menu

Thursday, 27 September 2012

Google ဥက္ကဋ္ဌ ယာယီ အထိန်းသိမ်းခံရ

ရာဇီးမှာရှိတဲ့ဂူဂဲလ်ဥက္ကဋ္ဌ  Fabio Jose Silva Coelho (ဓာတ်ပုံ -- Divulgação)
ဘရာဇီးနိုင်ငံရဲ့ Google ဥက္ကဋ္ဌ မနေ့တုန်းက ယာယီ အထိန်းသိမ်းခံလိုက်ရပါတယ်။
အကြောင်းကတော့ YouTube မှာ ရှိတဲ့ ရုပ်သံဖိုင်တခုကို ဖြုတ်မပေးလို့ပါ တဲ့။
 မြို့တော်ဝန်ရွေးကောက်ပွဲဝင်မယ့်သူတယောက်ကို တိုက်ခိုက်ထားတယ် ဆိုတဲ့ အဲဒီ ရုပ်သံက အီလက်ထရွန်နစ် ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဆိုတယ်။

နောက်ပိုင်းမှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးပါတယ်။

ဒီလို ထိန်းသိမ်းမှုမတိုင်ခင်တရက်ကလည်း ဘရာဇီး တရားရုံးချုပ်က Google နဲ့ ပတ်သက်ပြီး အမိန့်တခု ချပါသေးတယ်။
အဲဒါကတော့ မူဆလင်နိုင်ငံတွေမှာ မကြာသေးခင်ရက်များအတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကို ပေါ်ပေါက်စေခဲ့တဲ့
 အငြင်းပွားဖွယ် YouTube
ရုပ်သံဖြတ်ပိုင်းကို ဖယ်ရှားပေးဖို့ပါပဲ။

 Google က ဒီ ရုပ်သံဖြတ်ပိုင်းကို ၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ အမိန့်ချတယ် တဲ့။
 Google ပြောခွင့်ရအရာရှိတယောက်ကတော့ သူတို့ဆီကို တရားဝင် အကြောင်းကြားတဲ့စာ မရောက်သေးဘူးလို့ ဆိုတယ်။

ဘရာဇီးမှာ  Google ရုံးခွဲ ဖွင့်ထားတာ၀၀၅ ကတည်းကပါ။
Orkut လိုမျိုး လူမှုကွန်ရက်တွေ၊ ဘလော့တွေမှာ ဖော်ပြ ရေးသားနေကြတဲ့ထဲက လူမျိုးရေးခွဲခြားမှုဥပဒေနဲ့ငြိစွန်းတာတွေကို ဖြုတ်ပေးဖို့ ဘရာဇီးအာဏာပိုင်တို့ဆီက တောင်းဆိုချက်များ မကြာခဏ ရနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း တရားရုံးက တောင်းဆိုလာတာကြောင့် Orkut မှာရှိတဲ့ အချက်အလက် ၄ ခုကို ဖြုတ်ပေးခဲ့တယ်လို့ Google အစီရင်ခံစာတခုမှာ ရေးထားပါတယ်။

Blogspot, Orkut,  YouTube တို့ကို  Google က ပိုင်ဆိုင်ပါတယ်။
Irrawaddy Blog
ကိုးကား - guardian.co.uk/technology/2012/sep/27/google-brazil-remove-youtube-video

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis