![]() |
| မလေး ( May )ဘဏ် |
မလေးရှားနိုင်ငံကနေ
မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ၉ ရက်နေ့ကစပြီး ဧရာဝတီဘဏ်ခွဲတိုင်းက
တစ်ဆင့်ငွေလွှဲလို့ရပြီလို့ သိရတယ်။
မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ
ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။
ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ ၆၀၀၀
ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ
ဦးသန်းဇော်က ပြောပါတယ်။ ငွေလွှဲတဲ့အခါ မလေးက လွှဲမယ်ဆိုရင် မလေး ( May )ဘဏ်က
ငွေဈေးနှုန်း ရင်းဂစ်နဲ့ ဒေါ်လာ အတိုင်းလဲပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံက
ပြန်ထုတ်ယူသူတွေအတွက်ကတော့ သိမ်ဖြူငွေလွှဲကောင်တာရဲ့ ငွေလဲပေါက်ဈေးအတိုင်း
ဒေါ်လာကို မြန်မာငွေနဲ့ ပြန်လဲပေးသွားမယ်လို့ သိရတယ်။ မြန်မာနိုင်ငံကနေတော့ မလေးရှားကို
ငွေပြန်လွှဲလို့မရပါဘူး။






