menu

Sunday, 16 February 2014

Valentine's Day မှာ ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ခဲ့တဲ့ အာဂျင်တီးနားက တက်တူးအများဆုံးစုံတွဲ


အာဂျင်တီးနားစုံတွဲတစ်တွဲဖြစ်တဲ့ ဂါဘရီလာ နဲ့ ဗစ်တာ ပီရောတာ တို့ ဟာ ခန္ဓာကိုယ်ရဲ့ လေးပုံသုံးပုံ ကျော်ကို တက်တူးထိုးထားသလို ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကိုလည်း ပြုလုပ်ထားကြပါတယ်။
သူတို့ စုံတွဲဟာ ကမ္ဘာ့တက်တူးအများဆုံးစုံတွဲအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သလို ခန္ဓာကိုယ်ပြောင်းလဲမှုအများဆုံးပြုလုပ်ထားတဲ့စုံတွဲအဖြစ် ပါ သတ်မှတ်ခံခဲ့ရပါတယ်။ နားပေါက်ချဲ့ မှု၊ လျှာနှစ်ခွဖြစ်အောင်ခွဲစိတ်မှု၊ အရေပြားထိုးဖောက်အလှဆင်မှု၊ ခန္ဓာကိုယ်ခွဲစိတ်ပြောင်းလဲမှု စတဲ့ ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကျော်ကို ပြုလုပ်ထားပြီး တစ်ကိုယ်လုံးမှာ ဖောက်ထွင်း ထားတဲ့ အပေါက်ပေါင်း ၅၀ ကျော် ရှိပါတယ်။
ဗစ်တာ ရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းကို တက်တူးထိုးထားပြီး ဂါဘရီလာ ရဲ့ ခန္ဓာကိုယ် ၆၅ ရာခိုင်နှုန်း ကို တက်တူးနဲ့ အလှဆင်ထားတာပါ။ ဒီ အာဂျင်တီးနားစုံတွဲကို ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံး ပြုလုပ်ထားတဲ့ စုံတွဲအဖြစ် ဂင်းနစ်စ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ ဗယ်လင်တိုင်းနေ့ က ထည့်သွင်းခဲ့တာပါ။

အသက် ၄၂ နှစ်အရွယ် ဂါဘရီလာနဲ့ ၄၃ နှစ်အရွယ် ဗစ်တာ တို့ ဟာ အတူလက်ထပ်ပေါင်းသင်းနေထိုင်ခဲ့တာ ၁၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်ပေါ်တစ်ယောက် အရမ်းချစ်ကြတယ်လို့ ဆိုပါတယ်။
ဗစ်တာ ဟာ အသက် ၁၃ နှစ်အရွယ် မှာ F*** ဆိုတဲ့ စကားလုံးကို လက်ချောင်းတွေမှာ ပထမဆုံးရေးထိုးခဲ့ပြီး ဂါဘရီလာ က နှင်းဆီနီတစ်ပွင့်ပုံကို သူမရဲ့ ရင်ဘတ်မှာ စတင်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။


Ref: dailymail

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis