menu

Thursday, 13 February 2014

Valentine's Day မှာ ချစ်သူကို အချိန်ပေးမယ်ဆိုတဲ့ ချစ်စနိုးဦး

ဂီတ ဘက် တွင် ရှိုးပွဲ များစွာ သီဆို နေပြီး သရုပ်ဆောင် ဘက် နှင့် အနည်းငယ် အဆက် ပြတ်သ လို ဖြစ် နေသည့် အကယ် ဒမီ ချစ်စနိုးဦး က Valentine's Day ကို ချစ်သူ နှင့် အတူ တူ ပျော်ရွှင် စွာ ဖြတ် သန်း မည် ဖြစ်ကြောင်း ပြောပြ သည်။

ဒီအရွယ်ကြီးရှိနေမှတော့ ရည်း စားမရှိဘူး လား ဆိုရင် ရှိတယ် ပေါ့နော်။ အမှန်အတိုင်းပြောရရင် သိနေ တာ ကြာ ပါပြီ။ ငယ်ငယ်ကတည်းကပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှ ချစ်သူဖြစ်သွားတာပါ။ နှစ် ယောက်စလုံး ကလ ည်း သိနေတာကြာပြီ ဆိုတော့ အထူးတစ် လည် နားလည်မှုတော့ ယူစရာမရှိပါဘူး။ အနုပညာ ရှင် အချင်းချင်း ဖြစ်နေ တော့လေ။ကိုယ်လည်း သူ့အကြောင်း သိ၊ သူလည်း ကိုယ့် အကြောင်း သိဆိုတော့ မလိုပါဘူး။ အဓိက က တော့ နားလည်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာ ရှိပြီး ချစ် ရင် တော့ ပျော်ရွှင်စရာကောင်း ပါတယ်။ ချစ် သူများနေ့ မှာ ချစ်သူကို ဘယ်လို လက် ဆောင် ပေးရမလဲ ဆိုတဲ့ စိတ် ကူး တော့ မရှိ ပါဘူး။ ဒါပေမယ့် စဉ်း တော့ စဉ်းစားနေတယ်။ ဘယ်လိုလေးပေးရင် ကောင်း မလဲပေါ့။ ကိုယ်က ဘယ်လို ပေးပါ ရယ်လို့ မရှိ ပါဘူး။

ကိုယ်ကလည်း သူ့ ကို ချစ်လို့ ပေးတယ်။ သူကလည်း ချစ်လို့ ပေးတယ်။ ဘာ လေးပဲဖြစ် ဖြစ်၊ တန် ဖိုး ကြီး သည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ဒါက ကိုယ့် ကို ချစ်လို့ ပေးတာ ဆိုတော့ တန် ဖိုးရှိတဲ့ ပစ္စည်းပါပဲ။ Fed -14 အဲဒီတစ်ရက်ကိုတော့ သီချင်းမဆို ပါဘူး။ အဲဒီ တစ်ရက်ကိုတော့ သူ့ကို အချိန် ပေးမှာပါ။ ချစ်သူ ရှိ ပေ မယ့် အိမ် ထောင်ပြုဖို့က လိုပါသေးတယ်။ လတ်တလော ကတော့ ပွဲရာသီ လည်း ဖြစ်နေတော့ သီချင်း လေး တွေပဲ ဆိုဖြစ် တာများနေပါတယ်””ဟု ချစ်စနိုးဦးက ပြော သည်။ ချစ်စနိုးဦးသည် ဂီတ လှုပ်ရှားမှုတွင် “ခိုနားခွင့်ပေးပါ” Audio CD ထွက်ရှိပြီး နောက် ယင်းအခွေကို ယခုလထဲ တွင် VCD အဖြစ် ရိုက်ကူး သွား မည်ဖြစ်ကြောင်း၊ သီချင်း နှင့်လိုက်ဖက်မည့် Idea များကို ကိုယ်ပိုင် စိတ် ကူးနှင့်အတူ ဒါ ရိုက်တာနှင့် ညှိနှိုင်း ရိုက် ကူး သွားမည်ဖြစ်ကြောင်း ပြောသည်။

The Messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis