Friday, 26 October 2012

တူရကီနိုင်ငံမှ စစ်လေယာဉ် ၂စီး ဆိုက်ရောက်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူမှ အသိပေးပြောကြား





တူရကီနိုင်ငံမှ စစ်လေယာဉ် ၂စီး အောက်တိုဘာလ ၂၅ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ညွှန်းကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ယင်း၏ Facebook စာမျက်နှာတွင် အသိပေး ပြောကြားခဲ့ပါသည်။ အဆိုပါ စစ်လေယာဉ် ၂ စီး မှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ ပေးမည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်လာသော C 130  လေယာဉ်များဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများအားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ကြောင်း၊ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ စင်းလုံးငှား လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး အနည်းဆုံး ၃ခေါက် သယ်ယူပို့ဆောင် ပေးရမည်ဟု ခန့်မှန်းထား ကြောင်း၊
ယင်းစားသောက်ကုန်များ ကို ရခိုင်ပြည်နယ် အစိုးရလက်ဝယ်သို့သာ လွှဲပြောင်းပေးမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ယင်းက အသိပေး ပြောကြားထားပါသည်။
ထို့ပြင် အဆိုပါ စားသောက်ကုန်များအား လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှသာ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးကြောင်း ယင်းက ဆက်လက်ရေးသားခဲ့ပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တူရကီနိုင်ငံမှ စစ်ဘက်လေယာဉ် ၂ စီး ဆိုက်ရောက်ခဲ့ပြီး၊ ယင်းလေယာဉ်တွင် တူရကီစစ်ဘက်မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦး အပါအ၀င် crew ၁၄ ဦး ပါဝင်လာခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တူရကီ စစ်ဘက်လေယာဉ်တွင် ပါဝင်လာသော crew ၁၄ဦးအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆိုက်ရောက်ဗီဇာ ထုတ်ပေးရန် ညွှန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ Immigration ဌာနသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
EMG

No comments:

Post a Comment