Friday, 17 February 2012

ကမ္ဘာ့အသေးဆုံး ပရိုင်းမိတ်တစ်မျိုးဖြစ်သော ဖိလစ်ပိုင်မျောက်လေပွေများသည် လူသားတို့ မကြားနိုင်သော အသံလှိုင်းဖြင့် အချင်းချင်းဆက်သွယ်နိုင်

ကမ္ဘာ့အသေးဆုံး ပရိုင်းမိတ်တစ်မျိုးဖြစ်သော ဖိလစ်ပိုင်မျောက်လေပွေများသည် လူသားများအပါအ၀င် အခြားတိရစ္ဆာန်များမကြားနိုင်သော အသံလှိုင်းဖြင့် အချင်းချင်း ဆက်သွယ်နိုင်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။
လူ၏လက်တစ်ဝါးစာပင်မရှိသော ယင်းမျောက်လေပွေမျိုးသည်  အန္တရာယ်ကြုံလာရပါက အခြားတိရ စ္ဆာန်များနှင့်လူသားများမကြားနိုင်သော အသံလှိုင်းလွန်(ကူအမျေသကညိ) ဖြင့် အချင်းချင်း သတိပေးကြသည်ဟု ဆိုသည်။
နို့တိုက်သတ္တ၀ါများထဲတွင် ၂၀ ကီလိုဟတ်ဇ်နှင့်အထက်ရှိသော အသံလှိုင်းဖြင့် အချင်းချင်းအချက်ပြသိရှိနိုင်သော တိရစ္ဆာန်မှာ အနည်းငယ်သာရှိပြီး ယင်းတို့ထဲတွင် ဝေလငါးမျိုးစိတ်အချို့၊ အိမ်မွေးကြောင်နှင့် လင်းနို့မျိုးစိတ် အမြောက်အမြားပါဝင် သည်။
ဖိလစ်ပိုင်မျောက်လေပွေများကို ယခင်က ပုံမှန်အားဖြင့် တိတ်တဆိတ်နေတတ်သောအကောင်များဟု လွဲမှားစွာမှတ်ယူခဲ့ကြသည်။ တကယ်တမ်းတွင် ၎င်းတို့၏နားသည် ၉၀ ကီလိုဟတ်ဇ်နှင့်အထက် အသံလှိုင်းများကို ဖမ်းယူနိုင်သလို ပါးစပ်မှလည်း ၇၀ ကီလိုဟတ်ဇ်နှင့်အထက် အသံမျိုးထုတ်လွှင့်နိုင်ကြသည်ဟု ဆိုသည်။
လူသားတို့၏နားမှာ ၂၀ ကီလို ဟတ်ဇ်အောက်အသံများကိုသာ ကြားနိုင်သောကြောင့် ပုံမှန်အားဖြင့် မသိရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုလေ့လာမှုကို အမေရိကန်နှင့် ဖိလစ်ပိုင်မှပညာရှင်များ ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်မျောက်လေပွေများသည် ယင်းသို့ အခြားသူများမကြားနိုင်သော အသံမျိုးပြုနိုင်သောကြောင့် အန္တရာယ်ပြုနိုင်သည့် တိရစ္ဆာန်များဘေးမှ တိမ်းရှောင်ရာတွင် အသုံးဝင်သည်ဟုသိရသည်။
Ref: AFP
EMG

No comments:

Post a Comment