ရုရှား နိုင်ငံသည် ကမ္ဘာ မြေကြီးအား ခြိမ်းခြောက်နိုင်ဖွယ် ရှိသော ဂြိုဟ်မွှားများကို တိုက်ဖျက် နိုင်စွမ်း ရှိမည့် ဒုံးပျံ တစ်စင်
းကို
လာမည့် သုံးနှစ်နှင့် ငါးနှစ်အတွင်း တည်ဆောက်နိုင်ဖွယ် ရှိကြောင်း
အာကာသနှင့် ဒုံးကျည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သော Energia အဖွဲ့၏
အကြီးအကဲ ဖြစ်သူ ဗီတလီ လိုပိုတာက ပြောကြားသည်။
ကမ္ဘာကြီးကို လာမည့် ဆယ်စုနှစ်များ အတွင်း ဝင်တိုက်နိုင်ဖွယ် ရှိသည့် ဂြိုဟ်မွှားကြီး သုံးလုံး ရှိသည်ဟု သိရသည်။ ၄င်းဂြိုဟ်ကြီး သုံးလုံးအနက် ၂ဝဝ၄ ခုနှစ် အတွင်းက ရှာဖွေတွေ့ရှိ ခဲ့သော Apo-phis ဂြိုဟ်မွှားတစ်လုံး ပါဝင်သည်ဟု သိရသည်။ Apophis ဂြိုဟ်မွှား၏ ပတ် လမ်းသည် ကမ္ဘာဂြိုဟ် ပတ်လမ်းကို ဖြတ်နေခြင်းကြောင့် ၄င်းဂြိုလ် ပတ်လမ်းကို ကမ္ဘာဂြိုဟ် ပတ်လမ်းမှ ဖယ်ရှားနိုင်ရေး အတွက် တန် ၇ဝ အလေးချိန် ရှိသည့် ဒုံးပျံတစ်စင်း လိုအပ် သည်ဟု ဗီတလီက ပြောကြားသည်။
ယခု အချိန်တွင် Apophis ဂြိုဟ်မွှားသည် ကမ္ဘာနှင့် တဖြည်းဖြည်း နီးကပ်လာလျက် ရှိပြီး ၂ဝ၂၉ ခုနှစ် ရောက်လျှင် ကမ္ဘာကြီးမှ အကွာအဝေး အားဖြင့် ၃ဝဝဝဝ ကီလိုမီတာ ခန့်သာ ကွာဝေးတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Apophis ဂြိုဟ်မွှားနှင့် ကမ္ဘာဂြိုဟ်သာ တိုက်ခိုက်မိခဲ့ ပါက ပြင်းအား ၁၇ဝဝ မဂ္ဂါတန်ရှိ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားမည် ဖြစ်ကြောင်း အာကာသ ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များ၏ တွက်ချက်မှု အရ သိရသည်။
-မြ၀တီ

No comments:
Post a Comment