News And Library
Fresh News And Some Knowledge For You
menu
မူလစာမျက်နှာ
သတင်း
နိုင်ငံတကာသတင်း
နည်းပညာသတင်း
ဆောင်းပါး
အက်ဆေး
ဝတ္ထုတို
သရော်စာ
အင်တာဗျူး
အနုပညာ
ပညာရေး
ကာတွန်း
မှုခင်းသတင်း
ကျမ်းမာရေး
စီးပွားရေး
Sunday, 21 October 2012
မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိကန် ပြောကြား
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ီလျံဘန်းစ်တို့အား နေပြည်တော်၌ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိ
ကန်
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က အောက်တိုဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က နေပြည်တော်ခရီးစဉ် နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိုင်းပြည်အတွက် ကြွယ်ဝချမ်းသာပြီး ပြည့်ဝသော ဒီမိုကရေစီ အနာဂတ်ဖြစ်ပေါ်ရေးအတွက် ဆက်လက်လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးကြောင်း သတိပြုမိပါသည်ဟုလည်း ၎င်းက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် သယံဇာတ တူးဖော်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေးနှင့် စစ်မှန်သောအမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့တွင် တိုးတက်မှု များ မြင်တွေ့ရန် မျှော်လင့်ပါသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးခြင်းအတွက် မိမိတို့ ကြိုဆိုပြီး ကျန်ရှိနေသေးသော နိုင်ငံ ရေးအကျဉ်းသားများကို လွှတ်ပေး ရန်၊ ကျန်ရှိနေသေးသော မသဲကွဲ သေးသည့် အမှုတွဲများကိုလည်း ပွင့် လင်းမြင်သာသော လုပ်ငန်းစဉ်ကျင့် သုံးကာ ပြန်လည်သုံးသပ်ရန်နှင့် လွတ်မြောက်ပြီးဖြစ်သော အကျဉ်း သားဟောင်းများအပေါ်ထားရှိသည့် ခြွင်းချက်များကို အဆုံးသတ်ရန် အရေးကြီးသည်ဟု မိမိတို့အလေးအနက် ထားပါသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် သယံဇာတ တူးဖော်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် စစ်မှန်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့တွင် တိုးတက်မှုများ မြင်တွေ့ရန် မျှော်လင့်ပါသည် . . .
အမေရိ
ကန်
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်သည် ၎င်း၏ နေပြည်တော် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံမှုများနှင့် ပတ်သက်၍ အမေရိ
ကန်
ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဘန်းစ်က “အတိုင်းထက်အလွန် ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းသော ဆွေးနွေးပွဲများ” ဟု ပြောကြားခဲ့ပြီး နှစ်ဖက်ပုဂ္ဂိုလ် များသည် နှစ်ဦးနှစ်ဖက်၏ တူညီသော အကျိုးစီးပွားနှင့် စတင်ဆောင်ရွက်လျက်ရှိသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများတွင် ရှေ့ဆက်ကာ တိုးပွားလာသော မိတ်ဖက် ဆက်ဆံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမေရိ
ကန်
ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဘန်းစ်သည် နေပြည်တော်တွင် အောက်တိုဘာလ ၁၆၊ ၁၇ ရက်များက ကျင်းပခဲ့သော ပထမအကြိမ် မြန်မာ-အမေရိ
ကန်
နှစ်နိုင်ငံ လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ လည်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီး နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိ
ကန်
၊ ဥရောပသမဂ္ဂ နှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ကြသလို အဆိုပါနိုင်ငံများမှ အစိုးရအဖွဲ့ အကြီးအကဲများ၊ ၀န်ကြီးများသည်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြသည်။
အလားတူ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း အမေရိ
ကန်
ပြည်ထောင်စုသို့ ပြီးခဲ့သည့်လက သီးခြားစီ သွားရောက်ခဲ့ကြသည်။
ပြီးခဲ့သည့်လက ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တို့၏ အမေရိ
ကန်
နိုင်ငံ ခရီးစဉ်ပြီးနောက် အမေရိ
ကန်
ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်သစ်ကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါသည် ဟုလည်း ၀ီလျံဘန်းစ်က ပြောကြားခဲ့သည်။
EMG
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
ShareThis
No comments:
Post a Comment