Saturday, 5 January 2013

တောင် နဲ့ စစ်ပွဲရပ်တန့်ဖို့လိုကြောင်း ကင်ဂျွန်အွန် ပြောကြား

Photo: တောင် နဲ့ စစ်ပွဲရပ်တန့်ဖို့လိုကြောင်း ကင်ဂျွန်အွန် ပြောကြား
************************************

နှစ်သစ်ကူးနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အွန် က အစိုးရရုပ်သံကတဆင့် ပြည်သူကို ထူးထူးခြားခြား စကားပြောခဲ့ပါတယ်။ ဒါဟာ လုပ်လေ့လုပ်ထမရှိတာမို့ မြောက်ကိုရီးယားက ဘာကို ရည်ရွယ်သလဲဆိုတာကို ခန့်မှန်းဝေဖန်နေကြပါတယ်။

ဒီထူးထူးခြားခြား မိန့်ခွန်းမှာ သူက မြောက်ကိုရီးယားရဲ့ စီးပွားရေးကို မြှင့်တင်ပြီး တောင်ကိုရီးယားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့ ပြောသွားပါတယ်။

သူ့ဖခင်လက်ထက်က ပြည်သူကို တိုက်ရိုက်စကားပြောတာ မရှိသလောက် နဲပါးပြီး နှစ်ကူးချိန်မှာလည်း နိုင်ငံပိုင်သတင်းစာကသာ အယ်ဒီတာ့အာဘော် သဘော ဖော်ပြလေ့ရှိပါတယ်။

လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်ဟာ သူ့ဖခင်နဲ့ မတူဘဲ လူထုနဲ့ ပိုပြီးထိတွေ့မှုရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မကြာသေးခင်က အာကာသကို ဒုံးကျည်ပစ်လွှတ်လိုက်တဲ့အတွက် မြောက်ကိုရီးယားရဲ့ လုပ်ရပ်နဲ့
ပြောဆိုမှုတွေအပေါ် ယုံကြည်နိုင်ဖို့ ခဲယဉ်းတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ M

ဓာတ်ပုံ- မြောက်ကိုရီးယားသတင်းဌာန KCNA,
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အွန် နှစ်သစ်ကူးနေ့မှာ အစိုးရရုပ်သံကတဆင့် စကားပြောနေစဉ်။

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Burma-Newselite

No comments:

Post a Comment