Thursday, 19 September 2013

နန်းခင်ဇေယျာ၏ ပထမဆုံးပီဒီယိုဇာတ်ကားကို နိုဝင်ဘာလတွင် စတင်ရိုက်ကူးမည်

ပန်းမြတ်ဇော် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၀ မိနစ်

နန်းခင်ဇေယျာရဲ့ ပထမဆုံးပွဲဦးထွက် ဗီဒီယိုဇာတ်ကားကို နိုဝင်ဘာလအတွင်းစတင်ရိုက်ကူးမည်ဖြစ်ပြီး ယခုအခါတွင် ယင်းဇာတ်ဝင်ခန်းမအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း နန်းခင်ဇေယျာက မဇ္ဈိမသို့ ပြောသည်။

ယင်းဗီဒီယိုဇာတ်ကားမှာ စာရေးဆရာမ ယဉ်မင်းဦး(ဆေးတက္ကသိုလ်) ၏ ထင်ရှားသည့် “အက်တိုးပစ် အပျိုစင်” ၀တ္ထုဖြစ်ပြီး မင်းခိုက်စိုးစံက ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ခန့်စည်သူ၊ နန်းခင်ဇေယျာတို့ဖြင့် ရိုက်ကူးမည်ဖြစ်သည်။

နန်းခင်ဇေယျာက “အခု ပထမဆုံးရိုက်ကူးမယ့် ဇာတ်ကားအတွက် ၀တ္ထုဖတ်တယ်။ ဒိုင်ယာလော့တွေ ဖတ်တယ်။ ဒီဇာတ်ကားထဲမှာ ဆရာဝန်မ ပုံစံမျိုးသရုပ်ဆောင်ရမှာဆိုတော့ အ၀တ်အစားကိုလည်း အခု လက်ရှိဆရာမ ပုံစံလေးတွေလို ချုပ်ဖို့စဉ်းစားထားတယ်။ ရှုတင်တွေလိုက် လေ့လာတယ်။ ပထမဆုံးဇာတ် ကားဖြစ်တဲ့အတွက် အများကြီး ကြိုးစားရမှာပါ။ လက်ရှိမှာ ဒီတစ်ကားပဲ လက်ခံထားပါတယ်။ နောက်ပိုင်း ဇာတ်ရုပ်တွေကို လေ့လာပြီး ဇာတ်ကားတွေရွေးပြီး လက်ခံသွားမှာပါ” ဟုဆိုသည်။

၎င်းဝတ္ထုသည် ကလေးပျက်ခဲ့စဉ်က မိမိကိုယ်တိုင် ကုသပေးခဲ့ရသည့် မိန်းကလေးတစ်ဦးအား အပျိုစင်တစ်ဦးအမှတ်ဖြင့် မိမိချစ်သူက လက်ထပ်ယူသွားခဲ့သည့် အကြောင်းအရာကို တင်ပြထားသော လူတို့၏ စံသတ်မှတ်မှုများအပေါ် မေးခွန်းထုတ်ထားသည့် ဇာတ်လမ်းဖြစ်သည်။ အက်တိုးပစ် အပျိုစင်ဇာတ်ကားကို Lucky Boss ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ရိုက်ကူးထုတ်လုပ်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment