menu

Friday, 18 October 2013

ဆင် အကောင် ၂၀ ကျော် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့


ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘောနီဆည်အနောက်ဘက် ၅ မိုင်အကွာ ပဲခူးရိုးမ တောထဲ၌ သတ်ဖြတ် ခံထားရသော ဆင်ငယ်ရဲ့ ရုပ်အလောင်းပုံ ဖြစ်ပါသည်။ 



၎င်း ဒေသတောနေ မုဆိုးအမည်ခံ လူတစ်စုမှ ဤသို့ပစ်ခတ်သတ်ဖြတ်နေသည်မှာ အကောင်၂၀ ကျော် ရှိပြီဖြစ်သည်ဟု သိရပါသည်။

ဒေသခံရွာသားများမှ တာဝန်ရှိ သစ်တော၊ ရဲစခန်းများသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အကြောင်း အမျိုးမျိုးပြ၍ အရေးယူခြင်း မရှိခဲ့ပါ။ 

၎င်းဆင်များသည် လယ်ယာကောက်ပဲသီးနှံ့များကိုလာရောက်ဖျက်ဆီးခြင်းလည်းမရှိ။ ၎င်းတို့ ကျက်စားရာ ပဲခူးရိုးမ တောထဲ၌သာ လှည့်လည်သွားလာနေကြပါသည်။ အဘယ့်ကြောင့် ပစ်ခတ်သတ်ဖြတ်သည် ကိုတော့ မသိရပါ။ 


ဆင်သတ်သူများသည် ကျင်းတူး၍ ညှောင့်ထောင်ကာ ဆင်များကျင်းထဲကျ၍ ဆူးစိုက်ဝင် သေဆုံး စေခြင်း နည်းဖြင့်  သတ်ဖြတ်ခြင်းရှိသည်ဟု ရိုးမမှ ပြန်လာသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါသည်။ 

ထိုနည်းဖြင့် သတ်ဖြတ်ခံထားရသော ဆင်အသေအား တွေ့ခဲ့ရသည်ဟု အဆိုပါ ပုဂ္ဂိုလ်၏ ပြောကြားချက် အရသိရပါသည်။

နောက်လည်း ဆက်လက် သတ်ဖြတ်ရန် ထိုလူတစ်စုမှ ကြိုးစားနေပါ၍ တိုင်းပြည် ရတနာ ဆင်များအား အချိန်မီ ထိန်းသိမ်းနိုင်ရန် လိုအပ်နေပြီဖြစ်ပါသည်။

 သတင်းပေးပို့သူ 

ကိုဟန်ဇော်ဝင်း ၀၉၄၂၈၁၇၈၆၂၆ 
Irrawaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis