Friday, 17 February 2012
နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်
ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း
၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း
ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
“မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့
ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ
သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက်
သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏
ပြောပြချက်များအရ သိရသည်။
အိုဘားမားက တရုတ်ဒုတိယသမ္မတနှင့် တွေ့ဆုံရာ၌ စီးပွားရေးကိစ္စကို အလေးထားပြောကြား
အမေရိကန်သမ္မတနှင့် တရုတ်ဒုတိယသမ္မတတို့ အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်
ရှီကျင်ပင်းသည် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အမေရိကန်လွှတ်တော်၌ ကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ၎င်း၏ ငါးရက်ကြာခရီးစဉ် အတွင်း အမေရိကန်ကုန်သည်ကြီးများအသင်း၌ အဓိကကျသည့် ပေါ်လစီမိန့်ခွန်းတစ်ခုကို ပြောကြားမည်ဟု သိရသည်။ |
ကမ္ဘာ့အသေးဆုံး ပရိုင်းမိတ်တစ်မျိုးဖြစ်သော ဖိလစ်ပိုင်မျောက်လေပွေများသည် လူသားတို့ မကြားနိုင်သော အသံလှိုင်းဖြင့် အချင်းချင်းဆက်သွယ်နိုင်
လူ၏လက်တစ်ဝါးစာပင်မရှိသော ယင်းမျောက်လေပွေမျိုးသည် အန္တရာယ်ကြုံလာရပါက အခြားတိရ စ္ဆာန်များနှင့်လူသားများမကြားနိုင်သော အသံလှိုင်းလွန်(ကူအမျေသကညိ) ဖြင့် အချင်းချင်း သတိပေးကြသည်ဟု ဆိုသည်။ |
တောင်ဒဂုံ နှင့် လှိုင်သာယာ မီးလောင်မှုဖြစ်ပွား
![]() |
တောင်ဒဂုံ ၅၆ ရပ်ကွက် မီးလောင်မှု |
အလားတူ ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ ၂၀ ရက်ကွက် မင်းရဲကျော်စွာ ၁ လမ်းတွင်လည်း မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၇ လုံးလောင်ကျွမ်းသွားသည်ဟု သိရသည်။
YPI
အဲကမ္ဘောဇလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား
|
ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံမြို့က ကြို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ဧရာဝတီတိုင်း ဖျာပုံမြို့ကို ရောက်လာခဲ့ပါတယ်။ မြို့ခံလူထု ထောင်ပေါင်းများစွာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ဖျာပုံပြည်သူလူထုကို မိန့်ခွန်း ပြောနေစဉ်။
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး မူးယစ်ရမ်းကားမှုကြောင့် ယာဉ်ကျောပိတ်ဆို့ မှုဖြစ်ပွါးခဲ့
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ် ဆောင် မင်းအုပ်စိုး အရက်သေစာမူးယစ်သောက်စားမှု
ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင်
၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွား ခဲ့ . ... ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ် ဆောင်
မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့
သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ်
ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့်
ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့်
လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း
တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရသည်။
လှမိုးအောင် (ဖေ့စ်ဘုတ်)
ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင်
၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွား
မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့
သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ်
ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့်
ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့်
လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း
တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း
လှမိုးအောင် (ဖေ့စ်ဘုတ်)
![]() |
သရုပ်ဆောင်မင်းအုပ်စိုး မူးယစ်ရမ်းကားနေပုံ |
ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ
လက်ရှိ တည်ဆောက်ဆဲနဲ့ တည်ဆောက်ပြီး မြစ်ရေတင် စီမံကိန်းနဲ့ ရေလွှဲဆည် စီမံကိန်းတချို့ဟာ လက်တွေ့မှာ အကျိုးအမြတ် မရှိတဲ့အတွက် ရပ်ဆိုင်းဖို့ သို့မဟုတ် အမြတ်ရအောင် လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်က ပြီးခဲ့တဲ့အပတ်မှာ တင်ပြခဲ့တာကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲအများစု ရရှိသွားပါတယ်။
KDNG
မြစ်ဆုံရေကာတာ တည်ဆောက်မည့် စီမံကိန်းနယ်မြေ တစိတ်တပိုင်း ဖြစ်ပါသည်။
အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန်
ဒေသတွင်း ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့
ဝင်ရောက် စွက်ဖက်မှုတွေကြောင့် ဖြစ်တယ်လို့ အီရန်သမ္မတ မာမွတ်အမာဒင်နီဂျက်က
ပြောလိုက်ပါတယ်။ ဒီကနေ့ Islamabad မြို့မှာ အခုလို ပြောခဲ့တာမှာ ဘယ်
နိုင်ငံခြားတိုင်းပြည်တွေ ဆိုတာကိုတော့ သူက နံမည်တပ် မပြောသွားပါဘူး။
ဒေသတွင်း တည်ငြိမ်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က ခေါင်းဆောင်တွေနဲ့ မစ္စတာ အမာဒင်နီဂျက် တွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ တာလီဘန်နဲ့ ပါကစ္စတန် တို့ရဲ့ သမိုင်းဝင် ဆက်နွှယ်မှုတွေနဲ့ ဒီ သုံးနိုင်ငံကြား နယ်နိမိတ် ထိစပ်မှုတွေက အခု ဆွေးနွေးပွဲဖြစ်လာရတဲ့ အကြောင်းရင်းတွေပါ။

မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း
အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို
သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတတွေ၊ လွှတ်တော်အမတ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၈၇ ယောက်အပေါ် ပြည်ဝင်ခွင့် ပိတ်ပင် တားဆီးထားမှုကို ရုပ်သိမ်းလိုက်တယ်လို့ ဥရောပသမဂ္ဂ ကောင်စီကနေ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။