menu

Thursday, 23 February 2012

အိုင်ကျူ ၁၅၀ ရှိသော ကွန်ပျူတာတီထွင်





လူသားတွင်ဆိုပါက ပါရမီရှင်ဟုအမည်တပ်ရလောက်သော ဉာဏ်ရည်အဆင့်အတန်းဖြစ်သည့် အိုင်ကျူစမ်းသပ်မှုတွင် အိုင်ကျူ ၁၅၀ အထိရရှိသော ကွန်ပျူတာတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။

လူသားတို့၏ ပျမ်းမျှအိုင်ကျူ အဆင့်အတန်းမှာ ၁၀၀ ဖြစ်သည်။ အိုင်ကျူ ၁၅၀ ရှိသူမှာ လူသားတို့၏ လေးရာခိုင်နှုန်းသာရှိသည်။ ယခု ဖန်တီးထားသော ပရိုဂရမ်မှာ သင်္ချာယုတ္တိဗေဒနှင့် လူသားနှင့်တူညီသော တွေးခေါ်ပုံ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ယင်းဆော့ဖ်ဝဲကို ဆွီဒင် နိုင်ငံ၊ ဂိုသင်ဘာ့ဂ်ျတက္ကသိုလ်မှ သုတေသနပညာရှင် ကလက်စ်စထရန်ဂါ့တ် ဦးဆောင်သည့်အဖွဲ့က တီထွင်ခဲ့ခြင်း ဖြစ်သည်။

ဒိုက်သဘင်(စိုးဘားဒိုင်)



ရန်ကုန်မြို့တောင်ဘက် ၉ မိုင်အကွာရှိ ဒလတွင် အမှိုက်ပုံကို ဖြတ်ကာ သောက်ရေခပ်ပြန်လာသော မိန်းကလေးငယ်တစ်ဦး

ရေသန့်ဘူးတွေပေါ်လာတော့ ရွာကနေအလည်ရောက်လာသည့် ကျွန်တော့်ဘကြီးပြောတာလေးကို သတိရသည်။ ရေကိုဝယ်သောက်နေကြမှတော့ မင်းတို့ကောင်တွေ လူမွေးလူရောင် ဘယ်ပြောင်တော့မှာလဲကွ ဟူ၍ဖြစ်သည်။ ဘကြီးတို့ခြံထဲက ရေတွင်းကကြည်လဲ့ပြီးသန့်ရှင်းလှ သည်။ မြို့ပေါ်မှာက တဖြည်းဖြည်း ညစ်ပတ်လာသည်။ ရေတွေကလည်း သန့်ရှင်းမှု နည်းလာသည်။ ဘကြီးက ရေကိုကျိုချက်ပြီးမှ ရေနွေးကြမ်းအဖြစ် သောက်သည်။

ကန်တော်ကြီး ဥယျာဉ်အတွင်း ရေခဲအပန်းဖြေကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖွင့်မည်





4472
ရေခဲရေလွှာလျှောအား တွေ့ရစဉ်
ရန်ကုန်မြို့ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်း ရေခဲအပန်းဖြေ ကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ ဒီထဲမှာက အပူချိန်အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ်လောက် ရှိပြီး အရမ်းအေးတဲ့အတွက် အထဲကို ၀င်နိုင်မယ့် အ၀တ်အစားနဲ့ ဖိနပ်တွေကို စီစဉ်ပေးထားပါတယ်။ အထဲဝင်မယ့် သူတွေအနေနဲ့ အပြင် နေပူထဲကနေ လာတာဖြစ်တဲ့ အတွက် အပူရှပ်တာမျိုး မဖြစ်စေဖို့အတွက် ခန္ဓာကိုယ် အပူချိန်ညှိတဲ့ အခန်းထဲကို အရင်ဝင်ပြီးမှ ရေခဲကမ္ဘာ အခန်းထဲကို ၀င်ရမှာ ဖြစ်ပါတယ်”ဟု Asia Myanmar Consortium Development  ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး(ကလျာ (စီးပွားရေးတက္ကသိုလ်))


မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယ အကြီးဆုံးနိုင်ငံ ဖြစ်သည်။
ပင်လယ်ထွက်ပေါက်အဖြစ် ဘင်္ဂလားပင်လယ်အော် (Bay of Bangal)နှင့် အန်ဒမန်ပင်လယ် (Adman Sea) တို့ရှိသည်။
မြန်မာနိုင်ငံသည် မိမိတို့ဘိုးဘွား ဘီဘင် ရှေးယခင်နှစ်ပေါင်းများစွာကပင် မြေပေါ်၊ မြေအောက်၊ သယံဇာတများ ပေါကြွယ်ဝသဖြင့် ကမ္ဘာ့အလယ်တွင် ထင်ရှားခဲ့ကြောင်းလည်း မှတ်သားရပါသည်။

ဆောင်းဦးလှိုင်နဲ့ သူ့ပရိသတ်တို့ နှလုံးသားတွေ လှူခဲ့ကြတဲ့ပွဲမှ အလှူငွေပေါင်း ၁၂၆ သိန်းရရှိခဲ့



ဆောင်းဦးလှိုင်ကို ဂုဏ်ပြုပန်းစည်း ပေးနေတဲ့ ဦးကျော်သူနဲ့
ပရိသတ်တစ်ဦး။
ဓာတ်ပုံ - ရတနာ
လူတွေများစွာ သူတို့ရဲ့ ဖြူစင်မြင့်မြတ်တဲ့ နှလုံးသားကို ပြီးခဲ့တဲ့ သောကြာနေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ 'နှလုံးသားတွေ လှူမယ့်ည' တစ်ကိုယ်တော်ဖျော်ဖြေ ပွဲမှာ လှစ်ဟဖွင့်ပြခဲ့ကြပါတယ်။
ပရိသတ်တွေရဲ့အားပေးမှုကို အထူး ရရှိခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင်က "ရုံကလည်း ပြည့်တယ်။ ပရိသတ်တွေလည်း အများကြီးလာကြည့်သွားတယ်။ အလှူငွေတွေလည်း ရတယ်ဆိုတော့ ပွဲက အောင်မြင်တယ်။ ဒါပေမယ့် ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပဲပြောရရင် ကျွန်တော် ပေါ်ပြူလာဖြစ်နေသေးလို့၊ ကျွန်တော့ သီချင်းတွေ ဈေးကွက်ထဲမှာ ရောင်းအားကောင်းနေသေးလို့၊ နာမည်ကြီးထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်နေသေးလို့ အောင်မြင်တာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်းတွေအတွက် လုပ်တဲ့ ပွဲမို့လို့ ကျွန်တော့ရဲ့ လူမှုရေးစိတ်ဓာတ်ကို လာအားပေးတဲ့ ပွဲပါ။ ဒါကြောင့် ကိုဆောင်းဦးလှိုင် အောင်မြင်တာမဟုတ်ပါဘူး။ လူမှုရေး စိတ်ဓာတ်က အောင်မြင်တာပါ"လို့ ပွဲအပြီးမှာ မြန်မာတိုင်း(မ်)ကို ပြောခဲ့ပါတယ်။

ဆီးရီးယားမှာ သတင်းထောက်နှစ်ဦးအပါအ၀င် လူ ၇၀ ကျော် သေဆုံး


အတိုက်အခံတွေရဲ့ အမာခံခြေကုပ်စခန်း Homs မြို့နဲ့ တခြားနေရာတွေမှာ အစိုးရတပ်တွေက အဆက်မပြတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှိမ်နင်းရာက အနောက်နိုင်ငံသား သတင်းထောက် ၂ ဦးအပါအ၀င် လူ ၇၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

Homs မြို့မှာ သေဆုံးသွားသူ သတင်းထောက် ၂ ဦးဟာ ဗြိတိန်နိုင်ငံထုတ် Sunday Times သတင်းစာက နာမည်ကျော် အမေရိကန် စစ်သတင်းထောက် Marie Colvin နဲ့ ပြင်သစ် သတင်းထောက် Remi Ochlik တို့ ဖြစ်ကြတဲ့အကြောင်း ပြင်သစ် အစိုးရက အတည်ပြုခဲ့တာပါ။

Homs မြို့က သူပုန်တွေ ထိန်းချုပ်ထားရာ Baba Amr အရပ်က သတင်းသမားတွေ စုဝေးရာ ယာယီ စခန်းတခုကို တိုက်ခိုက်ခဲ့မှုကြောင့် တခြားသတင်းထောက်တွေလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ သတင်းသမားတွေရှိရာ နေရာကို တမင်ရည်ရွယ် တိုက်ခိုက်ပုံ ရတယ်လို့လည်း ဆိုပါတယ်။

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း

မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက
ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

လစာတိုးရန်ပြောသည့်ကိစ္စသည် ပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း သူရဦးရွှေမန်းပြောကြား


ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ မီဒီယာသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှပညာရှင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့မှုမှရငွေ စံချိန်တင်မြင့်တက် ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် ရက် ၅၀ ကျန်ရှိသည့်အချိန်၌ပင် အမေရိကန်ဒေါ်လာ သုံးဘီလျံနီးပါး ရရှိနေ




မြန်မာနိုင်ငံ၏ နံပါတ်တစ် ပို့ကုန်သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှ ရငွေမှာ ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေး နှစ်ကုန်ဆုံးရန် ရက် ၅၀ ကျန်ရှိနေသည့်အချိန်၌ပင် စံချိန်တင်မြင့်တက်သွားကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရာတွင် ၂၀၀၉-၂၀၁၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ်၌ စံချိန်တင် ၀င်ငွေရရှိခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၂၆ ဘီလျံရရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်မူ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ စာရင်းအရပင် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလျံနီးပါးရရှိကာ စံချိန်တင်ရရှိသည့်နှစ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရသည်။ ယင်းအပြင် ယခင် ၂၀၁၀-၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်က သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၂ ဘီလျံသာ ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဘဏ္ဍာရေးနှစ်မကုန်မီအချိန်၌ပင် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ပိုမိုရရှိနေသည့် အခြေအနေရှိကြောင်း သိရသည်။

ဘယ်မောင်းအမျိုးအစား Bus ကားနှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု




ဘယ်မောင်းအမျိုးအစား Bus နှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
''ဘယ်မောင်းအမျိုးအစားဆိုရင် Bus ကားပဲဖြစ်ဖြစ်၊ Truck ကားပဲဖြစ်ဖြစ် လွတ်လပ်စွာ တင်သွင်းနိုင်ပါပြီ။ စီးပွားကူးသန်းမှာ လာလျှောက်ထားလို့ရတယ်။ မော်ဒယ်ကတော့ ကန့်သတ်ထားတယ်။ ဘတ်စ်ကားဆိုရင် လက်ရှိရောက်နေတဲ့ မော်ဒယ်ကနေ ငါးနှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်။

မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်များ လာရောက်လေ့လာ




4476 အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ်များ MITT  ရှိ X-rays ဖြတ်စက်အား လေ့လာစဉ်
မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည် တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်များမှ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများမှ အပြည်ပြည်ဆိုင်ရာ သင်္ဘောနှင့် ဆိပ်ကမ်းများလုံခြုံမှုအတွက် လိုက်နာရမည့် ဥပဒေများ(ISPS) CODE နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုများအား လေ့လာဆွေးနွေးရန် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၂ ခု နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးရက်တာ လာရောက်လေ့လာခဲ့ကြောင်း သတင်း ရရှိပါသည်။
အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ် သုံးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်သို့ ရောက်ရှိခဲ့ကာ ယင်းဌာနမှ တာဝန်ရှိသူများနှင့် (ISPS) CODE နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

Tuesday, 21 February 2012

အမေရိကန်နှင့် တောင်ကိုရီးယား ပင်လယ်ဝါ အတွင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်



အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားမှ ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို တန်ပြန်ရန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ လာမည့်အပတ်တွင် ပင်လယ်ဝါ အတွင်း စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက် အတွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်မှ Aegis အမျိုးအစား သင်္ဘောနှစ်စီးနှင့် တောင်ကိုရီးယား တစ်စီးအပါအ၀င် စုစုပေါင်းသင်္ဘော အစီး၂၀ နှင့် Lynx ရဟတ်ယာဉ်များ၊ P3-C ရေငုပ်သင်္ဘောဖျက် လေယာဉ်များလည်း ပါဝင်မည်ဖြစ်သည်။
အဆိုပါပူးပေါင်းစစ်ရေး လေ့ကျင့်မှုသည် အကြီးမားဆုံး မဟာမိတ်နိုင်ငံများ အချင်းချင်းပူးပေါင်းကာ ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။

လီနင်၊ ဂန္ဒီ နှင့် ကြည့်ရဦးမည့် ဗိုလ်ချုပ်ရုပ်ရှင်(သိန်းအေး)


လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်  ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင် ‘အရုဏ်ဦး’ အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင် တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင် ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။

DKBA နဲ့ နယ်ခြားစောင့်တပ်ကြား တင်းမာမှု အစိုးရ၀င်ညှိ


မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်တို့ အကြား တိုက်ပွဲတွေဟာ မနေ့ကစလို့ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒီကေဘီအေ ပိုင် လက်နက်ခဲယမ်းတွေကို နယ်ခြားစောင့်တပ်က လာရောက်သိမ်းယူဖို့ ကြိုးပမ်းရာကနေ စတင်ခဲ့တာပါ။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တဲ့တင်းမာမှုကို ဒီကနေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ဆိုပါတယ်။

အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်


အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ဝန်ထမ်းများအား အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှတစ်လကျပ်တစ်သိန်းနှုန်းပေးရန် လွှတ်တော်ဥက္ကဋ္ဌသ၀ဏ်လွှာပို့


ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။

ထိုအတိုးနှုန်းအတိုင်း သတ်မှတ်ထားပါက ထိုက်သင့်သော အခွန်နှုတ်လျှင်ပင် တစ်လကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးလုံလောက်အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။

ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို


ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ကိုဖြိုးဝေအောင်နဲ့ ရှေ့နေနှစ်ဦးကို ရုံးတော် မထေမဲ့မြင်ပြုမှုနဲ့ အရေးယူ

အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့ သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ပါတယ်။
(Photo: AFP)
ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့် ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့် ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး (Campaign Manager) ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရပါသည်။

"ကချင်ပြည်နယ်၊ မြစ်ကြီးနား ကော်မရှင် အဖွဲ့ခွဲက ပြည်နယ် NLD ကို ခေါ်ပြီး ပြောတာပါ။ ပြန်ခွင့်ပြုတယ်ဆိုပြီး ပြောတာပါ။ အရင် ကန့်သတ်ထားတာတွေ ဖျက်လိုက်ပြီဆိုပြီး ပြောတာပါ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး (Campaign Manager) ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။

မြန်မာရုပ်ရှင် ဇာတ်ကားများအပေါ် ပရိသတ် စိတ်ဝင်တစား ကြည့်ရှုမှု လျော့ကျလျက် ရှိနေကြောင်း သိရှိရ





e7211 မြန်မာရုပ်ရှင်ဇာတ်ကားများ အပေါ် ပရိသတ် စိတ်ဝင်စားကြည့်ရှုမှုမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်၍ လျော့ကျသွားပြီး ယခင်အားပေးမှု မြင့်တက်ခဲ့သည့် ဟာသဇာတ်ကားများ အပေါ်တွင်လည်း ပရိသတ် စိတ်ဝင်စားမှုမှာ သိသာစွာလျော့ကျ သွားခဲ့ကြောင်း သိရှိရပါသည်။
“အခုရုပ်ရှင်ဇာတ်ကားတွေရဲ့ ဈေးကွက်က တော်တော်လေးကို ငြိမ်သက်နေပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး ပရိသတ်ကြည့်တဲ့နှုန်းက ကျလာလိုက်တာ အခုဆိုရင် တော်တော်ကြီးကို ကျဆင်းနေတယ်လို့ ဆိုလို့ရပါတယ်။ အရင်က ဟာသကားဖြစ်မယ်၊ မင်းသားမင်းသမီး များမယ်ဆိုရင် ၀င်ငွေ ကောင်းမယ်ဆိုတဲ့ အစဉ်အလာကလည်း မရှိတော့ပါဘူး။ ပရိသတ်ရဲ့စိတ်ဝင်စားမှု အာရုံက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတာတွေ ဘက်ကို ပိုများနေလို့ ဖြစ်နိုင်သလို မြန်မာရုပ်ရှင် ဇာတ်ကားတွေရဲ့ ပုံစံတူရိုက်နေကြတာ တွေကလည်း ငြီးငွေ့သွားစေတာ ဖြစ်မှာပါ” ဟု လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုအုန်းဝင်း က ရှင်းပြခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis