Friday, 18 January 2013

ဘင်္ဂလာဒေခ်ျ့ ဘုန်းကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူကို ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ခေါင်းဆောင်ကို ရဲက ဖမ်းဆီး

Photo: ဘင်္ဂလာဒေခ်ျ့ ဘုန်းကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူကို ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ခေါင်းဆောင်ကို ရဲက ဖမ်းဆီး

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား ခရိုင် အတွင်းက ရာမူးနဲ့ တစ်ခြားနေရာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဂျာမတ် ခေါင်းဆောင် တစ်ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ Shahjalal Chowdhury ဆိုသူ ဖြစ်ပြီး မြန်မာ နယ်စပ် အနီး အိုကီးယား မြို့နယ် အတွင်းက မရစ်သာ ဒီပန်ကူ ဗုဒ္ဓ၀ိဟာရကို မီးရှို့ တိုက်ခိုက်ရာမှာ ဦးဆောင်သူ အဖြစ် စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

Shahjalal howdhury ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဂျာမတ် ပါတီ အိုကီးယားမြို့နယ် ဥက္ကဌ ဖြစ်တယ်လို့ ဒီကနေ့ထုတ် The Daily Star က ပြောပါတယ်။

အိုကီယား ရဲစခန်းက ဒုရဲအုပ် အဘူလ် ဟာဆန်ပြောတာကတော့ သူ့ကို သူရဲ့ နေအိမ်ကနေ ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီး ခေါ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

သူ့ကို ရဲက ဖမ်းဆီးပြီးတဲ့ နောက်ပိုင်းမှာ ဂျာမတ်ပါတီနဲ့ ဘီအန်ပီပါတီက ဒေသခံ အဖွဲ့ဝင်တချို့ဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြ ကန့်ကွက်တဲ့ အတွက် ကော့စ်ဘဇားနဲ့ တက်ကနက် ကားလမ်းဟာ နာရီဝက်ခန့် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အခြေအနေဟာ တင်းမာခဲ့တဲ့ အတွက် ဈေးဆိုင်တွေ တချို့ကိုတောင် ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့ အစိုးရဟာ စက်တင်္ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ဒါဇင်နဲ့ ချီပြီး ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံရမူနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ၊ ပါဝင်ခဲ့တဲ့သူတွေကို အခု အချိန်ထိ လိုက်လံ ဖမ်းဆီးပြီး တရားစွဲ ဆိုနေရာ အခု အဖမ်းခံရတဲ့ ဂျာမတ်ပါတီ ဒေသခေါင်းဆောင်ကတော့ နောက်ဆုံး ဖမ်းခံရသူ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံရမူနဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပြည်တွင်း၊ ပြည်ပမှာ ကန့်ကွက်မူတွေ ဆူညံစွာ ပေါ်ပေါက်ခဲ့သလို မွတ်ဆလင်နိုင်ငံ တစ်ခု ဖြစ်ပေမယ့် ဘာသာရေး လွတ်လပ်ခွင့် အထိုက်အလျောက် ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်ခဲ့ပါတယ်။

အေးချမ်းမွန်မှ  Narinjara News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

  Narinjara News 

No comments:

Post a Comment