ကျပ်ငွေနှင့် ဒေါ်လာဈေးကွာဟမှုမှာ နောက်ပိုင်းတွင်မြင့်မား လာနိုင်မည့် အလားအလာရှိနေ။
ဓာတ်ပုံ - ကောင်းထက်
လစာထုတ်လို့ ငွေဈေးကောင်းရင် ပျော်တာပေါ့။ ပိုက်ဆံ ပိုရတာကိုး။ ကျွန်တော်တို့ထက်ပိုပြီး ပျော်တဲ့သူတွေ ကတော့ ပို့ကုန်လုပ်ငန်းရှင် တွေပါ။ ဒါပေမယ့်လည်း အခုလက်ရှိဈေးနဲ့က သူတို့ရဲ့ လုပ်ငန်းမှာ ထင်သလောက် တွက်ခြေမကိုက်သေးတဲ့ပြင် တချို့ပို့ကုန် လုပ်ငန်းရှင် တွေဆိုရင် အရှုံးပြနေတုန်းပဲ ဆိုပြီး ပြောနေဆိုနေကြတဲ့ အသံတွေက လည်း စီးပွားရေးလောကထဲက မဆုံးနိုင် တဲ့ အသံတွေပါပဲ။
















