Saturday, 5 January 2013

ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် မီးလောင်မှု ထပ်မံဖြစ်ပွား

Photo: ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် မီးလောင်မှု ထပ်မံဖြစ်ပွား

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ရေနံမှော် ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် အတွင်း ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီ ၁၅ မိနစ်က မီးလောင်မှု ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် အတွင်းရှိ တွင်းအမှတ် (၈) ၌ ရေနံခပ် လုပ်သား ချင်းလေး (ခ) သိန်းဇော် ၂၃ နှစ် (ဘ) ဦးပြား မာန်အောင်ကျေးရွာ ငဖဲမြို့နယ်သည် ကလပ်ခုံဖြင့် ရေနံခပ် ယူနေစဉ် ရေနံခပ်ခွက် သံကိုင်းနှင့် ရေနံ တွင်းကာ သံပိုက်တို့ ပွတ်တိုက်မိရာ ရေနံတွင်း အတွင်းမှ မီးစတင် လောင်ကျွမ်း ခဲ့သဖြင့် ကလပ်ခုံ အင်ဂျင်နှင့် ရေနံခပ် ပစ္စည်းများ၊ ခပ်ယူပြီး ရေနံစိမ်းများနှင့် လူနေတဲ တစ်လုံးတို့ မီးလောင် ဆုံးရှုံး ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းလေး (ခ) သိန်းဇော် ၂၃ နှစ် (ဘ) ဦးပြားအား သရက် ရဲစခန်းမှ (ပ) ၂/၂ဝ၁၃ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/crimenews/item/3595-2013-01-04-11-05-18

အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

  မြ၀တီ

No comments:

Post a Comment