
ပြည်ခိုင်းဖြိုးကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်းကို ဖေဖော်ဝါရီလ ၁၈
ရက်နေ့က ကော့မှုးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံများအား
မဲဆွယ်ဟောပြောနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အရှိန်အ၀ါကြီးမားလှတဲ့ ပြိုင်ဘက်နဲ့
ယှဉ်လိုက်ရင် သူ့မှာ လှိုက်လှိုက် လဲလဲနဲ့
ကြိုဆိုနေတဲ့ ပရိသတ်မရှိပါဘူး။
ဒါပေမယ့် လာမယ့်ဧပြီလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
ယှဉ်ပြိုင်အရွေးချယ်ခံမယ့် လက်ရှိအာဏာရ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့
ရှုံးနိမ့်မှုဆိုတဲ့ စကားမျိုးကိုတောင် ပြောဖို့ အချိန်မရှိပါဘူး။
စစ်တပ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါက်တာစိုးမင်းတစ်ယောက် ကတော့
တစ်ရွာပြီးတစ်ရွာလှည့်လည်ရင်း ဆေးအခမဲ့ကုသပေးရင်းနဲ့ပဲ သူ့ရဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြဖို့
သတင်းစကားကို ဖြန့်ဝေ ပေးနေပါတယ်။
ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး
စည်းရုံးရေးခရီးစဉ်တိုင်းမှာ ထောင်ပေါင်းများစွာသော လူထုကြီးကို
ဆွဲဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရ ခြင်းရဲ့
စိန်ခေါ်မှုကြီးကိုတော့ သူက အေးဆေးစွာပဲ တုံ့ပြန်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူနဲ့ ကျွန်တော်တို့ဟာ မိသားစုတစ်ခုတည်း
လိုပါပဲ။ ကျွန်တော်တို့ဟာ မိသားစုတွေပါ။ ပြည်သူ တွေဟာ ကျွန်တော်တို့ရဲ့ အမိ
အဖတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့ရဲ့ အစ်မကြီးပါ" လို့ ဒေါက်တာ
စိုးမင်းက အေအက်ဖ်ပီကိုပြောပါ
တယ်။