menu

Wednesday, 8 February 2012

NLD ကြားဖြတ်ရွေးကောက်ပွဲ ရပ်တည်ချက်ထုတ်ပြန်


မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးဖို့နဲ့ ငြိမ်းချမ်းရေးအတွက်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစံနစ်နဲ့မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်တာတွေလုပ်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘေထားကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်တဲ့အထဲ အခုလို ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်ကို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂ဝ၁၂ ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာကြောင့် အခုလိုရွေးကောက်ပွဲကို ဝင်တာလဲဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကို ဖေဖော်ဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ အချက် (၃) ချက်ပါဝင်တယ်လို့ NLD ပါတီရဲ့  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

Tuesday, 7 February 2012

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများ ---

အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု " အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကား "
အကောင်းဆုံးဒါရိုက်တာဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ )
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု " ပြေတီဦး " (အာဒမ်ရယ် ဧ၀ရယ် ဒသရယ် )
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု " ပန်းချီစိုးမိုး " (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု " သက်မွန်မြင့် " ( အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု " ဝေဠုကျော် " (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု " ၀ါဝါအောင် " (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု " ဦးမြင့်ခိုင် " (ပင်လယ်ထက်ကနေ၀န်းနီဇာတ်ကား)
အကောင်းဆုံးရုပ်ရှင်တေးဂီတဆု " မြန်မာပြည်ကျောက်စိမ်း " ( အငိုမျက်လုံးအပြုံးမျက်နှာ)
အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ)

ဆူဒန်သူပုန်များက တရုတ်နိုင်ငံ လုပ်သား ၂၉ ဦးကို ဖမ်းဆီးထား


ခါတွန် - ဆူဒန်နိုင်ငံ တောင်ပိုင်း ကိုဒိုဖန် ပြည်နယ်ရှိ သူပုန်များသည် တရုတ် အလုပ်သမား ၂၉ ဦးကို ဖမ်းဆီးထားကြောင်း သူပုန် ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ဇန်န၀ါရီလ ၂၉ ရက်နေ့၌ ပြောကြားသည်။
ဆူဒန်တပ်မတော် (SAF) ၏ အဖွဲ့ ၀င် ကိုးဦးပါဝင်ကြောင်း ဆူဒန်ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမှု မြောက်ပိုင်း (SPLM - N) ၏ ပြောခွင့်ရပုဂ္ဂိုလ် အာနူ ငူတူလူလိုဒီက အေအက်ဖ်ပီကို ပြော ကြားသည်။
သူပုန်များသည် ၂၇ ရက် နေ့က တရုတ်ကုမ္ပဏီတစ်ခု၏ စခန်းချ နေရာကို တိုက်ခိုက်ခဲ့အပြီး ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်နဲ့ မြောင်းမြမြို့များသို့ ပါတီစည်းရုံးရေးခရီးထွက်


ဧရာဝတီတိုင်း ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက်ကို ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ဒုတိယတကြိမ် ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ အနီးအနား ရွာတွေကလူတွေကပါ ရောက်လာကြပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ ကြိုဆိုခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်

ကျွန်တော်ကြားခဲ့ရသည့် ငြိမ်းချမ်းရေး ဖားစည်သံ(အောင်မျိုး)




w7199 ဒီဇင်ဘာလ၏ ညချမ်းချမ်းမှာ ကွေးကာအိပ်မောကျနေသည့် ကျွန်တော်သည် အခန်းအပြင်ဘက်မှ ဆူညံဆူညံနှင့် စကားပြောသံများကြောင့် လန့်နိုးခဲ့ရသည်။ နာရီကိုကြည့်လိုက်တော့ မနက်လင်းအားကြီး ၂း၀၀ နာရီကျော်ကျော်သာ ရှိသေးသည့်အချိန် မှာ ဒီလိုဆူဆူညံညံ ဘာကြောင့်ဖြစ်ရသလဲ ဆိုသည့်အတွေးကြောင့် ဟိုတယ် အခန်းတံခါးဝကို အသာလှပ်ကြည့်လိုက်ရာ . . . လား . . . လား။ ပြောက်ကျားဝတ်စုံတွေနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် အဖွဲ့တွေကို တွေ့လိုက်ရ၍ ထိတ်ကနဲဖြစ် သွားသည်။ မြိုင်ကြီးငူဘက်ကို အလုပ်တာဝန်အရ ရောက်စဉ်ကတွေ့ခဲ့ ဖူးသည့် DKBA ၀တ်စုံနှင့်မျိုးမို့ DKBA အဖွဲ့တွေဖြစ်မည်ဟု ခန့်မှန်းတွေးရင်း တံခါးကိုအသာပြန်ပိတ်လိုက်သည်။

၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦး၏ အထိမ်းအမှတ် ဗိမာန်အား ပြန်လည်သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်မည်




w71910 မန္တလေးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁၇ဦး၏ အထိမ်းအမှတ်ဗိမာန်ကို ပြန်လည်သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ်ဖြစ်လာရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာနှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တင်ပြသည့် အဆိုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု




သန့်ရှင်းသော အစိုးရကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့် ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း သတင်းရရှိပါသည်။

အလောင်းတော်ကဿပ ဘုရားဖူးသွားမယ်ဆိုရင်



ဆင်ဖြင့် သွားလာနေသော အလောင်းတော်ကဿပ ဘုရားဖူးများကို ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ရှင်
တောတောင်ထူထပ်တဲ့နေရာ၊ တောရိုင်း တိရစ္ဆာန်တွေ ပျော်မွေ့တဲ့ နေရာ၊ သဘာဝ တောတောင်အလှတွေ ခံစားရင်း မြန်မာပြည်က တန်ခိုးကြီး ဘုရားတစ်ဆူကိုသွားဖူးမယ်ဆိုရင် အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်ကလည်း တစ်ခုအပါ အ၀င်ပါပဲ။
နာမည်ကျော်အလောင်း တော်ကဿပဘုရားဖူးရာသီက တစ်နှစ်မှာ လေးလတာရှိတာမို့ နိုင်ငံတစ်ဝန်းက ဘုရားဖူးတွေနဲ့ ကြိတ်ကြိတ်တိုးစည် ကားတဲ့ ဘုရားဖူးခရီးစဉ်တစ်ခုပါပဲ။
အလောင်းကဿပဘုရားဖူးသွားမယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက ရာသီဥတုပါပဲ။
အလောင်းတော်ကဿပ ဘုရားတည်ရှိရာနေရာဟာ တော တောင် ထူထပ်သလို တောင်အမြင့်ပေါ်မှာရှိတဲ့အတွက် ရာသီဥတုကထူးထူး ကဲကဲအအေး ပိုပါတယ်။
ဆောင်းဓာတ် မကုန်သေးတဲ့ ဒီဇင်ဘာလ၊ ဇန်န၀ါရီလ များမှာ သွားမယ်ဆိုရင် ထူးကဲတဲ့အအေး ဒဏ်က ဘုရားဖူးတွေအတွက် နည်းနည်း အနေခက်မှာပါ။

ကန်တော်ကြီးတာဝါစီမံကိန်းကို ရှန်ဂရီလာကုမ္ပဏီပြန်လည်စတင်



ကန်တော်ကြီးတောင်ဘက်ပိုင်းရှိ ရှန်ဂရီလာအမြွှာ အဆောက် အအုံနှစ်ခုကို လွန်ခဲ့သည့်သီတင်းပတ်က တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
ရန်ကုန်မြို့က ဆွေးနွေးညှိနှိုင်းမှု အပြုရဆုံး အဆောက်အအုံတွေထဲမှာ ကန်တော်ကြီး တောင်ဘက်ပိုင်းက ဆောက်လက်စ အဆောက်အအုံ အလွတ်ကြီးလည်း ပါဝင်ပါတယ်။
ဆောက်လုပ်မှုကို နှစ်ရှည်လများ ရပ်ဆိုင်းပြီးချောင်ထိုးထားတဲ့ ဒီ အဆောက်အအုံတွေကို အဆင့်မြင့် ၀န်ဆောင်မှုပေးတဲ့ အိမ်ခန်းမျိုး အဖြစ် အငှားချဖို့ ဆောက်လုပ်ရေးကုမ္ပဏီက ထုတ်သုံးတော့မယ်ဆိုတဲ့ သတင်းကြောင့် ဒီအဆောက်အအုံနဲ့ ပတ်သက်ပြီး ဝေဖန် သံတွေ အမျိုးမျိုးထွက်လာပါတယ်။
မလေးရှား ကုဋေကြွယ် သူဌေးကြီး Robert Kuok ရဲ့ ရှန်ဂရီလာရန်ကုန် ကုမ္ပဏီလီမိတက်က ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ဒီအဆောက်အအုံတွေဟာ ခမ်းနားကြီးကျယ်ပေမယ့် ၁၉၉၈ ခုနှစ်မှာ ဆောက်လုပ်ရေးကို ရပ်ဆိုင်းခဲ့ရပါတယ်။

မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ အမေရိကန် ရုပ်သိမ်း


နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့ မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက်တာပါ။
လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေး ဥပဒေအောက်က မြန်မာအပေါ် အရေးယူမှုအချို့ကို နိုင်ငံခြားရေးဝန်ကြီးလက်မှတ်ထိုးပြီး အခုလို ကင်းလွတ်ခွင့်ပေးလိုက်တာကြောင့်၊ အမေရိကန်ပြည်ထောင်စုက  ကမ္ဘာဘဏ် အာရှဖွံဖြိုးရေးဘဏ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့စတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံကို နည်းပညာရပ်ဆိုင်ရာ အကူအညီတွေ ပြန်ပေးနိုင်တော့မှာပါ။

Monday, 6 February 2012

ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ချွင်းချက်မရှိ မဆိုင်းမတွ လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana တောင်းဆို




tomas
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖေဖော်ဝါရီ လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဟွာဟင်းရုပ်ရှင်ပွဲတော်၌ ပန်းကြာဝတ်မှုန် ဇာတ်ကားပြသခဲ့ပြီး မြန်မာအနုပညာရှင် အချို့တက်ရောက်ခဲ့




e7191 ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့သည့် မြန်မာအနုပညာရှင်များ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဟွာဟင်းရုပ်ရှင်ပွဲတော်တွင် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားပြသခဲ့ပြီး ဒါရိုက်တာစင်ရော်မောင်မောင်၊ လူမင်း၊ မို့မို့မြင့်အောင် နှင့် အေးမြတ်သူတို့လည်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီလ ၂၆ ရက်မှ ၂၉ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ဖိလစ် ပိုင် စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံမှလည်း ပါဝင်ပြသခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အာဖရိကတိုက်သား တစ်ဦးတီထွင်သည့် သင်ပုန်းကွန်ပျူတာ စတင်ရောင်းချ





အက်ပဲလ်၏ အိုင်ပက်နှင့် အခြားအနောက်တိုင်းမှ သင်ပုန်းကွန်ပျူတာများကို ယှဉ်ပြိုင်မည့် အာဖရိကတိုက်သားတစ်ဦး တီထွင်သည့် ပထမဆုံး သင်ပုန်းကွန်ပျူတာကို ကွန်ဂိုနိုင်ငံသားတစ်ဦးက တီထွင်ခဲ့ပြီး စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီသင်ပုန်းကွန်ပျူတာကို စတင်ရောင်းချဖို့ အဖွဲ့ဖွဲ့ပြီး လိုအပ်တာတွေလုပ်ပြီးပါပြီ။ ဒီကနေ့ပဲ စတင်ဝယ်ယူနိုင်ပါပြီ”ဟု အသက် ၂၆ နှစ်သာ ရှိသေးသည့် တီထွင်သူ ဗီရိုနီမန်ကိုက ပြောကြားခဲ့သည်။ ကွန်ဂိုမြောက်ပိုင်းသုံး ဘာသာစကားအရ ကြယ်များ၏အလင်းရောင်ဟု အဓိပ္ပာယ်ရသော စကားလုံး၏ အသံထွက်အတိုင်း Way-C ဟု အမည်ပေးထားသော သင်ပုန်းကွန်ပျူတာကို ကွန်ဂိုသမ္မတနိုင်ငံ မြို့တော် ဘရက်ဇ်ဇာဗီးလ်နှင့် အခြားမြို့ကြီးများတွင် စတင်ရောင်းချနေပြီဟု သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း


ဒေါက်တာစိုးမင်း နှင့် တွေ့ ဆုံခြင်း
မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာ
ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်
တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

လွတ်လပ်၍ တရားမျှတသည့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စေ ရန်ပြည်ခိုင်ဖြိုးပါတီဝင်များကို သူရဦးရွှေမန်း တိုက်တွန်း


ဓါတ်ပုံ(ပေါ်ပြူလာဂျာနယ်)
ဧပြီ၁ရက်နေ့တွင်ကျင်းပ မည့်ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ် ရပ်ဖြစ်ပေါ်စေရန် အတွက်မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီဝင် များကဝိုင်းဝန်း ကူညီရန်လိုကြောင်း ယင်းပါတီ ၏ထိပ်တန်း တာဝန်ရှိသူ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးသူရ ဦးရွှေမန်းက တိုင်းဒေသကြီး အသီးသီးသို့ခြောက်ရက် ကြာနယ်လှည် ခရီး ထွက်ခွာရာ တွင် ပြောကြား ခဲ့သည်။

အိမ်ကလေး ၁၃(နေဝင်းမြင့်)



ကျနော် ပထမဆုံး မှတ်မိလိုက်သည့်အရာမှာ ဆရာဝတ်ထားသည့် တိုက်ပုံအင်္ကျီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများ စွာကတည်းက သည်တိုက်ပုံကို ဆရာ အမြဲဝတ်တတ်သည်။ မီးခိုးရောင်ဖျော့ဖျော့တိုက်ပုံက ဝတ်ဖန်များလို့ ဖြူပျက်ပျက် ရောင် ပေါက်နေကာ တိုက်ပုံလက်ဖျားခေါက်တလျှောက် ရိစုတ်နေသည်။
ခပ်ပွပွ တိုက်ပုံ အင်္ကျီလက်များထဲက ထွက်နေသည့် ဆရာ့လက်တွေက လှီလွန်းလှကာ အကြောကြီးတွေက လက်နှင့် မလိုက်အောင် ခုံးခုံးထနေလေသည်။ ဗမာဂီတာခေါ် ဘိဂီတာတီးကြသူတို့ ထုံးစံ ညာဘက် လက်ညှိုးထိပ်နှင့် လက်မ ထိပ်ကလေးတွေ ဖြူလျော်လျော် ရှိနေကြ၏။

ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း


ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် ဆီးရီးယား အစိုးရက ဖြိုခွင်းနေမှုတွေကို ရပ်တန့်သွားရေးနဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် ရာထူးက ဖယ်ရှားပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေရေး တွန်းအားပေး လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆီးရီးယားရဲ့ ဒီမိုကရေစီမိတ်ဆွေ နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေ ရပ်တန့်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သမ္မတ အာဆဒ်က ဒုတိယသမ္မတထွ အာဏာလွှဲပြောင်းပေးဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို အပြည့်အ၀ ထောက်ခံတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံနဲ့ ရုရှားတို့က ဗီတို အာဏာပြု ပယ်ချခဲ့ပြီးတဲ့နောက် ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာ (Sofia) မှာ ၀န်ကြီး ကလင်တန်က အခုလို တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စနေနေ့တုန်းက ဗီတိုအာဏာ အသုံးပြုမှုကို ရယ်စရာကောင်းတဲ့ လုပ်ရပ်လို့ ပြောင်လှောင်လိုက်ပြီး မစ္စတာ အာဆဒ်အစိုးရ စစ်ယန္တရား အထောက်အပံ့တွေ ခမ်းခြောက်သွားအောင်နဲ့ ဒေသတွင်း တခြား နိုင်ငံတွေက ပြုလုပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အတူတကွ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောလိုက်ပါတယ်။

ဇွတ်မညှိနဲ့ မတူတာကို လက်ခံနိုင်အောင်ကြိုးစား(လူထုစိန်ဝင်း)





ညီညွတ်ရင် အလုပ်တွင်တယ်။ ကောင်းတယ်။ မညီညွတ်ရင် အလုပ်မတွင်ဘူး။ ဖင့်နှေးတယ်။ ဒါပေမဲ့ မညီညွတ်တာ မကောင်းဘူးလို့တော့ တထစ်ချပြောလို့မရဘူး။ ညီညွတ်တိုင်း ကောင်းတယ်လို့ ပြောမရနိုင်တာမျိုးရှိသလို မညီညွတ်လို့ ကောင်းသွားတာမျိုးလည်းရှိတယ်။

ကျွန်အဖြစ်တော့မနေဘူး
အင်္ဂလိပ်လက်အောက်မှာ နေရတာကောင်းတယ်။ အဘက်ဘက်က တိုးတက်တယ်လို့ လူတိုင်းတညီတညွတ်တည်း သဘောထားနေကြရင် လွတ်လပ်ရေးဆိုတာ ရှိခဲ့မှာတောင် မဟုတ်ဘူး။ မျက်နှာဖြူတွေကို သခင်ခေါ်၊ ရှိခိုးဦးတင်လုပ်ပြီး သူတို့စားကြွင်းစားကျန် အရိုးအရင်းကိုက်ရတဲ့ ကျွန်အဖြစ်နဲ့တော့မနေဘူး။ ကိုယ့်မင်းကိုယ့်ချင်း သခင်ဘ၀နဲ့ ထမင်းကြမ်းပဲ ယပ်ခတ်စားနေမယ်ဆိုတဲ့ သဘောကွဲသူတွေကြောင့်သာ အခုလို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လက်အောက် နေရတာကောင်းတယ် ဆိုသူတွေက လွတ်လပ်ရေးရပြီးမှ ဘယ်မှာကောင်းကောင်းနေရတာရှိလို့လဲလို့ အပြစ်ပြောကြတယ်။

ပူတင်အား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အပြိုင်အဆိုင် ဆန္ဒပြ




w7198a ပူတင်ကို ထောက်ခံနေကြသူများ
ရုရှားဝန်ကြီးချုပ် ပူတင်ကို ထောက်ခံသူများနှင့် ရွေးကောက်ပွဲတွင် ပူတင်၏ အာဏာရပါတီက မဲမသာမှုပြုလုပ်ခဲ့သည်ဟု ယူဆသောကြောင့် ပူတင် ကို ကန့်ကွက်သူများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြို့တော်မော်စကို၌ အပြိုင်ဆန္ဒပြခဲ့ကြသည်။
အစိုးရဆန့်ကျင်သည့်ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့အပြီး ခြောက်ပတ်အကြာတွင် အစိုးရခွင့်ပြုချက် တောင်းခံပြီး ထပ်မံဆန္ဒပြရာ၌ ပူတင်ဘက်ကလည်း တန်ပြန်ထောက်ခံဆန္ဒပြမှုကို ယင်းနေ့တွင်ပင် တိုက်ဆိုင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မီးလောင်မှုကြီးတစ်ခု လှိုင်သာယာမြို့နယ် အလယ်ရွာတွင် ဖြစ်ပွား





431518_319107844793512_114803668557265_834844_1422717833_n
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွှဲ ၁၂ နာရီ ၁၅ မိနစ် ၀န်းကျင်အချိန်က လှိုင်သာယာမြို့နယ် အလယ်ရွာတွင် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြီးကြောင့် ဓနိမိုး၊ ထရံကာ အိမ်ခြေ ၃၀၈ လုံး၊ ပျဉ်ထောင်အိမ် ၃၇ လုံး၊ စုစုပေါင်း အိမ်ခြေ ၃၄၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ကျေးရွာနေပြည်သူအများစုမှာ စက်ရုံဝန်ထမ်းများ၊ လက်လုပ်လက်စား နေ့စားအလုပ်သမားများ နေထိုင်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis