လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းပြီးသူ အရေအတွက် နှစ်ဆတိုးတက်သွားသည်ဟု Organisation for Economic Co-operation and Development (OECD) အဖွဲ့၏ အစီရင်ခံစာသစ် (Education at a Glance 2011) က ဆိုသည်၊
ပညာတတ်အများဆုံးနိုင်ငံများမှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံများ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ တို့သည် ပညာတတ်အများဆုံးရှိရာ နို်င်ငံများဖြစ်သလို ကမ္ဘာပေါ်တွင် ဂျီဒီပီ အမြင့်ဆုံး နိုင်ငံများလည်းဖြစ်ကြသည်။
တဦးချင်း ဂျီဒီပီအနေဖြင့် ဒုတိယနှင့် ဆဌမ အများဆုံးနိုင်ငံများဖြစ်သည့် နော်ဝေ၊ သြစတြေလျား တို့သည်လည်း ပညာတတ်အများဆုံး မွေးထုတ်ရာ နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ချမ်းသာသည့် အလျှောက်လည်း ပညာရေးကဏ္ဍတွင် သဲကြီးမဲကြီး ရင်းနှီးမြှုပ်နှံထားကြလေသည်။












