|
သရုပ်ဆောင်များအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အကဲဖြတ်စဉ်
“အခုရွေးချယ်မှုက ဖိုင်နယ်အ ဆင့်ရွေးချယ်မှုပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အဖေနဲ့ အမေနေရာမှာ သရုပ်ဆောင်မယ့်သူတွေကို အကဲဖြတ်ကြည့်ချင်တယ် ဆိုတာကြောင့် ဒီရွေးချယ်မှုကိုလုပ်ခဲ့တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင် အမှတ်ပေးခြင်းတော့ မရှိပါဘူး။ ၀င်ရောက် အကြံပေးတာမျိုးပဲ ရှိပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်မှု မှာ အဓိက တစ်ယောက်စီနဲ့ အရန်ကို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ရွေးချယ်သွားမှာပါ။ ရွေးချယ်ထားတဲ့ လူစာရင်းကို ဇူလိုင်လမကုန်ခင် ကြေညာပေးသွားမှာပါ” ဟု ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ကိုဇော်သက်ထွေးက ဆိုပါသည်။ |
Friday, 27 July 2012
ဗိုလ်ချုပ်နေရာနှင့် ဒေါ်ခင်ကြည် နေရာသရုပ်ဆောင်မည့်သူများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အကဲဖြတ်
ပျိုလေးတို့ အိမ်ခေါင်မိုး (ဂျာနယ်ကျော် မမလေး)
|
လရောင်ဆမ်း ထားသော အ၀င်း၏ အသည်းနှလုံး
တို့သည် ဆီထဲတွင် နှစ်စိမ်ထားသော ဂွမ်းပုံကဲ့သို့ အတိုင်းမသိ
နူးညံ့ပျောင်းအိ နေလေသည်။ ငွေလရောင် ထဲ၌ မိန်းမောကြည်နူး နေစဉ်တွင်း အဝေးမှ
လွင့်လာသော တယောသံကို သဲ့သဲ့ကြားရ စပြုသည်။ အ၀င်းသည် ရင်ထဲ၌ သိမ့်ခနဲ
နေအောင် ဖိုသွားသည်။ လှိုက်ဖိုကာ အသက်ရှူ မမှန်ခြင်းကို သတိရ တစ်ချက် မရ
တစ်ချက်ဖြင့် တယောသံမှာ နီးကပ် လာလေသည်။ လက်မောင်းပေါ်၌ တယောကို တင်လျက်
ခေါင်းငိုက်ငိုက် ထား၍ ဆွဲငင် ထိုးနေဟန်ကို ဒက်ခနဲ မြင်လိုက်ရသည်။
တယော ထိုးသူ၏ ပုံပန်း သဏ္ဌာန်မှာ အ၀င်းစိတ်ကြိုက် အတိုင်း ရုပ်ရှင် မင်းသားနှင့် တူလေသည်။ အ၀င်း၏ မျက်လုံးထဲတွင် သူ့လောက်ချောသူ မရှိဟု ထင်လေသည်။ ဗိုလ်ကေ ဖြီးပုံမှာ ဘယ်ကာလသား နှင့်မှ ပုံစံ မတူအောင် ဖြီးသည်။ ရှေ့က အမောက်ကလေး ထောင်ထားကာ နောက်လှန်၍ ဖြီးချ ထားပုံသည် ချပ်ချပ်ရပ်ရပ် ရှိလွန်းသဖြင့် မျက်လုံးထဲ၌ ဗိုလ်ဆံတောက် ပုံစံကို စွဲနေသည်။ မျက်လုံးမျက်ဖန် ကောင်းသည်မှာ အထူး ပြောစရာ မရှိ။ အမှန်မှာ ခပ်ညုညုနှင့် ကြာပေး၍ ကြည့်လေ့ရှိသော အကြည့်ကို စွဲမက် နေခြင်းဖြင့် မျက်လုံးမျက်ဖန် ကောင်းလှသည်ဟု ထင်မှတ် နှစ်သက်နေခြင်း ဖြစ်သည်။ ရှေ့တည့်တည့်က ကြည့်ရသည်ထက် ဘေးစောင်း ကြည့်ရသော သူ့နှာခေါင်းက ပို၍ ပေါ်လှသည်။ |
‘ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီ ဆိုကတည်းက စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး’ အောင်လနှင့် တွေ့ဆုံခြင်း
|
|
တရားကိုတော့ ချစ်ပါသည်(မောင်စံပေါ)
နားထောင်ရတာ ကောင်းပေမယ့် လက်တွေ့မှာ မလွယ်တဲ့ကိစ္စရပ်တွေ၊ အခြေအနေတွေကလည်း
အများကြီးပါ။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စဟာ
ကျားနဲ့သမင်အတွက်၊ ၀ံပုလွေနဲ့ သိုးငယ်အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။
|
တရားနှင့်ဓားအား နှစ်အားတွင် တရားကိုချစ် ဓားကိုပစ်အံ့ စစ်ကို ငါတို့မုန်းပါသည်။ ဖတ်ဖူးတဲ့ ကဗျာတစ်ပိုင်းတစ်စပေါ့။ သဘောကျလွန်းလို့ ဖတ်ပြီးကတည်းက အလွတ်ရနေခဲ့တာပါ။ ဖတ်ဖူးစဉ်ကတည်းက ခေါင်းစဉ်မရှိ ရေးသူမသိခဲ့တာမို့ မူလ ကဗျာရေးသူကို မဖော်ပြနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ |
မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်ကြောင်း The Voice Weekly News Journal မှထုတ်ပြန်ကြေငြာ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့အပေါ် ပြင်းထန်စွာစွပ်စွဲ တိုက်ခိုက်သည့် အယ်ဒီတာ့အာဘော်တစ်ရပ်ကို ပြီးခဲ့သော ဇူလိုင်လ ၂ဝရက်နေ့က ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါအယ်ဒီတာ့အာဘော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှ၏ ထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ရှုမြင်သုံးသပ်ခန့်မှန်းကြသည့်အပေါ် စိုးရိမ်သောကကြီး နေသော ထိုင်းနိုင်ငံအစိုးရအဖွဲ့ရှိ လူပုဂ္ဂိုလ်၊ နိုင်ငံသားအချို့၊ မြန်မာ့အရေးဆိုင်ရာ စီမံကိန်း၊ စီမံချက်အချို့အတွက် သန်းနှင့်ချီသောဘဏ္ဍာငွေများ ကိုင်တွယ်သုံးစွဲနေသော ဘန်ကောက်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းအချို့ ကိုယ်စား ရေးသားပေးသောစွပ်စွဲ ပုတ်ခတ်ချက် တစ်ရပ် ဖြစ်ဖွယ်ရှိပါသည်။
အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် လူမျိုးစုပဋိပက္ခကြောင့် လူ ၅၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရကြောင်း ရဲတပ်ဖွဲ့ပြောကြား
|
ပဋိပက္ခဖြစ်ပွားနေသော
ကိုကရာဂျားခရိုင်မှ နေအိမ်စွန့်ခွာထွက်ပြေးလာရသော ဘိုဒိုလူမျိုးစုများကို
ဇူလိုင်လ ၂၃ ရက်က တွေ့ရစဉ် Photo:AFP
ဝေးလံခေါင်ဖျားသော အာသံပြည်နယ်တွင် လူမျိုးစု ပဋိပက္ခများကြောင့် ရွာသားအမြောက်အမြား အိုးမဲ့အိမ်မဲ့ ထွက်ပြေးခဲ့ကြရပြီး လူ ၂၁ ဦးသေဆုံးခဲ့သည်။ အာသံပြည်နယ် ကိုကရာဂျားခရိုင် (Kokrajhar) တွင် ဇူလိုင်လ ၂၀ ရက်နေ့က ဘိုဒိုလူမျိုးစုနှင့် မွတ်ဆလင် အခြေချနေ ထိုင်သူများကြား ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ပဋိပက္ခများ ထိန်းချုပ်ရန်ကြိုး ပမ်းသည့်အနေဖြင့် ရဲတပ်ဖွဲ့က အဓိကရုဏ်းတွင်ပါဝင်သူဟု သံသယရှိသူ များကို တွေ့သည်နှင့်တစ်ပြိုင်နက် ပစ်ခတ်ရန်အမိန့်(shoot-on-sight) ထုတ်ခဲ့သည်။ |
အကျင့်ပျက်ခြစားမှုတွင် မိသားစုဝင်နှင့် အစိုးရအတွင်းစည်းပါဝင်နေသည့်အတွက် လီမြောင်ဘတ်တောင်းပန်
|
လီမြောင်ဘတ်က မိန့်ခွန်းမှတစ်ဆင့် နိုင်ငံသို့ တောင်းပန်မှုကို ဇူလိုင်လ ၂၄ ရက်က ထုတ်လွှင့်ပေးစဉ် Photo: AFP
အကျပ်အတည်းဖြစ်နေသော ကိုရီးယားဘဏ်နှစ်ခုနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှု စွဲချက်များကြောင့် သမ္မတလီမြောင်ဘတ်၏ အစ်ကိုဖြစ်သူ Lee Sang-deuk သည် ယခုလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းကိုရီးယား ဘဏ်နှစ်ခုထံမှပင် လာဘ်ထိုးမှုများ လက်ခံခဲ့သည်ဟု သံသယရှိမှုဖြင့် လီအစိုးရ၏ အတွင်းစည်းလူနှစ်ဦးကို ဖမ်းဝရမ်းထုတ်ရန် အစိုးရရှေ့နေများက ယခုသီတင်းပတ်တွင် ပြင်ဆင်နေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ |
နိုင်ငံတစ်နိုင်ငံတွင် ပါတီကြီးတစ်ခုတည်းကကြီးစိုးနေခြင်းသည် တိုင်းပြည်အတွက်အန္တရာယ်ရှိဟု NDF ပါတီခေါင်းဆောင်သတိပေး
နိုင်ငံတစ်နိုင်ငံတွင် ပါတီကြီးတစ်ခုတည်းကကြီးစိုးနေခြ င်းသည် တိုင်းပြည်အတွက်အန္တရာယ်ရှိပြီး အစိုးရအဖွဲ့အတွင်း ယင်းပါတီ၏ အာဏာသက်ရောက်မှုရှိလာနိုင်ကြောင်း NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်ဥက္ကဌ နှင့်တွေ့စုံစဉ် ပြောကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ပါတီစုံရွေးကောက်ပွဲ
ဖော်ဆောင်နေတဲ့နေရာမှာ တစ်ပါတီထဲကကြီးစိုးနေ၇င်
တိုင်းပြည်အတွက်လည်းအန္တရာယ်ရှိတ ယ် ပါတီငယ်လေးတွေ အချိုးကျပါဝင်လာမှ သာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်မှာပါ” ဟု ၄င်းကပြောသည်။
နိုင်ငံတစ်နိုင်ငံတွင် ပါတီကြီးတစ်ခုတည်းကကြီးစိုးနေခြ
“ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ပါတီစုံရွေးကောက်ပွဲ ဖော်ဆောင်နေတဲ့နေရာမှာ တစ်ပါတီထဲကကြီးစိုးနေ၇င် တိုင်းပြည်အတွက်လည်းအန္တရာယ်ရှိတ
လိုင်ဇာခရီး (သို့မဟုတ်)မုန်လိုင်ခ ကမ်းပေါ်မှ ကြေကွဲပုံရိပ်များ(ပြည်သွေးနိုင်)
| လာရင်း ဒုက္ခသည် စခန်း |
ကချင်ငြိမ်းချမ်းရေး ကွန်ရက် (Kachin Peace Network)အစီအစဉ် ဖြင့်
ဇူလိုင်လ ပထမပတ် အတွင်းက ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည် စခန်းများသို့
သွားရောက်ခွင့် ရခဲ့သည်။ ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်
တိုက်ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား ဒုက္ခရောက်ကြရသည့် အကြောင်း
သတင်း၊ မီဒီယာများမှ တစ်ဆင့် မြင်ရ၊ ကြားရ၊ ဖတ်ရှုခဲ့ရသည်။ သို့သော်
မျက်မြင်ကိုယ်တွေ့ မဟုတ်။ ယခု ခရီးစဉ်တွင် လိုင်ဇာ၊ အင်ခေါင်းပါ၊
မိုင်ဂျာယန်နှင့် လားရင်း ဒေသများရှိ စစ်ဘေးဒုက္ခသည် စခန်းများသို့
ရောက်ရှိခဲ့သည်။ ဒုက္ခသည်များ၏ ဘဝများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါပြီ။
ကမ္ဘာကျော်ကျောက်စိမ်းများ ထုတ်လုပ်မှု၏ နောက်ကွယ်(ရေးသားသူ-အယ်စိုးမင်း)
စာရေးသူသည် ဤအကြောင်းအရာများနှင့် ပတ်သက်သော အချက် အလက်အပြည့်အစုံကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ
ဘူမိသိပ္ပံအသင်း(Myanmar Geosciences Society) ၏ (၁၃)ကြိမ် မြောက် စာတမ်းဖတ်ပွဲ၌ ဖတ်ကြားတင်သွင်းခဲ့ပြီးဖြစ်သည်။ ကျောက်စိမ်း
တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ရေးရာ အကျိုးသက်ရောက်မှုများ၊ နစ်နာဆုံးရှုံးနိုင်မှုများကို အများပြည်သူသိရှိစေရန်နှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းမှ အချိန်မီပြောင်းလဲဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
ယနေ့အချိန်အခါထိ ရတနာတန်းဝင်သော ဂျေတိုက် (Jadeite) ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာ တူး
ဖော်ရရှိနိုင်သေးသည်။ ထိုကဲ့သို့သော ကျောက်စိမ်းမျိုးကို မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ လုံးခင်၊ တောမှော်
ဒေသများတွင် သဘာဝတွင်းထွက် အရင်းအမြစ်ကြီး နှစ်မျိုးနှစ်စားအနေဖြင့် တွေ့ရှိရပါသည်။
မူလဖြစ်တွင်းထွက် အရင်း အမြစ်ဖြစ်သော ဒေသအခေါ် (ငုတ်ကျောက်)ကို တောမှော်နှင့် ပတ်ဝန်းကျင်ဒေသတွင် ဗေစ့်လွန်
မီးသင့်ကျောက် (Ultrabasic rocks) များ အကြားတွင် အကြောလိုက် အနေအထားဖြင့် တွေ့ရပါသည်။
ဘူမိသိပ္ပံအသင်း(Myanmar Geosciences Society) ၏ (၁၃)ကြိမ် မြောက် စာတမ်းဖတ်ပွဲ၌ ဖတ်ကြားတင်သွင်းခဲ့ပြီးဖြစ်သည်။ ကျောက်စိမ်း
တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ရေးရာ အကျိုးသက်ရောက်မှုများ၊ နစ်နာဆုံးရှုံးနိုင်မှုများကို အများပြည်သူသိရှိစေရန်နှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းမှ အချိန်မီပြောင်းလဲဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
ယနေ့အချိန်အခါထိ ရတနာတန်းဝင်သော ဂျေတိုက် (Jadeite) ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာ တူး
ဖော်ရရှိနိုင်သေးသည်။ ထိုကဲ့သို့သော ကျောက်စိမ်းမျိုးကို မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ လုံးခင်၊ တောမှော်
ဒေသများတွင် သဘာဝတွင်းထွက် အရင်းအမြစ်ကြီး နှစ်မျိုးနှစ်စားအနေဖြင့် တွေ့ရှိရပါသည်။
မူလဖြစ်တွင်းထွက် အရင်း အမြစ်ဖြစ်သော ဒေသအခေါ် (ငုတ်ကျောက်)ကို တောမှော်နှင့် ပတ်ဝန်းကျင်ဒေသတွင် ဗေစ့်လွန်
မီးသင့်ကျောက် (Ultrabasic rocks) များ အကြားတွင် အကြောလိုက် အနေအထားဖြင့် တွေ့ရပါသည်။
ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာသံရုံးကို ခြိမ်းခြောက်
Tehreek-e-Taliban (TTP) အဖွဲ့၏ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်ထဲတွင် ပါကစ္စတန် အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး အားလုံး ရပ်ဆိုင်း ဖြတ်တောက်ခြင်းနှင့် အစ္စလာမ်မာဘတ် ရှိ မြန်မာ သံရုံးကို ပိတ်ခြင်းတို့ မပြုလုပ်ပါက ရိုဟင်ဂျာများအပေါ် ပြုလုပ်ခဲ့သည့် ရာဇဝတ်မှုများကို တုန့်ပြန်သည့် အနေဖြင့် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။
TTP အဖွဲ့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေ မည်” ဟု ဆိုခဲ့သည်။
အချိန်တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို
လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေက ဆွေးနွေးမှုတွေ အဆို တင်သွင်းချက်တွေဟာ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ်
ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား စကားပြောကြားနေစဉ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား
မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့်
တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန်
စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။
ကုန်ပစ္စည်းများအား အမေရိကန်သို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်း တိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း International Crisis Group ပြောကြား
|
ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်ခြင်းသည် အလုပ်အကိုင် ဖန်တီးပေးသည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှုကို ဟန့်တားနှောင့်ယှက်ရာ ရောက်သည့်အ |
နစ်မြုပ်ခဲ့သော ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ် ဆယ်ယူရရှိ
| ဇူလိုင်လ ၂၀ ရက်နေ့က ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့သော ဗန်းမော်-ကသာသွား
ရှပ်ပြေးရေယာဉ်အား စတင်နစ်မြုပ်သည့်နေ့မှစတင်၍ ရှာဖွေဆယ်ယူရေးလုပ်ငန်းများ
လုပ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွှဲပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင်
အောင်မြင်စွာ ဆယ်ယူရရှိခဲ့ကြောင်း ဗန်းမော်မြို့ မီးသတ်ဦးစီးဌာနမှ
စုံစမ်းသိရှိရသည်။ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရှပ်ပြေးရေယာဉ်အား နောက်ဆုံးဆယ်ယူရရှိချိန်တွင် ကျား ၃ ဦး၊ မ ၃ ဦးတို့၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ စက်လှေဖြင့် ဆယ်ယူခဲ့ပြီး ရင်ခွဲ ရုံသို့ ပို့ဆောင်ပေးရသည်ဟု သိရှိရသည်။ ရေယာဉ်ဆယ်ယူရာ၌ ၀င့်ကား လေးစီး၊ ကရိန်းကားနှစ်စီး အသုံးပြုခဲ့ကြောင်း သိရသည်။ |
"နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှိုက်သူ ဖမ်းဆီးရမိ"
နေပြည်တော်ကောင်စီနယ်မြေ မြို့ပတ်ယာဉ်လိုင်ပေါ် ပထမဆုံးအကြိမ်
ခါပိုက်နှိုက် မှု တစ်ခု ဇူလိုင်လ ၁၉ ရက်နေ့( အာဇာနည်နေ့
)ပျဉ်းမနား-တပ်ကုန်း တော်ဝင်ယာဉ်လိုင်းပေါ်တွင်ဖြစ်ပွ
ားခဲ့သည်ဟု သတင်းရရှိသည်။
ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေးရွာ၊ ကျည်တောင် အုပ်စုနေအသက်၂၁နှစ် အရွယ်ရှိ သူရဟိန်းဆို သူဖြစ်ပြီး ၄င်းကိုယ်တိုင် မှလည်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေ
"The Burmese Freedom and Democracy Act 2003 နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မေတ္တာရပ်ခံချက်(ဘာသာပြန်)"
လူကြီးမင်းခင်ဗျား
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာအမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သော ဆွေးနွေးမှုတစ်ခုကို ကျွန်တော် ပြန် လည် သတိရမိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုနှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်။ ယခုအခါ ကျွန်တော် သည် ပြည်သူ့လွှတ်တော်တွင် အဆိုပြုတင်သွင်းရာ၌ တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်နေပါသည်။ ထိုကြောင့် ဤစာဖြင့် ကျွန်တော် သင့် ထံသို့ အလေးအနက် တောင်းဆိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ လုပ်ဆောင်နေသော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကြော င့်
အမေရိကန် အစိုးရနှင့် ကွန်ဂရက်က အကန့်အသတ်များ ကို လျှော့ချလာသဖြင့်
ကျေးဇူးတင်ပါသည်။ သို့သော် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို
မြန်မာနိုင်ငံတွင် လာရောက်ခွင့်ပြုသော အချိန်တွင် သင်တို့နိုင်ငံအတွက်
ကျွန်တော်တို့ နိုင်ငံ၏ ထုတ်ကုန်ကို ပိတ်ပင်ဆဲဖြစ်သည်ကို ကြားသိ၍
စိတ်မကောင်း ဖြစ်မိပါသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာအမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သော ဆွေးနွေးမှုတစ်ခုကို ကျွန်တော် ပြန် လည် သတိရမိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုနှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်။ ယခုအခါ ကျွန်တော် သည် ပြည်သူ့လွှတ်တော်တွင် အဆိုပြုတင်သွင်းရာ၌ တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်နေပါသည်။ ထိုကြောင့် ဤစာဖြင့် ကျွန်တော် သင့် ထံသို့ အလေးအနက် တောင်းဆိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ လုပ်ဆောင်နေသော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကြော
"အမေရိကန်က မြန်မာသွင်းကုန် ပိတ်ပင်မှုကို ယာယီရုတ်သိမ်း"
မြန်မာပြည်မှ သွင်းကုန်များကို အမေရိကန်နိုင်ငံမှ တားမြစ်ပိတ်ပင်မှုကို အနည်းဆုံး ယာယီအားဖြင့် စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းလိုက်သည်။ ဤသည်မှာ ဥပဒေပြုသူများအကြား အာဖရိက ကုန်သွယ်မှု အထောက်အပံ့ အတွက် ပြုလုပ်မှုတွင် ပဋိပက္ခများ ပေါ်လာ၍ဖြစ်၏။ ဤကိစ္စ နှစ်ရပ်သည် အိုဘားမား အုပ်ချုပ်ရေးကို ကျောထောက်နောက်ခံပြု ပူးတွဲချမှတ်ထားသော ကိစ္စများဖြစ်၏။ ဂုဏ်ပြုသူများကမူ သြဂုတ်တစ်လလုံး အားလပ်မှု ပြုပြီးမှ ပြနလည်စဉ်းစားရန် မျှော်လင့်ထားကြ၏။
အိမ်ဖြူတော်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို လျှော့ချခဲ့၏။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျ
ရီပတ်ဘလီကန် ဆီးနိတ်ခေါင်းဆောင် ''မစ်ခ်ျမက်ကော်နယ်''ကမူ ကိစ္စနှစ်ရပ် ကို ခွဲခြားရန် အဆိုပြုပြီး မြန်မာပြည်မှ သွင်းကုန် ပိတ်ဆို့မှုကို အသစ်ပြုလုပ် ရန် အကြံပြု၏။
Subscribe to:
Posts (Atom)










