menu

Monday, 22 October 2012

နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို လွှဲပြောင်းရောင်းချခြင်းအား ထပ်မံပြုလုပ်မည် မဟုတ်ကြောင်း သိရ



e831 ရုပ်ရှင်ရုံ နည်းပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို ပုဂ္ဂလိကရုံများ အဖြစ် လွှဲပြောင်းရောင်းချခြင်းအား ထပ်မံ ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အကြောင်းကြား ထားသည်ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့သည်။
 ရုပ်ရှင်ရုံနည်းပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို လွှဲပြောင်းရောင်းချခြင်း မပြုရန်နှင့် ရုပ်ရှင်ရုံသစ်များ ထွက်ပေါ်လာစေရန် ရုပ်ရှင်အစည်းအရုံးမှ တင်ပြတောင်းဆိုခဲ့ရာ၌ ယခုကဲ့သို့ အကြောင်းပြန်ကြားလာခြင်းဖြစ်သည်။

“ရုပ်ရှင်ရုံတွေကိုထပ်မံလွှဲပြောင်း ရောင်းချခြင်းမပြုတော့ဘူးလို့ တရားဝင် အသိပေးအကြောင်း ကြားလာပါတယ်။ ဒီဝမ်းသာစရာ သတင်းကို ရုပ်ရှင်လောကသား အားလုံး သိနိုင်ဖို့ သတင်းစကား ပါးချင်တာပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ ရုပ်ရှင်ရုံအသစ်တွေ ထပ်မံထွက်ပေါ်လာဖို့ ဆိုတာကတော့ နိုင်ငံတော်အဆင့် ပေါ်ထွက် လာရမယ့် အဆင့်ပါ။ အဲဒါကိုလည်း အဆင့်ဆင့်တင်ပြထားပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကရှင်းပြခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်နှင့် နှစ်ရှည်ငှား ရုပ်ရှင်ရုံ ၁၁၆ ရုံ ရှိသည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ကောက်ယူထားသည့် စာရင်းများအရ သိရှိရသည်။ အဆိုပါ ရုပ်ရှင်ရုံများမှာ နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများအား ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်ရန်အပြီး လွှဲပြောင်း ရောင်းချထားသည့် ရုပ်ရှင်ရုံ ၄၉ ရုံ၊ ပုဂ္ဂလိကပိုင် ရုပ်ရှင် ရုံ ၃၉ ရုံ၊ နိုင်ငံတော်မှ နှစ်ရှည်ငှားရမ်းထားသည့် ရုပ်ရှင်ရုံ ၂၈ ရုံဖြစ်သည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis