနေပြိုင်ပြီး တစ်နှစ်ပြီးသွားတာ မျိုးဖြစ်နေသလားလို့ ထင်မိကြောင်း၊ ဒါကြောင့်လည်း လူငယ်တွေက ဆုရလည်း ဒါပါပဲကွာ၊ ဆုမရလည်း ဒါပါ ပဲကွာဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပြိုင်ပွဲကို စိတ်ဝင်စားမှုက ဒီထက်ပိုလျော့သွားဖို့ပဲရှိ ကြောင်းပြောပါတယ်။ ဆို၊က၊ရေး၊တီး ပြိုင်ပွဲပြီးသွားရင် သူ့အနေနဲ့ ဖိုးချစ်အကပြိုင်ပွဲဆိုပြီး ပြိုင်ပွဲလုပ်ဖို့ စီစဉ်နေကြောင်း၊ စပွန်ဆာကုမ္ပဏီတွေလည်း ရထားပြီးပြီဖြစ်ကြောင်း၊ အကပြိုင်ပွဲကနေ ထူးချွန်လာတဲ့ သူတွေအနေနဲ့ အနုပညာလုပ်ချင်တယ်ဆို ရင် အနုပညာလမ်းကြောင်းကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ဒီပွဲလုပ်ရခြင်း အကြောင်းကို သက်ဆိုင်ရာကို တင်ပြပြီးတော့ ခွင့်ပြုပြီဆိုတာနဲ့ အကပြိုင်ပွဲကို ခမ်းခမ်းနားနားလုပ်မှာဖြစ်ကြောင်း၊ရန်ကုန်မှာပဲ ပြုလုပ်မှာဖြစ်ပေမယ့် တစ်နိုင်ငံလုံးက အကဝါသနာရှင်တွေလာပြိုင်လို့ရကြောင်း၊ ပြိုင်ပွဲမှာ ပြိုင်ရမှာက ဖိုးချစ်အကမဟုတ်ဘဲ မြန်မာမင်းသားအကကိုပဲ ပြိုင်ရမှာဖြစ်ကြောင်း၊ သူ့အနေ နဲ့ ဒီပြိုင်ပွဲ မှာ ဒိုင်အနေနဲ့ ပါဝင်မှာမဟုတ်ကြောင်း၊ အကနဲ့ပတ်သက်တဲ့ ပညာ ရှင်ကြီးတွေကို 
ဖိတ်ခေါ်သွားမှာဖြစ်ကြောင်း၊ပြိုင်ပွဲရဲ့စည်းကမ်းချက် တွေက လည်း ဆို၊က၊ရေး၊တီးပြိုင်ပွဲက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပြုလုပ်သွားမှာဖြစ်ကြောင်း ဖိုးချစ်က သတင်းပေးခဲ့ပါတယ်။

လင်းအက္ခရာ

News from : Popular Journal
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
စက်တင်ဘာမှာ အမေရိကဖျော်ဖြေ ရေးသွား ဖို့ စီစဉ်ထားခဲ့ပြီးဗီဇာမရရှိသေး တဲ့အတွက်ကြောင့် ခရီးစဉ်ကို ရက်ရွှေ့ လိုက်ရကြောင်း ဖိုးချစ်ကပြောပါ တယ်။ ဖိုးချစ်က ၁၉၉၃ လောက် ကစပြီး ဆို၊က၊ေ
ရး၊တီးပြိုင် ပွဲကို ကျောင်းသား အဆင့် ကနေ စပြိုင်ခဲ့ပြီး၊ ၂ဝဝဝ ခုနှစ်လောက်အထိ ပြိုင်ခဲ့ပါတယ်။ ပထမဆုံး စပြိုင်တဲ့ နှစ်မှာဖိနပ် ကျွတ် ခဲ့ပြီး၊ ဒုတိယနှစ်မှာ ပုဆိုးကျွတ်ခဲ့သလို၊ တတိယနှစ်လောက် ရောက်မှ ဆက်ပြိုင်ရင်းနဲ့ ဒုတိယဆုကို စတင်ဆွတ်ခူး ခဲ့ပါတယ်။သူတို့ပြိုင်ခဲ့တုန်းက ဆို၊က၊ ရေး၊တီးပြိုင်ပွဲနဲ့ အခုလက်ရှိ ဆို၊က၊ရေး၊တီးပြိုင်ပွဲကဘာတွေ ကွာခြားမှုတွေရှိလာတယ်ထင်မိလဲ လို့ဖိုးချစ်ကိုမေးတော့... "အနုပညာတော့ မပြောတတ်ဘူး။ ဆုပေးတာတော့ သိပ်မကွာသေးဘူး။ ကျွန် တော်စပြိုင်တုန်းက ပထမဆုကို၃သောင်းပေါ့။ ကျွန်တော်တို့တုန်းက ရွှေတံဆိပ်ဆုရ ၃သောင်းဆိုတာက လေးဘီးကားတစ်စီးဝယ်လို့ရတယ်။ အခုဆုချီးမြှင့်တာကျတော့ဆုကို သတ်မှတ်တယ်ဆိုရုံလောက် ပဲဖြစ် နေသေးတယ်။အကြံပြုချင်တာကတော့တစ်နိုင်ငံလုံး ရွှေတံဆိပ် ဆုရအဆင့်ကိုတော့ ထိုက်ထိုက် တန်တန်ချီးမြှင့်သင့်တယ် လို့ထင်တယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Asia Society မှ အသင်းဝင် များအား တွေ့ဆုံ

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Asia Society မှ အသင်းဝင် များအား တွေ့ဆုံ


မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ရှင်သန် ဖွံ့ဖြိုးရေး၊ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ရေးဆွဲမှု
ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နေမှုနှင့် ရခိုင်ပြည်နယ် အရေးကိစ္စများ ရှင်းလင်းဆွေးနွေး

ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွတ်တော်တွေ ပေါ်ပေါက်လာရုံ၊ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရမှာမဟုတ် . . .
မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Democratic Culture ဆိုတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် အသက်သွင်း ရမှာဖြစ် . . .
မြန်မာ့ လူ့အဖွဲ့အစည်း ရှင်သန်အားကောင်း လာစေဖို့ အကြံဉာဏ်၊ ဆွေးနွေး ညှိနှိုင်းမှု၊ စွမ်းဆောင်ရည် မြှင့်တင်မှုတွေနဲ့ Asia Society က ကူညီဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင် . . .
ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တစ်ခု တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင်စု ကဲ့သို့ မိတ်ဆွေကောင်းများ ကို လည်းလိုအပ် . . .
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၂၇ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂ဝ က အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Asia Society အသင်းရုံး၌ အဆိုပါ အသင်းမှ အသင်းဝင် များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် Asia Society အသင်းဝင်များအား ရင်းနှီးခင်မင်စွာ နှုတ်ဆက်ပြီး အမှာ စကားပြောကြားသည်။
အဆိုပါ နိုင်ငံတော်သမ္မတပြောကြား သည့်အမှာစကားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ရှေးဦးစွာ တက်ရောက် လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များ အားလုံးကို ကျွန်တော့် အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။
ပထမဆုံး အနေနဲ့ ကျွန်တော်တို့ အစိုးရ သစ်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ အကောင် အထည်ဖော် နေချိန် အစောပိုင်း ကာလ တွေမှာ မြန်မာ နိုင်ငံကို ကိုယ်တိုင် ကိုယ်ကျ လာရောက် လေ့လာ ပြီးတော့ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ပေါ်မှာ နိုင်ငံ တကာကို ထောက်ခံ ပြောဆို ပေးခဲ့ကြတဲ့ Asia Society က တာဝန်ရှိ သူတွေကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား လိုပါတယ်။
ကျွန်တော်တို့ မြန်မာ နိုင်ငံမှာပဲ ဖြစ်စေ၊ အမေရိကန် ပြည်ထောင်စု မှာပဲဖြစ်စေ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံအရ အစိုးရဟာ တစ်ရပ်ပြီး တစ်ရပ် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်ပေါက် လာတဲ့ အစိုးရ အရပ်ရပ် အပေါ်မှာ မူတည်ပြီးတော့ အစိုးရ အချင်းချင်း ဆက်ဆံမှု ပုံစံတွေ ဟာလည်း ပြောင်းလဲ လာမှာ ဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လိုပဲ ပြောင်းပြောင်း နှစ်နိုင်ငံ အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူများ အချင်းချင်း ချစ် ကြည် ရင်းနှီး ဆက်ဆံမှု ကတော့ ခိုင်မြဲစွာ တည်တံ့ ကျန်ရစ်နေဖို့ အရေးကြီး ပါတယ်။ ဒီလို ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံမှု တစ်ခုကို အမေရိကန် ပြည်သူများနဲ့ မြန်မာ ပြည်သူများ အကြားမှာ ပေါက်ဖွားစေဖို့ အတွက် နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ၊ စီးပွားရေး ဆောင်ရွက်ပုံတွေ အနုပညာ တွေကို အပြန်အလှန် သိရှိ နားလည်ကြဖို့ လိုအပ်ပါတယ်။ ဒီလို အာရှတိုက် နိုင်ငံများနဲ့ အမေရိကန် ပြည်ထောင်စု အကြား အပြန်အလှန် နားလည်မှု ရှိအောင် ဖော်ဆောင် ပေးနေတဲ့ Asia Society ရဲ့ အခန်း ကဏ္ဍကို အလွန်ပဲ အရေးကြီး တယ်လို့ ပြောကြား လိုပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာရုံ၊ နောက်တစ်ခါ ရွေးကောက် ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်းမှာ ကာလ ရှည်ကြာ ပျောက်ဆုံး နေတဲ့ Democratic Culture လို့ဆိုတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် အသက် သွင်းရမှာ ဖြစ်ပါတယ်။
အခု အချိန်ဟာ ဒီမိုကရေစီ စံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသား အားလုံးရဲ့ ရင်မှာ ကိန်းဝပ် ရှင်သန် လာအောင် ပြန်လည် လှုပ်နှိုး နေရတဲ့ အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။
မတူ ကွဲပြားမှု တွေကို လက်ခံ နားလည်ပြီး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရန် ကြိုးပမ်း ဆောင်ရွက် နေချိန်လည်း ဖြစ်ပါတယ်။
ဒီကိစ္စတွေကို ဆောင်ရွက် အကောင် အထည်ဖော်တဲ့ နေရာမှာ အစိုးရ တစ်ရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက် တာထက် အရပ်ဘက် လူ့အဖွဲ့ အစည်းများရဲ့ ကူညီ ဆောင်ရွက်မှု ကိုလည်း ရယူရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလိုပဲ လက်ခံ ယုံကြည် ထားပါတယ်။ မြန်မာ့ လူ့အဖွဲ့ အစည်း ရှင်သန် အားကောင်း လာစေဖို့ အတွက် အကြံ ဥာဏ်တွေ၊ ဆွေးနွေး ညှိနှိုင်းမှုတွေ၊ စွမ်းဆောင်ရည် မြှင့်တင်မှု တွေနဲ့ Asia Society က ကူညီဆောင် ရွက် သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။
ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့ အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းနေတဲ့ မြန်မာ နိုင်ငံဟာ အမေရိကန် ပြည်ထောင်စု ကဲ့သို့ မိတ်ဆွေကောင်းများ ကိုလည်း လိုအပ်ပါတယ်။ မြန်မာ ပြည်သူများနဲ့ အမေရိကန် ပြည်သူများ အကြား ရင်းနှီး ချစ်ကြည်မှု ပိုမို မြင့်မားလာ စေဖို့အတွက် Asia Society အနေနဲ့ စိတ်ကောင်း စေတနာအမှန်နဲ့ အကူအညီများ၊ အကြံဥာဏ်များ ဖြင့်လည်းပံ့ပိုးပေး သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

News from : မြ၀တီ
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ရှင်သန် ဖွံ့ဖြိုးရေး၊ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှ
ံမှု ဥပဒေ ရေးဆွဲမှု
ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နေမှုနှင့် ရခိုင်ပြည်နယ် အရေးကိစ္စများ ရှင်းလင်းဆွေးနွေး

ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွတ်တော်တွေ ပေါ်ပေါက်လာရုံ၊ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရမှာမဟုတ် . . .
မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Democratic Culture ဆိုတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် အသက်သွင်း ရမှာဖြစ် . . .
မြန်မာ့ လူ့အဖွဲ့အစည်း ရှင်သန်အားကောင်း လာစေဖို့ အကြံဉာဏ်၊ ဆွေးနွေး ညှိနှိုင်းမှု၊ စွမ်းဆောင်ရည် မြှင့်တင်မှုတွေနဲ့ Asia Society က ကူညီဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင် . . .

ယမကာနှင့် ဘဝ(မောင်လန်းဆန်း)

Photo: ယမကာနှင့် ဘဝ


၃၅လမ်း၊ သင်္ဂဇာချောင်း အနောက်ဘက်က အရက်ဆိုင်မှာ သူငယ်ချင်း ၁ ယောက်နှင့် စကားပြောရင်း အရက်သောက်ဖြစ်သည်။  ကျွန်တော်ထိုင်သော ထိုင်ခုံမှာ ခုံရှည်ဖြစ်သဖြင့် လူခြောက်ယောက် ထိုင်လို့ရသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းမှာ သက်တူ ရွယ်တူ (၄၀) ကျော် အရွယ်များ ဖြစ်ပါသည်။ ကျန်လေးယောက်မှာ ၁၄ နှစ် ၁၅ နှစ်အရွယ် ကလေးများ ဖြစ်ကြပါသည်။ သူတို့သည် အရောင်ဆိုးထားသော ခေါင်ရေများကို သောက်ကြသည်။ သူတို့ရှေ့မှာက ခေါင်ရေပုလင်းများ ပုံနေပေပြီ။ အမြည်းတွေကလည်း စုံနေပေပြီ။ ကလေးနှစ်ယောက်က စီးကရက်ကို ကျွမ်းကျင်စွာ ဖွာရှိုက်နေပေပြီ။
 
ကျွန်တော်၏ အရက်သောက်မှု အတွေ့အကြုံအရ အရက်နှင့် ဆေးလိပ်သည် အခါအားလျော်စွာ မတည့်ပါ။ အရက်သောက်ပြီး အရက်ရှိန်တက်လာသော အချိန်နှင့် ဆေးလိပ်မီးခိုး ရှိုက်လိုက်သည့် အချိန်များတွင် မူးမိုက်၍ အန္တရာယ် ဖြစ်စေပါသည်။ ဝါရင့် အရက်သမားများသာ အရက်နှင့် ဆေးလိပ် တွဲသောက်နိုင်ကြပါသည်။ ယခုတော့ ဤကလေးများက ၎င်းအပြုအမူများကို ကျွမ်းကျင်စွာ တတ်မြောက်နေပေပြီ။ ဤကလေးများသည် အရက်ခေါင်ရေကို တစ်ခါတစ်ရံ သောက်ဖူးသည်ရှိအောင် မြည်းစမ်း၍ သောက်ကြသူများ ဖြစ်ပါစေဟု ဆုတောင်းမိသည်။ နုနယ်သော အဆုတ်က ဆေးလိပ်၏ အရှိုက်ကို ခံနိုင်ရည် ရှိမည်မထင်။ ထို့အပြင် နုနယ်သေးသော အသည်းကလည်း ပြင်းရှသော အရက်ဒဏ်ကို ခံနိုင်ရည်စွမ်းအား ပေးနိုင်စွမ်းမည် မထင်ပါ။
 
ကျွန်တော့်အဖေသည် အရက်သမားတစ်ယောက် ဖြစ်ပါသည်။ အဖေသည် အသက် ၂၀ အရွယ်က အရက်သောက်ခဲ့သည်။ ထိုအချိန်က အဖေတို့သောက်သော အရက်သည် တောအရက် ဖြစ်ပါသည်။ တောထန်းလျက် ကောင်းကောင်းနှင့် ချက်သော အရက်ဖြစ်ပါသည်။ အဖေ အသက် (၆၇) နှစ်မှာ ဆုံးပါးသွားသည်။ အဖေဆုံးတော့ မည်သည့်ရောဂါမှ မရှိပါ။ အရက်အသောက်များပြီး အားပြတ်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်က ဆိုပါသည်။ အရက်ကို တစ်နေကုန် သောက်သည်။ မြို့ရောက်တော့ ဘီအီးကို အဖေသောက်ဖြစ်ခဲ့သည်။ မြို့ပေါ် ဘီအီးအရက်သည် တောအရက်လောက်တော့ ကောင်းမည်မထင်ပါ။  ကျွန်တော်ကတော့ အသက် ၄၀ ကျော်မှ အရက်သမား တစ်ယောက် ဖြစ်လာသူပါ။ အပေါင်းအသင်းစုံရာကနေ ပျော်ရွှင်မှုက ဦးစားပေးမိရာက ကျွန်တော် အရက်သမား ဖြစ်လာပါသည်။ အရက်သောက်တတ်တော့ ကျွန်တော့်မှာ အရက်သမား အပေါင်းအသင်းတွေ များတာပေါ့။ အဖေ့ကို သတိရတော့ အဖေသောက်နေကျ အရက်ဆိုင်ကလေးကို စရောက်ဖြစ်ရာကနေ နောက်တော့ ရပ်ကွက်ထဲက အရက်ဆိုင်တွေ အားလုံးလည်း ကျွန်တော့်မိတ်ဆွေ အရက်ဆိုင်တွေ ဖြစ်သွားပါသည်။ အဲဒီမှာ ကျွန်တော် သတိထားမိတာကတော့ အသက် ၃၀၊ ၄၀ ဝန်းကျင် လူငယ်တွေက ဗိုက်ပူနံကား၊ မျက်နှာက ဖောသွပ်သွပ် ဖြစ်နေတာတွေကို တွေ့နေရတာပါပဲ။
 
တစ်နေ့သောည။ သောက်နေကျဝိုင်းမှ အရက်သမား သူငယ်ချင်း တစ်ယောက်က ပြောသည်။ “မနေ့ညက ဖိုးထူးကြီးတော့ ဆုံးသွားပြီကွ”။ သည်တော့ နောက်တစ်ယောက်က ဝင်ပြောသည်။ “သေမှာပေါ့ကွ။ သူက အဲဒီအရက်ဆိုင်ပဲ အမြဲသောက်နေတာ။ ဆိုင်ရှင်က သူ့ကို အမြင်ကတ်နေတာ အတော်ကြာပြီ။ သူက အရက်လာသောက်တဲ့ သူတွေတင် မကဘူး။ ဆိုင်ရှင်ကိုပါ ရစ်တယ်။ အများစိတ်ဆင်းရဲရအောင် လုပ်တယ်။ သည်တော့ အရစ်ခံရတဲ့သူက ဆိုင်ရှင်ကို မျက်စပစ်ပြ။ အဲဒီမှာ ဆိုင်ရှင်က အရက်ဆီ (အရက်အဖြစ် မစပ်ရသေးသော အဆီ) ကို ရေကလေး နည်းနည်းရောပြီး ရော့ ၅၀ ဖိုး ၁၀၀ ဖိုးဆိုပြီး တိုက်လိုက်ပါလေရော။ သူကလည်း အရက်ကလည်း အလကားသောက်ရ။ သောက်တဲ့အရက်ကလည်း ခပ်ပြင်းပြင်းဆိုတော့ ဇယားကိုက်တယ်ပေါ့ကွာ။ အဲဒီမှာတင်ပဲ သုံးလလောက်ကြာတော့ ဗိုက်ပူနံကားနဲ့ လက်တွေ တုန်ယမ်းလာပြီး နောက်ဆုံး သေပွဲဝင်ကြတော့တာပဲကွ။ နောက်ပြီး ဖိုးထူးတင် ဘယ်ကမလဲကွာ။ အရက်သမား ၃၊ ၄ ယောက်ရှိပြီ။ အဲဒီလို ဆိုင်ပိုင်ရှင် စိတ်ဓာတ်တွေကြောင့် သေတာ” ဟု ဆိုသည်။
 
ကျွန်တော် များစွာ စိတ်မကောင်း ဖြစ်မိသည်။ သို့သော် ဘာမျှမတတ်နိုင်ပါ။ သည်လိုနှင့် Rum Station တွေ ပေါ်လာတော့ ရပ်ကွက်ထဲက ဆိုင်တွေမှာ မသောက်ဖြစ်။ Rum Station မှာ သောက်ဖြစ်သည်။ Rum သည် စက်မှု (၁) ဝန်ကြီးဌာနမှ ထုတ်လုပ်သော အရက်ဖြစ်သည်။ အာမခံချက်ရှိသည်။ အရက်ကလည်း ကောင်းသည်။ သို့သော် Rum Station ဆိုင်တွေက နည်းသည်။ အခွန်ကြီးလေးမှုကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော်သည် မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်ကြီးတွင် နေထိုင်သော မန္တလေးသားတစ်ဦး ဖြစ်ပါသည်။ ၄၁ လမ်းထိပ်တွင် Rum Station ဆိုင်တစ်ဆိုင်၊ ၄၁ လမ်း တောင်ဘက် စံပြရပ်ကွက်တွင် Rum Station ဆိုင်တစ်ဆိုင်၊ ၃၅ လမ်း သင်္ဂဟချောင်း အနောက်ဘက်တွင် Rum Station ဆိုင်တစ်ဆိုင်နှင့် ၄၁ လမ်း တောင်ဘက် သပြေညွန့်ရပ်ကွက်ရှိ ကျွန်တော်သောက်နေကြ “နေသာချိန်” Rum Station အရက်ဆိုင်လေးတို့ ရှိပါသည်။ ကျွန်တော်သည် အာမခံချက်ဖြင့်ရောင်းသော အရက်ဆိုင် များများဖွင့်စေလိုပါသည်။ သောက်နေကြ “နေသာချိန်” အရက်ဆိုင်ကလေး ပိတ်သွားသောအခါ ရပ်ကွက်ထဲက အရက်ဆိုင်များသို့သာ ခြေဦး လှည့်ရပါတော့သည်။ ဤတွင်ရပ်ကွက်ထဲက မည်သည့် အရက်ဖြူဆိုင်မဆို Rum တစ်ပက် ၁၀၀ ကျပ်နှင့် ဝယ်သောက်၍ ရနေပါသည်။ Rum Station ဆိုင်ကြီးများတွင်သာ တစ်ပက် ၁၀၀ ကျပ် ရောင်းသည်မဟုတ်ပါ။ မည်သည့် အရက်ဖြူဆိုင်တွင်မဆို ရပါသည်။
 
ကျွန်တော်သည် အသိမိတ်ဆွေ အရက်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် စကားပြောဖြစ်သည်။ “ရမ်အတုတွေက အများကြီး လှိမ့်ဝင်နေတာဗျ။ တစ်ပုလင်း ၄၅၀ ကျပ်ကနေ ၈၀၀ ကျပ်ဝန်းကျင်အထိ ရှိတယ်။ အဲဒီတော့ တစ်ပက် ၁၀၀ ကျပ်နှုန်း ရောင်းနိုင်တာပေါ့ဗျာ” ဤသို့ လွယ်လွယ်ရသော ရမ်တစ်ပက် ၁၀၀ ကျပ်ကိုသာ သောက်သုံးနေကြပါလျှင် အရက်ဆီအိုပီထဲသို့ ရေနည်းနည်းရော၍ တိုက်သောအဖြစ်နှင့်သာ တူနေပါလိမ့်မည်။ ကျန်းမာရေး မည်မျှ ဆိုးရွားမည်ကို မသိနိုင်။ သို့သော်တို့ မြန်မာလူမျိုးများမှာ ဥရောပတိုက်သားများနှင့် ယှဉ်လျှင် လွန်စွာ သေးကွေးလှပါသည်။ တစ်ချိန်က ဂျပန်ငပုဟုခေါ်သော ဂျပန်လူမျိုးများနှင့် ယှဉ်လျှင်လည်း ကျွန်တော်တို့ မြန်မာလူမျိုးက သေးနေပါသည်။ အိန္ဒိယတိုက်သားများနှင့် ယှဉ်လျှင်လည်း ပို၍ဆိုးပါသည်။ သို့ပါ၍ အရွယ်မတိုင်မီ ရုပ်အဆင်းရည် ကျနေသော အရက်သောက်တတ်သည့် လူငယ်များအနေဖြင့် မိမိတို့၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်သင့်ပါသည်။
 
အရက်၏ ဘေးဥပါဒ် အန္တရာယ်များမှာ ဘီပိုး၊ စီပိုးနှင့် အသည်းခြောက်၊ အသည်းရောင်အသားဝါ၊ ဗိုက်ပူနံကား၊ အိုနာစောခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခြေတုန်လက်တုန် ဖြစ်ခြင်း၊ သတိမေ့မြောခြင်းများနှင့် ရောဂါမျိုးစုံ ကပ်ငြိတတ်ခြင်းတို့ ဖြစ်စေပါသည်။ လူ၏ လုပ်အားဆုံးရှုံးခြင်းမှာလည်း အရက်ကို အဟောသိကံ (အလွန်အကျွံ) သောက်စားမှု ပါဝင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ အရက်ကို ကြိုက်တတ်၍ပဲ သောက်သောက် ဝါသနာအရပဲ သောက်သောက်၊ ရိုးရာဓလေ့အရပဲ သောက်သောက်၊ မိမိတို့၏ ကျန်းမာရေးရှုထောင့်၊ လူ့စွမ်းအား အရင်းအမြစ်ရှုထောင့်၊ လုပ်သားလုပ်အား အပြည့်အဝ ပေးစွမ်းနိုင်မှု ရှုထောင့်တို့ကို အမျိုးမျိုး သုံးသပ် ရှုမြင်နိုင်ရေးတို့မှာ အရက်ထုတ်လုပ်သူ၊ အရက်ရောင်းသူ၊ အရက်သောက်သူတို့မှာလည်း အမျိုးသားရေး တာဝန်တစ်ရပ်ဟု ရှုမြင်ခံစားမိပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အရက်ဆိုင်နှင့် အရက်အရည်အသွေးများကို စစ်ဆေးကြည့်ရှု၍ အရေးယူမှုများ ပြုလုပ်သင့်ပါသည်။
 
(၁) အရက်ဖြူကုန်ကြမ်း (အိုပီ) နှင့် ရေရောစပ်မှု အချိုးအစား အတိအကျ လိုက်နာမှု ရှိမရှိ။
(၂) ငယ်ရွယ်သူများ အသက် ၁၈ နှစ်မတိုင်မီ အရက်မသောက်ရေး။
(၃) စက်ရုံထုတ် အာမခံပါသည့် အရက်ဖြူ ကုန်ကြမ်းများ သုံးစွဲမှု ရှိမရှိ။
(၄) ပြည်တွင်းဖြစ်အရက်နှင့် နိုင်ငံခြားအရက်များ၏ စံချိန်မီခြင်း ရှိမရှိ။
(၅) တိုက်ရိုက်တင်သွင်းသည့် နိုင်ငံခြားအရက်များ ပုံမှန်စီးဆင်းမှု မှန်ကန်ခြင်း ရှိမရှိ။
(၆) အရက်တု၊ တံဆိပ်တု၊ အတုမျိုးစုံတို့အား ရှောင်တခင် စစ်ဆေးနိုင်မှု ပြုလုပ်ရေး။
(၇) အရက်ဆိုင်များ၏ စားသောက်ဖွယ် အမြည်းများနှင့် အရက်ဆိုင်၏ ပတ်ဝန်းကျင်တို့မှ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိမရှိတို့ကိုလည်း လေ့လာစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။
 
ထို့အပြင် အရက်ဆိုင်များ ညလုံးပေါက် ရောင်းချခြင်းနှင့် နံနက်စောစော ရောင်းချခြင်းတို့ကိုလည်း လေ့လာ သုံးသပ်သင့်ပါသည်။ အရက်သောက်တတ်သူ တစ်ယောက် အရက်သမား မြန်မြန်ဖြစ်စေသော နည်းလမ်းမှာ နံနက်စောစော သောက်ခြင်း (အရက်သမားတို့အဆို အမူးအနောက် ခေါင်းကိုက်ဖြေရန် ဖြေသည်) ပင် ဖြစ်ပါသည်။ အရက်သောက်တတ်သူ တစ်ယောက် နံနက်ရေ (အရက်) မဝင်လျှင် အရက်သမားလုံးလုံး မဖြစ်ဟုလည်း အရက်သမား အသိုင်းအဝိုင်းမှ သိရပါသည်။ ကျွန်တော်သည် သန့်ရှင်းသပ်ရပ်၍ ခမ်းနားသော အရက်ဆိုင်များကို သဘောကျပါသည်။ ပို၍ သဘောကျသည်မှာ စင်တင်များပင် ဖြစ်ပါသည်။ သို့သော် သောက်သုံးရသော ယမကာနှင့် အမြည်းအပြင် အထွေထွေတို့၏ ဈေးနှုန်းများကို မတတ်နိုင်ပါ။ ထို့ကြောင့် မိမိနှင့် သင့်လျော်သည့် ရပ်ကွက်ဒေသတို့၌သာ ယမကာကို သောက်သုံးပါသည်။ အရက်ယမကာကို သောက်သုံးရာတွင်လည်း အာမခံပါသည့် အရက်နှင့် အရက်ဆိုင်များကိုသာ သောက်သုံးပါသည်။
 
သို့သော် မိမိအလိုဆန္ဒ တစ်ခုတည်းအတွက် မဖြစ်နိုင်ပါ။ မိမိတို့၏ မိသားစု စီးပွားရေးကိုသာ အဓိက ထားတတ်ကြပါသည်။ အရက်စစ်၊ မစစ်က အဓိကမဟုတ် အမြတ်ရရေးသည်သာ အဓိကကျပါသည်။ ကျွန်တော် အရက်ဆိုင်အားလုံးကို မကောင်းမြင်နေခြင်း မဟုတ်ပါ။ အမြည်းစားဖွယ်နှင့် အရက်အားလုံး အဆင်ပြေမှု ရှိမရှိ၊ စားပွဲထိုးနှင့် ဆက်ဆံရေး ပြေလည်မှု ရှိမရှိ အစစအရာရာ ဂရုစိုက်သော ဆိုင်များကိုလည်း တွေ့ရပါသည်။ ယခုကာလများတွင် တောနှင့်မြို့ မည်သည့်အရပ်ဒေသတွင်မဆို ရပ်ကွက်ဘုရားပွဲရှိပါက လူကြီး၊ လူငယ် အရက်သောက်ကြသည်က များပါသည်။ အရက်မသောက်တတ်သော လူငယ်ဆိုသည်မှာပင် ခပ်ရှားရှားပင် ဖြစ်သည်။ အရက်သောက်ခြင်းကြောင့် စကားပြောရွှင်သည်။ ရဲတင်းမှုရှိသည်။ ခန္ဓာကိုယ်တွင် အောင်းနေသော ချွေးပုပ်တို့ကို အပြင်သို့ ကန်ထုတ်ပေးနိုင်သည်။ ခံတွင်းပျက်၍ ထမင်းစားမကောင်း ဖြစ်နေသောအခါ ခံတွင်းလိုက်၍ စားကောင်းစေနိုင်သည်။ အရက်ကို ရမ်သုံးပက်ထက် မပိုဘဲ ပုံမှန်သောက်လျှင် ကျန်းမာရေး ကောင်းစေနိုင်သည်။
 
သို့သော် အရက်က များများ သောက်သုံး၍ ပုံမှန်စွာ သောက်လာပါက ဦးနှောက်ဆဲလ်များလည်း ပျက်စီးစေနိုင်သည်ဟု မိတ်ဆွေဆရာဝန် တစ်ဦး၏ ပြောပြချက်အရ သိရသည်။ အရက်သောက်တတ်စ လူငယ်တစ်စု အုပ်စုဖွဲ့၍ ပျော်ကြသည်။ အရက်ကြောင့် အာရွှင်၍ ဆိုကြ၊ အော်ကြ၊ ဟစ်ကြသည်။ ဆိုင်ကယ်စီးက မြန်လာသည်။ တစ်ခါတလေ သုံးယောက်ပူး စီးကြသည်။ အရက်ရှိန်က တဖြည်းဖြည်း တက်လာသည်။ သတိကို မထိန်းနိုင်တော့။ နောက်ဆုံး ဆေးရုံမှာ ဇာတ်သိမ်း၍ အမှုနှင့် ရင်ဆိုင်ရသည်။ သေသူက သေ၍၊ မသေသူက အကျိုးအကန်း ဖြစ်ရခြင်းများကိုလည်း တွေ့ရကြားရဖူးပါသည်။ ကျွန်တော် ဘာသာပြန်ဝတ္ထုစာအုပ်များ ဖတ်ဖူးပါသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ ယောက်ျားရော၊ မိန်းမပါ အရက်သောက်သည့် အလေ့အထများကို သိရှိခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ဧည့်ခံစကားပြောရာ၌လည်း အရက်မပါလျှင် မပြီးပါ။ သို့သော် ယောက်ျားများကသာ အရက်ကို များစွာသောက်သုံးပြီး အမျိုးသမီးများက တစ်ခါတရံသာ သောက်သုံးလေ့ရှိပါသည်။ လုပ်ငန်းခွင်မပျက် အလုပ်လုပ်ကြသူများလည်း ဖြစ်ကြပါသည်။ မည်သို့ဖြစ်စေ အရက်ကို စတင်သောက်သုံးတော့မည် ဆိုပါလျှင် အရက်၏ ကောင်းကျိုးဆိုးကျိုးကို လေ့လာ သိရှိထားသင့်ပါသည်။
 
မောင်လန်းဆန်း
Ref: 7Day News

Ref: Health Articles 
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
၃၅လမ်း၊ သင်္ဂဇာချောင်း အနောက်ဘက်က အရက်ဆိုင်မှာ သူငယ်ချင်း ၁ ယောက်နှင့် စကားပြောရင်း အရက်သောက်ဖြစ်သည်။ ကျွန်တော်ထိုင်သော ထိုင်ခုံမှာ ခုံရှည်ဖြစ်သဖြင့် လူခြောက်ယောက် ထိုင်လို့ရသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းမှာ သက်တူ ရွ
ယ်တူ (၄၀) ကျော် အရွယ်များ ဖြစ်ပါသည်။ ကျန်လေးယောက်မှာ ၁၄ နှစ် ၁၅ နှစ်အရွယ် ကလေးများ ဖြစ်ကြပါသည်။ သူတို့သည် အရောင်ဆိုးထားသော ခေါင်ရေများကို သောက်ကြသည်။ သူတို့ရှေ့မှာက ခေါင်ရေပုလင်းများ ပုံနေပေပြီ။ အမြည်းတွေကလည်း စုံနေပေပြီ။ ကလေးနှစ်ယောက်က စီးကရက်ကို ကျွမ်းကျင်စွာ ဖွာရှိုက်နေပေပြီ။
ကျွန်တော်၏ အရက်သောက်မှု အတွေ့အကြုံအရ အရက်နှင့် ဆေးလိပ်သည် အခါအားလျော်စွာ မတည့်ပါ။ အရက်သောက်ပြီး အရက်ရှိန်တက်လာသော အချိန်နှင့် ဆေးလိပ်မီးခိုး ရှိုက်လိုက်သည့် အချိန်များတွင် မူးမိုက်၍ အန္တရာယ် ဖြစ်စေပါသည်။ ဝါရင့် အရက်သမားများသာ အရက်နှင့် ဆေးလိပ် တွဲသောက်နိုင်ကြပါသည်။ ယခုတော့ ဤကလေးများက ၎င်းအပြုအမူများကို ကျွမ်းကျင်စွာ တတ်မြောက်နေပေပြီ။

ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

Photo: ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ 

ခင်ဗျားတို့သိလား . . ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဒေါ်လာ ၂၀၀၀ တန်လောက်ကားတစ်စီးကို ဒေါ်လာ တစ်သောင်းကျော်ပေးဝယ်ရ
တူးသောင်ဇင်န် ဆဲဗန်း အထက် -- ကညန/ CIF / ( ခေါင်းတွေ မူး )
ဒီကြားထဲ ဖြတ်သန်းရတဲ့အဆင့်ကများ---လှော်သင့်တာလှော် --ကြော်သင့်တာကြော်
ကျုပ်တို့ဟာသိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဒေါ်လာ ငါးကျပ်တန် ဆင်းန်ကဒ်တွေကို ဒေါ်လာ ၂၀၀ ကျော်ပေးဝယ်ရ
ပုရွှက်ဆိတ်တွေအစာငတ်လို့ တန်းစီနေကြသလိုမျိုး -- အဆူအငေါက်ခံခဲ့ရ
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ 
ခင်ဗျားတို့သိလား ....

ရန်ကုန်ဟာ Crisis ဖြစ်နေပြီ -- ကမ္ဘာအေးလမ်းကြောဟာ Crisis ဖြစ်နေပြီ 
ကျုပ်တို့ ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ -- ကိုယ့်အားကိုယ်ကိုး 
တိုးတိုးပြီး တန်းစီ --- ရှေ့ကမထွက်နိုင်သေး နောက်မှာ စုပုံပေး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ 

လှည်းတန်းဟာ Crisis ဖြစ်နေပြီ ဂုံးကျော်တံတားတွေ Crisis ဖြစ်နေပြီ 
ပြွတ်သိပ်ကြပ်ညပ်သော ရထားတွဲတွေဟာ ရန်ကုန်ထဲမှာ ဟုတ်ရဲ့လား
ဘယ်ကို ခရီးဆက်နေကြ -- ဘယ်ဘူတာမှာ အဆုံးသတ်ရပါ့
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဆယ်မိနစ်စာ အကွာအဝေးကို မိနစ်လေးဆယ်လောက် Crisis ဖြစ်တယ် 
ရန်ကုန်မှာ Action မရှိတော့ဘူး ရန်ကုန်မှာ Plan မရှိတော့ဘူး
ကျုပ်တို့ဟာ Crisis တွေကို သယ်ပိုက်ထားရတဲ့ကောင်တွေ 
အေးဂျင့်တွေက အမြဲတမ်းအားဂျန့် --အလျှင်လိုလို --
ဘယိလိုခေတ်ကြီးထဲများ ရောက်နေရသလဲ 

ခင်ဗျားတို့သိလား ..ကျုပ်တို့လည်းသိပ်အားကျတယ် 
ဒီကထွက်သွားသူတွေကို အပစ်မဆိုနဲ့ ဒီကိုပြန်မလာကြသူတွေကို အပစ်မဆိုနဲ့ 
ခင်ဗျားတို့သိလား ကျုပ်တို့လည်း သိပ်လိုချင်တပ်မက်ကြတယ် 
ဒေါ်လာ ၂၀၀၀ တန်ကား -- ဒေါ်လာ ၅ ကျပ်တန် ဆင်းန်ကဒ်
ဒေါ်လာ ၅၀၀ တန် အကြွေးဝယ်ကဒ် -- အိုင်ဖုန်းဖိုက် နဲ့စက်ရုပ်နံပတ် သရီး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...

Down Payment တွေ ခေတ်စားလာ --- HP တွေခေတ်စားလာ
ဘဏ်တွေခေတ်စားလာ --- သံသရာဟာ ထဲထဲဝင်ဝင်မလွတ်ကင်းသေး
သံသရာဟာ ဖြူဖြူစင်စင် မလည်ပတ်နိုင်သေး 
ကျုပ်တို့ဟာ ကိုယ့်အမိုးအကာလေးထဲ မျက်စိသူငယ်နားသူငယ်
ခင်ဗျားတို့သိလား 
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...။ 

သက်တန့်ချို

(Crisis - သေရေးရှင်ရေးကာလ ၊ ဘေးကျပ်နံကျပ်ကာလ ၊ အရေးအခင်း ကပ်ဆိုက်ကာလ 
အေးဂျင့် - Agent
အားဂျန့် - Urgent)

မူရင်းဆောင်းပါး---သက်တန့်ချို
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ခင်ဗျားတို့သိလား . . ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဒေါ်လာ ၂၀၀၀ တန်လောက်ကားတစ်စီးကို ဒေါ်လာ တစ်သောင်းကျော်ပေးဝယ်ရ
တူးသောင်ဇင်န် ဆဲဗန်း အထက် -- ကညန/ CIF / ( ခေါင်းတွေ မူး )
ဒီကြားထဲ ဖြတ်သန
်းရတဲ့အဆင့်ကများ---လှော်သင့်တာလှော် --ကြော်သင့်တာကြော်
ကျုပ်တို့ဟာသိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဒေါ်လာ ငါးကျပ်တန် ဆင်းန်ကဒ်တွေကို ဒေါ်လာ ၂၀၀ ကျော်ပေးဝယ်ရ
ပုရွှက်ဆိတ်တွေအစာငတ်လို့ တန်းစီနေကြသလိုမျိုး -- အဆူအငေါက်ခံခဲ့ရ
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ခင်ဗျားတို့သိလား ....

ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ




စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ရှားခဲရွာ ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊ ရှားခဲလေးအင်းအနီး မိသားစုဝင်များဆီအသွား ၀ိုင်းဝိုင်းလည်ငါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀ ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာတဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် ဒေသခံများကမကျေနပ်၍ လမ်းပေါ်ထွက်ကာ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် ကျုံပျော်မြို့နယ် ရှားခဲအထွက်တိုးရုံးရှေ့သို့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ကားသုံးစီးဖြင့် ရောက်ရှိလာပြီး ဆက်မသွားရန် တားမြစ်ခဲ့သော်လည်း ဆက်လက်ထွက်ခွာခဲ့သဖြင့် ပထမဦးစွာမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ခတ်ခဲ့ပြီး စုစုပေါင်းရှစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံနှစ်ဦး သေဆုံးကာ နှစ်ဦးမှာ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

TV ကြည့်ရင်း ဈေးဝယ်နိုင်မည့် အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ထုတ်လွှင့်မည်

Photo: TV ကြည့်ရင်း ဈေးဝယ်နိုင်မည့် အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ထုတ်လွှင့်မည်

28 SEPTEMBER 2012  | BY PYI MYANMAR

TV ကြည့်ရင်း ဈေးဝယ်နိုင်သည့် Shopping In Shopping အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ယခုလကုန်ပိုင်း၌ စတင် ထုတ်လွှင့်မည် ဖြစ်ကြောင်း ၎င်းရုပ်သံလိုင်းကို ရိုက်ကူး တင်ဆက်မည့် ကိုသုတ (TZ) က ၂၀-၉-၂၀၁၂ ရက်က ပြောကြားသည်။
“Digital လိုင်း ခြောက်လိုင်းရဲ့ Shopping လိုင်းမှာ TV ထဲက အရောင်း စင်တာ သဘောမျိုး ဖွင့်လှစ် ရောင်းချပေးမယ့် အစီအစဉ် တစ်ခုကို တင်ဆက် သွားမှာပါ။ မိဘပြည်သူတွေ မိမိတို့ ရောင်းလိုတဲ့ ကား၊ အိမ်၊ ခြံ၊ မြေတွေကို ဗီဒီယို၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်စတဲ့ အချက်အလက်တွေ ပေးပြီး ဒီကဏ္ဍမှာ လာတင်ရောင်းနိုင် ပါတယ်။ ရောင်းထွက်သွားရင်လည်း အရောင်းစာရင်းထဲက ဖြုတ်ပေးပါလို့ ဖုန်းဆက် လိုက်ရုံပါပဲ” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာ ဈေးကွက် ရုပ်သံလိုင်းများတွင် အောင်မြင်နေသည့် TV ထဲတွင်ဈေးဝယ်ရသည့် Home Shopping အစီအစဉ်မျိုးကိုလည်း ရိုက်ကူး တင်ဆက်ရန် စီစဉ်လျက်ရှိကြောင်း၊ ထိုအစီအစဉ်ကို ကြည့်၍ မိမိကြိုက်နှစ်သက်သည့် ပစ္စည်းကို Hot Line  မှတစ်ဆင့် ဖုန်းဖြင့် ကြိုက်ဈေးပေးပြီး ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း နောက်ဆုံး ဈေးပေးနိုင်သူကို နောက်တစ်နေ့တွင် Cash On Delivery စနစ်ဖြင့် အိမ်အရောက် ပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြဝတီ Digital ရုပ်သံလိုင်းတွင် Shopping ရုပ်သံလိုင်းကို စက်တင်ဘာလ ၁  ရက်မှ စတင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
နှင်းနုဝေ


News from : PYI MYANMAR
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
TV ကြည့်ရင်း ဈေးဝယ်နိုင်သည့် Shopping In Shopping အစီအစဉ်ကို မြဝတီ Digital ရုပ်သံလိုင်းတွင် ယခုလကုန်ပိုင်း၌ စတင် ထုတ်
လွှင့်မည် ဖြစ်ကြောင်း ၎င်းရုပ်သံလိုင်းကို ရိုက်ကူး တင်ဆက်မည့် ကိုသုတ (TZ) က ၂၀-၉-၂၀၁၂ ရက်က ပြောကြားသည်။
“Digital လိုင်း ခြောက်လိုင်းရဲ့ Shopping လိုင်းမှာ TV ထဲက အရောင်း စင်တာ သဘောမျိုး ဖွင့်လှစ် ရောင်းချပေးမယ့် အစီအစဉ် တစ်ခုကို တင်ဆက် သွားမှာပါ။ မိဘပြည်သူတွေ မိမိတို့ ရောင်းလိုတဲ့ ကား၊ အိမ်၊ ခြံ၊ မြေတွေကို ဗီဒီယို၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်စတဲ့ အချက်အလက်တွေ ပေးပြီး ဒီကဏ္ဍမှာ လာတင်ရောင်းနိုင် ပါတယ်။ ရောင်းထွက်သွားရင်လည်း အရောင်းစာရင်းထဲက ဖြုတ်ပေးပါလို့ ဖုန်းဆက် လိုက်ရုံပါပဲ” ဟု ၎င်းက ပြောကြားသည်။

မိန်းမဖြစ်သူကို သတ်ပြီး ချက်ပြုတ်ခဲ့သည့် အမေရိကန် စာဖိုမှူး

Photo: မိန်းမဖြစ်သူကို သတ်ပြီး ချက်ပြုတ်ခဲ့သည့် အမေရိကန် စာဖိုမှူး   

WRITTEN BY ရွှေလုံး အယ်ဒီတာ    
FRIDAY, 28 SEPTEMBER 2012 10:16
 

အမေရိကန် စာဖိုမှူးတစ်ဦးသည် မိန်းမဖြစ်သူ၏ အလောင်းအား ဖျောက်ဖြက်ရန် ၄ ရက်ကြာ ချက်ပြုတ်ခဲ့ခြင်းအား ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေသည်။

David Viens (၄၉ နှစ်) အား တရားရုံး၌ ၆ ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ရာ ယင်းက မိန်းမဖြစ်သူအား အိမ်မှ ထွက်ခွာသွားခြင်း မရှိရန် တိပ်ဖြင့်ပတ်ပြီးထားခဲ့ကြောင်း၊ ၄ နာရီအကြာ ယင်းအိပ်ယာမှ နိုးလာသည့်အခါတွင် မိန်းမဖြစ်သူမှာ အသက်မရှိတော့ကြောင်း၊ ယင်းအနေဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း သေဆုံးသွားခဲ့ရာ ထိတ်လန့်တုန်လှုပ်ပြီး စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဤလူသတ်မှုတွင် Viens အနေဖြင့် မိန်းမဖြစ်သူ၏ အလောင်းအား သံစည်ပိုင်းကြီး တစ်ခုထဲထည့်ကာ ပြုတ်ခဲ့ခြင်းဖြစ်ကြောင်း “အလောင်းကို တစ်ဖြေးဖြေးနဲ့ ပြုတ်ခဲ့တာပါ။ နောက်ဆုံး ၄ ရက် ကြာသွားပါတယ်။ ၄ ရက်ကြာတော့ အအေးခံ၊ ရေစစ်ပြီး အမှိုက်ပုံမှာ ပစ်ခဲ့ပါတယ်။” ဟု ထွက်ဆိုခဲ့သည်။

ထို့အပြင် ပြုတ်ထားသည့် အလောင်းမှ အကျွင်းအကျန်များအား ထည့်ထားသည့် အိတ်တစ်လုံးရှိသေးကြောင်း၊ ထို့အပြင် ဦးခေါင်းခွံမှာလည်း ယင်း၏ အမေ၏အိမ် မျက်နှာကျက် ကြားထဲတွင် ဖွက်ထားကြောင်း ရဲထံ ထွက်ဆိုခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။

အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးပါ ဂျူရီအဖွဲ့က ယင်းအား ဒုတိယအဆင့် လူသတ်မှုဖြင့် ပစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက် ချခဲ့ပြီး လာမည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် တရားသူကြီးက စီရင်ချက် ချမှတ်မည်ဖြစ်ရာ အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ တစ်သက်တစ်ကျွန်း ကျခံရဖွယ်ရှိသည်။

အဆိုပါ စားဖိုးမှူးသည် မိန်းမဖြစ်သူအား ယခင်ကလည်း တိပ်ဖြင့်ပတ်ကာ ချုပ်နှောင်ထားခဲ့ဖူးကြောင်း၊ သူမအား အရက်မူးပြီး ကားလျှောက်မောင်းခြင်း၊ မူးယစ်ဆေးသုံးခြင်းတို့ မပြုလုပ်နိုင်ရန် ယင်းကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

တရားခံသည် တရားရုံးသို့ wheelchair ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အမြင့်ပေ ၈၀ ခန့်ရှိ တောင်စောင်းမှ ခုန်ချခဲ့ခြင်းကြောင့် ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။

Viens အနေဖြင့် ယင်း၏ ရည်းစားဖြစ်သူအားလည်းကောင်း၊ သမီးဖြစ်သူအားလည်းကောင်း ယင်း၏ မိန်းမ သေဆုံးခဲ့ခြင်းမှာ မတော်တဆမှု တစ်ခုကြောင့်သာဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

---

Photo: AFP/Getty Images/Kevork Djansezian. All Rights Reserved.
News from : Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
အမေရိကန် စာဖိုမှူးတစ်ဦးသည် မိန်းမဖြစ်သူ၏ အလောင်းအား ဖျောက်ဖြက်ရန် ၄ ရက်ကြာ ချက်ပြုတ်ခဲ့ခြင်းအား ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေသည်။

David Viens (၄၉ နှစ်) အား တရားရုံး၌ ၆ ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ရာ ယင်းက မိန်းမဖြစ်သူအား အိမ်မှ ထွက်ခွာသွားခြင်း မရှိရန် တိပ်ဖြင့်ပတ်ပြီးထားခဲ့ကြောင်း၊ ၄ နာရီအကြာ ယင်းအိပ်ယာမှ နိုးလာသည့်အခါတွင် မိန်းမဖြစ်သူမှာ အသက်မရှိတော့ကြောင်း၊ ယင်းအနေဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း သေဆုံးသွားခဲ့ရာ ထိတ်လန့်တုန်လှုပ်ပြီး စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဤလူသတ်မှုတွင် Viens အနေဖြင့် မိန်းမဖြစ်သူ၏ အလောင်းအား သံစည်ပိုင်းကြီး တစ်ခုထဲထည့်ကာ ပြုတ်ခဲ့ခြင်းဖြစ်ကြောင်း “အလောင်းကို တစ်ဖြေးဖြေးနဲ့ ပြုတ်ခဲ့တာပါ။ နောက်ဆုံး ၄ ရက် ကြာသွားပါတယ်။ ၄ ရက်ကြာတော့ အအေးခံ၊ ရေစစ်ပြီး အမှိုက်ပုံမှာ ပစ်ခဲ့ပါတယ်။” ဟု ထွက်ဆိုခဲ့သည်။

Nokia လည်း HTC ကိုတရားဆွဲဖွယ်ရှိ

Photo: Nokia လည်း HTC ကိုတရားဆွဲဖွယ်ရှိ

Nokia ကုမ္မဏီမှ HTC ကုမ္မဏီများ တရားဆွဲမည်ဟု နိုင်ငံတကာ နည်းပညာ ဝဘ်ဆိုဒ်များက ဖော်ပြလျက် ရှိသည်။ 

HTC မှ ထွက်ရှိတော့မည့် Windows Phone 8X ၏ ဒီဇိုင်းသည် Nokia မှထွက်ရှိမည့် Lumia 820 အား ကူးချထားသည်ဟူသော စွဲချက်ဖြင့် ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ရှေ့ ဖက်သွင်ပြင် တူညီနေပြီး ၄.၃ လက်မ မျက်နှာပြင်အကျယ်လေးထောင့်ကျကျ ပုံစံမှာ တစ်ထပ်တည်းနီးပါး ဖြစ်နေသည်။ ထို့ကြောင့် Nokia အနေဖြင့် Lumia 820 ထွက်ရှိချိန်တွင် ဈေးကွက်တွင်း အငြင်းပွားမှု မဖြစ်နိုင်ရန် HTC Windows Phone 8X ရောင်းချခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

HTC ဖုန်း၏ Display မှာ ၄.၃ လက်မ Super LCD အမျိုးအစားဖြစ်ပြီး Nokia Lumia 820 မှာ AMOLED အမျိုးအစား ဖြစ်သည်။ ကင်မရာမှာ 8 megapixel ချင်း တူညီမှု ရှိနေသည်။ သို့သော် HTC 8X ကင်မရာတွင် 1080 capable sensor, backlight illuminated sensor, ဓာတ်ပုံ Processoing ကောင်းမွန်စေသည့် chip တို့ အသုံးပြုသည်။ Nokia Lumia 820 ကင်မရာ တွင်မူ touch focus, landscape oreientation, Geo-taggin , Auto & Manual white balance, lenses application များနှင့် image editor များ ပါဝင်သည်။ Lumia 920 တွင် ပါဝင်သော Application အများစု ပြန်လည် ပါဝင်ကြောင်း သိရသည်။ 

ထို့ကြောင့် ဖင်လန်နိုင်ငံအခြေဆိုက် Nokia နှင့် ထိုင်ဝမ်နိုင်ငံအခြေဆိုက် တရုတ် HTC ကုမ္မဏီတို့ တရားဥပဒေဖြင့် ရင်ဆိုင်ဖြေရှင်းသွား ဖွယ် ရှိကြောင်း သိရသည်။

HTC Windows Phone 8X ၏အကြမ်းဖျင်း Specification

OS : Windows Phone 8
Memory : 16 GB (internal flash) / 1GB RAM

ဘက်ထရီ : 1800mAH Li-ion 
Dispay : 4.3 လက်မ၊ Super LCD 2 / 1280x720 px

ရှေ့ ကင်မရာ : 8 megapixel
နောက်ကင်မရာ : 2.1 megapixel

Connectivity : Bluetooth 2.1+EDR, NFC
အလေးချိန် : ၁၃၀ ဂရမ်

Nokia Lumia 820 ၏အကြမ်းဖျင်း Specification

OS : Windows Phone 8
Memory : 8GB (internal flash) / 1GB RAM

ဘက်ထရီ : 1650mAH Li-ion (ကြိုးမဲ့ ဘက်ထရီအားသွင်းစနစ် Qi လည်းပါဝင်)
Dispay : 4.3 လက်မ၊ AMOLED Clear Black /800x480px 

ရှေ့ ကင်မရာ : 8 megapixel
နောက်ကင်မရာ : VGA, (640x480 pixels)

Connectivity : Bluetooth 4.0+EDR, NFC, 802.11a/b/g/n
အလေးချိန် : ၁၆၀ ဂရမ်
-----
Ref:tech2.com
Aung Kham (TSJ team)

News from : TechSpace Journal
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
Nokia ကုမ္မဏီမှ HTC ကုမ္မဏီများ တရားဆွဲမည်ဟု နိုင်ငံတကာ နည်းပညာ ဝဘ်ဆိုဒ်များက ဖော်ပြလျက် ရှိသည်။
HTC မှ ထွက်ရှိတော့မည့် Windows Phone 8X ၏ ဒီဇိုင်းသည် Nokia မှထွက်ရှိမည့် Lumia 820 အား ကူးချထားသည်ဟူသော စွဲခ
ျက်ဖြင့် ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ရှေ့ ဖက်သွင်ပြင် တူညီနေပြီး ၄.၃ လက်မ မျက်နှာပြင်အကျယ်လေးထောင့်ကျကျ ပုံစံမှာ တစ်ထပ်တည်းနီးပါး ဖြစ်နေသည်။ ထို့ကြောင့် Nokia အနေဖြင့် Lumia 820 ထွက်ရှိချိန်တွင် ဈေးကွက်တွင်း အငြင်းပွားမှု မဖြစ်နိုင်ရန် HTC Windows Phone 8X ရောင်းချခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာကြောင့် ဘန်ကောက်သွားကြသလဲ

Photo: ဘာကြောင့် ဘန်ကောက်သွားကြသလဲ

ပြည်တော်မြင့် ~


မဲဆောက်ဒေသရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက် အပါအ၀င် တခြားဒေသများကို တရားဝင် သွားရောက်နိုင်တယ်လို့ ဥပဒေက ခွင့်ပြုထားပါတယ်။
ဒါပေမယ့် အာဏာပိုင်တို့ကတော့ ခွင့်မပြုပါဘူး။ ဒီအကြောင်း ပြည်တော်မြင့်က သတင်းပေးပို့ထားပါတယ်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် မရှိသည့်ကိစ္စနှင့် ပတ်သက်၍  အာဏာပိုင်တို့နှင့် ယနေ့ ဆွေးနွေးသော်လည်း ရေရာသည့်အဖြေ မရရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။


“ထိုင်းအာဏာပိုင် အဖွဲ့စုံနဲ့ ဒီနေ့မဲဆောက်မှာဆွေးနွေးပေမယ့် တိုးတက်မှုမရှိခဲ့ဘူး။ အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အရေးပါ အရာရောက်တဲ့ အချက်အလက်တွေကို သူတို့ဘက်က မသိမသာနဲ့ ပယ်လိုက်တာတွေ၊  လမ်းကြောင်း လွဲလိုက်တာတွေကို ပညာသားပါပါနဲ့ လုပ်လိုက်တော့ ကျွန်တော်တို့ဘက်က တင်ပြချက်တွေက အရာမရောက်ခဲ့ဘူး” ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။


ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ထိုင်းနိုင်ငံအတွင်း လွပ်လပ်စွာ ခရီးသွားလာခွင့် ရှိသည်။

ထိုင်းနိုင်ငံအလုပ်သမားဥပဒေ

 “သူတို့ဆီက ရှင်းလင်းတဲ့အဖြေတစုံတရာမရရှိခဲ့ပေမဲ့ မြန်မာအလုပ်သမားတွေရဲ့ လိုအပ်ချက် အခက်အခဲတွေနဲ့ ဆန္ဒသဘောထားတွေကို ထိုင်းအာဏာပိုင်တွေဆီမှာ ပွင့်ပွင့်လင်းလင်း တင်ပြ နိုင်ခဲ့တာတွေကိုတော့ သူတို့ သိရှိသွားတဲ့အတွက် တစုံတရာတော့ သက်ရောက်မှုရှိပါတယ်” ဟု ကိုထွေးနိုင်က ဆက်ပြောသည်။ 

 
ဘယ်တုန်းက ပိတ်သလဲ
ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ထိုင်းနိုင်ငံတွင်း လွပ်လပ်စွာ ခရီးသွားလာခြင်း ခွင့်ပြုထားသော်လည်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်းရှိ တရာဝင်အလုပ်သမားများ အခြားဒေသများသို့ သွားရောက်ခြင်း မပြုနိုင်ပေ။ ပြီးခဲ့သည့် ဇွန်လလယ်မှ စတင် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ဘာကြောင့် ပိတ်သလဲ
မဲဆောက်ရှိအလုပ်ရုံစက်ရုံများတွင် အလုပ်သမားပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုကာ   ထိုင်းလုပ်ငန်းရှင်များ စုပေါင်းပြီး တာ့ခ်ခရိုင် အာဏာပိုင်တို့ထံ သွားရောက် အရေး ဆိုခဲ့သဖြင့် ထိုသို့ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘာကြောင့် မဲဆောက်ကနေ ထွက်ကြသလဲ
တာ့ခ်ခရိုင် ၉ မြို့နယ်တွင် အလုပ်ရုံစက်ရုံပေါင်း ၄၀၀ ခန့် ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့် တနေ့တာလုပ်အားခ ၂၂၆ ဘတ်ပေးသည့် အထည်ချုပ်စက်ရုံများမှာ တော့ဖောင်း စက်ရုံအပါအ၀င် ၂ ရုံသာရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

“မဲဆောက်က မြန်မာအလုပ်သမားတွေ လုပ်အားခ ပိုမိုရရှိတဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို သွားတာကို မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ ဆွဲချခံရတယ်။ သွားခွင့်မပြုဘူး။ မဲဆောက်မှာက အလုပ်သမားတွေရဲ့ တနေ့လုပ်အားခက ဘတ် ၇၀-၈၀ လောက်ပဲ ရကြတယ်။ တာ့ခ်ခရိုင်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တနေ့တာ လုပ်အားခက ၂၂၆ ဘတ်ဖြစ်တယ်” ဟု မြန်မာအလုပ်သမားခေါင်းဆောင် ကိုချိုက ဆွေးနွေးပွဲတွင်  တင်ပြခဲ့သည်။ 
မဲဆောက်ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ခန့်တွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို သတ်မှတ် လုပ်အားခ တရက် ၂၂၆ ဘတ် ပေးမည် ဆိုပါက မည်သူမျှ ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ သွားရောက်ကြမည် မဟုတ်ကြောင်းလည်း ကိုချိုက ပြောသည်။

မဲဆောက်ဒေသ မြန်မာဘယ်လောက်ရှိသလဲ
မဲဆောက်အပါအ၀င်တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်း လက်ရှိမြန်မာအလုပ်သမား ၄ သိန်းခန့်ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့်အရေအတွက်မှာ ၄ သောင်းကျော်သာရှိ သည်ဟု ထိုင်းအလုပ်သမားရုံး၏ စာရင်းများအရ သိရသည်။ 
မဲဆောက်မြို့နယ်ရှိ အလုပ်ရုံစက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းခွင် များတွင် လုပ်ကိုင်နေသည် မြန်မာအလုပ်သမားအရေအတွက်မှာ ၂ သိန်းခန့် ရှိသည်ဟု မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့များ၏ စာရင်းများတွင် ဖော်ပြထားသည်။

ယနေ့ဆွေးနွေးပွဲ တက်ရောက်သူများ၊ အဖွဲ့များ
လက်ထောက် တာ့ခ်ခရိုင်ဝန်၊
တာ့ခ်ခရိုင် အလုပ်သမားဌာန၊
ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်ရဲတပ်ဖွဲ့၊
ခရိုင်စက်မှုလုပ်ငန်းရှင်များအသင်း၊
တိုင်းရင်းသားများအခွင့်အရေးဆပ်ကော်မတီ
ရှေ့နေများ ကောင်စီ
မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် NGOများ
မြန်မာအလုပ်သမားခေါင်းဆောင်များ
အလုပ်သမားအရေးလေ့လာသူများ

News from : ဧရာဝတီသတင်း
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မဲဆောက်ဒေသရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက် အပါအ၀င် တခြားဒေသများကို တရားဝင် သွားရောက်နိုင်တယ်လို့ ဥပဒေက ခွင့်ပြုထားပါတယ်။
ဒါပေမယ့် အာဏာပိုင်တို့ကတော့ ခွင့်မပြုပါဘူး။ ဒီအကြောင်း ပြည်တော်မြင့်က သတင်းပေးပို့ထားပါတယ်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် မရှိသည့်ကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်တို့နှင့် ယနေ့ ဆွေးနွေးသော်လည်း ရေရာသည့်အဖြေ မရရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီစုဝေးခဲ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာ ရပ်ကွက်က ရေခဲချောင်းရောင်းတဲ့ ကလေးတစ်ဦးဟာ ဒီကနေ့နံနက် ၁၁ နာရီခန့်က ရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့ အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက်ကို ဈေးသွားရောင်းရာက ပြန်ထွက်မလာတာကြောင့် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလ ဖြစ်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းမှာ သံဃာတော်နဲ့ ပြည်သူတစ်ထောင်ခန့် စုဝေးပြီး အဲဒီရပ်ကွက်အတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
RFA
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ထိန်းသိမ်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်တွင် တွေ့ရစဉ်။
အဲဒီနေရာကို ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ရေးရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တစ်တပ် ရောက်ရှိလာပြီး တားဆီးခဲ့ကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း၊ လောလောဆယ် ကလေးကိုရှာဖွေနေပါကြောင်း ပြည်နယ်အစိုးရက အစောပိုင်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်တွေရဲ့ ဂယက် မောင်တောမြို့ထိ ရိုက်ခတ်

စစ်တွေမြို့တွင် အဓိဂရုဏ်း  ဖြစ်ပေါ်နေပြီဆိုသော ကောလဟလ သတင်းကြောင့် မောင်တောမြို့ တည်ငြိမ်ရေး ပျက်ပြားသွားခဲ့သည်ဟု သိရသည်။

“စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်နေပြီ  သတင်း ကြားတာနဲ့ ဒီမှာလည်း ရခိုင် တွေ ဈေးဆိုင်တွေကိုသိမ်း ကိုယ့်အိမ်ကိုယ်ဝင်၊ ဘင်္ဂလီတွေလည်းဆိုင်တွေပိတ်ပြီး ပြေးကြတော့ တစ်မြို့လုံးဆူသွားတယ်” ဟု မောင်တောမှ အိမ်ရှင်မ  တစ်ဦးက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းက စစ်တွေတွင် လူငယ် တစ်ဦး သတ်ဖြတ်ခံရသော သတင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေချိန် တွင် မောင်တောမြို့သို့  အဆိုပါ သတင်း ရောက်ရှိလာရာ ဈေးဆိုင်များ၊ အစိုးရရုံးများကို ချက်ချင်း ပိတ်ထားလိုက်ရသည်ဟု ဆိုသည်။

လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလီများ က ရေခဲချောင်းရောင်းသူ ရခိုင်လူငယ်တဦးအား ၀ိုင်းရိုက်လိုက်ပြီးနောက် စစ်တွေမြို့အခြေနေမှာ တင်းမာနေသည်။
ဓာတ်ပုံ – Facebook
ယနေ့ နေ့လည် ၂နာရီခန့် အချိန်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် (ဘင်္ဂလီအများစုနေထိုင်ရာ) အင်ဘာလာလမ်းဆုံတွင် ရေခဲချောင်းရောင်းသည့် ရခိုင်ကလေးငယ်တဦးမှာ ဖြတ်သွားစဉ် ဘင်္ဂလီများမှ ခေါ်ယူပြီး ၀ိုင်းရိုက်ကြရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။
” အဲဒီ ရေခဲချောင်းရောင်းတဲ့ ရခိုင်ကောင်လေးက အင်ဘာလာလမ်းဆုံက မင်းဗာကြီးလမ်းအတိုင်း ဖြတ်သွားတယ်။ ဒီတော့ အဲဒီနားမှာ ရှိတဲ့ ဘင်္ဂလီတွေက ရေခဲချောင်း ၀ယ်မလိုနဲ့ ခေါ်လိုက်တယ်။ သူတို့အကွက်နားက လမ်းကြားနားကိုရောက်ရော့ ၀ိုင်းရိုက်ကြတယ်။ ဒါကို တခြားရခိုင်တွေက မြင်ကြ၊ ကြားကြတော့ ရိုက်ကြတဲ့သူတွေက အင်ဘာလာထဲကိုဝင်ပြေး သွားတယ်။ အဲဒီနောက်ပိုင်းမှာ အခြေနေက တင်းမာနေတာ” ဟု ဆိုသည်။

နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

Photo: နေပြည်တော်ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ(၂)ဦးအား ဒဂုံတရားရုံးတွင် စတင်စစ်ဆေး

ထက်အောင်ခန့် (မြစ်မခ)

 
 အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်သို့သွားရောက်ရန် ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူနှစ်ဦးအား မြို့နယ်(၆)မြို့နယ်မှ အမှုဖွင့်ထားမှုနှင့်ပတ်သက်၍ ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ရုံးချိန်းစတင်စစ်ဆေးနေပြီဖြစ်သည်။
 
ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
 
စက်တင်ဘာ (၂၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် လမ်းလျှောက်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်ထံသို့ စက်တင်ဘာ(၁၃)ရက်နေ့တွင်   လျှောက်ထားခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။
 
“ကျွန်မတို့ကို လောလောဆယ်တော့ ဒဂုံမြို့နယ်ကပဲ စစွဲသေးတယ်။ အခြားမြို့နယ်တွေကတော့    အကြောင်းကြားစာ မရောက်လာသေးဘူး။”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မမေစံပယ်ဖြူက ပြောသည်။
 
တရားစွဲခံရသူ နှစ်ဦးသည် ခွင့်ပြုမိန့်ရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။
 
“နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် တရားဥပဒေကိုလေးစားလိုက်နာရမယ်။ နိုင်ငံသားတစ် ယောက်ပီသစွာနဲ့ တရားရုံးကိုလာရောက်ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ် ကြောင့် ဒုက္ခအတိဖြစ်နေတဲ့အရာတွေအတွက် ငြိမ်းချမ်းရေးကိုလိုချင်လို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။” ဟု ကိုဂျော်ဂွမ်းက ပြောသည်။
 
သို့သော် ခွင့်ပြုမိန့်မရခဲ့သော်လည်း နေပြည်တော်သို့သွားရောက်၍ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် လွှတ်တော်အမတ်များထံငြိမ်းချမ်းရေး ပန်းစည်းများသွားရောက်ပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အာဏာပိုင်များက နေပြည်တော်တို့သွားရန် တားမြစ်ခဲ့ သဖြင့် ၎င်းနှစ်ဦးမှ ရန်ကုန်မြို့တွင်း ငြိမ်းချမ်းရေးဆန္ဒပြသည့်အဖွဲ့များနှင့် ထပ်မံပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
 
စက်တင်ဘာလ (၂၁) ရက်နေ့မှပင် တိုင်းဒေသကြီးအစိုးရဖွဲ့ မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဥပဒေဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ယခုကဲ့သို့ အသိပေးပြောကြားခဲ့သည်။
 
 `ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကို (၅)ရက်ကြိုတင်ပြီးတော့ တင်ရပါတယ်။ အခုဟာက ငြင်းပယ်တာကို အယူခံနှစ်ရပ်ပေါ့။ ဥပဒေမှာပါပြီးသား။ ငြင်းတဲ့အချိန်မှာ လုပ်ရင် ဒါဟာ ဥပဒေ ဖောက်ဖျက်မှုပဲ။ ဥပဒေဖောက်ဖျက်မှုဆောင် ရွက်တဲ့အတွက် ကျွန်တော်တို့က အရေးယူ နိုင်တယ်။´ ဟု ရဲမှူးက ပြောကြားခဲ့သည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ (၉)အား သက်ဆိုင်ရာ ရဲစခန်းများမှ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ခံဝန်ချက် ထိုးစေခဲ့သည်။
 
ထိုသို့ ခံဝန်ချက်ထိုးပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း(၂၄)ဖွဲ့မှ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် တရားစွဲဆိုနေမှုများကို ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန်နှင့်   ပြည်သူတစ်ရပ်လုံး၏ နှလုံးသားဆန္ဒမှပေါက်ဖွားလာသော ငြိမ်းချမ်းရေး လိုလားသံကို လွတ်လပ်စွာ ထင်ဟပ်ဖော်ပြခွင့်ပေးပါရန်အစရှိသည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
 
“လက်ရှိမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ ပြည်သူသန်း (၆၀) နဲ့ သက်ဆိုင်တယ်ဆိုလို့ရှိရင် ပြည်သူသန်း(၆၀)မှာ ဒါကို ဖော်ထုတ်ဖို့၊ ပြောပြဖို့ အခွင့်ရှိကိုရှိရမယ်။ ကျွန်တော်တို့ဟာ ဒီဟာကို ပြောခွင့်မရှိခဲ့ဘူး။ ငြင်းပယ်ခံရတယ်။ ကျွန်တော်တို့ဟာ ဘာသာတရားအရ၊ ယဉ်ကျေးမှုအရ အုပ်စုဖွဲ့ပြီးတော့ ဒါလေးကို ငြိမ်းချမ်းစွာ ပြန်ပြင်ဖို့လုပ်တယ်။ ကျွန်တော်တို့ဟာ တရားခံ မဟုတ်ပါဘူး။”ဟု ကိုဂျော်ဂွမ်းက ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းရင်းကို ပြောကြားသည်။
 
တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် မိမိတွင်တာဝန်ရှိသည်ဟု ခံယူ၍ ပြည်သူတစ်ယောက် အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၄င်းကဆိုသည်။

Photo from : Myit Makha Mediagroup 
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်သို့သွားရောက်ရန် ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူနှစ်ဦးအား မြို့နယ်(၆)မြို့နယ်မှ အမှုဖွင့်ထားမှုနှင့်ပတ်သ
က်၍ ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ရုံးချိန်းစတင်စစ်ဆေးနေပြီဖြစ်သည်။

ကိုဂျော်ဂွမ်းနှင့် မမေစံပယ်ဖြူ (ဖြူဖြူခေါန်ထွယ်) တို့အား တရားစွဲဆိုမှုကို ဒဂုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းထွန်းဝင်းမှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

စက်တင်ဘာ (၂၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် လမ်းလျှောက်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်ထံသို့ စက်တင်ဘာ(၁၃)ရက်နေ့တွင် လျှောက်ထားခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။

စစ်တွေတွင် ရခိုင် လူငယ် တစ်ဦး သတ်ဖြတ်ခံရ

အရေးအခင်း ဖြစ်ပွားပြီး ၄ လခန့်အကြာ ယနေ့တွင်  စစ်တွေ၌ ရခိုင်ကလေးငယ် တစ်ဦး  အသတ်ခံလိုက် ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ လူငယ်မှာ ရေခဲချောင်းရောင်းနေသော စစ်တွေ ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သား အောင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။
သူ့အား သတ်ဖြတ်သူများမှာ စစ်တွေ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်)မှ ဘင်္ဂလီ မွတ်ဆလင်များ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
ယခုအခါ အောင်နိုင်ဦး အလောင်းအား စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။

မြန်မာကိုချေးငွေထုတ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ ပြင်ဆင်နေ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရကို ချေးငွေအသစ် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ထုတ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြင်ဆင်နေပြီလို့ သိရပါတယ်။
Photo courtesy of IMF
IMF (International Financial and Monetary Committee) နှင့် World Bank အစည်းအဝေး ကျင်းပနေစဉ်။
နောက်လ တိုကျိုမှာ ကျင်းပမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အစည်းအဝေးအတွင်းမှာ IMF ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က ချေးငွေအသစ် ထုတ်ချေးပေးဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဂျပန်သတင်းစာ Nikkei က ဆိုပါတယ်။
မြန်မာအစိုးရကို ဒေါ်လာ သန်း ၉၀၀ ထုတ်ချေးဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က စီစဉ်နေကြပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးတော့မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောလိုက်ပြီးတဲ့နောက်မှာ အခုလို သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသူ တစ်ဦးကို ကျောင်းအုပ် ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်ရာမှ ယခုလ ၂၆ ရက်နေ့ ညနေက ဆူပူ ကန့်ကွက်မူ တစ်ခု ပေါ်ပေါက်ခဲ့သည်။

“ ဖြစ်တာက ကျောက်ဖြူမြို့ ပညာရေး ကောလိပ်မှာ ဖြစ်တာပါ။ ညနေ ၆ နာရီ ၃၀ မှာ ကျောင်းသား ကျောင်းသူ တွေစုပြီး အဲဒီ မခင်မီမီကျော် ဆိုတဲ့ ကျောင်းသူကို ကျောင်းမထုတ်ဖို့ တောင်းဆို ရာကနေ ဖြစ်တာပါ။ ဒါကို ကန့်ကွက်တဲ့ အခါ ဆန္ဒပြတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောင်းသား တစ်ဦးက ပြောသည်။
ပြဿနာမှာ ဂွမြို့မှ ကျောင်းသူ တစ်ဦးဖြစ်သူ မခင်မီမီကျော်သည် ကျောင်းတွင် ပေါ်ပေါက်ခဲ့သော ပြဿနာ တစ်ခု အတွက်  အုပ်ထိန်းသူမိဖများကို ခေါ်ယူလာရမည်ဟု ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်ဝေေ၀ဦးမှ ပြောကြားရာ မိဖများကိုယ်စား သူမရဲ့ ဦးလေးတော်သူ တစ်ဦးကို ခေါ်လာခဲ့သည်ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ကုလသမဂ္ဂ မိန့်ခွန်းအပြည့်အစုံ

၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၆၇ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်
( နယူးယောက်မြို့၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်) 

အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက် လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား- 

အဆွေတော်အား (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိ အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ 

ဆားဘီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါ တယ်။ ယနေ့ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက် ပြုတဲ့ အထွေထွေ ညီလာခံကြီးက စဉ်းစား ဆွေးနွေး ဆောင်ရွက်သွားလျက် ရှိပါတယ်။ 
Related Posts Plugin for WordPress, Blogger...

ShareThis