menu

Thursday, 23 February 2012

ဘယ်မောင်းအမျိုးအစား Bus ကားနှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု




ဘယ်မောင်းအမျိုးအစား Bus နှင့် Truck ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
''ဘယ်မောင်းအမျိုးအစားဆိုရင် Bus ကားပဲဖြစ်ဖြစ်၊ Truck ကားပဲဖြစ်ဖြစ် လွတ်လပ်စွာ တင်သွင်းနိုင်ပါပြီ။ စီးပွားကူးသန်းမှာ လာလျှောက်ထားလို့ရတယ်။ မော်ဒယ်ကတော့ ကန့်သတ်ထားတယ်။ ဘတ်စ်ကားဆိုရင် လက်ရှိရောက်နေတဲ့ မော်ဒယ်ကနေ ငါးနှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်။
Truck ကားဆိုရင်တော့ ရောက်နေတဲ့မော်ဒယ်ကနေ ၁၀ နှစ်အတွင်း မော်ဒယ်ကို ခွင့်ပြုထားတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis