Wednesday, 17 October 2012

လမ်းကြိတ်စက်နှင့် ဆိုင်ကယ်ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး





17mt6 မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၂လမ်းနှင့် ငုရွှေဝါလမ်းထောင့်၌ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်က လုပ်ငန်းခွင်ဝင်နေသော လမ်းကြိတ်စက်နှင့် ဆိုင်ကယ်တစ်စီးတို့ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ အဆိုပါ လမ်းထောင့်၌ ယာဉ်မောင်းဦးကံထွန်းမောင်းနှင်နေသော လမ်းကြိတ်စက်သည် လုပ်ငန်းခွင်ဝင်နေစဉ် ငုရွှေဝါလမ်းအတိုင်း အရှေ့မှ အနောက်သို့ ဦးကိုကိုမြင့် မောင်းနှင် လာသော ဆိုင်ကယ်သည် လမ်းကြိတ်စက်၏ လက်ဝဲဘက်မှနေ၍ ၇၂ လမ်းအတွင်းသို့ ချိုးကွေ့ဝင်စဉ် လမ်းကြိတ်စက်၏ ၀ဲဘက်နောက် ဘီးလုံးအနီး တိမ်းမှောက်သွားခဲ့ရာမှ အကြိတ်ခံခဲ့ရကာ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

"ဆိုင်ကယ်မောင်းတဲ့သူက ဒီလမ်းရဲ့အနောက်ဘက်လမ်းမှာနေတယ်။ ဒီလမ်းကနေ အမြဲချိုးကွေ့ဝင်နေကြပဲ။ ဖြစ်ပွားချိန်မှာ ဆိုင်ကယ်မှောက်ပြီးတော့ လူကစက်အောက်ရောက်သွားတယ်။  စက်မောင်းသူကလည်း လုပ်ငန်းလုပ်နေချိန်မို့ သတိမထားမိလိုက်ဘူး။ စက်ကဦးခေါင်းပိုင်းကိုပဲ ကြိတ်သွားတယ်" ဟု မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောကြားပါသည်။
ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် လမ်းကြိတ်စက်ယာဉ်မောင်း ဦးကံထွန်းအား (ပ) /၂၀၁၂၊ ပုဒ်မ ၃၀၄(က) ဖြင့် ယာဉ်မှုစစ်စခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။
EMG

No comments:

Post a Comment