menu

Tuesday, 15 October 2013

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို စစ်ဆေးနေ

မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီးမှာတွေ့ရှိခဲ့တဲ့ ဗုံးနဲ့ပတ်သတ်ပြီး မသင်္ကာဖွယ်ရာ နိုင်ငံခြားသားနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးနေ တယ်လို့သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို မန္တလေးတိုင်းဒေသကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့က တောင်သမန်အင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားနှစ်ဦးဟာ ရွှေဘဲစားတော်ဆက် စားပွဲအမှတ် ၁၄ မှာ နောက်ဆုံး ထိုင်ခဲ့သူတွေဖြစ်ပြီး အထုပ်တစ်ထုပ်ကျန်ခဲ့လို့ စားပွဲထိုးတွေက လိုက်လံပေး ရာ သူတို့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သူတွေဖြစ်တယ်လို့သတင်း ရရှိပါ တယ်။

The Modern News Journal



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis