|
ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်း အချို့၏ ရုံးဆင်းချိန်မြင်ကွင်းကို ဖေဖော်ဝါရီ လဆန်းပိုင်းက တွေ့ရစဉ်
ဝေးလံခေါင်သီဒေသ ၈၅ မြို့နယ်၌ တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်း ၃၇၈၁၇ ဦး၏ ဒေသ စရိတ်နှုန်းထားများကိုသာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဖေဖော် ၀ါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၂ ရက် မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။ |
Sunday, 19 February 2012
နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊ မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေ
ဆော်ဒီအာေ၇ဗျနိုင်ငံတွင် ဒုက္ခရောက်နေသော်မြန်မာအလုပ် သမား၂၆ ယောက်အတွက်အကူညီလိုအပ်ခြင်း
မြန်မာအလုးပ်သမား ( ၂၆) ယောက် ဆော်ဒီ အာရေဘီယ နိုင်ငံ သို့ မြန်မာအလုးပ်သမား agency ဖြစ်သော် job company ,golden arm company .အထွတ်အထိတ်နန်းတော် ကွန်ပဏိတို့ ၇ဲ့ လိမ်လည် စေလွတ်မှုဖြင့် (၁၇.၁၂.၂၀၁၀) ရက်တွင် ရောက်ရှီခဲ့ပါတယ် ရောက်ရှိပီး ၃ လ ကြာမှ စတင်
ပီးအလုပ်စပေးပါတယ် အလုပ်မရခင် အချိန်တွင် ကွန်ပဏီမှ စားစရိတ်မပေးပဲ ရခိုငပြည်နယ် မောင်တော် မြို့နယ် ဘူးသီးတောင် မြို့နယ် မှမြန်မာများဆီမှ လိုက်လံပီးတောင်းရမ်းစားသောက်ခဲ
ကဒါဖီ၏သွေးစွန်းအင်္ကျီနှင့် လက်ထပ်လက်စွပ်အား ဒေါ်လာနှစ်သန်းလေလံ ဈေးခေါ်ယူထား
လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီးကဒါဖီ၏ ယခင်နှစ်အောက်တိုဘာလအတွင်း
သူပုန်များလုပ်ကြံခံခဲ့ရစဉ်အတွင်း ၀တ်ဆင်ခဲ့သောသွေးစွန်းနေသောအင်္ကျီနှင့်
လက်တွင်ဝတ်ဆင်ခဲ့သော ငွေသားလက်ထပ်လက်စွပ်အား အမေရိကန်ဒေါ်လာနှစ်သန်းနှင့်
ရောင်းချရန် လေလံဈေးခေါ်ယူထားသည်။ ၄င်းလက်စွပ်အား( Arabs ) အသိပေး
ဝက်ဘ်ဆိုက်တွင်ဖော်ပြထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က
ဇနီးသည်ဖြစ်သူ ဆာဖီယာနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
Maxဆီဆိုင် ငွေသိမ်းယာဉ် သိမ်ဖြူမီးပွိုင့်တွင် ငွေသိန်းရာချီ အလုခံရ
5000တန်လေးထောက်ခံပေးကြပါ..(ဟာဂျူလီ.ကသာ)
ခုတလော မောင်ဂျူအဖြေရဆုံးမေးခွန်းလေးကတော့ ၅၀၀၀တန်ဖုန်းကဒ် အဆုံးသတ်တော့မှာလား ဆိုတဲ့မေးခွန်းလေးပါ၊မောင်ဂျူကလည်း ဘာကောင်ကြီးမှ မဟုတ်တာပဲ၊ဘယ်သိပါ့မလဲနော့၊ဒီတော့
ပြန်ဖြေရတာပေါ့၊ ကျွန်တော် မသိပါဘူးလို့၊ဒီအဖြေကို အချို့က ကျေနပ်ပုံမရဘူးခင်ဗျ၊ဟုတ်ရှာမှာပေါ့၊သူတို့ဘက်ကကြည့်တော့လည်း တစ်သက်နဲ့တကိုယ် ဟမ်းဖုန်း
မကိုင်နိုင်လောက်တော့ဘူးလို့ ထင်ထားရာကနေ ဖုန်းတစ်ကဒ် ၅၀၀၀ဆိုတော့ သူရို့တတွေ ကိုင်နိုင်တဲ့ တန်ဖိုးဆိုတော့ ကိုင်ချင်ကြရှာမှာပေါ့။
ဒုဋ္ဌ၀တီမြစ်ရေကိုသန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေပေးဝေနိုင်ရန် စမ်းသပ်ဆောင်ရွက်နေ
|
ဒုဋ္ဌ၀တီမြစ်ရေကိုသန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေပေးဝေနိုင်ရန် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး တတိယအကြိမ်ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၏ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် မင်းကြီးရန်နောင်လမ်းတောင်ဘက်ရှိ ရေပေးဝေရေးစီမံကိန်း မရောက်ရှိသေးသော မြို့သစ်ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေရရှိရေး စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးဖုန်းဇော်ဟန်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ |
ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့အတွက် စစ်ရေးပြပွဲပြုလုပ်
|
လုပ်ကြံခံရပြီး သေဆုံးသွားပြီဟုသတင်းများ ထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်က ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။ |
တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်း မတော်တဆဖြစ်မှုကြောင့် လူ ၁၅ ဦးသေဆုံး
|
ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ ကျောက်မီးသွေးတွင်းသို့ ရဲများလာရောက်စစ်ဆေးနေစဉ်
|
Saturday, 18 February 2012
အိမ်သာမရှိတဲ့ ယောက်ျားကို ကျောခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဒေါ်လာ ၁ သောင်းဆုရ
အိန္ဒိယနိုင်ငံ
Madhya Pradesh ပြည်နယ် ကျေးရွာတစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ
အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိတဲ့အတွက်၊ အိမ်သာ
ဆောက်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့တာကြောင့် ယခုနှစ်မှာ
သူရဲကောင်းဆု ချီးမြှင့်ခံရပါတယ်။
Anita
Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်က မေလမှာ လက်ထပ်ခဲ့ပြီး၊
နှစ်ရက်အကြာမှာ သူ့ယောက်ျား Shivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါတယ်။
အကြောင်းကတော့ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိလို့ပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ့်တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ေ ဟာင်း အဘီဆစ်တို့ယနေ့ညနေ၄နာ၇ီခန့် က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် တစ်နာရီခန့်တွေ့ဆုံခဲ့သည်။
မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည်
မီးလောင်ပြင်သို့သွားသော မီးသတ်ယာဉ်များအား လမ်း ဖယ်မပေးဘဲ ပိတ်ဆို့ပြိုင်ဆိုင်မောင်းနှင်ေ သာ ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အရေးယူဖမ်းဆီးသွားတော့ မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးသတ်ဦးစီးဌာနမှ အရာရှိ တစ်ဦးက ''မီးသတ်ယာဉ်တွေ အနေနဲ့ မီးငြှိမ်းသတ်ဖို့ မီး လောင်ပြင်ကို သွားတဲ့အခါ လမ်းတစ်လျှောက် အရေးပေါ် ဥသြဆွဲပေမယ့်
တချို့ယာဉ် တွေက လမ်းဖယ်မပေးဘဲ လမ်း ကို ပိတ်ဆို့မောင်းနှင်တာမျိုး၊
မီးသတ်ကားနဲ့ အပြိုင်မောင်းတာ မျိုးနဲ့ မီးလောင်ပြင်ကို အချိန်
နောက်ကျပြီးမှရောက်အောင် နှောင့်ယှက်တဲ့သဘောနဲ့ မောင်း နေတာမျိုးတွေကို
မကြာခဏ ဆိုသလို ကြုံတွေ့နေရတဲ့အ တွက် တိုင်းဒေသကြီးအစိုးရကို အရေးယူပေးဖို့
တင်ပြခဲ့တယ်။
ကမ္ဘာ့ဘဏ်က မြန်မာနှင့် ဆက်ဆံရေး ပြန်လုပ်မည်
ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Ms. Pamela Cox က “မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အားရပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေအတွက် အထောက်အကူဖြစ်စေဖို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်နေပါပြီ။ ဆင်းရဲသားတွေ၊ ဖူလုံမှုမရှိသူတွေ အပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောထားကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။
Call Centerမှ တစ်မိနစ်လျှင် ၃၀ကျပ်နှုန်းဖြင့် စတင်ကာ ၀န်ဆောင်ခ ကောက်ယူ
OSS အဖွဲ့၏ ကား CIF ဈေးနှုန်းသတ်မှတ်ချက်အချို့ မှားယွင်းနေကြောင်း ဝေဖန်လာကြ Alphard အမျိုးအစားကားတစ်မျိုးတည်း၏ ဈေးကွဲလွဲမှုသည်ပင် နိုင်ငံအတွက်အခွန်ကျပ် ၁၀ ဘီလျံနစ်နာနိုင်
|
အနိမ့်ဆုံး
အမေရိကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ အထိတန်ကြေးရှိပြီး နိုင်ငံတော်မှ အခွန် ကျပ်
၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွားနိုင်သည့် Toyota Alphard 2002အမျိုးအစားကား
အမေရိကန်ဒေါ်လာ ၅၀၀၀ ၀န်းကျင်သာ တန်ကြေးရှိသော်လည်း Toyota Alphard 2002 ထက်ပို၍ အခွန်ပိုမိုပေးဆောင်ရသည့် Toyota Estima ကားအမျိုးအစား |
ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ
ကူဝိတ်နိုင်ငံတွင် လက်သမား အလုပ် လုပ်ရမည်ဟု ဆိုကာ ခေါ်ယူသွားသော
မြန်မာနိုင်ငံသား ၁၆၀ ကို သဲကန္တာရထဲတွင် မြေတူးသည့် အလုပ်ကြမ်းများ
စေခိုင်းနေသဖြင့် အထူး ဒုက္ခရောက်နေကြရကြောင်း မြန်မာနိုင်ငံသား တစ်ဦးမှ
နိရဉ္စရာသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တာရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။
မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တာရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။
မျောက်မျိုးစိတ်သစ်ထိန်းသိမ်းရေး အစီအစဉ်ရေးဆွဲရန် နိုင်ငံတကာအဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်
မြန်မာနှာလန်မျောက် ကာကွယ်ထိန်းသိမ်းရေးအတွက် ပညာပေးပိုစတာဖြင့် နှိုးဆော်နေသည်ကို တွေ့ရစဉ်။
မျောက်မျက်နှာလန်အမည်ရှိ အဆိုပါ မျိုးစိတ် သစ်အား ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း(ဘန်ကာ) အသင်းမှ ဦးငွေလွင် ဦးဆောင်သော ကွင်းဆင်း လေ့လာရေး အဖွဲ့သည် Flora and Flora International (FFI) နှင့် People Res-ources and Conservation Foun-dation (PRCF) တို့မှ ဇီဝဗေဒ ပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မျောက် လွှဲကျော် လေ့လာရေးစီမံချက် အတွင်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးလုပ်ရန် ပြန်လာခြင်းမဟုတ်ဟု ABSDF ခေါင်းဆောင်ဟောင်း ဦးအောင်နိုင်ဦး ပြောကြား
ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် ဦးအောင်နိုင်ဦးကို ကြိုဆိုနေသူ ဆွေမျိုးများနှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
နာဂစ်သည် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့(အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံမေးမြန်းခြင်း)
့

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် မြန်မာ
နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက် အတွင်း အလည်အပတ် လာရောက်ရန်ရှိရာ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ရော်ဂျာ
မစ်တန်က ဒေါက်တာဆူရင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။
အသက် ၆၂ နှစ်ရှိ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးဟောင်း ဖြစ်ပြီး ယခုနှစ်တွင် သူ၏အာဆီယံအတွင်းရေးမှူးချုပ်
သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်ဆင်း
ဒေါက်တာ ဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူဖြစ်သည်။
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်
အမေရိကန် လွှတ်တော်ကို တိုက်ခိုက်မဲ့သူကို လက်ရဖမ်းမိ
ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ
အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ်
မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။
ကွန်ဂရက် လွှတ်တော် အဆောက်အဦးကို ဖောက်ခွဲရေး ပစ္စည်းတွေလို့ သူ ယူဆနေတဲ့
အရာတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ
ဖြစ်ပြီးတော့ တကယ်တမ်းမှာ သူ အသုံးပြုတဲ့ ပစ္စည်းတွေဟာ လူတွေကို အန္တရာယ်
မပေးနိုင်တဲ့ နှစ်ချို့ပစ္စည်းတွေသာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက
ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ ရဲ့  အမိန့်ကို နာခံစရာ မလိုတော့ပါဘူးလို့  ၀န်ကြီးဦးအောင်မင်း ပြောကြား
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ စာဖတ်နေတယ် လို့ အစိုးရ၀န်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။နိုင်ငံခြားသတင်းဌာနတခုနဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးက အဲဒီလိုပြောလိုက်တာပါ။
"သူ့အိမ်ဘေးမှာ စာကြည့်တိုက် အကြီးကြီး ရှိတယ်။ သူတာဝန်ရှိစဉ်ကာလတုန်းကတော့ စာအုပ်ဖတ်ချိန် မရခဲ့ဘူး။ ခုတော့ ဖတ်နေပါပြီ။ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းနိုင်ခဲ့တာ သူ့ရဲ့ ဦးဆောင်မှုကြောင့်ပါပဲ" တဲ့၊ ၀န်ကြီးက ဆိုတယ်။"ဦးသန်းရွှေက လုံးဝ အနားယူသွားပါပြီ။ သူ့သြဇာ သူ့အမိန့်ကို ကျနော်တို့ နာခံစရာ မလိုတော့ပါဘူး။ အခု လုံးဝကို အဆက်အသွယ် မရှိတော့ပါဘူး"
Subscribe to:
Posts (Atom)






