menu

Sunday, 19 August 2012

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ထိုင်း ၀ီကီမှာဖော်ပြချက်


ထိုင်း ၀ီကီပီဒီယားက ပြောတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းပါ။

ထိုင်းတွေလည်း အိမ်နီးချင်း မြန်မာနိုင်ငံအကြောင်းကို တော်တော် စိတ်ဝင်တစားလေ့လာထားကြတာပါ။ န၀တ ဥက္ကဌဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဆက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မန္တလေး တိုင်းက ကျေးလက် လယ်ယာ လုပ်ငန်းလုပ်ကိုင်ကြတဲ့ သူဆင်းရဲ မိသားစုက ပေါက်ဖွားလာတာပါတဲ့။ ဦးသန်းရွှေ အသက် ၁၀ နှစ်သားအရွယ်မှာ ဖခင် သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်တဲ့သူဟာ နောက်ထပ် အိမ်ထောင်ပြုခဲ့ပါတယ်တဲ့။


နောက်အိမ်ထောင်က မွတ်ဆလင် ဘာသာဝင်ဖြစ်ပြီး ဦးသန်းရွှေရဲ့ မိခင်ဟာလည်း မွတ်ဆလင် ဘာသာ ကို ပြောင်းလဲ ကိုးကွယ်ခဲ့ပါတယ်လို့ ထိုင်းဝီကီပီဒီယား ကတော့ ရေးသားထားပါတယ်။

သူငယ်စဉ်ကတော့ အပေါင်းအသင်းနည်းပြီး အေးအေးဆေးဆေးနေတတ်သူ၊ စကားနည်းသူလို့ ရေးထားပြီး အသားမည်း ပြီး မိခင်က မွတ်ဆလင်ဘာသာဝင်ဖြစ်သွားတဲ့အခါ သူငယ်ချင်းတွေက ကုလားလေး လို့ လှောင်ပြောင်တာ ခံရပါတယ်တဲ့။

ငယ်စဉ်က ဆင်းရဲလို့ ကျောင်းထွက် မိဘကို လုပ်ကျွေးခဲ့သူလည်းဖြစ်ပါတယ်တဲ့။ ၁၉၅၁ ခုနှစ်မှာ သူ က အထက်တန်း အောင်ခဲ့ပါတယ်လို့လည်း ဆိုထားပါတယ်။

နောက်ပိုင်းအကြောင်းတွေကတော့ စာတိုက်စာရေးလေး တဖြစ်လည်း စစ်ထဲ ရောက်သွားတာတွေဖြစ်ပါတယ်။


ဤနေရာမှာ မူရင်းလင့်ခ်ကို သွား၍ဖတ်နိုင်ပါတယ်။
Irrawaddy blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis