Tuesday, 22 May 2012
မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။
ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။
ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ
မှိန်ပျပျအလင်းရောင်ကြောင့်
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။
Photo courtesy of NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၁၁
ရက်နေ့ က NLD ပုဇွန်တောင်မြို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနား၌
မိန့်ခွန်းပြောနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။
မြန်မာဘဏ်တို့ လျှောက်မယ့်လမ်း(မောင်လွင်မွန်(ကသာ))
ဒီလိုကာလမျိုးမှာ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက သိပ်ကျဉ်းနေလို့
မဖြစ်ပါဘူး။ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက ကျယ်ဝန်းပြီး
စနစ်ကျတာနဲ့အမျှ ကျွန်တော်တို့တစ်တွေ နိုင်ငံတကာနဲ့ ပိုဝင်ဆံ့ပြီး
ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုကို ဘဏ်များက တစ်ဖက်တစ်လမ်းက
ကူညီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ...
|
|
ရန်ကုန်မြို့ ကားကျပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန် အနည်းဆုံး အချိန်တစ်နှစ်ကြာဦးမည်
|
မြေနီကုန်းမီးပွိုင့်အနီး တစ်နေရာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လှည်းတန်းခုံးကျော် တစ်ခုတည်း တည်ဆောက်မှုပင် အချိန်တစ်နှစ်ကြာမည် ဟု ခန့်မှန်းထားကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ |
ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့်
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ
KIO အဖွဲ့ အထွေထွေ
အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့
မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော
တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး
ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု
ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။
မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်
![]() |
| လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်) |
လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။
ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ ၄င်းတို့ လိုက်လျောခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်
![]() |
| ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးမှုမြင်ကွင်း(ဓါတ်ပုံ-ရန်ကုန်တိုင်းမ်) |
မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး အထူသတင်းတပ်ဖွဲ့မှ လူဦးရေ ၅၀ထက်မနည်းကို ခေါ်ယူမေးမြန်း
|
မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်မှုပြုလုပ်နေခြင်းကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
11:30 AM 22 May 2012 မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော် အစရှိသူတို့ အပါအ၀င် ဆန္ဒထုတ်ဖော်သူ အများစုအား အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေး မေးမြန်းမှုကို ယနေ့ နံနက်ပိုင်းစတင်ပြီး လုပ်ဆောင်ခဲ့ကြောင်း မန္တလေး ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ခေါ်ယူစစ်ဆေးမေးမြန်း ခံရသူများ၏ အခြေအနေနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေကို မသိရှိရသေးပဲ ခေတ္တဟုပြောဆိုပြီး ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ |
Sunday, 20 May 2012
တရားခံဖြစ်သွားသော တရားသူကြီး(မောင်မောင်သောင်းမြင့် (တရားရေး))
ကျွန်တော် အခုဖော်ထုတ်မယ့်အဖြစ် အပျက်တွေဟာ အဖြစ်မှန်တွေပါ။
မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေလိုမှု စိုးစဉ်းမျှ မပါရှိပါ။
ကျွန်တော့ဘ၀နဲ့ ယှဉ်တွဲဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေထဲမှ သင်ခန်းစာယူကြပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့အတွေး အခေါ်တွေနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်နိုင်ကြဖို့ 'စေတနာ'နဲ့ ရင်ဖွင့်တာပါ။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလနေ့ တစ်နေ့ကပေါ့။
အဲဒီတုန်းက ကျွန်တော်က ပုသိမ် အနောက်မြို့နယ်တရားရေး ဦးစီးမှူးပေါ့ဗျာ။ ၁၉၇၃ ခုနှစ်မှာ တရားရေးဝန်ထမ်း စဖြစ်တယ်ဆိုတော့ လုပ်သက် ၁၅ နှစ် ရှိပါပြီ။
ပြည်ပရောက် နိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား (မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခြင်း)
ဓာတ်ပုံ Kyae Mon
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင်
ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈
ရက်၊ ၂၀၁၂။)
အမေရိကန်ပြည်ထောင်စုက
မြန်မာနိုင်ငံနဲ့ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံပြီး ပိတ်ဆို့ မှုတွေ
လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာလူထုအတွက် အခွင့်အလမ်းကောင်းတွေ
ပေါ်လာနိုင်မယ် လို့ မျှော်လင့်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့်
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကို ပိုမိုအသိမှတ်ပြု
နားလည်သဘောပေါက်လာမှာဖြစ်လို့ အရေးပါကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောမည်
၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပကို ခရီးထွက်မယ့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ၂ ရပ်ပေါင်း
ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ဧပြီလတုန်းက
ဝန်ကြီးချုပ် David Cameron မြန်မာနိုင်ငံကို သွားခဲ့စဉ်က
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။
နိုင်ငံ့ခေါင်းဆောင် တစ်ယောက်မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို အထက်နဲ့
အောက်လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ဗြိတိန် ပါလီမန်မှာ ရှားရှားပါးပါး
စကားပြောခွင့်ပေးပြီး ဂုဏ်ပြုမှာဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီကြီးတချို့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီးမြှုပ်နှံ
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတာတွေကို ဆိုင်းငံ့လိုက်တဲ့အတွက် အမေရိကန်အကြီးဆုံး GE လျှပ်စစ်ကုမ္ပဏီအနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ်လို့ GE ကုမ္ပဏီ ဟောင်ကောင်ရုံးခွဲ ဒု ဥက္ကဋ္ဌ John Rice က မနေ့က ကြေညာလိုက်ပါတယ်။
Augusta State University
General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G.Rice ဖြစ်ပါသည်။
ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံကို သူကိုယ်တိုင်သွားရောက်ခဲ့ပြီး
ရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လျှပ်စစ်မီး ရရှိရေး ပံ့ပိုးပေးနိုင်ဖို့
မြန်မာစွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
ပြင်သစ်ရှိ ရှော်ဗေးဂူအတွင်းမှ ဂူနံရံရေးပန်းချီများမှာ ရှေးအကျဆုံးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့
|
မေလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော နောက်ဆုံးလေ့လာမှုတစ်ခုတွင်မူ တွေ့ရှိသမျှထဲ၌ ရှေးအကျဆုံး ဂူနံရံရေးပန်းချီများအဖြစ် အတည်ပြုနိုင်ခဲ့သည်။ |
'အသက်ထင်ရှားရှိနေသေးတဲ့ အချိန်မှာတော့ အနုပညာအလုပ်ကို ဖက်တွယ်ပြီး လုပ်ဖြစ်နေမှာပါပဲ' ဗိုလ်ကလေးတင့်အောင်နှင့် တွေ့ဆုံခြင်း
|
|
အမေ့အိမ်မှာ ကြယ်ငါးကောက်သူများ(ခင်လေးကြည်ကြည်)

" မေမေ သမီးသွားတော့မယ်နော်.."
" အေး အေး မုန့်ဖိုး ယူသွားဦးလေ နေ့လည် ပြန်တာ နောက်ကျရင် ဗိုက်ဆာတော့ အဆာပြေ တခုခု ၀ယ်စားရတာပေါ့ "
" နေပါစေ မေ… အရင် တပတ်က ပေးထားတာ ကျန်သေးတယ် "
" ကားခရော သမီးရဲ့ "
" ကားခလည်း ရှိပါတယ် အမေ "
" အေးအေး.. ဂရုစိုက် သွားနော်…. ငါ့သမီးလေး စေတနာ အကျိုးပေးပါစေ "
အကျိုးပေးတာ မပေးတာ ထားပါတော့ အမေရယ်။ လောလောဆယ် ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေး အမြဲလုပ်နေနိုင်အောင် အခြေအနေ ဆက်ပေးပါစေ။
ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
Courtesy of Mizzima
စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်။ (Photo Courtesy of Mizzima)
ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာသွားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေးများ ပြောကြား
|
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်အတူ မေလ ၁၄ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ရစဉ် (ဓါတ်ပုံ-နိင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်) နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာသွားပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတ အကြံပေးများက မေလ ၁၉ ရက်နေ့တွင် အတည်ပြုပြောကြား ခဲ့ပါသည်။ ''သမ္မတကြီး ကျန်းမာသွားပါပြီ။ အပရိကပါ။ ပင်ပန်းသွားလို့ ဖြစ်တာပါ''ဟု နိုင်ငံတော်သမ္မတ အကြံပေးက မေလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ ထို့ပြင် အခြား နိုင်ငံတော် သမ္မတ အကြံပေးတစ်ဦးကလည်း နိုင်ငံတော်သမ္မတ ဘာမှ မဖြစ်ကြောင်း နှင့် နေပြည်တော်မှ ရန်ကုန်မြို့သို့လာသည့်အခါတွင် ခရီးပန်းသွား၍ ဖြစ်ကြောင်း |
မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ
![]() |
| တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။ |
ဘောလုံးအသင်းတစ်သင်းတွင်ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး ၊ ရှေ့တန်းသမားများက ဂိုးသွင်းနိုင်အောင် ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှ တဆင့် ပို့ပေးရသည် ။ အလယ်တန်းသမား တစ်ယောက်ကောင်းမှ ကိုယ်လိုချင်သော ပန်းတိုင်ကို ဂိုးသွင်းနိုင်ရန် ရှေ့တန်းသမားများ ဂိုးကောင်းကောင်းသွင်းနိုင်မည် ဖြစ်သကဲ့သို့ အလယ်တန်းသမားမကောင်းပါက ကိုယ်လိုချင်သော ပန်းတိုင်ဂိုးရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း အလယ်တန်းသမားများကို (Key Player ) လို့ခေါ်ကြတယ်။မြန်မာနိုင်ငံပညာရေး စနစ်မှာလဲ တက္ကသိုလ်ဝင်တန်း(၁၀)တန်းဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ အတွက်အဓိကကျတဲ့နေရာပါ။ ဒါကြောင့် ကိုကြီးသောင်းကတော့ ဒီနေရာကို (Key Player ) လို့ သတ်မှတ်ချင်ပါတယ်။မြန်မာနိုင်ငံမှာ ရှိတဲ့လူငယ်တွေရဲ့ ဘဝ အကောင်းအဆိုး ၊ အနိမ့်အမြင့် ဒီနေရာတကြိမ်တည်း နဲ့ သတ်မှတ်ပေးလိုက်တာပါ။
ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်
![]() |
| 230 KV မဟာ ဓါတ်အားလိုင်းအားတွေ့ ရစဉ်(ဓါတ်ပုံ-Google Images) |
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV မဟာ ဓါတ်အားလိုင်း အား ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် ခန့်တွင် ဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်စက်မှုဇုံများအား လျှပ်စစ်ဓါတ်အား ဖြတ်တောက်၍ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် များအား ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ယနေ့နံနက်တွင်ပြုလုပ်သော အရေးပေါ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောပြခဲ့သည်။
Subscribe to:
Posts (Atom)







