လှည်းတန်းလမ်းဆုံရှိ လှည်းတန်းစင်တာအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
ထို့ပြင် အဆိုပါစီမံကိန်း ၃၃ ခုအနက် စီမံကိန်းတစ်ခုမှာ ဆိုင်းငံ့ထားပြီး ခြောက်ခုမှာမူ ဆောင်ရွက်နိုင်ခြင်းမရှိတော့သဖြင့် ပြန်လည်အပ်နှံထားကြောင်း၊ ကျန်စီမံကိန်း ၂၆ ခုမှာ ယခုထိ တည်ဆောက်ဆဲဖြစ်ကြောင်းလည်း သိရှိရသည်။
''ရန်ကုန်မြို့မှာ တည်ဆောက်ဆဲစီမံကိန်း ၃၃ ခုရှိပါတယ်။ အဲဒီအထဲကတစ်ခုကိုတော့ ဆိုင်းငံ့ထားတယ်။ စီမံကိန်းခြောက်ခုကတော့ ဆောင်ရွက်နိုင်ခြင်းမရှိတော့လို့ ပြန်အပ်ထားပါတယ်။ ကျန်တဲ့ ရန်ကုန် - ပြည်လမ်း ပေါ်က Pyay Garden၊ လှည်းတန်းလမ်းဆုံက အဆောက်အအုံကြီးတွေအပါအ၀င် တည်ဆောက်ဆဲစီမံကိန်းတွေကို ၂၀၁၀ ပြည့်နှစ်မှာ အပြီးတည်ဆောက်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ သတိလည်း ပေးထားပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ တည် ဆောက်ဆဲ အနေအထားမှာပဲ ရှိနေသေးပြီး ဘယ်ဟာမှ လက်စမသတ်နိုင်သေးပါဘူး။ တချို့အဆောက်အအုံတွေကျတော့လည်း အကြမ်းထည်ပြီးနေပြီး အထဲမှာရေသန့်စနစ်၊ လျှပ်စစ်၊ car parking စသဖြင့် ဘာမှမပြီးသေးပါဘူး'' ဟုလည်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ပြန်လည်အပ်နှံထားသည့် စီမံကိန်းခြောက်ခုအား လည်းလွှဲပြောင်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များရှိပါက လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
''ဆိုင်းငံ့ထားတဲ့စီမံကိန်းက ဗိုလ်တထောင် Times Square ဖြစ်ပါတယ်။ ပြန်လည်အပ်နှံထားတဲ့ စီမံကိန်းခြောက်ခုကတော့ ရှင်စောပု တာဝါ၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ပညာ့ဝတီ အိမ်ရာစီမံကိန်း၊ သန်လျင် တံတားအမှတ်(၁)ထိပ် အိမ် ရာစီမံကိန်းနဲ့ River View Development Project ပြီးတော့ Yankin Palm Village တို့ ဖြစ်ပါတယ်။ Yankin Palm ကိုတော့ အိုးအိမ်ကနေ ရွှေအုန်းပင် အိမ်ရာစီမံကိန်းဆိုပြီး ပြန်ဆောက်တာ အခုဆိုရင် လူတွေတောင်ပြန်နေကြပြီ''ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ Central Area Development စီမံကိန်း ခေါင်းစဉ်အောက်တွင် ကုမ္ပဏီသုံးခုမှ ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရှိရသည်။
By EMG
No comments:
Post a Comment