menu

Monday, 20 February 2012

တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်




တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှအလုပ်သမားများ
လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စက်ရုံမှပေးအပ်သည့် အခြေခံလစာ၊ အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အခြားသော ဖိနပ်စက်ရုံအချို့သည်လည်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ဖြစ်ပေါ်လာကြောင်း လက်ရှိအချိန်တွင် ကျန်စက်ရုံများမှ ပြေလည်အောင် ညှိနှိုင်းပြီးဖြစ်သော်လည်း တိုင်ရီစက်ရုံအနေဖြင့်မူ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှုပြေလည်ခြင်းမရှိသေးကြောင်း သိရသည်။

မော်လမြိုင် သံလွင်မြစ်အတွင်း အပျော်စီးရေပေါ် ရှပ်ပြေးယာဉ်တစ်စင်း တိမ်းမှောက်၍ ဆရာဝန်တစ်ဦးသေဆုံး




မော်လမြိုင်မြို့ စစ်ကဲကုန်းရပ် မြို့မတံတားရှိ ဂျက်စကီးအပျော်စီး ရေပေါ်ရှပ်ပြေးယာဉ်တစ်စီးကို ရန်ကုန်မှ ဆေးပစ္စည်းပြပွဲ လာရောက်သော ဆရာဝန်ဇနီးမောင်နှံတို့ ငှားရမ်းစီးနင်းရာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ပိုင်းလော့ဘုတ်ကို ၀င်တိုက်မိခဲ့ပြီး ပိုင်းလော့ဘုတ်နှင့် ရေဘောင်ကြား သံလွင်မြစ်အတွင်း ကျသွားသည်ကို အနီးရှိသူများက ၀ိုင်းဝန်းဆယ်ယူခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ရာ၊ ဆေးရုံအရောက်တွင် ဒေါက်တာအောင်ဝင်းမောင် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

Sunday, 19 February 2012

ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်နိုင်ရေး ဆွေးနွေးနေ


ရေအောက်ဖိုင်ဘာဆက်ကြောင်း SE-ME-WE 4 ချိတ်ဆက်နိုင်ရန်အတွက် စတင်ဆွေးနွေးနေပြီဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ပြည်တွင်းအင်တာနက် မြန်နှုန်း များ ကောင်းမွန်လာရန် အတွက် လက်ရှိ ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်း SE-ME-WE 3 အပြင် အရန်ဆက်ကြောင်းတစ်ခု ဖြစ်သည့် SE-ME-WE 5 အား ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အနေအထားများ အရ ဖိုင်ဘာဆက်ကြောင်း SE-ME-WE 5 မှာ အချိန်ကာလကြန့် ကြာမှုများရှိနေသည့်အတွက် SE-ME-WE 4အား ထပ်မံချိတ်ဆက် နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပ်ငွေလွှဲငွေ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသော ဘဏ်များအားအရေးယူမည်


ပုဂ္ဂလိကဘဏ်များ အပ်ငွေလွှဲ ငွေ ကိစ္စများကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပါက လုပ်ငန်း လိုင်စင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်များအရ သိရသည်။ဘဏ်အချို့သည် အပ်ငွေ၊ လွှဲ ငွေလုပ်ငန်းများကို အချိန်ကန့်သတ် ချက်မရှိဘဲ နေရာမရွေးလိုက်လံ၍ လက်ခံ ဆောင်ရွက်နေခြင်းကြောင့် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းချိန်နှင့် ခွင့်ပြုထားသောနေရာတွင်သာ ဘဏ် လုပ်ငန်းဆောင်ရွက်ရန် ညွှန်ကြား ချက်များ ထုတ်ပြန်လိုက်ကြောင်း သိ ရသည်။

အိမ်ကလေး ၁ဝ(နေဝင်းမြင့်)


ကျတော်တို့ ဇနီးမောင်နှံ နေထိုင်ခဲ့ဖူးသော မြစ်ကမ်းပါးပေါ်က အိမ်ကလေးလို့ ဆိုနိုင်သည့် တိုက်ခန်းကလေးသည်လည်း ကျတော်တို့ ဘဝတွင် အမှတ်ထင်ထင် ရှိခဲ့သည်ဟု ဆိုရပါမည်။ အိမ်ကလေးတွေ အကြောင်းရေးလျှင် သည်နေထိုင်မှု ဘဝသည်လည်း မရေးမဖြစ် ရေးရဦးမည်ဟု ကျတော် တွေးထားခဲ့သည်။ သည်အိမ်ကလေးက ကျတော့်ဘဝ၏ အိမ်ပိုင်ရာပိုင် ဘဝအစလည်း ဖြစ်သည်။ ကျတော် ငယ်စဉ်က အဘိုးအဘွားများ အဆက်ဆက် အိမ်ကြီးရခိုင်နှင့် နေခဲ့ ကြသည်ကို မှတ်မိနေပါသည်။ တလောက ကျတော်ဇာတိရွာကို အလည်အပတ် ရောက်ခဲ့သည်။ ကျတော်တို့ ဝိုင်းထဲ မှာ ကျတော်တို့ ဆွေမျိုးသားချင်း တချို့သာ နေထိုင်ကြတော့သည်။ ရောက်တုန်းရောက်ခိုက် အမေနှင့် ကျတော်နေ ထိုင်ခဲ့သည့် အိမ်ဟောင်းရာကလေးကိုပင် ဓာတ်ပုံ ရိုက်ခဲ့သေးသည်။ အိမ်ကတော့ မရှိတော့။

ဇေကမ္ဘာစက်မှုဇုန်(၄)ဆက်လက်ဆောင်ရွက်ရင် အရေးယူမည်


ရွှေနံ့ သာကျေးရွာ လယ်မြေများကို ဇေကမ္ဘာကုမ္ဂဏီမှ စက်ယန္တားများနှင့် မြေညှိနေစဉ် (ဓါတ်ပုံ-MNN)
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။

ဘန်ကောက်မြို့တွင် ဗုံးခွဲသူများသည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်





ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ ကားတစ်စီးကို စစ်ဆေးနေပုံ
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ယခုသီတင်းပတ်အတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့်အဖွဲ့သည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  ထိုင်း၊ အိန္ဒိယ၊ ဂျော်ဂျီယာတို့တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အစ္စရေးနှင့်အီရန်အကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီး တင်းမာမှုမြင့်တက်ခဲ့သည်။

မကွေးမြို့ ရေသန့်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား





မကွေးမြို့ ပြည်တော်သာလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ ကောင်းမွန်ရေသန့်စက်ရုံတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရေသန့်စက်ရုံ အတွင်း ရေသန့်ဘူး၊ အဖုံး  တို့ကို ပါကင်ပိတ်ရာတွင် အသုံးပြုသော အပူပေးစက်၏ ၀ါယာကြိုးမှ အပူချိန်များ၍ ၀ါယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်၏ ဒုတိယမြို့လယ်စီးပွားရေးဗဟိုဌာနအဖြစ် မရမ်းကုန်းမြို့နယ်ကို သတ်မှတ်ပြုလုပ်သွားရန်စီစဉ်




မရမ်းကုန်းမြို့နယ် ပါရီမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ကို တွေ့ရစဉ်
ရန်ကုန်မြို့တော်၏ ဒုတိယမြို့လယ်စီးပွားရေးဗဟိုဌာန(Secondary Central Business District)အဖြစ် မရမ်းကုန်းမြို့နယ်ကို သတ်မှတ်ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် နှစ်၃၀စီမံကိန်း ရေးဆွဲရေးတွင် ပါဝင်သည့်မြို့ပြစီမံကိန်း ဆိုင်ရာ ပညာရှင်အချို့ထံမှ သိရသည်။
လက်ရှိရန်ကုန်မြို့၏ Central Business District-CBD ဖြစ်သော မြို့တွင်းဧရိယာများတွင် လူဦးရေထူထပ်မှုနှင့် စီးပွားရေးအချက်အချာကျမှုများကြောင့် တိုးပွားလာမည့်လူဦးရေအပေါ် ခံနိုင်ဝန်အားမရှိသည်ကို ကြိုတင် တွက်ချက်ထားခဲ့ပြီး ယင်းဧရိယာကို မှီခိုနေရမည့်အစား အခြားတစ်နေရာတွင် ဒုတိယမြောက်မြို့လယ်စီးပွားရေးဗဟိုဌာနအဖြစ် တိုးချဲ့ရန် အဆိုပြုမှုများရှိခဲ့ကြောင်း သိရသည်။

ဂျာနယ်လောကတွင် တစ်ဖက်သတ် လိုက်၍ ရေးသားမှုများ ပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး မေးခွန်းကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မေးမြန်း




ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက်၍ ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး မေးခွန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက မေးမြန်းခဲ့သည်။ ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် “နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်ဘက်လိုက်၍ အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒ အမှန်အမှားကို သမာသမတ်ကျကျ၊ သိက္ခာရှိရှိ မျှတစွာ ရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များ ထွက်ပေါ်လာရေး၊ ၀ါသနာအရင်းခံပြီး ၀င်ရောက်လုပ်ကိုင်သောယုံကြည်ချက်၊ ခံယူချက်ရှိသည့်သူများ စိတ်အေးချမ်းသာစွာ သင့်တင့်သော အရင်းအနှီးဖြင့် ဂျာနယ်များ ထုတ်ဝေရပ်တည် နိုင်ရေးအတွက် စည်းကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများ လျော့နည်းပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ် သတင်းထောက်များ ယခုထက်ပိုမို အရည်အသွေးမြင့်မားလာရေး တို့အတွက် မည်သို့အကာအကွယ်ပေး ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။

ကျော်ရ လှော်ရ တို့ဘဝ

ဟာဂျူလီကသာ Facebookမှ

တောင်ကိုရီးယားပရိသတ်တွေနဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ မယ်လိုဒီ


Photo

ဇာတ်ကားရိုက်ကူးမှုများကိုရပ်နားလိုက်ပြီး တခြားအနုပညာအလုပ်များ ဆက်လက်လုပ်ကိုင်နေသော မယ်လိုဒီသည် ကိုရီးယားဖျော်ဖြေရေးပွဲတွင် သီချင်း အသစ် ၄ ပုဒ်သီဆိုခဲ့ကြောင်း သူမကပြောသည်။
“အားပေးတဲ့ ပရိသတ်တွေ အရမ်းယဉ်ကျေးတယ်။ အရမ်းလည်းနွေးထွေးတယ်။ သူတို့ လိုက်ဆိုလို့ရတဲ့ သီချင်းဆိုလိုက်ဆိုပေးတယ်။ မျိုးဆိုအဲဒီမှာဆိုတာ သီချင်းအသစ်ပဲ ၄ ပုဒ်၊ အသစ်ဆိုတော့ ကိုယ့်အသိုင်းအ၀ိုင်းထဲက မကြားဖူးတဲ့သီချင်းဖြစ်သွားတာပေါ့ နော်။ သူတို့မသိတဲ့သီချင်းအသစ် ၄ ပုဒ်ကိုလည်း ငြိမ်ပြီးနားထောင်ပေးတယ်။ များသောအားဖြင့် ပျော်ချင်လို့လာကြတာလေ။ သီချင်းအသစ်တွေဆိုတချို့တွေ  သိပ်ပြီးနားမထောင်ချင်ဘူး။ အော်တာ ဟစ်တာတို့ရှိတယ်။ သူတို့က အဲလိုမျိုးမရှိဘူး”ဟု မယ်လိုဒီကပြောသည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေး လုပ်ကွက်တစ်ခု အဖြစ်သာ မမြင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား




7215
Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံးအား တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ရန် နေရာတစ်ခု အဖြစ်သာ မမြင်ရန် တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“တရုတ်ပြည်သူတွေ အနေနဲ့ ကျွန်မတို့ကို ပိုပြီးနားလည်မှု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်တဲ့အခါမှာ နှစ်နိုင်ငံပြည်သူတွေရဲ့ အနာဂတ် ဆက်ဆံရေးကို ထည့်တွက် စဉ်းစားမယ် ဆိုတာကိုလည်း မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တစ်လှည့်တစ်ပြောင်းဖြင့် ...(စိမ့်ညက်(ညောင်ဦး))




ပြည်သူတို့ဘ၀သည် အမြဲရုန်းကန်နေရသည်။ အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် သက်ဦးဆံပိုင်ပဒေသရာဇ် အုပ်ချုပ်မှုအောက်တွင် မော်ဖူးစေဆိုမှ ဖူးရသောဘ၀၊ အောက်ဆုံးတွင် ကျေးတော်မျိုး၊ ကျွန်တော်မျိုးဘ၀များဖြင့် နေခဲ့ရသည်။ ဒီနောက် အင်္ဂလိပ်ကျွန်ဘ၀ဖြင့် နှစ်ပေါင်းများစွာ ကျွန်ဖြစ်ရပြန်သည်။
ထို့နောက်တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြန်သောအခါ ပြည်တွင်းအကွဲအပြဲပေါင်းများစွာတို့က ပြည်သူများကို မြေစာမြက် ဖြစ်စေပြန်သည်။ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး၊ ၁၉၇၂ ခုနှစ် တစ်ပါတီစနစ်၏ အုပ်ချုပ်မှု အောက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီးနောက် တိုင်းပြည်ကို ဆင်းရဲတွင်း ချောက်ကမ်းပါးကြီးထဲသို့ တွန်းချလိုက်ပြန်သည်။ ပြည်သူများပင် ဖွတ်ကြောပြာစုဘ၀သို့ ရောက်ကြရပြန်ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး တွေ့ကြုံကြရသည်။ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီဟူသော ခေါင်းစဉ်ဖြင့် ပေါ်ပေါက်လာချေပြီ။

သုံးဖန်လှတောင်သမန်ရဟတ် ဘယ်သူတွေရပ်ပစ်သလဲ(လူထုစိန်ဝင်း)





နိုင်ငံခြားသားဧည့်သည်တစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့ သိရတယ်။
မြန်မာလူမျိုးများရဲ့ အပြုံး

အတော်ကြာအောင်နေပြီး သူသိချင်တာတွေမေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ်ရောက်ခဲ့တဲ့ ကသာဘက်ထိသွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာ တော့ သူပြန်လာပြီး နက် ဖြန်ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိရောက်အောင် သင်္ဘောစီးသွားခဲ့ရတဲ့ ခရီးစဉ်ကို တော်တော်ကျေနပ်နေပုံရတယ်။ ပတ်ဝန်းကျင်က သိပ်လှတာပဲလို့ ထပ်ခါတလဲလဲ ပြောရင်း တွေ့သမျှ မြန်မာလူမျိုးတိုင်းက ပြုံးနေကြတာကိုလည်း သိပ် သဘောကျတယ်။ မယုံနိုင်လောက်အောင် အံ့သြရတယ်လို့လည်း ပြောပြတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ်ဖြစ်နေတာတစ်ခုလည်း တွေ့ခဲ့ရတဲ့အကြောင်း ပြန်ခါနီးမှာ ဖွင့်ဟသွားတယ်။

အက်ပဲလ်ရဲ့ အိုင်ဖုန်းတွေ ရေပန်းစားနေပေမယ့် အန်းဒရွိုက်ရဲ့ ဟန်းဆက်တွေကတော့ စမတ်ဖုန်း ဈေးကွက်မှာ ဦးဆောင်နေ


အိုင်ဖုန်းကိုင်မှ ဖြစ်မယ်ဆိုတဲ့ ရောဂါကြောင့် အက်ပဲလ်ဟာ ၂၀၁၁ ခုနှစ် အကုန်ပိုင်းမှာ ကမ္ဘာတစ်လွှား ရေပန်း အစားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်သွားပါတယ်။
ဒါပေမယ့် ဂူးဂဲလ်ရဲ့ အန်းဒရွိုက် ဆော့ဖ်ဝဲသုံး ဟန်းဆက်တွေကတော့ ဈေးကွက်အတွင်း အောင်မြင်မှု အမှန် တကယ်ရသူတွေ ဖြစ်နေပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် အက်ပဲလ်ကုမ္ပဏီဟာ လူကြိုက်အများဆုံး ပစ္စည်းကို ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် စမတ်ဖုန်းတင်ပို့ ရောင်းချမှုဟာ ၂၀၁၁ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ ပြီးခဲ့တဲ့ နှစ်ကထက် ၅၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အိုင်ဒီစီက တနင်္လာ နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက် တွေအရ သိရပါတယ်။

လိမ်ညာတတ်တဲ့ မိဘ(မောင်သာမည)



ခင်ဗျားရဲ့ ကလေးဟာ လိမ်ညာနေပြီဆိုရင် ခင်ဗျားကို ကြောက်နေတဲ့အတွက်ကြောင့် ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျားကို အတုခိုးနေတာ ဖြစ်မယ်။
လိမ်ညာတတ်တဲ့ မိဘတွေမှာ လိမ်ညာတတ်တဲ့ ကလေးတွေပဲ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေဆီက ဖြောင့်မတ်မှန်ကန်မှုကို ရချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ကလေးကို မလိမ်ညာမိဖို့ လိုအပ်ပါတယ်။
သည်စကားဟာ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ချည်း သက်ဆိုင်တဲ့ စကားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံး ရံဖန်ရံခါဆိုသလို လိမ်ညာပြောနေကြတာကိုး။

iPad အမည်ကို တရုတ်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီရှိသောကြောင့် အက်ပဲလ်အခက်ကြုံ






အက်ပဲလ်ကုမ္ပဏီ၏ နာမည်ကျော် သင်ပုန်းကွန်ပျူတာ iPad ၏ အမည်ကို တရုတ်တွင် မှတ်ပုံတင်ထားပြီးဖြစ်သောကြောင့် အက်ပဲလ်က iPad အမည်ဖြင့် ရောင်းချဖြန့်ဖြူးနေမှုများကို ရပ်တန့်ပေးပါရန် Proview International Holdings Ltd က တောင်းဆိုခဲ့သည်။
ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ Proview က ယင်းသို့ တောင်းဆိုခဲ့ခြင်းကြောင့် အချို့သော အက်ပဲလ်ဖြန့်ဖြူးသူများမှာ ရောင်းချမှု ရပ်တန့်ထားကြောင်း သိရသည်။

နာမည်ကျော်ဆပ်ကပ်ပညာရှင် နိုင်ယာဂါရာ ရေတံခွန်ကိုဖြတ်ပြီး ကြိုးတန်းလျှောက်မည်






အမေရိကန်မှ နာမည်ကျော်ဆပ်ကပ်ပညာရှင် နစ်ခ်ဝါလန်ဒါသည် နိုင်ယာဂါရာရေတံခွန်ကိုဖြတ်ပြီး ကြိုးတန်းလျောက်ရန် ခွင့်ပြုချက်ရသွားပြီဖြစ်ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ၀ါလန်ဒါသည် နှစ်လက်မသာထူသည့် ကြိုးတန်းပေါ်မှနေပြီး ပေ ၁၈၀၀ အကွာအဝေးကို ဖြတ်လျှောက်နိုင်မည်ဆိုပါက ယင်းကဲ့သို့သော စွမ်းဆောင်မှုမျိုးကို နိုင်ယာဂါရာရေတံခွန်၌ ပထမဆုံးလုပ်ဆောင်နိုင် သည်ဖြစ်လာမည်ဖြစ်သည်။

၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြတိုင်ကြားစာ ၆၆၆၀ စောင် အနက် တရားသူကြီး၊ တရားစီရင်မှုများနှင့် လာဘ်ပေးလာဘ်ယူမှု အများစုပါဝင်




၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြစာ ၆၆၆၀ စောင် တင်ပြတိုင်ကြားသည့် အထဲတွင် တရားသူကြီး၊ တရားစီရင် မှုများအပါအ၀င် လာဘ်ပေးလာဘ်ယူမှုများ ပါဝင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis