ဂျပန်နိုင်ငံ၌ကျင်းပသော Miss International 2012 ပြိုင်ပွဲတွင်
မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ
ယခုချိန်ထိ သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စဉ်းစားထားခြင်း မရှိသေးကြောင်း သိရသည်။
“အခုချိန်ထိတော့ သရုပ်ဆောင်တစ်ဦးအဖြစ်လုပ်ဖို့ကို မစဉ်းစားသေးပါဘူး။ အရင်ပုံမှန်လုပ်နေတဲ့အလုပ်ကိုပဲ လုပ်နေမှာပါ” ဟု နန်းခင်ဇေယျာက ပြောသည်။
လက်ရှိအချိန်တွင် နန်းခင်ဇေယျာ Miss Mysnmar တစ်ဦးအဖြစ်နှင့်သာ စီးပွားရေးကြော်ငြာများ၊ ပြက္ခဒိန်များ ရိုက်ကူး နေခြင်းဖြစ်ပြီး ယခင်အလုပ်အကိုင်ဖြစ်သော Tourist Guide တစ်ဦးအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာလ(၈)ရက်နေ့မှာ Program တစ်ခုကို လက်ခံထားပါတယ်။ အဲဒီ့ခရီးစဉ်မှာ ဂျာမန်ခရီးသွားတွေအတွက် ဧည့်လမ်းညွှန်အဖြစ် တာဝန်ယူပေးရမှာပါ”ဟု နန်းခင်ဇေယျာကပြောသည်။
နန်းခင်ဇေယျာအနေဖြင့် ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိနေပြီး ၎င်းနှင့်အတူပါဝင်လှူဒါန်းလိုပါက ၎င်း၏ G-mail အကောင့်ဖြစ်သော nangkhinzayyar@gmail.com သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း ၎င်း၏ Face book စာမျက်နှာတွင် ဖော်ပြထားသည်။
နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံတွင်ပြုလုပ်သော Miss International 2012 ပြိုင်ပွဲတွင် Miss Internet ဆုနှင့် Miss People’s Choice ဆုများကိုရရှိခဲ့ပြီး လက်ရှိအချိန်တွင် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။
Myit Makha Mediagroup

No comments:
Post a Comment