menu

Monday, 16 July 2012

ပညာရေး ၊ ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဆိုတင်ပြနိုင်ဖွယ်ရှိ


ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်  သည် ယခုကျင်းပနေသော စတုတ္ထ  အကြိမ်လွှတ်တော်ပုံမှန် အစည်း အဝေးတွင် ပညာရေး၊ကျန်းမာ ရေးဆိုင်ရာအဆိုများကိုတင်ပြ သွားနိုင်ဖွယ်ရှိသည်။ထို့ပြင်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှလွှတ် တော်ကိုယ်စားလှယ် ၂ဦးကလည်း   ၀င်ရောက်ဆွေးနွေးဖို့ရှိကြောင်း  သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်  သည် ယခု ကျင်းပနေသော စတုတ္ထအကြိမ်လွှတ်တော် အစည်း အဝေးတွင်ပညာရေး၊ကျန်းမာရေး  ဆိုင်ရာ အဆိုများကိုတင်ပြကောင်း  တင်ပြနိုင်တယ်ဟုသူမရဲ့လွှတ်တော်  ကိုယ်ရေးအရာရှိ ဦးဇေယျာသော်  မှပြောပြသည်။

သူမအနေနဲ့ ပညာရေး၊ကျန်း မာရေးဆိုင်ရာအဆိုများကို တင် ပြသွားဖို့ရှိသော်လည်းလက်ရှိလွှတ် တော်အစည်းအဝေး ကျင်းပနေချိန်  တွင် အဆိုနှင့်မေးခွန်းပေါင်း ၄၀၀  ကျော်ရှိနေကြောင်းဆွေးနွေးမေး မြန်းမှုများ ဘယ်တော့ဖြစ်မယ်ဆို  သည်ကို မသိရသေးကြောင်း  ဦးဇေယျာသော်မှဖြည့်စွက်ပြော သည်။
““ကျွန်တော်တို့ အဆိုတွေ၊  မေးခွန်းတွေကိုတော့ တင်ဖို့အစီ  အစဉ်ရှိပါတယ်။ဘာဖြစ်လို့လဲဆို တော့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ကျန်းမာရေးကိစ္စတွေဆို တဲ့နေရာမှာ အင်မတန်မှစိတ်ဝင် စားတယ်ဆိုတာအားလုံးပဲသိပြီး သားဖြစ်မှာပါ။ဒါပေမဲ့အခုလော လောဆယ်အခြေအနေမှာတော့  ပြင်ဆင်ဆဲ အခြေအနေလို့ပဲပြော လို့ရပါသေးတယ်။””
လွှတ်တော်အတွင်းရောက်ရှိ  နေသော အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ် ကိုယ်စားလှယ်များမှ  တစ်ပတ်တစ်ကြိမ်  တနင်္လာနေ့ တိုင်း နေပြည်တော်တွင်အစည်း အဝေးလုပ်ပြီးတစ်ပတ်အတွင်းလွှတ် တော်တွင်ပြောဆိုဖို့များကိုပြင်ဆင်  ထားကြောင်းဦးဇေယျာသော်မှ  ပြောပါတယ်။
““အမေစု အနေနဲ့ သီးသန့်  သီးခြား ပြင်ထားတဲ့အစီအစဉ်မျိုး တွေမရှိပါဘူးခင်ဗျ။ကျွန်တော်တို့ တွေကလွှတ်တော်ကိုယ်စားလှယ်  အားလုံး တနင်္လာနေ့တိုင်းအစည်း အဝေးထိုင်ပါတယ်။တစ်ပတ် တစ်ပတ်အတွင်းမှာ ဘာတွေလုပ် နိုင်ကြမလဲဆိုတာကို အစည်းအ ဝေးထိုင်ကြပါတယ်။အဲဒီတော့ မနက်ဖြန်ကျမှ တနင်္လာနေ့ကျရင် တော့ မနက်ဖြန်ည အစည်းအ ဝေးထိုင်ပြီးတော့မှ တစ်ပတ်စာကို  ကျွန်တော်တို့က ဆုံးဖြတ်ကြမှာ ပါခင်ဗျ။””
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှကိုယ်စားလှယ် ၂ဦးဝင် ရောက်ဆွေးနွေးဖို့ရှိကြောင်းကို လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအုန်းကြိုင်မှပြောပြ   ပါသည်။
““လွှတ်တော်အစည်းအဝေး အစီအစဉ်ကို သောကြာနေ့က နည်းနည်းကြိုပြီးတော့ပေါ့၊အဲဒါ က  tentative ပေါ့ သူတို့ပေးထား တယ်။အဲဒီအထဲမှာ ကျွန်တော် တို့ဆီက ဆွေးနွေးဖို့စာရင်းပေးထား   တဲ့အကြောင်းအရာ တစ်ခုနှစ်ခု လောက်ပါတယ်။အဲဒီကိစ္စတွေအ တွက် ကျွန်တော်တို့ဆီက ဆွေး နွေးဖို့စာရင်းတင်ထားတဲ့ပုဂ်္ဂိုလ်များ  က လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်  နေပါတယ်။ဒါပေမဲ့ အဲဒါတွေက  လွှတ်တော်စည်းကမ်းအရ ကြိုသိ သွားအောင်ပြောလို့မရပါဘူး။ဒါ ကြောင့်မို့လို့ ဆွေးနွေးဖို့ကတော့  ကျွန်တော်တို့တွေလည်း ပြင်ဆင် နေကြတယ်ဆိုတဲ့အကြောင်း၊အဲဒီ လောက်ပဲ ပြောနိုင်ပါတယ်။””
သောကြာနေ့က ကျင်းပခဲ့ သောပြည်သူ့လွှတ်တော်အစည်း အဝေးတွင် စီးပွားရေးပိတ်ဆို့မှုနှင့်  ပတ်သက်၍ ကွမ်းဟိန်း မဲဆန္ဒ  နယ်မှ ဒေါ်နန်းဝါနုရဲ့အဆိုတစ်ခု  တင်ပြခဲ့ပါကြောင်း ယင်းအဆိုနဲ့ ပတ်သက်၍ လွှတ်တော်က ဘာ တွေဆက်လက်လုပ်ဆောင်မလဲ ဆိုခြင်းကိုစောင့်ကြည့်ရမည်ဟု   NLD ကိုယ်စားလှယ်များနှင့်တွေ့ ဆုံစဉ်  ဒေါ်အောင်ဆန်းစုကြည် ကပြော ကြားခဲ့ကြောင်းသတင်း ရရှိသည်။
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis