menu

Saturday, 16 November 2013

မြိတ်မြို့တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

မြိတ်မြို့ ကလွင်ကျေးရွာ အေးရိပ်ချောင်လမ်းရှိ ဂေါက်ကွင်းနံဘေး မလေးရှား ပိတောက်ပင်ပေါ်၌ ၁၁-၁၁-၂၀၁၃ ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်ခန့်တွင် အမည်မသိ လူတစ်ဦး ပိတ်ဖြူကြိုးစဖြင့် ကြိုးဆွဲချသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ကလွင်ကျေးရွာ ရာအိမ်မှူး ဦးမျိုးလွင်၏ သတင်း ပေးပို့ချက်အရ မြိတ်မြို့ အမှတ် (၁) နယ်မြေရဲကင်းမှူး ဒုရဲအုပ် အေးနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ပြီး ထိုနေ့ ညနေ (၅း၀၀) နာရီအချိန် ခန့်တွင် သေဆုံးသူအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် မြိတ်ထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို ခဲ့ကြောင်း၊ ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူမှာ မြိတ်ကမ်းနားလမ်းတွင် အခြေမဲ့နေထိုင်သူ နောင်ကင်း (ဘ) စိစစ်ဆဲ ဖြစ်ကြောင်းနှင့် ၄င်းသေဆုံးမှု အား သေမှုသေခင်း အမှတ်စဉ် ၅၉/၂၀၁၃ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis