menu

Sunday, 29 July 2012

မိခင်မှ မွေးဖွားပြီးချိန် ရက်(၂၀)ကျော်မှ ဦးခေါင်းကြီးလာသော ကလေးငယ်အား ကူညီဆောင်ရွက်ပေးရန်လိုအပ်နေ

 
စာရေးသူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်း မောက်မြို့နယ်သို့ မြေထောက်ပဲ နှင့် မြေပဲဝယ်ရန် ရောက်ရှိခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ် ဗန်းမောက် မြို့နယ်တွင်းရှိ ကျွဲကောကြီးရွာ တွင် ကလေးတစ်ယောက် ဦးခေါင်းကြီးနေသည်ကို မြင်တွေ့ ခဲ့ရပါသည်။ ထိုသို့ ထူးခြားစွာ ခေါင်းကြီးနေသော ကလေးမိခင် အား စာရေးသူ မေးမြန်းခဲ့ပါ သည်။
စာရေးသူမေးမြန်းရာတွင် ကလေး၏ မိဘမှာ ကိုမောင်တိုး+ မမိသေးဖြစ်ပြီး ကလေး၏ နာမည်မှာ မောင်ရှိန်းနိုင်နိုင်ဖြစ်ပါ သည်။ မိခင်မှ ကလေးကို ကိုယ် လက်အင်္ဂါအကောင်းပကတိ မွေးဖွားပြီး ရက်ပေါင်း (၂၀)အရ တွင် မိခင်ရော ကလေးပါ ဖျား သဖြင့် အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးရုံတက်ရပါသည်။ ဆေးရုံဆင်းပြီးချိန်တွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်း လာသော်လည်း ကလေးမှာ တဖြည်းဖြည်းနှင့် ခေါင်းကြီးလာ ပါသည်။

''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက
သဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ MARUHAN မာရူဟန် ဂျပန်ဘဏ် ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ် ”

မာရူဟန် ဂျပန်ဘဏ်ကိုယ်စားလှယ်ရုံးအား ရန်ကုန်မြို့ ၊ အမှတ် (၉၇-ဘီ)ကမ္ဘာအေးဘုရားလမ်းတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင် ဖွင့််လှစ်လိုက်ပြီ
ဖြစ်သည်။
အဆိုပါဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ဂျပန်နိုင်ငံသားပိုင် စီးပွားရေးဘဏ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားတွင် စက်မှုလုပ်ငန်းဦးဆောင်းသူ၊စီပွားရေးလမ်းထွင်သူအဖြစ် လျင်မြန်စွာနေရာယူထားသော ဘဏ်ဖြစ်ကြောင်း ယင်းနေ့နံနက်တွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် သိရသည် ။ ထိုကဲ့သို့နိုင်ငံခြားဘဏ်များ
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးနှင့်ရုံးခွဲများအဖြစ် ဖွင့်လှစ်ပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များအပြင် တိုင်းရင်းသား
ဘဏ်များနှင့် ဒေါ်လာ ၊ ယူရို ၊ စင်ကာပူဒေါ်လာစသည့် နိုင်ငံခြားငွေဖြင့် တရားဝင်ကုန်သွယ်ခွင့်ပေးအပ်ခြင်း အစရှိသော
အရေးပါသည့် ပြုပြင်ပြောင်းလဲရေးများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များကခန့်မှန်းထားသည်။

ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြော ဆိုနေမှုအား  မြန်မာ ဒီမိုကရေစီ အရေး ပျက်ယွင်း အောင်ဆောင် ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေ
 အတွင်းရေးမှူး ကပြောသည်။

ထိုသို့ သတ်မှတ်ရခြင်း အကြောင်းမှာ ပြည်ပမှ တိုက်ခံနေသော အဖွဲ့ အစည်း၊ ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသော သတင်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ   (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။

ရင်သွေးတွေကို ဖခင်ခြေရာ နင်းစေချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏မဟေသီ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်(ဟာဂျူလီ.ကသာ)

ကျွန်တော်တို့နိုင်ငံကအမျိုးသမီ
းအတော်များများဟာရာထူးတစ်ခုခုရှိတဲ့ ခင်ပွန်းသည်ကိုပိုင်ဆိုင်ခွင့်ရပြီ
ဆိုတာနဲ့“ရှင်ဘုရင်နဲ့ညားတော့မိဖုရား”ဆိုတဲ့စိတ်တွေဝင်သွားတတ်ကြပါတယ်။အချိုးတွေအတော်အတန်
ပြောင်းကုန်တတ်ပါတယ်။အခြားမပြောနဲ့၊အရပ်လူကြီးကတော်လေးဖြစ်တာနဲ့တောင် ၀တ်ပုံစားပုံက အချိုးပြောင်းသွားသေးတတ်ကြသေးတာပဲ။ရာထူးကြီးကြီးရှိတဲ့ အိမ်ရှင်မတွေဆို ပိုလို့သာဆိုးတော့တာပေါ့။
ဒါကလည်း လူညီကြလို့ “ဤ”ဟာ “ကျွဲ”ဖြစ်နိုင်သလို နောက်နွားတွေဖြောင့်ဖြောင့်လိုက်သွားတာလည်း
ဖြစ်နိုင်ပါတယ်။ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်။အချို့ ရာထူးကြီးကြီးပုဂ္ဂိုလ်တွေများ နာမည်ကောင်းတွေ
ထွက်လိုက်ကြတာ။စာရိတ္တမဏ္ဍိုင် သိပ်ခိုင်တာပဲဆိုပြီးတော့ပေါ့၊ဒါပေမယ့်နောက်ဆက်တွဲထပ်ပြောကြ
တာကတော့ ကိစ္စကြီးငယ်ရှိရင် “နောက်ဖေးပေါက်ကနေ သူ့မိန်းမဆီ ၀င်မှ ရတာ”တဲ့။ဟုတ်တော့လည်း
ဟုတ်ရှာမှာပေါ့။မိန်းမဆိုတာမျိုးက၀တ်ချင်စားချင်တယ်လေ။စိတ်ချသေခြာရတဲ့ဘ၀မျိုးကိုပိုင်ဆိုင်ချင
ကြတယ်။နောင်ရေးကိုလည်း တွေးပြီးပူပန်တတ်တယ်။ဒီတော့ သူတို့တတွေရဲ့ တပ်မက်မှုစာရိတ္တဟာ
ယောက်ျားတွေထက်ပိုပြီးထိရှလွယ်ကြတာပေါ့။

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်ပေါ်မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက်အရေးယူမည်ဟုဆို

  တရုတ်နိုင်ငံတွင် အပတ်စဉ်ထုတ်ဝေလျက်ရှိသော Southern Weekend (China) သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းချက်ကို အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းဂျာနယ်အချို့၌လည်း ဖော်ပြလျက်ရှိရာ ဦးအောင်သိန်းလင်းက ထိုဖော်ပြချက်များအတိုင်း အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်အပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် တရားဝင်ကြေညာသည်။

Saturday, 28 July 2012

Android OS နှင့်အတူ Java, Symbian, iOS များတွင်ပါအသုံးနိုင်မည့် ရန်ကုန်နှင့် မန္တလေးလမ်းညွှန်သစ်ထွက်ရှိ


Java, symbian, iOS များတွင် ထည့်သွင်းအသုံးပြုနိုင်သည့် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်သစ် ထွက်ရှိကြောင်း Yangon Directory Group မှသိရသည်။ ယခင်က Android OS များတွင်သာ အသုံးပြုနိုင်ခဲ့ပြီး ယခုမိုဘိုင်းဖုန်းအသုံးပြုသူတိုင်း အသုံးပြုနိုင်ရန်အတွက် Java, Symbian, iOS များတွင် ထည့်သွင်းနိုင်သည့်
 ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်များကို ရေးသားထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ Android OS သုံးဖုန်းအမျိုးအစား၊ Java OS သုံးဖုန်းများနှင့် Symbian OS သုံး Nokia ဖုန်းများ၊ iPhone များတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား ပထမဆုံး အကြိမ်လာရောက်တွေ့ဆုံ"

(နေပြည်တော်၊ ဇူလိုင်၊၂၈ )

ယနေ့ နံနက် ၁၀း၀၀ အချိန် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ်ရုံးခွဲ သို့ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ ပွဲသို့ ရောက်ရှိ လာသူ ဒေသခံများ အား ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း အခက်အခဲများ မေးမြန်းရာ ဒေသခံတို့က ဒေသတွင်း လူငယ်ထု အလုပ်အကိုင် ရရှိရေး၊ ကလေးငယ် တို့၏ ပညာရေး၊ ကျန်မာရေး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရှိ ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးတို့ တင်ပြခဲ့ကြသည်။

အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်အဆင့်တွင် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုး



 အဆင့်မြင့် ကဏ္ဍ တက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များ မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသားအရေအတွက်ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

အလားတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်များ၊ အစိုးရ နည်းပညာ ကောလိပ်များနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များ စသည့် တက္ကသိုလ်များတွင် ယခင်နှစ်ကထက် ကျောင်းသား ဦးရေ လျှော့ချခေါ်ယူထားခြင်းနှင့် ၀င်ခွင့် လျှောက်ထားနိုင်သည့် အခြေခံကြမ်းခြင်း ရမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားသည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဆေးတက္ကသိုလ်များတွင်လည်း ၀င်ခွင့်လက်ခံမည့် ဦးရေကို ထက်ဝက်ခန့် လျှော့ချထားသည်ကိုလည်း တွေ့ရှိရပါသည်။

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ နိုင်ငံရေး International Crisis Group (ICG) အဖွဲ့၏ အစီရင်ခံစာ

မြန်မာနိုင်ငံသည် ၎င်း၏ အထီး ကျန်မှုကို အဆုံးသတ်ရန်အတွက် ၎င်း၏ စီးပွားရေးကို ကမ္ဘာ့စီးပွား ရေးနှင့်ပေါင်းစပ်ရန်အတွက်
ရည် မှန်းချက်ကြီးမားသော ပြုပြင် ပြောင်းလဲမှုအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်း၏ စိတ် လှုပ်ရှားဖွယ်ရာ နိုင် ငံရေးအ ပြောင်းအလဲနှင့် နီးစပ်စွာ ရစ်ပတ် ထားလျက် ကာလရှည်တည်ရှိခဲ့ သော အနောက်တိုင်း၏ ပိတ်ဆို့ အရေးယူမှုများသည်လည်း ဤအ ပြောင်းအလဲကို ထောက်ခံအား ပေးလျက်ရှိပါသည်။
အပြောင်းအလဲများကို ကောင်းစွာလုပ်ဆောင်ခဲ့ပါလျှင် နိုင်ငံတွင်းရှိ လူများ အကျိုးအ မြတ်များရရှိပါမည်။ သို့သော် ယခင် အစိုးရဟောင်း၏ ကန့် သတ်မှုများနှင့် အခွင့်ထူးပေးမှုများ မှ အမြတ်ထွက်ခဲ့သောသူများမှာ မူ လက်ဝါးကြီးအုပ်စီးပွားရှာပိုင် ခွင့်များ အာမခံပေးထားမှုနှင့် ကံကောင်းထောက်မစွာ ရရှိသော အမြတ်အစွန်းများကို ရယူပိုင်ခွင့် ဆုံးရှုံးသွားပါမည်။

ရိုဟင်ဂျာပြဿနာကို မြန်မာဘက်မှ အသေးစိတ်ရှင်းပြရန် မျှော်လင့်ဟု အာဆီယံအတွင်းရေးမှူးချုပ်ဆို

   အာဆီယံအထွေထွေအတွင်းရေးမှူးချုပ
် ဆူရင်ပစ်ဆူဝမ်က ၎င်းသည် မြန်မာမွတ်စလင် ရိုဟင်ဂျာတို့နှင့် ဗုဒ္ဓဘာသာ ရခိုင်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို မြန်မာအစိုးရဘက်မှ အသေးစိတ်ရှင်းပြချက် ထွက်လာရန် မျှော်လင့်နေကြောင်း ပြောကြားလိုက်သည်။ ဂျာကာတာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၎င်းက “အဓိက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာနိုင်တဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ရှင်းပြချက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ပြဿနာကို သေချာစွာနားလည်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကိုလည်း ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရှာတွေ့ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုပြဿနာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်မှုကို နှောင့်ယှက်နိုင်ကြောင်း ၂၀၁၅ အာဆီယံအသိုင်းအ၀ိုင်း ဖန်တီးရေးတွင် အဆင်ပြေရန်အတွက် ပြဿနာကို လျင်လျင်မြန်မြန် ဖြေရှင်းရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှု ဖြစ်ပေါ်လျက်ရှိ




ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးမြစ်ရေကြီးမှုဖြစ်ပေါ်လျှက်ရှိပြီး ပဲခူးမြို့ပေါ်ရှိ အချို့ရပ်ကွက်များနှင့် ပဲခူးနယ်တ၀ိုက်ရှိ အနိမ့်ပိုင်းကျသော ကျေးလက်ဒေသများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
bagoflood1
ပဲခူးရိုးမဒေသ အပါအ၀င် ပဲခူးနယ်တ၀ိုက်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ဆက်တိုက်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပဲခူးမြစ်ရေသည် ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၅း၃၀)နာရီအချိန်တွင် ပဲခူးမြို့၌ ပဲခူးမြစ်၏ မြစ်ရေကြီးအမှတ် ဖြစ်သည့် (၈၆၀)စင်တီမီတာကို ကျော်လွန်သွားခဲ့ပြီး မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျှက်ရှိပြီး နံနက်(၇း၃၀)နာရီ အချိန်တွင် (၈၆၇)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီးနောက် နေ့လည်(၁၁း၃၀)နာရီအချိန်တွင် (၈၇၂)စင်တီမီတာသို့ ရောက်ရှိနေသည်။

မျဉ်းကြားက ကူးတာ


တောင်ကျရေများကြောင့် လားရှိုးမြို့ ရပ်ကွက်အချို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့ပြီး တစ်လအတွင်း ဒုတိယအကြိမ် ရေကျော်ခြင်းဖြစ်ကြောင်းသိရ




 LS4
လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၇) တွင် ဖြစ်ပွားနေသော ရေကြီးရေလျှံမှုအား ဇူလိုင် ၂၇ ရက်နေ့က မြင်တွေ့ရစဉ်
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လားရှိုးမြို့အ၀င် နားမခေါ်ကျေးရွာ၊ စက်သုံးဆီ အရောင်းဆိုင်များအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်မှစတင်ကာ လမ်းရေကျော်မှုကြောင့် မန္တလေး၊ ရန်ကုန် ခရီးသည်တင်ကားများ လားရှိုးမြို့ဝင် နောက်ကျခဲ့ပြီး၊ လားရှိုးမှ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များလည်း ထွက်ချိန်နောက်ကျခဲ့ကြောင်း သိရသည်။

"ဒီနေရာကို ရေမကျော်တာ တော်တော်ကြာပါပြီ။ ဒီနှစ်တော့ ဟိုမန်အိုင်၊ ကုန်းညောင်၊ နမ့်ကျန်ရွာတွေဖက်ကနေ မိုးတွေအရမ်းရွာတော့ အဲဒီဖက်က တောင်ကျရေတွေက ဒီဘက်ကို အဓိက စီးဝင်တော့ ဒီလမ်းပေါ်ကို ရေတွေလျှံကုန်တာပေါ့"ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင်ပါ NLD နာယက အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ဒီကနေ့ ခေါ်ယူ သတိပေးခဲ့ပါတယ်။
ဇူလိုင်လ (၉) ရက်နေ့က ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်မှာ ဦးဝင်းတင် ရေးသားထားတဲ့ “စည်းရယ် ကမ်းရယ် ပတ်ကြမ်း မတိုက်ကြပါစေနဲ့” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ကော်မရှင် ရုံးခန်းမှာ NLD က သွားရောက်တွေ့ဆုံ ရှင်းလင်း ပြောဆိုခဲ့ရတယ်လို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရှိရာ မြ၀တီမြို့(မောင်မောင်သောင်းမြင့် (တရားရေး))

မြ၀တီဆိုသောအမည်သည် ကျွန်တော့ နှလုံးသားထဲတွင် ငယ်စဉ်ကတည်းက မှတ်မှတ်ရရ ကိန်းအောင်းလျက်ရှိပါသည်။
မြ၀တီမင်းကြီးဦးစ၏ နှလုံးရည်၊ လက်ရုံးရည်တို့ကို ဖတ်ရှုလေ့လာရပြန် သောအခါ 'မြ၀တီ' အမည်သည် ကျွန်တော်၏ 'ဘ၀အားမာန်' လမ်းပြ ကြယ် ဖြစ်လာပါတော့သည်။
ဤအခြေအနေတွင် ထူးထူးခြားခြား တိုက်ဆိုင်သည်ကား မပြောတတ်ပါ။ ကျွန်တော်သည် မြ၀တီမြို့သို့ ခရိုင်တရား သူကြီးအဖြစ် မမျှော်လင့်ဘဲ ပြောင်းရွှေ့ မိန့် ရခဲ့ပါတော့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က မြန်မာ့ခရီးသွားလုပ်ငန်းကို သတိပေး ပြောကြား


နိုင်ငံခြားသားများကို ကူညီစောင့်ရှောက်ရန်တိုက်တွန်းထားသည့်
ဆိုင်းဘုတ်တစ်ခုကို ချောင်းသာကမ်းခြေတွင်တွေ့ရစဉ်။
ဓာတ်ပုံ - ဆန်းဦး
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုသည် အခြား အိမ်နီးချင်း နိုင်ငံ များထက် သိသိသာသာခြေတစ်လှမ်း နောက်ကျ နေသည့်အတွက် ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သောစီမံကိန်းများ၊ လှုပ်ရှားဆောင်ရွက်မှုများကို အချိန်တို အတွင်း ပြီးမြောက်အောင် ဆောက်ရွက် သွားရန်လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း (UNWTO) ၏အကြံပေးပုဂ္ဂိုလ် Mr Hans Carl Jacobsen က ရန်ကုန်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော Myanmar Strategic Planning on Tourism Workshop တွင် မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ရွေးကောက်ပွဲ စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ

ရွေးကောက်ပွဲစနစ် ပြောင်းလဲ ပြုပြင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ပါတီတို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေစဉ်။
လွှတ်တော်တွင်းမှာ ပြည်သူလူထုရဲ့ ဆန္ဒကို အပြည့်အဝ ကိုယ်စား မပြုနိုင်ခြင်း၊ အချိုးညီသည့် ကိုယ်စားပြုမှု မဖြစ်ခြင်း၊ ပါတီစုံစနစ် ပပျောက်သွားနိုင်ခြင်းနဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် အဖြစ်ကို ရောက်ရှိ သွားနိုင်ခြင်း စတဲ့အချက်တွေကို ထောက်ပြပြီး လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲ ကျင်းပပုံ စနစ်ကို ပြောင်းလဲဖို့အတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက ရွေးကောက်ပွဲ ကော်မရှင်ထံ စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီးနောက်မှာ အခုလို တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အဆို အတည်ပြု

 တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ ဒီအဆိုကို အတည်ပြုသင့်ပါကြောင်း လူဝင်မှု ကြီးကြပ်ရေး (လ.၀.က) ဒုတိယ ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးနဲ့   ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်တို့က ဒီကနေ့ ထောက်ခံ ဆွေးနွေးပြီးနောက်မှာ လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အာဇာနည်နေ့က ရွှေတိဂုံဘုရားမြောက်ဘက်မုခ်တွင် လာရောက်စွန့် ပစ်ထားသည်ဟု ယူဆရသော ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့




b517baby
ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့က ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်ရှိ ဆံတော်တွင်း တန်ဆောင်းတွင် လာရောက်စွန့်ပစ်ထားသည်ဟု ယူဆရသော ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ ဇူလိုင်လ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကလေးငယ်မှာ ယောကျာ်းလေးဖြစ်ပြီး လုံခြုံရေးတာဝန်ကျသူများမှ ညနေ ၆ နာရီတွင် တွေ့ရှိခဲ့ကြောင်း ည ၉ နာရီအထိ လာရောက်ခေါ်ယူသူ မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကလေးငယ်အား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရှိ ၀န်ထမ်းတစ်ဦး၏ နေအိမ်တွင် စောင့်ရှောက်ထားပြီး ကလေးငယ်အား ဒဂုံမြို့နယ် ရဲစခန်းမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis