ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် နိုင်ငံတော်သမ္မတကြီးထံသို့ ပေးအပ်မည့် အိတ်ဖွင့်ပေးစာအား
Counsellor ဦးခွန်ထူးထံသို့ မြန်မာရွေ့ပြောင်းလုပ်သားများမှ ပေးအပ်နေစဉ်
အိတ်ဖွင့်ပေးစာ၌
(၁)ယခင်အစိုးရများ လုပ်ဆောင်ခဲ့ဘူးခြင်းမရှိခဲ့ပါသော ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအရေးအား အလေးပေး စိတ်ဝင်စားစွာ ဆောင်ရွက်လာသည်ကို ကျွန်ုပ်တို့ကိုယ်တိုင် မြင်တွေ့လာခြင်း၊ (၂) ထိုင်းနိုင်ငံအတွင်း ရေဘေးဒုက္ခရောက်နေစဉ် သမ္မတကြီး၏ လမ်းညွှန်မှုနှင့်အညီ ထိုင်းနိုင်ငံမြန်မာသံရုံးမှ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများအား ဆေးဝါးပစ္စည်း၊ အစားအသောက်များ ပေးပို့လှူဒါန်းခြင်းများကို ကျွန်ုပ်တို့သိရှိခံစားရခြင်း၊ (၃) မြန်မာပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိစေ့စပ်လျက်ရှိနေပါသော အဖွဲ့အစည်းများ၊ ကချင်လူမျိုးများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ပါစေရန် နှစ်ဘက်စလုံးမှ လူကြီးများအား တောင်းဆို အပ်ခြင်းအပြင် ရှမ်း၊ ကရင်၊ ချင်းများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ခြင်း၊ (၄) တဆက်တည်းမှာပင်လျှင် ယခင် အစိုးရများလက်ထက်မှ ယခုအထိ (၁၈)ကြိမ်မြောက်ရှိခဲ့ပါသော လွတ်ငြိမ်းချမ်းသာခွင့်များအတွင်း သမ္မတကြီး၏ ယခုစတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်သည် ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများနှင့်တကွ တစ်ကမ္ဘာလုံးမှ လူအပေါင်းအတွက် အထူးကိုပါပဲ ၀မ်းသာပီတိ ကြည်နူးမှုဖြစ်ရခြင်း စသည့်အကြောင်းအရာများ ပါဝင်ပြီး ကျွန်ုပ်တို့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအားလုံးအား ယခုထက်ပိုမို၍ မေတ္တာတရားထားပြီး စောင့်ရှောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ဟု ထည့်သွင်းရေးသားထားကြောင်း သိရသည်။
By EMG
No comments:
Post a Comment