Friday, 26 October 2012

တူရကီနိုင်ငံမှ စစ်ဘက်သုံးလေယာဉ်နှစ်စီး အောက်တိုဘာလ ၂၅ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့





အောက်တိုဘာလ ၂၅ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တူရကီနိုင်ငံမှ စစ်ဘက်သုံးလေယာဉ်နှစ်စီးဆိုက်ရောက်ခဲ့ပြီး၊ ယင်းလေယာဉ်တွင် တူရကီစစ်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးအပါအ၀င် crew ၁၄ဦးပါဝင်လာခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တူရကီစစ်ဘက်သုံးလေယာဉ်တွင် ပါဝင်လာသော crew ၁၄ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ဗီဇာထုတ်ပေးရန် ညွှန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊Immigration ဌာနသို့ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါစစ်ဘက်လေယာဉ်တွင် ပါဝင်လာသူများမှာ မည်သည့်အရေးကိစ္စဖြင့် လာရောက်ခြင်းဖြစ်သည်ကိုမူ လက်ရှိအချိန်ထိ သိရခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။

''နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလေယာဉ်နဲ့ပါလာတဲ့ crew ၁၄ ယောက်ကို ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ ညွှန်ကြားချက်ကို ရရှိခဲ့တဲ့အတွက် ဆိုက်ရောက်ဗီဇာကို အောက်တိုဘာလ ၂၅ရက်နေ့က ထုတ်ပေးခဲ့ပါတယ်။ ဘာအတွက်နဲ့လာတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရပါဘူး'' ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
EMG

No comments:

Post a Comment