menu

Wednesday, 19 February 2014

ထိုင်း ရဲနဲ့ ဆန္ဒပြသူတွေ အကြမ်းဖက် ၄ ဦးသေ

ရဲတစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ အဆောက်အဦးတွေကို သိမ်းယူထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေ ထိပ်တိုက် တွေ့ခဲ့ကြရာ အနည်းဆုံး လူ ၄ ဦး သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက ဆန္ဒပြသူတွေက သိမ်းယူထားတာ ဖြစ်ပြီး ရဲတွေက ဝန်ကြီးရုံးတွေကို ပြန်သိမ်းဖို့ ကြိုးစားရာမှာ ဆန္ဒပြသူတွေထဲကနေ သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တာကြောင့် ရဲတစ်ဦး သေဆုံးသွားပါတယ်။

တခါ ရဲကလည်း မောင်းပြန် သေနတ်တွေနဲ့ ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ပေမယ့်လို့ ဆန္ဒပြသူတွေဟာ နေရာအများအပြားမှာ အပြင်းအထန် ပြန်လည် ခုခံ ခဲ့တဲ့အတွက် ရဲတွေ ပြန်ဆုတ်သွားခဲ့ရပါတယ်။


အခုလို အကြမ်းဖက်မှုတွေ ပြင်းထန်နေချိန်မှာပဲ ထိုင်းနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကို လယ်သမားတွေ ဆီကနေ စပါးဈေးတွေ အများကြီး ပေးဝယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်မဲ့မှုနဲ့ တရားဝင် စွဲချက်တင်လိုက်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis